Saturday, January 3, 2009

ရန်ကုန်မြို့တွင် Wifi Access Card စတင်ရောင်းချမည်

ရန်ကုန်မြို့တွင်းရှိ အဆင်မြင့်ဈေးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် စီးပွားရေးအဆောက်အဦများတွင် ဖုန်းလိုင်းမလိုဘဲ ကတ်ဝယ်ယူသုံးစွဲရုံဖြင့် ကြိုးမဲ့အင်တာနက်စနစ်(Wifi) သုံးစွဲနိုင်မည့်စနစ်အား လာမည့် (၂၀၀၉)ခုနှစ်ဆန်းပိုင်းတွင် Red Link ကုမ္ပဏီမှ စတင်ရောင်းချတော့မည်ဟု သိရသည်။ အဆိုပါစနစ်တွင် ရန်ကုန်မြို့ရှိ အချက်အချာ ကျသည့်နေရာများတွင် Wifi Hot Spot များကို Red Link ကုမ္ပဏီမှ တပ်ဆင်ပေးမည်ဖြစ်ပြီး ထိုနေရာများနှင့် အနီးတစ်ဝိုက်တွင် Access Card ဝယ်ယူ၍ တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ Net Now Wifi ဟုခေါ်ဆိုသည့် ယခုကဲ့သို့ အင်တာနက်သုံးစွဲမှုအတွက် Access Cardများကို လာမည့် (၂၀၀၉)ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါကတ်ဖြင့် Wifi စနစ်ချိတ်ဆက်နိုင်မည့် နေရာအသေးစိတ်ကိုလည်း တစ်ပြိုင်တည်း ကြေညာသွားမည်ဖြစ်သည်။ Access Cardတစ်ခုလျင် ကျပ်တစ်သောင်းဝန်းကျင်နှင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး User nameနှင့် Passwordတို့အသုံးပြုကာ မိမိ၏လက်ပ်တော့ဖြင့် ကြိုးမဲ့အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း၌ Wifiစနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်သည့် နေရာပေါင်း(၃၀)ခန့်ရှိသည်ဟု သိရသည်။

Ref: 7DayNews (Vol. 7, No. 40) (planet)

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)