Thursday, April 30, 2009

တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

မြန်မာပြည်သူ/သားများ အားလုံး သတိထားကြပါ။

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:04 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။

တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။

“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ဖော်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။

မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။

Wednesday, April 29, 2009

CHIT SAN MAUNG & Y WINE SHOW IN TOKYO 26thApril 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမနေ့ အစည်းအဝေး

အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်


NLD နှစ်ပတ်လည်နေ့အခမ်းအနား

အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးကို လစ်လျူရှုပြီး စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲကို အတင်းအကြပ် ပြုလုပ်မယ်ဆိုရင် အချက်သုံးချက်ကို စစ်အစိုးရက လိုက်လျောမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ကြောင်း ဧပြီလ ၂၈ ရက်နေ့မှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပထမနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီ ဗဟိုအလုပ်မှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အာအက်အေကို အခုလို ပြောပြပါတယ်။

ဦးခင်မောင်ဆွေ။ ။“ဆွေးနွေးပြေလည်ရေးကို မသွားဘဲ၊ မျက်နှာမမူဘဲနဲ့ တဖက်သတ် မိမိတို့အစီအစဉ်နဲ့ ကျင်းပသွားမယ်ဆိုရင် အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးလျှင်၊ ဒါ နံပတ်တစ် တောင်းဆိုချက်၊ နံပါတ်နှစ်က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ဖယ်ရှားပေးလျှင်၊ နံပတ်သုံး အားလုံး လွှမ်းခြုံ ပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျှက် ကျင်းပပေးလျှင် အဆိုပါရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်သည် ဆိုပြီးတော့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူလရပ်တည်ချက်တွေကို ဆုပ်ကိုင်ထားကြောင်း၊ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ပြန်လည်သုံးသပ်ရေး တွေကို စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး လုပ်ဆောင်သွားဖို့ လုပ်ငန်းစဉ်အဖြစ် ချမှတ်ကြောင်း၊ ဒါပေမယ့် စစ်အစိုးရက လိုက်လျောလုပ်ဆောင်ခြင်းမရှိပါက ဖော်ပြပါ အချက်သုံးချက်ကို လိုက်လျောရင် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးကို အန်အယ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ရောက်ခဲ့ပြီး အစည်းအဝေးမစခင် အနောက်တိုင်း သံတမန်တွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
လက်ရှိစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဟာ အားနည်းချက်တွေ အများအပြား ပါဝင်နေပြီး စစ်အစိုးရ ဆက်လက်အုပ်ချုပ်ဖို့ ဟန်ပြရေးဆွဲထားတာသာ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောကြားခဲ့ပါတယ်။

ပါတီအနေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဗုဒ္ဓဟူးနေ့မှာ အပြီး ချမှတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါတီခေါင်းဆောင်တွေက ပြောဆိုပါတယ်။

စစ်အစိုးရ ထောက်လှမ်းရေးတွေနဲ့ လုံခြုံရေးတွေကတော့ အရပ်ဝတ်တွေဝတ်ပြီး အန်အယ်ဒီဌာနချုပ်ရုံးရှေ့မှာ အယောက် ၅ဝ လောက် ချထားပါတယ်။ အစည်းအဝေး တက်ရောက်လာသူတွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာတွေ ပြုလုပ်တာရှိပေမယ့်၊ တားဆီးနှောက်ယှက်တယ်ဆိုတဲ့ သတင်းမျိုးတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။(RFA)

မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်

Burma Democratic Concern - BDC မှ online radio Burmese အစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ။ လတ်တလောအစီအစဉ်များအဖြစ် မြန်မာ့နိုင်ငံရေး အာဘော်များ၊ သတင်းများ၊ ဆောင်းပါးများ၊ သီချင်းများအား အလှည့်ကြတင်ဆက်နေပါသည်။

BDC ၏ အထိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများလည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများ၊ သတင်းအချက်အလက်များကို နားဆင်သိရှိနိုင်ရေးကို အထူးအရေးပေး ရည်ရွယ်ထားပါသည်။ သောတရှင်များ၏ နိုင်ငံရေးအမြင်များ၊ သတင်းအချက်အလက်များ၊ တေးသီချင်းများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။ စီးပွါးရေးလုပ်ငန်းရှင်များ အတွက်လည်း မိမိကိုယ်ပိုင်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီလုပ်ငန်းများအား ကြော်ငြာလိုပါက BDC သို့ဆက်သွယ်နိုင်ပါသည်။ ချစ်သူ၊ မိတ်ဆွေ၊ မိသားစုများ အတွက်လည်း တစ်ဦးနှင့်တစ်ဦး မွေးနေ့ဆုတောင်းများ အပြန်အလှန်ပေးပို့ တောင်းဆိုနိုင်ပါသည်။ အသေးစိတ်ကို BDC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Radio မြန်မာပိုင်း အစီအစဉ် ထုတ်လွင့်ချိန်
Friday-
11:00 to 13:00 (GMT)
16:30 to 18:30 (Myanmar Standard Time)

Saturday-
24:00 to 02:00 and 11:00 to 13:00 (GMT)
05:30 to 07:30 and 16:30 to 18:30 (Myanmar Standard Time)

Sunday-
24:00 to 02:00 (GMT)
05:30 to 07:30 (Myanmar Standard Time)

အထက်ပါ Radio အစီအစဉ် ထုတ်လွင့်ချိန်များအား သောတရှင်ပြည်သူများ ပိုမိုအဆင်ပြေ နားဆင်နိုင်ရန် ထပ်မံတိုးချဲ့ထုတ်လွင့်သွားပါမည်။

Radio နားဆင်ရန် -
၁။ Winamp Player အား Download လုပ်ရပါမည်။ (မှတ်ချက်။ ။သင့်ကွန်ပြူတာတွင် ရှိပြီးသားဖြစ်ပါက Version 2.05 အထက် Version များကိုပြန်လည် Install လုပ်ရန်မလိုပေ။)
၂။ Download လုပ်ထားသော File ကို Double Click နှိပ်ပြီး Install ပြုလုပ်ပါ။
၃။ icyx://uk2-pn.mixstream.net:8156 - ၎င်း URL ကို Play List တွင် Paste ထည့်၍ Play လုပ်ပြီး နားဆင်နိုင်ပါသည်။
၎။ အလားတူ ဤနေရာ မှ Listen.playlist ဖိုင်ကို သင့် PC Desktop တွင် Save လုပ်ပြီး Double Click နှိပ်၍ လွယ်ကူစွာ နားဆင်နိုင်ပါသည်။

လိုအပ်ချက်များရှိပါက အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်-
Burma Democratic Concern

Tuesday, April 28, 2009

iron cross show in Japan 26.4.09

Sunday, April 26, 2009

တိုကျိုမြို့တွင် ဖျော်ဖြေတင်ဆက်သော Iron Cross တေးဂီတအဖွဲ့

နယ်စပ်လူကုန်ကူးမှု၌ မလေးရှားအာဏာပိုင်များ ပါဝင်နေမှုကို ဖော်ထုတ်မည်

ဇော်ကြီး။

မလေးရှားနယ်စပ်လူကုန်ကူးမှုတွင် ဒေသခံအာဏာပိုင်များ ပါဝင်မှုကို တရားဥပဒေဘောင် အတွင်းမှ ဖော်ထုတ် မည်ဟု မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ် ပေးရေးကော်မတီ (BWRPC)က ပြောသည်။


မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) နှင့် မလေးရှား NGO အဖွဲ့အစည်း (၄) ဖွဲ့တို့ပူးပေါင်း၍ နယ်စပ်လူကုန်ကူးမှု လုပ်ငန်းတွင် မလေးရှားအာဏာပိုင် များပါဝင်နေမှုကို ဖော်ထုတ်သွားမည်ဟု ဧပြီလ ၂၄ ရက်နေ့ထုတ် ကြေငြာချက်၌ဖော်ပြသည်။

လူကုန်ကူးမှုလုပ်ငန်းများ၌ မလေးရှားအာဏာပိုင်အဖွဲ့ အစည်းများမှ ပါဝင်ပါတ်သက်ခြင်း မရှိဟု အစိုးရ၏ ငြင်းဆိုချက်အပေါ် BWRPC တွဲဖက်အတွင်းရေးမှူး ကိုကျော်ထူးအောင်က ယခုလို ပြောသည်။

“အခုကျနော်တို့ဆီမှာ သက်သေတွေရှိနေပြီ။ ရှိနေတဲ့ ဒီသက်သေတွေကနေပြီးတော့ မလေးရှား အစိုးရအာဏာပိုင်တွေ ပါတယ်ဆိုတဲ့ အကြောင်းအရာကို ကျနော်တို့ ဒီအစိုးရကို တင်မယ်။ တင်ပြီးတော့ ဒီလူတွေဒီလူတွေပါတယ်၊ ဒီလူတွေ ဒီလူတွေကနေတဆင့် မလေးရှားအစိုးရအတွင်းမှာ ရှိနေပြီဆိုတဲ့ အကြောင်းကို ကျနော်တို့ ဖော်ထုတ်မယ်။ အဲဒီလိုအချိန်ကျတော့မှ အစိုးရ ဖက်ကနေ ပြီးတော့ ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ တချက်စောင့်ကြည့်ရမှာပေါ့နော်။ အခုလတ်တလော ကတော့ သူတို့က မပါဘူးလို့ ငြင်းထားတယ်ဗျာ။ ငြင်းထားတော့ အဲဒီ ငြင်းထားတဲ့ အချက်ကို ကျနော် တို့က သူတို့ကိုပြန်တိုက်ရမယ်။ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့အထိ သက်သေတွေဘာတွေနဲ့ ကျနော် တို့ကို ငြင်းလို့မရအောင်ပြန်လုပ်ရမယ်။”

လူကုန်ကူးမှုနှင့်ပါတ်သက်သည့် အချက်အလက်စုဆောင်းမှုကို BWRPC ကတာဝန်ယူ ဆောင်ရွက်ပြီး ဥပဒေ ပိုင်းဆိုင်ရာကိစ္စများနှင့် အစိုးရထံတင်ပြမှုတို့ကို မလေးရှား NGO အဖွဲ့ ၄ ဖွဲ့ကတာဝန်ယူ ဆောင်ရွက် မည်ဖြစ်သည်။

လူကုန်ကူးသည့်လုပ်ငန်းအား တိုက်ဖျက်ခြင်းကြောင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ အား ၎င်းတို့အနေနှင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ကိုကျော်ထူးအောင်က ဆက်ပြောသည်။

“ဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားအောင်လည်း ကျနော်တို့လုပ်မယ်ဗျာ။ ဘယ်လိုလူမျိုးကပဲ ဘယ်လိုပဲ တုန့်ပြန်လာ တုန့်ပြန်လာ ကျနော်တို့ အနေနဲ့က ဒီကိစ္စကို လုပ်ကိုလုပ်သွားမယ်။ ဘာကိုမှကျနော်တို့ သိပ်ပြီးဂရုမစိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူမှောင်ခိုကူးတဲ့ ကိစ္စဟာ အခုဒီမှာ တော်တော်လေးကိုဆိုးနေပြီ။ ဆိုးနေတယ်ဆိုတာတောင်မှ ဘယ်လူမျိုးမှ မခံရဘူး။ ကျနော်တို့ ဗမာလူမျိုးတမျိုးပဲ ခံရတယ်ဗျာ။ အဲဒီတော့ ဒီကိစ္စကိုကျနော်တို့ဖြစ် အောင်လုပ်မယ်။”

လက်ရှိ လူကုန်ကူးခံရသူ တယောက်၏ ဈေးနှုန်းမှာ မလေးရှားငွေ ၂၅၀၀ မှ ၂၈၀၀ ကြားတွင်ရှိပြီး BWRPC အဖွဲ့မှကောက်ယူရရှိသည့် စာရင်းများအရ မလေးရှားနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၃၀၀ ကျော်ခန့်ရှိသည်ဟု ကြေညာချက်တွင် ပါရှိသည်။

မလေးရှားအစိုးရမှ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၀၇ ခုနှစ်အောက်တိုဘာလက အတည်ပြု ပြဌာန်းခဲ့သည်။

လူကုန်ကူးမှုများ၌ မလေးရှားအစိုးရအရာရှိများကိုယ်တိုင် ပါဝင်ပါတ်သက်နေသည်ဟု အမေရိကန် အထက် လွတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာအသစ်၌ ဖော်ပြထားကြောင်း ယနေ့ထုတ် ဗွီအိုအေ သတင်းတပုဒ်၌ဖော်ပြထားသည်။
network media group

Myanmar Buddhist Monastery Opening Ceremoney Tokyo,Japan

Saturday, April 25, 2009

ဒါလားဟဲ့ နအဖပြောတဲ့ယဉ်ကျေးတဲ့ မြန်မာ့ရိုးရာသင်္ကြန်

free image hostfree image hostfree image host

free image hostfree image host
တနှစ်ထက်တနှစ် ပိုပိုဆိုးလာတဲ့ ၂၀၀၉ သင်္ကြန်
free image hostfree image host

နိုက်ကလပ်လိုနေရာမျိုးမှာဘဲ တိုင်ပတ်ကတဲ့ စတီးသံတိုင်တချောင်းကို လူမြင်ကွင်းမှာတည်ဆောက်ထားပြီး ဖြစ်ချင်သလိုဖြစ်နေတာ နအဖကခွင့်ပြုထားတယ်။

အိုင်စီအဖွဲ့ ဂျပန်ရောက်ပြီ၊ Live Showပွဲကို ကြေငြာထားသည့်နေရက်နှင့် အချိန်အတိုင်းအတိအကျကျင်းပမည်ဟုပြောဆို



မြန်မာပြည်၏ အထင်ရှား အကျော်ကြားဆုံး ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် အိုင်စီ(Iron Cross burmese rock band)အဖွဲ့သည် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဧပြီလ ၂၅ ရက်(စနေနေ့)နံနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
အိုင်စီ၏ ပင်တိုင်အဆိုတော်များသည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နှင့်အတူ ကြိုးကြာနှင့် မေစံပယ်ညိုတို့လည်း ပါဝင်သီဆိုမှာဖြစ်ပြီး Live Showပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး အိုင်စီအဖွဲ့၏မူအတိုင်း အချိန်အတိအကျ ဖျော်ဖြေမည်ဟုလည်းသိရသည်။

ကျင်းပမည့်နေ့- ဧပြီ ၂၆ ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်- ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ
ကျင်းပမည့်နေရာ- Oji Sakura Hall, Ojiဘူတာမြောက်ဖက်ထွက်ပေါက်မှ လမ်းလျှောက် ၂ မိနစ်ခန့်

moethaukkye

Friday, April 24, 2009

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

စစ်အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ `` ရန်ပြိုခြင်းရဲ့အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။ ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊ KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။ KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။

new 9999မှ လက်ခံရရှိပါသည်။

ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင့် ကျန်းမာရေးဆိုးဝါး

NEJ / ၂၃ ဧပြီ ၂၀၀၉
ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။

ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။

“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။

ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။

မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

Wednesday, April 22, 2009

သင်္ကြန်အကြိုနေ့ က ကောင်းကင်မှာ ရဟန္တာတစ်ပါး ကြွချီနေတာ တွေ့ တယ် ဆိုပါလား။

နစ်နေမန်း-

ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့၊ နေ့လည် (၃) နာရီလောက်က ရန်ကုန်မြို့ မြောက်ဒဂုံဘက်က ကောင်းကင်မှာ ရဟန္တာတစ်ပါး ကြွချီနေတာတွေ့တယ်လို့ဆိုပြီး ဗွီဒီယိုနဲ့ရိုက်ထားတာ တွေ့ရပါတယ်။ JaukJack13samual ဆိုသူကနေ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

မီဒီယာသစ်၊ နည်းပညာ အကန့်အသတ်နှင့် ပြည်တွင်းမီဒီယာ

ကေချစ်မောင်

ပြည်တွင်း တွင် အင်တာနက် သုံးစွဲနိုင်မှု အကန့် အသတ် ကြောင့် အင်တာနက်နှင့် ယဉ်ပါးမှု နည်းခြင်း၊ ပြည်ပ ရောက် မြန်မာ များအဖို့မှာ မြန်မာစာ ရိုက်ရန် အခက်အခဲ နှင့် ဘလော့ဂ် နည်းပညာ ထိတွေ့မှုနည်း ခြင်း တို့ကြောင့် မီဒီယာ သစ်တွင် မြန်မာတို့ ပါဝင်စီးမျောမှု အရှိန်နည်း နေသည်ကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက တွန်းအား ပေးလိုက်သည်။ မြန်မာဘလော့ဂ်နှင့် ဖိုရမ်များ၊ ပုဂ္ဂိလိက ဝက်ဘ်ဆိုက်များ ထိုအချိန်မှစ၍ ဝုန်းခနဲ တိုးပွားလာခဲ့သည်။ နိုင်ငံတကာသုံး စနစ်ကို မလိုက်နိုင်သည့်တိုင် ဇော်ဂျီဖောင့်ကလည်း မြန်မာဘာသာဖြင့် ဝက်ဘ်စာမျက်နှာများကို ပွားများအောင် ထောက် ကူပေးသည်။

ပြည်တွင်းမီဒီယာများအနေဖြင့် ဝက်ဘ်ဆိုက်များ ထူထောင်လာခြင်းသည်လည်း ထိုကာလနောက်ပိုင်းတွင် ပိုများလာခဲ့ သည်။ အစောပိုင်းတွင် ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်သည် အချိန်မီ သတင်းရယူရန်နှင့် ပုံများ ရှာဖွေရန်သာ ဖြစ်ခဲ့သည်။ ဂျာနယ်များအတွက် ဒေသတွင်းသတင်း၊ နိုင်ငံတကာသတင်း ဆောင်းပါးနှင့် ပုံများအတွက် အင်တာနက်ကို သာ အားကိုးရသည်။ ထို့ထက်အစောပိုင်းကာလ အင်တာနက် မတွင်ကျယ်သေးခင်က နိုင်ငံတကာ သတင်း၊ ဆောင်းပါး နှင့် ရုပ်ပုံများအတွက် နိုင်ငံတကာ လေယာဉ်ဖြင့် ပါလာသော သတင်းစာများ၊ လစဉ်ထုတ် နိုင်ငံတကာ စာစောင်များကိုသာ အားကိုးခဲ့ရသည်။ အင်တာနက်နှင့် ထိတွေ့လာပြီးနောက် အချိန်မီ သတင်းရယူခြင်းဖြင့် အလုပ်အဖြစ်ဆုံးမှာ အားကစားဂျာနယ် အမည်ခံ ဘောလုံးလောင်းကစား အားပေး ဂျာနယ်များဖြစ်ပြီး နိုင်ငံတကာ သတင်း ဂျာနယ်များက ဒုတိယလိုက်သည်။ ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင်ကာလက အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားသည့် ဝက်ဘ်စာမျက်နှာ များမှာ အနည်းငယ်သာရှိခဲ့သည်။ ယခုအချိန်တွင် ဂူဂယ် ရှာဖွေရေးစနစ်၌ တော်လှန်ရေးဟူသော စကားလုံးအတွက် ၂ သောင်းကျော်၊ အချစ်ဟူသော စကားလုံးအတွက် ၇ သောင်းနီးပါး၊ နိုင်ငံရေးဟူသော စကားလုံးအတွက် ၁ သိန်းကျော် မြန်မာဝက်ဘ်စာမျက်နှာများ ရှိနေပေသည်။ ရွှေဝါရောင်တော်လှန်ရေးကာလမှ စ၍ မြန်မာ ဘလော့ဂါ၊ ဖိုရမ်သမား မြောက်မြားစွာတို့က သတင်းများ၊ စာများ၊ ပုံများကို အင်တာနက်ပေါ် တင်လာခဲ့ကြသည်။ ယင်းသတင်းများ၊ စာများ၏ တိကျမှု၊ လက်ခံနိုင်မှုအပေါ် မေးခွန်းထုတ်စရာ ရှိ သည့်တိုင် မြန်မာသတင်းအချက်အလက် စီးဆင်းမှုတွင် ၄င်းတို့၏ အရှိန်အဟုန်မှာ မသေးငယ်လှပေ။ ဆိုက်ဘာဂျာနယ် လစ်၊ နိုင်ငံသားဂျာနယ်လစ် စသည်ဖြင့် ပုံဖော် အမည်ပေးခံရသော ဘလော့ဂါများနှင့် ရှိနှင့်ပြီး ပြည်တွင်းနှင့် ပြည်ပ အခြေစိုက် မြန်မာအွန်လိုင်းမီဒီယာကြီးများ သဟဇာတဖြစ်မှုများရှိသလို ပဋိပက္ခများလည်း ပေါ်ပေါက်လာသည်ကို တွေ့ ရသည်။ ဘလော့ဂါများက မီဒီယာများကို ပွင့်လင်းစွာ ဝေဖန်ကြသလို ဘလော့ဂါများက ရေးသားလိုက်သော အတွေ့အကြုံ၊ အချက်အလက်များသည်လည်း မီဒီယာများအဖို့ နောက်ဆက်တွဲ သတင်းများဖြစ်လာကြသည်။

ဤနေရာတွင် မြန်မာ ဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ သဟဇာတ ဖြစ်မှုများနှင့် အသံမထွက်သော ထိပ်တိုက်တွေ့မှုများကိုသာ မီးမောင်းထိုးပြချင်ပါသည်။ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရသော မြန်မာ ပြည်တွင်းမီဒီယာများအဖို့ နိုင်ငံတကာရေးရာ သတင်းများကို အချိန်မီ ရယူရန်အတွက် အင်တာနက်သည် အရေးပါသော ကဏ္ဍတွင်လုံးဝရှိနေသည်ကို ယခုနှစ် မတ်လနှောင်းပိုင်းနှင့် ဧပြီလ အစောပိုင်း သီတင်းပတ်ရှည်ကြာသော ပြည်တွင်းအင်တာနက်လိုင်း ပြတ်တောက်မှု(သို့) ဆက်သွယ်နိုင်မှုနှုန်း အလွန် အမင်း နှေးကွေးခဲ့ခြင်းက တပ်လှန့်ပေးလိုက်သည်။ ပြည်ပရှိ ယုံကြည်ရသော မိတ်ဆွေ အသိုင်းအဝန်းများထံ ပြည်တွင်း အယ်ဒီတာအချို့က သတင်းများ ရှာဖွေစုဆောင်း ပေး ပို့ရန် မေတ္တာရပ်ခဲ့ရသည်။

မိတ်ဆွေ အယ်ဒီတာ၏ အကူအညီတောင်းမှုကြောင့် ဂျာနယ် တပတ်စာ ပြည်ပသတင်းများ၊ ဆောင်းပါးများ စုစည်း ပေးပို့ခဲ့ရသည်ဟု ပြည်ပ တက္ကသိုလ်တခုမှ ဘလော့ဂါ ကျောင်းသား တယောက်က ဆိုသည်။ ပြည်တွင်းတွင် ဆင်ဆာထိသော၊ ထုတ်ဝေခွင့်မပြုနိုင်သော ဆောင်းပါးများ၊ ကြေညာချက်များ၊ ပေးစာများသည် ဘလော့ဂ် များတွင် ပေါ်ထွက်လာကြသည်။ ပြည်တွင်းမှ အယ်ဒီတာများ၊ သတင်းထောက်များကို နာမည်ဝှက်များဖြင့် ဘလော့ဂ်များ၊ ဖိုရမ်များတွင် ပိုမိုတွေ့လာရသည်။ သတင်းထောက်တဦးက သူဂျာနယ်လစ်ဖြစ်သည်ကို ဘလော့ဂ်တွင် လူသိမခံကြောင်း၊ ဂျာနယ်တိုက် ပိုင်ရှင်သိလျှင် ငြိုငြင်မည်စိုး၍လည်း ပါကြောင်း ပြောသည်။ ဆိုက်ဘာဂျာနယ်လစ်၊ စီတီဇင် ဂျာနယ်လစ်ဖြစ်သော မြန်မာဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ ထိပ်တိုက်တွေ့မှု များကိုလည်း အသံတိတ် တွေ့နေရသည်။

နိုင်ငံတကာ သတင်းဌာနများ၏ ပုံများ၊ သတင်းများကို အင်တာနက်မှ တဆင့် အမြဲတစေ မှီခိုသုံးစွဲနေရသော ပြည်တွင်းမီဒီယာများသည် မြန်မာဘလော့ဂါတို့ တင်ထားသော ပုံများ၊ မြန်မာစာသားများကို ခွင့်မတောင်းမိဘဲ ယူငင်သုံးစွဲမိမှုများ ပေါ်ပေါက်လာသည်။ အများအားဖြင့် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင် ဓာတ်ပုံများ တင်ထား သည့် မြန်မာဘလော့ဂ်များ သည် ယင်းတို့၏ ဖန်တီးမှုများကို စီးပွားရေးအရ မသုံးစွဲရန် တားမြစ်ကြောင်း ဖော်ပြထားကြ သည်။ ထို့အပြင် ဘလော့ဂါအချို့၏ ဆောင်းပါးများ၊ စာများသည် အမည်တမျိုးဖြင့် ပြည်တွင်းမီဒီယာများတွင် ပါရှိလာသည့် အဖြစ် များလည်း ပိုများလာသည်။

မိန်းကလေးဘလော့ဂါတယောက်က သူမ ရှာဖွေရေးသားထားသည့် အလှအပရေးရာ ဆောင်း ပါး ၂ ပုဒ်သည် အနည်းငယ် ပြင်ဆင်ထားသည်မှအပ သူမရေးထားသည့်အတိုင်း အမည်တမျိုးဖြင့် မဂ္ဂဇင်းတခုတွင် ပါလာ သည်ဟု ပြောပြသည်။ ထို့အတူ ဆောင်းပါးတပုဒ်သည် ရေးသူ ဘလော့ဂါမသိဘဲ နာမည်တမျိုးဖြင့် မန္တလေးမြို့အခြေစိုက် ဂျာနယ်တစောင်တွင် ပါလာခဲ့ဖူးသည်။ အင်တာနက်မှ ရသည်ဟုဆိုကာ ရေးသူအမည်မပါဘဲ မြန်မာဘာသာဖြင့် တိုက်ရိုက် ကူးယူ ဖော်ပြထားသော စာအချို့ကိုလည်း ပြီးခဲ့သည့်လထုတ် မဂ္ဂဇင်းတစောင်တွင် တွေ့ရသည်။ ထိန်းချုပ်ကန့်သတ်မှုများလွန်းသော ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်ပေါ်မှ သူတို့နှင့် ကိုက်ညီမည့် စာများ ပုံများရရှိ သည့်အတွက် အလုပ်သက်သာကောင်း သက်သာမည်။

သို့သော် မြန်မာအင်တာနက်သုံးစွဲသူ အသိုင်းအဝန်းသည် ကြီးမား ကျယ်ပြန့်နေသည်နှင့်အမျှ ထိုသို့ ပုံများ၊ စာများ အမှုမဲ့ အမှတ်မဲ့ ရယူသုံးစွဲရာတွင်လည်း သတိချပ်သင့်သည့် အချိန်ရောက် ပေပြီ။ ပြည်တွင်း အယ်ဒီတာများသည်လည်း အင်တာနက်နှင့် ပို၍ အကျွမ်းဝင်သင့်သည့် အချိန်ဖြစ်သည်။ မသင်္ကာသည့် ဆောင်းပါး၊ စာထဲမှ အဓိကစာလုံးတလုံးကို ဂူဂယ်အင်ဂျင်တွင် ထည့်ရှာရုံမျှဖြင့် ခြေရာအလွယ်ခံနိုင်ပါသည်။ "ဆောင်းပါးကို ကွန်ပျူတာနဲ့ ရိုက်ပြီး တိုက်ရိုက်ရေးတယ်၊ အင်တာနက်ပေါ်မှာလည်း စာလိုက်ဖတ်တယ်၊ မဟုတ်ရင် နောက်ကျကျန်ခဲ့ဖို့ မြင်တယ်"ဟု မြန်မာစာရိုက် လေ့ကျင်နေသူ ပြည်တွင်း ဆောင်းပါးရှင်တဦးက ဆိုသည်။

မီဒီယာသစ် လမ်းကြောင်းကို ခြေချလာသူများလာသည့်နည်းတူ အစိုးရက ပိုမိုထိန်းချုပ်လာနေသော်လည်း အင်တာနက် တွင် မြန်မာပရိသတ် အားကောင်း ကျယ်ပြန့်လာသည်နှင့်အညီ ပြည်တွင်းမီဒီယာများ ထိုကွန်ယက်နှင့် ချိတ်ဆက် မိနေဖို့ လိုသည်ဟု ထင်မြင်မိသည်။ အင်တာနက်နှင့် ယဉ်ပါးနေသောခေတ်တွင် သတင်းစီးဆင်းမှု ထိန်းချုပ်ရန် အမြဲကြံစည်နေသော စစ်အာဏာပိုင်များကား ရေကို ယိုဖိတ်မကျအောင် လက်ခုပ်နှင့် ခပ်ရန် ကြိုးပမ်းနေသူများသာဖြစ်သည်ဟူသော ဘလော့ဂါတယောက်၏ မှတ်ချက် ကိုလည်း မျှဝေလိုက်ပါသည်။ စာရေးသူသည် ထိုင်းနိုင်ငံ တက္ကသိုလ်တခုမှ လူမှုသိပ္ပံ ဘွဲ့လွန် ကျောင်းသားတစ်ဦး ဖြစ်သည်။

နျူကလီးယား မျိုးဆက်သစ်

Tuesday, April 21, 2009

ဘုန်းဘုန်းကို မဲပေးကြပါစို့

အဆင့် ၁။ မဲပေးရမယ့် လိပ်စာက ဒီမှာ ပါခင်ဗျာ။ လင့်လေးကို နှိပ်လိုက်တာနဲ့ မဲပေးရမယ့် စာမျက်နှာကို ရောက်ပါ တယ်ခင်ဗျာ။ စာမျက်နှာ အလည်လောက်မှာ News ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှင်မေတ္တာစာရ ရဲ့ ဘလောက်ဂ်လေးကိုတွေ့ပါမယ်။





ဘလောက်ဂ် ရဲ့အောက်မှာ အ၀ိုင်းလေးကို အမှတ်လေးပေးခဲ့ပါမယ်။ ပြီးရင်အောက်ဘက်ကိုဆက်သွားပြီး အနီရောင် လေးထောင့်အ၀ိုင်းကို ကလစ်လိုက်ရင် အဆင့်နှစ်ကို ရောက်ပါပြီ။

အဆင့် ၂။ အပေါ်ပိုင်းစာမျက်ကိုပြန်တက်သွားရင် ညာဘက်ကော်လံထောင့်မှာ အရှင်မေတ္တာစာရ နာမည်နဲ့ အနီရောင်လေးထောင့် အ၀ိုင်းလေးထပ်တွေ့ပါမယ်။


အဲဒီမှာ ဗို့ အတွက်ကလစ်ပေးပြီး အောက်မှာ မေးထားတဲ့ အချက်အလက်တွေကို ဖြည့်ပြီး နှိပ်လိုက်ရင် အဆင့်နှစ်ပြီးလို့ အဆင့်သုံးကိုရောက်ပါမယ်။

အဆင့် ၃။
အဲဒီမှာ မိမိရဲ့ သူငယ်ချင်းနှစ်ရောက်ရဲ့ မေးလ်လိပ်စာကိုတောင်းပါမယ်။
ဖြည့်ပြီးလို့ ကလစ်လိုက်တာနဲ့ မဲပေးတဲ့ အဆင့်အောင်မြင်စွာပြီးဆုံးပါပြီခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျွန် တော် တို့ ဘုန်းဘုန်းအတွက် မဲဝိုင်းပေး ကြပါစို့။

http://tomorrowplan.blogspot.com/
မှကူးယူဖေါ်ပြပါသည်

သင်္ကြန်ပြာပြာ ရေကူးကန်မှာ

မနေ့က သင်္ကြန်လည်ပတ်တဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို အကြောင်းအရာ တစ်ခု ပြောလာတယ်။ သင်္ကြန်အတက်နေ့ သူတို့က မဏ္ဍာပ်တွေမှာ မထိုင်ဘဲ လျှောက်ကြည့်ကြတယ်တဲ့။ နေ့လည်ခင်းတော့ စိမ်းလန်းစိုပြေ ဘေးက ရေကူးကန်မှာ အနားယူရင်း နေ့လည်စာ စားကြတယ်။ သူတို့ အဲဒီ ရေကူးကန်ထဲ ထိုင်နေကြချိန်မှာ အတွဲ သုံးတွဲလောက်ဟာ ရေကူးကန်ထဲမှာ မဖွယ်မရာ ပြုကြတယ်လို့ ဆိုတယ်။ မဖွယ်မရာဆိုတာ ရေးမကောင်းလို့ မရေးလိုက်တာပဲ ရှိတယ်။ တော်ရုံလောက်နဲ့တော့ တကူးတက ပိုစ့်ရေးမနေဘူး။ အထဲမှာက လူအများကြီးပဲ။ အားလုံး မြင်နေရတယ်။ အဲဒီသူတွေ ဘယ်လောက်အထိ မျက်နှာပြောင်သလဲဆိုရင် သူတို့ကို ဘေးနားကလူတွေ ဝိုင်းကြည့်နေတာတောင်မှ ဂရုမစိုက်ပါဘူးတဲ့။ ဘေးနားက မူးနေတဲ့ သူတွေကလည်း တဟေးဟေးနဲ့ ဩဘာပေးကြသတဲ့။ ဘယ်သူမှ တားမယ့်သူလည်း မရှိပါဘူးတဲ့။ အားလုံးက အရသာခံပြီး ကြည့်နေကြတယ်။

မိသားစုလိုက် လာတဲ့ တချို့တွေဆို အဲဒီအထဲကနေ ပြေးကြရပါသတဲ့။ ဒီနေရာဟာ သူတို့ရဲ့ သီးသန့် ကိုယ်ပိုင်နေရာ မဟုတ်ဘူး။ အများပြည်သူ နားခိုနေတဲ့ နေရာဆိုတာကို နားလည်သင့်တယ်။ ပြီးတော့ ဖက်ရမ်း နမ်းရှုံ့တာလောက် ကိုတော့ ကျွန်တော်က ဂရုမစိုက်ပါဘူး။ ကျွန်တော် ကိုယ်တိုင်တောင် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲက တချို့အချက်တွေကို မနှစ်သက်ခဲ့ဘူး။ သူကတော့ သူအပြင်သွားချိန်မှာ ပန်းခြံထဲက ဖက်ယမ်းနမ်းရှုံ့နေတဲ့ စုံတွဲကို ရှက်စရာလို့ ပြောထားတာပါ။ ကျွန်တော်ကတော့ ဒါမျိုးကို အကန့်အသတ်နဲ့ လက်ခံတယ်။ ဥပမာ- လူတစ်ယောက်မှာ ဆန္ဒတွေ ရှိနိုင်တယ်။ အဲဒီဆန္ဒတွေဟာ လူမြင်ကွင်းမှာ လုပ်ခွင့် မရခဲ့ရင် ကွယ်ရာကို သွားကြမှာပဲ။ Time & Situation ဆိုတဲ့ စကားဟာ သိပ်ပြီး လေးနက်ပါတယ်။ နဂိုက ဖက်ယမ်းနမ်းရှုံ့လိုက်ရုံနဲ့ ကျေနပ်သွားနိုင်တဲ့ စိတ်ဆန္ဒဟာ အဲဒီလိုမှ လုပ်ခွင့်မရဘူးဆိုရင် လူမတွေ့တဲ့ နေရာကို သွားကြမှာပဲ။ အဲဒီအခါမှာ ခုနက အချိန်ရယ် နေရာရယ်ကြောင့် အဲဒီထက် ပိုဆိုးတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအတွက် အကန့်အသတ် တစ်ခုအထိ စုံတွဲတွေကို လက်ခံပေးရပါမယ်။ ဒါပေမယ့် စုံတွဲတွေ အနေနဲ့လည်း ဒါဟာ Public ဆိုတာကို နားလည်ရမယ်။ ကိုယ့်ကြောင့် အခြားသူတွေ အနေခက်စေမယ့် အပြုအမူမျိုးကိုတော့ ရှောင်ကြဉ်သင့်တယ်။ ဖက်ယမ်းနမ်းရှုံ့တာ လောက်အထိ ပြဿနာ မရှိပေမယ့် ဒီထက် ဆိုးလာတဲ့ ကိစ္စတွေမှာတော့ မိသားစုတွေ၊ အခြားသူတွေ၊ အသက်မပြည့်သေးသူတွေ အစရှိတာတွေကို စဉ်းစားရမယ်။ အခုတော့ ကိုယ်လုပ်တဲ့ အပြုအမူဟာ အခြား အနားယူနေသူတွေ အပေါ်မှာပါ ထိခိုက်မှု ရှိလာတယ်။ ဒါမျိုးကိုတော့ ကျွန်တော် အလွန်ပဲ မုန်းတီးပါတယ်။ အခုကိစ္စမှာ ကိုယ်တွေ့ကြုံခဲ့သူက အိမ်ထောင်ရှိသူပါ။ သူကတောင် ဒါကို အပြင်းအထန် ရှုံ့ချပါတယ်။

နောက်တစ်ခုက တချို့တွေက Punch ဖျော်ရည်တွေမှာ (E) လို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထည့်ထားရင် ထည့်ထားကြမှာပဲ။ Ecstasy (E)ကို ခေါင်းခါဆေးလို့ လူသိများပါတယ်။ အဲဒီဆေး သောက်ပြီးသွားရင် လူဟာ အငြိမ်မနေချင်ဘူး။ လှုပ်နေရမှ ကျေနပ်တယ်။ ပြီးတော့ (E)ဟာ ရေခဲစားလေ ပိုတက်လေပဲ။ ဒါကြောင့် ကလပ်တွေမှာ တချို့တွေဟာ အဲဒီဆေး သောက်ပြီးရင် ရေခဲတွေကို စားပါသတဲ့။ ပြီးတော့ အဲဒီကောင် ဆေးအရှိန် ကျသွားရင် မိန်းခလေးတွေဟာ ရမ္မက်စိတ်တွေ တက်ကြွလာတတ်တယ်တဲ့။ တချို့ဟာ ကိုယ့်ကိုကိုယ် လက်နဲ့ ပွတ်သပ်နေတတ်ကြတယ်။ ဒါဟာ စိတ်ကြွလက္ခဏာ တစ်မျိုးပဲ။ ဒီဆေး သောက်ထားတဲ့သူတွေရဲ့ ခြေဖျားလက်ဖျားတွေဟာ အေးစက်နေတတ်တယ်။ အငြိမ်မနေနိုင်ဘူး။ ဒါကြောင့် ကလပ်တွေမှာ ကကြခုန်ကြသူတွေ သောက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေဟာ တစ်လုံးကို သောင်းဂဏန်းအထိ တန်ကြေးရှိပါတယ်။ ဒါပေမယ့် တချို့တွေ အတွက်ကတော့ ဒီလောက်ငွေ ပမာဏဟာ အပျော်သုံးသလောက်ပဲ ရှိတာမို့ ကိုယ့်ပိုက်ဆံ အကုန်ခံပြီး သူများကို စည်းရုံး တိုက်ကြွေးတတ်ပါတယ်တဲ့။ ဒီကောင်ကို အခုနကလို Punch ဖျော်ရည်ထဲမှာ ထည့်တိုက်မယ်ဆိုရင် ဘာမှ သိလိုက်မှာတောင် မဟုတ်ပါဘူး။ ရေကလည်း အမြဲစိုနေတော့ အအေးဓာတ်က အဲဒီဆေးကို တွန်းအားပေးမှာပဲ။

အထက်က ကိစ္စမှာပါဝင်သူတွေကို ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် တရုတ်စုံတွဲ နှစ်တွဲနဲ့ မြန်မာစုံတွဲ တစ်တွဲလို့ သိရတယ်။ တရုတ်စုံတွဲက သိပ်မသိသာပေမယ့် မြန်မာစုံတွဲကတော့ သိပ်ကို သိသာပါတယ်တဲ့။ အမျိုးသမီးဟာ စကတ်အတိုကို ဝတ်ဆင်ထားတာမို့ ရေကူးကန်ဘေးနားက စင်ပေါ်ကနေ ကြည့်လိုက်ရင် ထင်းနေတာပါပဲ။ နောက်ဆုံး လူတွေ တဝေါဝေါ ဖြစ်လာလို့ သူတို့ ရေကန်ပေါ် ပြန်တက်လာကြတယ်။ အေးအေးဆေးဆေးပဲတဲ့။ ဒီတော့ သူတို့တွေဟာ သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာကို စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် ကင်းမဲ့နေတာလား။ ငါတို့ လုပ်ချင်တာလုပ်မယ် ပတ်ဝန်းကျင်တော့ Fuck Off ပဲဆိုပြီး သဘောထားတာလား။ ဒါမှမဟုတ် ကိုယ်တိုင်ကိုက သူများကို မြင်စေချင်နေတာလား။ ပတ်ဝန်းကျင်ကရော ဒါကို ဘာလို့ ဝိုင်းပြီး အားပေးနေရတာလဲ။ Peep Show တောင် မဟုတ်တော့ဘူး။ စဉ်းစားစရာတွေ အများကြီးပါ။ ကျွန်တော် ကိုယ်တိုင်လည်း ခေတ်မီမီ အတွေးအမြင် အကျင့်စရိုက် ရှိပါတယ်။ ဒါပေမယ့် အဲဒီဟာထက် လျှို့ဝှက်အပ်တဲ့ အရာဟာ လျှို့ဝှက်ရမယ် ဆိုတဲ့ သဘောတရားကို ပိုနှစ်သက်တယ်။

အရက် အလွန်အကျွံ သောက်တာဟာ အသိစိတ်ကို ကင်းမဲ့စေပါတယ်။ အဲ မူးယစ်ဆေးဝါးတွေကိုပါ ထပ်သုံးတယ် ဆိုရင်တော့ အဲဒီ ကင်းမဲ့နေတဲ့ အသိစိတ်နေရာကို အခြားသော စိတ်မိုက်စိတ်ရိုင်းတွေ ဝင်လာတတ်ပါတယ်။ အဲဒီအခါမှာ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတော့တယ်။ ဒါတွေ ပြယ်ချိန်ကျမှ နောင်တ ရတတ်ပါတယ်။ တကယ်လို့များ အခုလို ကိစ္စမှာ အရှက်တရား အကြောက်တရားတွေ ခဏထား၊ အခန့်မသင့်လို့ ကိုယ်ဝန်တွေဘာတွေ ရှိလာပြီ ဆိုပါတော့။ သူတို့ ဘာလုပ်ကြမလဲ။ သူတို့တွေဟာ အခုမှတွေ့ အခုမှ ဖြစ်ကြတာမျိုး၊ ဘယ်သူက ဘယ်မှာနေမှန်းတောင် သိကြတာမျိုး မဟုတ်တဲ့ သမီးရည်းစား အသစ်စက်စက်တွေ ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။

ဒီကိစ္စကို ကောင်းတယ် မကောင်းဘူး မှန်တယ် မမှန်ဘူး ဆိုတဲ့ အမြင်နဲ့ ရေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားသင့်တာလေးတွေ စဉ်းစားနိုင်အောင်လို့ပါ။ ဒါလေးရေးရင်း တခါတုန်းက အသိ ကောင်မလေး တစ်ယောက် အကြောင်းကို သွားသတိရမိတယ်။ သူ့နဲ့ သူ့ရည်းစား ကွဲသွားတော့ ယောက်ျားတွေကို သိပ်စိတ်နာ သွားသတဲ့။ ယောက်ျားတွေဟာ လိင်ကိစ္စပဲ တန်ဖိုးထားတာတဲ့၊ အချစ်နဲ့ မတန်ဘူးတဲ့။ ဒါနဲ့ လက်စားချေတယ်။ သူ့လက်စား ချေပုံချေနည်းက တစ်မျိုးပဲ။ ယောက်ျားလေးတွေကို တွဲတယ်။ တွဲပြီးရင် အတူအိပ်တယ်။ အဲဒီအချိန် ယောက်ျားလေးက ချစ်တယ်ပြောတာတို့၊ ပရိုပိုစ့် လုပ်တာတို့ လုပ်လာရင် ဟားတိုက်ရယ်မောပြီး အဆက် ဖြတ်လိုက်တယ်တဲ့။ သူက ရင်းနှီးတဲ့ သူငယ်ချင်းတွေဆို ငါ သမလိုက်တာ ဘယ်နှစ်ကောင်တော့ ခံလိုက်ရပြီ ဆိုပြီး အားပါးတရ ပြောပြတတ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ သူလက်စားချေတာကို ခံချင်နေတဲ့ အကောင်တွေက တန်းစီပြီး စောင့်နေကြတယ် ဆိုတာကိုတော့ သူက ထည့်မတွက်ဘူးလေ။ ကောင်လေးတွေက သူ့ကို ကွယ်ရာမှာ နာမည်ပေးထားကြတယ်။ ချောလည်းချော၊ မိုက်လည်းမိုက်၊ လှူလည်း လှူတယ်ပေါ့။ WTK ဝိသာခါတဲ့။

အပေါ်ကဟာနဲ့ ဘာမှလည်း မဆိုင်ဘဲနဲ့ ဘာတွေ ပြောနေတာလဲလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ပြောချင်တာက လူတိုင်းလူတိုင်းမှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ကောင်းတယ်ထင်ပြီး လုပ်မိနေတာတွေ ရှိကောင်း ရှိလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုဘူး ဆိုပေမယ့် ကိုယ်ကသူများကို အသုံးချနေတာလား သူများကကိုယ့်ကို အသုံးချနေတာလား ဆိုတဲ့ ဆင်ခြင်နိုင်စွမ်းလေးတော့ ကွဲကွဲပြားပြား ရှိထားအပ်တယ်လို့ ထင်မိလို့ပါ။ ပြီးတော့ ကိုယ်ဘာလုပ်လုပ် ကိုယ်လုပ်နေတာရဲ့ အကောင်းတစ်ခုထဲကို မကြည့်ဘဲ အဆိုးအတွက်ကိုလည်း အဆုံးစွန် အထိ တွေးသင့်တယ် ထင်လို့ပါ။ တချို့တွေက အဲဒီ ရေကူးကန်ထဲက ဗွီဒီယို ဇာတ်လမ်းလေးကို မှတ်တမ်းတင်ထား ကြပါသတဲ့။ သိပ်မကြာဘူး အင်တာနက်ပေါ်တောင် ရောက်ချင် ရောက်လာနိုင်သေးတယ်။
http://blog.nyilynnseck.com/2009/04/blog-post_17.html

နိုင်ငံရေးဆုံးဖြတ်ချက်များ အကျုံးဝင်မည့် အစည်းအဝေး အင်န်အယ်လ်ဒီ ခေါ်တော့မည်။

NEJ /ဧပြီလ(၂၀) ရက်၊ ၂၀၀၉


ယခုလအတွင်းပြုလုပ်မည့် အဖွဲ့ချုပ်အစည်းအဝေးတွင် ထူးခြားချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်း ထည့်သွင်းဖိတ်ကြားထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“အခုအစည်းအဝေးမှာ နိုင်ငံရေးအလှည့်အပြောင်းရော၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော အားလုံးအကျုံးဝင်မယ့် ဆွေးနွေးပွဲသဘောမျိုးဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ ကြိုပြီးတော့လည်း မသိသလို အခုအချိန်မှာလည်း ပြောလို့မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

အစည်းအဝေးကို (၂၈-၂၉) ရက်တို့တွင် အဖွဲ့ချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းစည်းအဖွဲ့ဝင်များနှင့် ပါတီဝင်များကို (၂၇) ရက် အရောက်လာရန် ဖိတ်ကြားထားကြောင်း သိရသည်။

“လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအရ ကျနော်တို့အရေးကြီးတဲ့ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထားတာရယ်၊ အဲဒီပေါ်မှာ မူတည်ပြီးဆောင်ရွက်မယ့် ရွေးကောက်ပွဲတွေရယ်အပေါ်မှာ ပြည်နယ်တိုင်း အဆင့်နဲ့ ဗဟိုအဆင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးဖို့၊ သုံးသပ်ဆွေးနွေးဖို့ ဒီလိုသဘောနဲ့ ခေါ်ထားတဲ့အစည်းအဝေး ပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒနှင့် အယူအဆများကို ဆွေးနွေးစဉ်းစားရန် ရည်ရွယ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာတမ်းတစောင်ပြုစုကာ အန်အယ်လ်ဒီ ပြည်နယ်နှင့်တိုင်းအဖွဲ့ဝင်များထံ ပေးအပ်မည်ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများလည်း ရှိနေသည့်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်များ၏ အနေအထားနှင့် သဘောထားခံယူချက်များကို အစည်းအဝေးတွင် အကြံဉာဏ်တောင်းခံရန်ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။

“အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြောင်းဖို့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့အပေါ်မှာတော့ တစုံတရာအပြောင်းအလဲအနေနဲ့ ရှိချင်လည်းရှိမယ်ပေါ့။ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောနိုင်ပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “လူထုရဲ့ မျှော်လင့်ချက် အားကိုးမှုတွေကို အလဟဿဖြစ်မသွားအောင်လို့ လုပ်ပေးရမယ့် တာဝန်ရှိတယ် ဆိုတာတော့ အကုန်လုံးက သဘောပေါက်ပါတယ်။ အဲဒါကို တကယ်လက်တွေ့ အကောင်အထည် ဖော်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို အခုဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် အာဏာတည်ခြင်းမရှိသေးသဖြင့် ပြန်လည်သုံးသပ်ရန်နှင့် ၁၉၉၀ ပြည့်နှစ်ရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန် အန်အယ်လ်ဒီက နအဖ စစ်အစိုးရထံ တောင်းဆိုထားသည်။

နအဖစစ်အစိုးရကမူ လွှတ်တော်တွင် တပ်မတော်မှ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်ရမည်ဟု အခြေခံဥပဒေ တွင် ထည့်သွင်းရေးဆွဲခဲ့ကာ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားသည်။
http://www.khitpyaing.org/news/April_09/20-4-09a.php

Sunday, April 19, 2009

မြောက်ကိုရီးယားနှင့် မျောက်အိုကြီးများ

NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ

ဖနိဒါ စနေနေ့၊ ဧပြီလ 18 2009 22:45 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ရင်းနှီးသူ အသက်၂၅ နှစ်အရွယ် ကိုသီဟထွန်းအား အာဏာပိုင်များက ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင် တဦးက အတည်ပြု ပြောကြားသည်။

ကိုသီဟထွန်းအား ဒေါပုံမြို့နယ် မ-ယ-က ဥက္ကဌ ကိုယ်တိုင် ဧပြီလ ၁၃ ရက်နေ့က နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီးခံရသည်ဟု ကြားသိရကြောင်း သို့ရာတွင် အတည်မပြု နိုင်သေးကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကြာပြီ ၄၊ ၅ ရက်လောက် ရှိမယ်။ ဘယ်မှာ ထားမှန်းတောင် မသိသေးဘူး။ အိမ်မှာဘဲ ဥက္ကဌ ကိုယ်တိုင် လာခေါ်သွားတာ။ ခုစုံစမ်းလို့ ရတာက ၅ ညနဲ့လို့ နိုင်ငံရေး အမှုလို့ စုံစမ်းရတာဘဲ” ဟု သူ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခု အဖမ်းခံရသူ ကိုသီဟထွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နီးစပ်သူတဦး ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများ တွင်မှု လိုက်ပါဆောင်ရွက်ဖူးခြင်း မရှိဟု ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

Saturday, April 18, 2009

ဇိုယာဖန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေမည်

ကရင်အမျိုးသား ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာ (ကွယ်လွန်) ၏ သမီးဖြစ်သူ ဇိုယာဖန်း

ရေးသားပြုစုသော Little Daughter: A memoir of survival in Burma and the west အမည်ရှိ စာအုပ် တအုပ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။

စာရေးသူ ဇိုယာဖန်းက ယခုစာအုပ်ထုတ်ရခြင်းသည် မြန်မာ ပြည်သူလူထုကို ကမ္ဘာက ပိုမို အာရုံစိုက်လာရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။


“မြန်မာပြည် အခြေအနေကတော့ လူထုတွေ ဒုက္ခရောက်နေတယ်၊ အမှန်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ မက ပါဘူး၊ ဗမာတွေလဲ စစ်အာဏာရှင် စနစ်မှာ ဖိနှိပ်ခံရတယ်၊ အဲဒါကြောင့် ကမ္ဘာက ဒီထက်ပိုပြီးတော့ သိအောင် အာရုံစူးစိုက်လာအောင် နားလည်အောင် အကူညီပေးလာအောင် ကျမ အဓိက ဒီစာအုပ်ကို ရေးတာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုထုတ်ဝေသော စာအုပ်ထဲတွင် မြန်မာနိုင်ငံမှာ ရှိသည့် ကရင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်း သား လူမျိုးစုများအပါအ၀င် မြန်မာပြည်သူများ စစ်အာဏာရှင် စနစ်အောက်တွင် ဖိနှိပ်ခံနေရသည့်အကြောင်း များ ပါဝင်သည်ဟု သိရသည်။

ယင်းစာအုပ်ကို နိုင်ငံတကာသို့ ဘာသာပေါင်းစုံ ဘာသာပြန်၍ ထုတ်ဝေသွားရန် အစီအစဉ်ရှိသည်ဟု ဇိုယာဖန်း က ပြောသည်။

ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာအစိုးရကိုတော်လှန်တိုက်ခိုက်နေသော ကရင်တိုင်းသား အဖွဲ့တဖွဲ့ရှိ မိဘ နှစ်ပါးမှ မြန်မာပြည် တောတွင်းတနေရာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ ၏ မိဘများမှာ ကရင်လွတ်မြောက် ရေး တိုက်ပွဲဝင် ပြောက်ကျား ရဲဘော်များ ဖြစ်ကြသည်။

ထိုအချိန်က ဇိုယာဖန်းတို့မိသားစုသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ခြေတန်ရှည် အိမ်ကလေး များ ဆောက်လုပ်နေထိုင်ကြရကြောင်းနှင့် သူချစ်ခင်သော မွေးစား အစ်ကို တဦးရှိကြောင်းလည်း ယခုစာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ဇိုယာဖန်း ၁၄ နှစ် သမီးအရွယ်တွင် သူနေထိုင်သည့် ရွာကို မြန်မာအစိုးရ စစ်တပ်က တိုက်ခိုက်ပြီး အိမ်ကိုလည်း မီရှိုးဖျက်ဆီးခံရသောကြောင့် မိသားစုနှင့် အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း စာအုပ်တွင် ပါရှိသည်။

ထိုသို့ ၂ နှစ်ခန့် ပြေးလွှား၍ တောတွင်း၌ ပုန်းအောင်း နေရာမှ နောက်ဆုံးတွင် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိသွားပြီး ၂၀၀၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု လည်း သိရှိရသည်။

ထို့နောက် ဇိုယာဖန်းကို ဘီဘီစီ အသံလွှင့် ဌာနက အင်တာဗျူး ပြုလုပ်ရာမှ နိုင်ငံတကာမှ အာရုံစိုက်ခံခဲ့ရခြင်းဖြစ် သည်။

အဆိုပါ စာအုပ်သည် အသက် ၂၈ နှစ်ရှိ ဇိုယာဖန်း၏ ဘ၀ဖြတ်သန်းမှု အတွေ့ကြုံများကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ် အမျိုးအစားဖြစ်ပြီး လာမည့် ၂၀ ရက်နေ့၌ အင်္ဂလန်နိုင်ငံတွင်ထုတ်ဝေသွားမည်ဖြစ်သည်။

ပိုးကရင်တိုင်းရင်းသား တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

ဇိုယာဖန်း၏ ဖခင် ဖဒိုမန်းရှာသည် လွန်ခဲ့သည့် နှစ်က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည်။

ဖဒိုမန်းရှာသည် ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအား စစ်အစိုးရကို ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများ အပါ အ၀င် တခြားသော တိုင်းရင်းသားလူမျိုးစုများကပါ လေးစားခဲ့ကြသည်။

2009 Tokyo သင်္ကြန်သံချပ်များ

Tuesday, April 14, 2009

၂၀၀၉ တိုကျို သင်္ကြန်ပွဲတော်

ပေးပို့သူ။ ။ ကိုထွန်းဝေ

Sunday, April 12, 2009

မြန်မာနှစ်သစ်ကူးမှာ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ

နှစ်သစ်သင်္ကြန်အတွက် အထူး ထုတ်ပြန်ချက်။

ဧပြီလ ၁၃ ရက်နေ့သည် မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်အခါသမယ ဖြစ်ပါသည်။ ယခုကဲ့သို့ သင်္ကြန်အချိန်ကိုရောက်တိုင်း မြန်မာပြည်သူလူထုတရပ်လုံးသည် ခောတ်အဆက်ဆက်တွင် ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြသည်ကို အားလုံးသိရှိပြီး ဖြစ်ပါသည်။ သို့သော် ယခုနှစ်တွင်တော့ မြန်မာပြည်သူလူထုတရပ်လုံးသည် ကျွန်ုပ်တို့နှင့်ထပ်တူ နာဂစ်ကြောင့် ၀မ်းနည်းပူဆွေးနေရခြင်း။ မတရားအုပ်ချုပ်မင်းလုပ်ထားသော စစ်အစိုးရကြောင့် စိုးရိမ်ကြောင့်ကြနေကြရခြင်းများ ဖြစ်ပေါ်နေကြမည်မှာ ဧကန်အမှန်ပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့ အဖွဲ့သည် နအဖ စစ်အစိုးရအား ငြိမ်းချမ်းသော နည်းနာပေါင်းစုံဖြင့် တော်လှန်ဖယ်ရှားခြင်း၊လူထုတရပ်

လုံးပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုတ်ရှားခြင်း အမျိုးမျိုးကို လှုတ်ရှားဆောင်ရွက်နေကြပါသည်။ ယခုနှစ်သင်္ကြန်တွင်း ၄ ရက်တွင် ကျွန်ုပ်တို့အဖွဲ့သည် လူထုစည်းရုံးရေးလုပ်ငန်းများကို တိုင်းနှင့်ပြည်နယ် ၇ ခုတွင် ပြုလုပ်မည်ဖြစ်သည်။ တဖန်

နအဖ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ ရဲ့ မြေး ဖိုးလပြည့် ကစားမည့် သင်္ကြန်မ¾ပ်ပတ်ဝန်းကျင်တ၀ိုက်တွင် ယခင်ထက်ပိုမို လူထုစည်းရုံးလှုံ့ဆော်မှု့များပိုမိုလုပ်ဆောင်သွားမည်။(နည်းနာမသိရှိရသေး)

ပြည်သူလူထုတရပ်လုံးအနေနှင့်ကျွန်ုပ်တို့နည်းတူ ကျန် နအဖ စစ်အာဏာရှင်အလိုမရှိပဲ လူထုအစိုးရတရပ်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လှုတ်ရှားနေကြသော မည်သည့်အဖွဲ့အစည်းများရဲ့ မည်သည့်လှုတ်ရှားမှု့များကို မဆို အကြောက်တရားများဘေးဖယ်ထားပြီး မိမိတို့အခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တိုက်ပွဲဝင် လှုတ်ရှားဆောင်ရွက်မှု့များပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

နအဖ စစ်အစိုးရအနေနှင့်ကျွန်ုပ်တို့ အင်အားစုရဲဘော်များအား ဖမ်းဆီး၊နှိပ်စက်၊ညှင်းပန်း၊ထောင်ချနေယုံနှင့်

ကျွန်ုပ်တို့ရင်ထဲတွင် ဖြစ်ပေါ်ခံစားနေရသော နာကျည်းကြေကွဲမှု့များမှာ ပျောက်ပျက်သွားမှာ မဟုတ်ပဲ ပိုတိုးလာမှာ ဖြစ်တယ်ဆိုတာကို သိထားပါ။တဖန် ပြည်သူလူထုတရပ်လုံးရဲ့ အခွင့်အရေးမှန်သမျှကို အတိုင်းအတာ တခုထိတောင် မဖြည့်ဆည်းပေးနိုင်ပဲ ကမ္ဘာကို လိမ်ညာနေမဲ့အတူတူ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက်မရှိ လွှတ်ပေးခြင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်အောင်ဆောင်ရွက်ပေးခြင်း၊လူထုတရပ်လုံး အမှန်တကယ်အေးချမ်းသာယာပြီး ပျော်ရွှင်စွာ ဆင်နွဲရမဲ့ ကြက်သရေ မင်္ဂလာရှိတဲ့ သင်္ကြန်ဖြစ်ဖို့အတွက် နအဖ စစ်အစိုးရမှ အစွမ်းကုန် လိုက်လျောပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြေသြဇာ

ဆန္ဒပြသူ များဝင်ရောက် လာချိန် တွင် ထိတ် လန့် နေသော မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေးကယ်တင်ရ

အဆောက်အဦ ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက်
နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ ကို ဦးစားပေးကယ် တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရမိန်းမသား ဖိထစ်ပိုင် ခေါင်းဆောင် အာရို ယိုပင် နောက် အစီးဖြင့် လိုက်ရ

နောက်ဆုံးရသတင်း……….မြန်မာဝန်ကြီးချုပ် သွေးတက်

အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာခန်းမထဲ သို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)

အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာခန်းမထဲ သို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)

အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများဝင်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ

အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများဝင်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ

ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် အနီဝတ် များက ၁၄ ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပရာ ထိုင်းနိုင်ငံ ကမ်းခြေမြို့ 
ဖြစ်သည့် ဖတ္တယားတွင် ကျင်းပနေသော ဆွေးနွေးပွဲ ခန်းမသို့  အတားအဆီးများကို ကျော်ဖြတ်ပြီး မှန်များကို ရိုက်ခွဲ ၀င်ရောက်လာသောကြောင့် ၀န်ကြီးချုပ် က အစည်းအဝေး ကိုဖျက်သိမ်းလိုက်ရ
ပြီး ဖတ္တယားတွင် လည်း အရေးပေါ် အခြေအနေ ကြေငြာ လိုက်ရသည် ဟု သတင်းရရှိသည်။

ထိုသို့ အစည်းအဝေး ဖျက်သိမ်းမှုကြောင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လည်း ခရီးရောက်
မဆိုက်ပင် ပြည်တော် ပြန်ခဲ့ ရသည်။လွန်ခဲ့သည့် နှစ်ရက် ကထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧည့်သည်တော် များ၏လုံ ခြုံရေးအတွက် တာဝန် ယူသည် ဟုဆိုသော် လည်း ယခုဖြစ်ရပ်မှာအစိုးရ
အတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ရသည် ဟု ထိုင်းမီဒီယာများတွင် ဖေါ်ပြထားသည်။
longwalktofreedom.wordpress.com/မှ

Saturday, April 11, 2009

မြန်မာသင်္ကြန် ရှိုးပွဲ ( ရန်အောင်၊ ချောစုခင် ... ) ထိုင်ဝမ်း

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဒီနေ့ ဝှာရှင်း လို့ အမည်ရတဲ့ မြန်မာလမ်းကလေးမှာ သင်္ကြန်အကြို ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား ရန်အောင်၊ အဆိုတော်ချောစုခင် တို့ အပါအဝင် အဆိုတော်တွေက သင်္ကြန်သီချင်း မြူးမြူးကြွကြွ လေးတွေ သီဆိုဖျော်ဖြေ သွားပါတယ်။ လမ်းမပေါ်မှာပဲ စတေ့ခ်ျစင် ဆောက်ပြီး တင်ဆက်သွားတာပါ။ မနေ့ညနေကလဲ ရန်အောင်တို့တစ်တွေ အခပေး စတေ့ခ်ျရှိုးပွဲ တစ်ပွဲ ရှိပါတယ်။ ရန်အောင်က လာမဲ့ ၈ ရက်နေ့၊ ချောစုခင်က ၇ ရက်နေ့ ရန်ကုန်ပြန်ကြမှာဆိုတော့ မပြန်ခင် မြန်မာလမ်းကလေးမှာ သီဆိုဖျော်ဖြေသွားကြတာပါ။ သီချင်းသီဆိုမှုအပြင် မီးသတ်ကားကြီးတွေ၊ ရေပုံးကြီးငယ်တွေနဲ့လဲ ရေပက်ကစားကြပါသေးတယ်။


နေလင်း

၂၀၀၉ ခုနှစ် တီပီ မြန်မာသင်္ကြန်

“သင်္ကြန်မှာဘာတွေလုပ်ရပါ့တွေးမိသမျှ”

အောင်သပြေနဲ.ရေပက်တဲ့……..သင်္ကြန်
ငွေဖလားနဲ.ရေကစားတဲ့………..သင်္ကြန်
နှစ်ကူးမှာကြည်နူးကြတဲ့………..သင်္ကြန်
အတာဆိုတာမင်္ဂလာအပေါင်းနဲ့ပြည့်နေတဲ့မြန်မာ့ဟန်…..မြန်မာ့သင်္ကြန်
သံချပ်သံတွေလွှမ်းခဲ့ဘူးတဲ့…..တူးပို.တူးပို.သင်္ကြန်
အဲဒီလိုသင်္ကြန်တွေတိမ်မြုပ်……..ဆူလောင်ပေါက်ကွဲသံတွေနဲ.အရက်သင်္ကြန်…….သရုပ်ပြက်ဝတ်စား
လော်လီဖောက်ပြားမှုတွေကြီးစိုး……သင်္ကြန်ဆိုတာတရားဝင်မူယစ်သောက်စားခွင့်ရနေသလို
ပြည်မြန်မာ့အလှပျောက်ခဲ့ရတာရာစုနှစ်တွေကျော်ခဲ့…….
ဒီနေ.သင်္ကြန်မှာ………
စီးပွားပျက်ကပ်က……တပင်တိုင်မင်းသမီး
နာဂစ်က………………လူရွှင်တော်လုပ်
နအဖက………………သံချပ်ထိုး
၁၃၇၀နှစ်ကူးမှာပြည်သူတွေအလူးအလဲနဲ့သင်္ကြန်ဆိုတာမူးယစ်ဖို့သက်သက်လို
ညစ်သမျှကိုအတိုးချပြသာနာဘလပွကြုံမယ့်အရေးမျှော်တွေးလို့မြင်တာကြောင့်
ပြည်သူ.မောင်ကျောင်းသားတို. သာသနဘောင်ဝင်ဖို့အရေးဆွေးနွေးကြပေမဲ့
သံဃာဆိုမြင်သမျှ….
အာပလာဂတုံးတွေကွလို့
ကြံ့ဖွတ်နဲ့စွမ်းအားရှင်
မူးယစ်ကာမှားထင်
တရားဝင်ရိုက်မှာကြောင့်
ဖြတ်လိုက်ရကြောင်း

ဇွဲမာန်

အသတ်ခံ ရသူမှာ ထောက်လှမ်းရေးကျော်ဝင်း သမီးမဟုတ်

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) အခန်းတွင် နေထိုင်သည့်
သင်္ဘောသားဇနီးမောင်နှံနှစ်ဦး မတ်လ ၃၀ ရက် နေ့ ကအသတ်ခံခဲ့ရရာ သေဆုံးသူ မအေးအေးဝင်းခေါ် ဒေါ်မြတ်သီရိခင်မှာ ပြည်ပ အခြေစိုက်မီဒီယာ တစ်ချို့ တွင် ဖေါ်ပြထားလို ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ်ကျော်ဝင်းသမီး မဟုတ်ကြောင်း ယခင်စစ်ထောက်လှမ်းရေး ဟောင်း တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးမှ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း နှင့် နီးစပ်သော စာနယ်ဇင်းဆရာ တစ်ဦး ကFreedomNews Group သို့ ပြောသည်။

အချစ် ဂျာနယ် နှင့် လျှပ်တစ်ပျက် ဂျာနယ် များတွင် စွန်ရဲ ဆိုသည့် ကလောင် အမည်ဖြင့် စာများရေးနေသော ဗိုလ်ချုပ်ကျော်ဝင်း မှာ ၂၀၀၅ ခုနှစ် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီး ခြောက်လ အကြာတွင် ဗိုလ်ချုပ် ဘ၀ ဖြင့် မသိမသာ အငြိမ်းစားယူသွားသူ ဖြစ်သည်။ယခု ဝေဇယန္တာ ရှောပင်းမော ရှိရာ သုဝဏ္ဏ အားကစား ကွင်း အနီးရှိ လူကုံ ထံများနေထိုင်သော ရိပ်သာ တစ်ခုတွင်နေ ထိုင်ပြီး သူ၏သားဖြစ်သူမှာ ကြေးအိုးဆိုင် နှင့် စံပယ်မင်း တေးထုတ်လုပ်ရေး ဇာမဏီဂျာနယ် တို့ ကို ပိုင်ဆိုင်သည် ဟု ရန်ကုန် စာနယ်ဇင်းအသိုင်း အ၀ိုင်းတွင် လူပြောများသည်။

ယခု နှစ်လောင်းပြိုင်လူသတ်မှုတွင် သေဆုံးသူ တစ်ဦးဖြစ် သည့် မအေးအေးဝင်း၏ ဖခင်မှာ ယခင်ကကကြည်းမှ ဗိုလ်မှုးချုပ်ကျော်ဝင်းဖြစ်သည် ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တစ်ဦးက အတည်ပြု ပြောကြားသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကျော်ဝင်းမှာ ထောက်လှမ်းရေးကိုနာ မည်ပြောင်းထားသော စစ်ဖက်ရေးရာလုံခြုံရေးတွင် ထောက်လှမ်းရေး အရာရှိသစ်များအား ထောက်လှမ်းရေးနှင့် ပတ်သက်သော သင်တန်းများပို့ ချပေးရန် တစ်လျှင် ကျပ်ခုနှစ် သိန်း
မော်တော်ကား တစ်စီး စသည်ဖြင့်ခံစားခွင့်များရရှိသည်။

ဗိုလ်ချုပ်ကျော်ဝင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို သစ္စာခံသူ တစ်ဦးအဖြစ်
လူသိများပြီး သူ၏ သားအကြီးဆုံးမှာ အသက် ၃၉ သာရှိသေးသည်။

ထိုသတင်း နှင့်ပတ်သက်၍ မအူကုန်းလမ်းကျယ်ရှိ ကားပွဲစား တစ်ယောက် ကို Freedom News Group မှ ဆက်သွယ်မေးမြန်းကြည့်ရာ “ရန်ကုန်မှာလည်း လူတွေ ကပြောကျတယ် လေ
ထောက်လှမ်းရေးကျော် ၀င်း သမီး လို့ ပဲ သေချာသိတဲ့ လူတွေ ကတော့ မဟုတ်ဘူးလို့ ပြောတယ်။
Freedom News Group မှ

အလှပျက် သင်္ကြန်

Thursday, April 9, 2009

ထိုင်း အစိုးရကို ဒုဗိုလ်ချုပ်ကြီး ရဲမြင့် စွပ်စွဲ

NEJ /ဧပြီလ(၈) ရက်၊ ၂၀၀၉

ထိုင်း နိုင်ငံသည် အရွယ်မ ရောက်သေး သည့် လူမမယ် ကရင်ကလေး သူငယ်များအား စစ်သင်တန်း ပေးနေသည်ဟု မြန်မာ ဗိုလ်ချုပ်ကြီး တဦးက ကေအန်ယူ ခွဲထွက် အဖွဲ့တခုနှင့် တွေ့ဆုံရာ တွင် စွပ်စွဲပြော ခဲ့သည်။လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်း ရေးကောင်စီအဖွဲ့နှင့် နအဖတပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံဆွေးနွေးစဉ် စရဖ အရာရှိချုပ်က ယခုကဲ့သို့ ထိုင်းအစိုးရကို စွပ်စွဲပြောဆိုခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ၌ ကလေးစစ်သားဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က “ထိုင်းက မိုဘိုင်း (၃၂) ဆိုတဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားကရင် ကလေးငယ်တွေကို စစ်ပညာသင်ကြား ပေးနေတယ်။ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ် အရွယ်တွေကို ယိုးဒယားက စစ်ပညာသင်ပေးနေတာကို မနေ့က ဓာတ်ပုံတွေနဲ့ ကျနော်ရတယ်။ ယိုးဒယားစာပါ ပါတယ်။ မနေ့က ကျနော်သိတော့ ကျနော် တော်တော် စိတ်ဆိုးတယ်။ အ၀တ်အစားတွေကတော့ ကရင်သင်တိုင်းတွေ။ သို့သော် အကုန်လုံးက ဖိနပ်တွေနဲ့ ဘွတ်တွေနဲ့ ယိုးဒယားက လုပ်နေတယ်။ ကျနော်တို့ ကလေးတွေကိုဗျာ၊ ဟာကွာ ယိုးဒယား ငါတို့ကို လုပ်နေတာကွာ” ဟု ပြောသည်။ ( ဆက်ဖတ်ရန် ) အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များက ၎င်းကိစ္စနှင့် ပတ်သက်သည့် အခြေအနေများကို မိမိတို့အဖွဲ့မှ စုံစမ်းပေးသွားမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်အား ပြောခဲ့သည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုဒေးဗစ်ထောက “ထိုင်းနိုင်ငံက တောင်ပေါ်ကရင်ရွာ တွေမှာ ကျောင်းသားလူငယ်တွေကို ဗလ ငါးတန်နဲ့ ပြည့်စုံအောင် အခြေခံသင်တန်းလေးတွေ တပတ်တခါပေးတာရှိတယ်။ အဲဒါကို နအဖက ထိုင်းကို ရမယ်ရှာပြီးတော့ သိက္ခာကျ အောင် ၀ါဒဖြန့်တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ ရှိတယ်ဆိုတဲ့ ကိစ္စကို ထိုင်းမှာလည်း လုပ်နေတယ်ဆိုပြီး နအဖက ထိုင်းကို ထိုးနှက်ချင်လို့ သူတို့ကပဲ ကရင် ကလေး တွေကို ချစ်သလိုလိုနဲ့ အမှတ်ယူပြီး ရဲမြင့်က ပြောတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ကရင်ကလေးငယ်များကို ထိုင်းနိုင်ငံက အခြေခံစစ်ပညာသင်ပေးသည့်သတင်းကို နအဖ ကျောထောက် နောက်ခံပြုထားသည့် သာကီနွယ် ၀က်ဆိုဒ်တွင် ဓာတ်ပုံ မှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်ကို ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကိုးကားစွပ်စွဲပြောဆိုခြင်းဖြစ်သည်။ စောဌေးမောင်သည် ထိုင်းဘက်သွား၍ ကေအန်ယူမှ အရာရှိအချို့နှင့် သွား ရောက်တွေ့ဆုံရန်ရှိသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာ စရဖအရာရှိချုပ်က “အဘိုးကိုတွေ့ချင်ရင် သူတို့လာတွေ့ပါစေ။ အဘိုးကို မခေါ်နဲ့။ တော်ကြာ အန္တရာယ်ရှိနေဦးမယ်။ မြ၀တီကိုခေါ် ဟိုဘက်ကမ်းတော့ မသွားနဲ့၊ ဒီလူတွေက ယုံရတာ မဟုတ်ဘူး၊ ဒီလူတွေက အရူးတွေ” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲမှတ်တမ်းစီဒီမှာ မဲဆောက်ဒေသတ၀ိုက်တွင် ပျံ့နှံ့နေပြီး မဲဆောက် မြန်မာဘုန်းတော်ကြီးကျောင်း မှ ကျောင်းထိုင်ဆရာ တော်တပါးက “ဒီရဲမြင့် ဆိုတဲ့ဒကာက သူလည်း ဗိုလ်ခင်ညွန့်လိုပဲ တဖက်သားက ဟန်ပန်အမူအရာ စကားအပြောအဆို လေယူလေသိမ်း ကအစ ၀မ်းနည်းဟန်၊ သနားဟန်၊ ၀မ်းသာတက်ကြွဟန်၊ တခါတခါ ငိုတော့ မလိုလို၊ ရယ်တော့မလိုလိုနဲ့ တဖက်သားကို ဇဝေဇ၀ါဖြစ်သွား နိုင်လောက်သည့်အထိ သူတို့မှာ နည်းပညာတွေရှိတယ်။ ခင်ညွန့်တုန်းကလည်း ဒီပုံစံအတိုင်းပဲ။ နောက်ဆုံးတော့ လည်း ညံ့တဲ့လူ ခံပေါ့ ဒကာကြီးရာ” ဟု မိန့်ကြားသည်။

Tuesday, April 7, 2009

၂၀၀၉ခုနှစ် သင်္ကြန် မင်္ဂလာဒိုး (တိုကျို) ၏ ရဲရဲတောက်သံချပ်များ

ပေးပို့သူ ။ ။ ကိုထွန်းဝေ (မင်္ဂလာဒိုး)

Sunday, April 5, 2009

မြောက်ကိုးရီးယားမှ ယနေ့ မနက် tepondo 2ဒုံးကျည်ပစ်လွှတ်ခြင်း

ယနေ့ ဂျပန်စံတော်ချိန် မနက် ၁၁း၃၀ နာရီ တွင် မြောက်ကိုးရီးယားရီးယားဘက်မှ ပစ်လွှတ်လိုက်သောTepondo Missile (2) ဒုံးကျည်သည် ဂျပန်နိုင်ငံကို ကျော်ဖြတ်၍ Akita ဒေသ အနောက်ဖက် ၂၈၀ကီလိုမီတာ ဂျပန်pacific ပင်လယ်သို့ကျရောက်သွားကြောင်းသိရပါသည်။ မြောက်ကိုးရီးယားဘက်မှ satteliteဂြိုလ်တု ပစ်လွှတ်ရန် ၎င်းဒုံးကျည်ကို အသုံးချခဲ့ပြီး ဂြိုလ်တုပစ်လွှတ်မှု အောင်မြင်သည် မအောင်မြင်ဆိုသည်ကို ဂျပန်အစိုးရဘက်မှ သတိအနေအထားနှင့် စောင့်ကြည့်နေကြောင်းသိရပါသည်။ အကြောင်းတခုခုကြောင့် ဂျပန်နိုင်ငံသို့ ဒုံးကျည်သော်၎င်း ၊ ဂြိုလ်တုပျက်ကျမှုကို၎င်း ကာကွယ်ရန် နိုင်ငံအနှံ့ akita ။ iwate စသော မြို့များတွင် ဒုံးခွင်းဒုံးဖြင့် ဝေဟင်တွင်ဖြိုခွဲရန်ယခုအချိန်တွင် အသင့်စောင့်နေလျှက်ရှိပါသည်။ မနေ့က အာကာသထဲကို ဒုံးကျည်လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဆိုင်းငံ့လိုက်ရတာဟာ ဒုံးကျည်လွှတ်တင်မယ့်နေရာအနီးတ၀ိုက်မှာ တိမ်ထူပြီး လေပြင်းတိုက်ခတ်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ထပ်မံကြားသိရသောသတင်းအရ ညနေ(၅)နာရီခန့်မြောက်ကိုးရီးယားအသံလွှင့်ဌာနမှ ၎င်းတို့၏ အာကာသသို့ဂြိုလ်တုလွှင့်တင်မှု အောင်မြင်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် တာရို အာဆို မှ
သတင်း၊ နည်းပညာ နှင့် လုံခြုံရေးသည် အဓိကဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

မြန်မာကို ဆက်ပိတ်ဆို့ရေး အမေရိကန်အမတ်များ တိုက်တွန်း

မြန်မာစစ်အစိုးရအပေါ် ၀ါဒသဘောထား ပြန်လည်သုံးသပ်တဲ့နေရာမှာ ရှိရင်းစွဲ ဒဏ်ခတ်အရေးယူထားမှုကို ထည့်သွင်း စဉ်းစားပါလို့ အမေရိကန် ကွန်ဂရက်စ်အမတ် ၁၇ ယောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ထံ စာရေး တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်အစိုးရအပေါ် အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ၁၇ ယောက်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဥပဒေအရ ဒဏ်ခတ်အရေးယူထားမှု ရုပ်သိမ်းဖို့ဆိုရင် မြန်မာစစ်အစိုးရဘက်က လိုက်နာမှုတွေ ရှိဖို့ လိုအပ် တယ်၊ အဲဒီထဲမှာ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားအားလုံး၊ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်ပေးရမယ်၊ အရပ်သားများအပေါ် တိုက်ခိုက်မှုတွေ ရပ်ရမယ်၊ အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စကားဆိုပွဲ လုပ်ရမယ်လို့ မစ္စကလင်တန်ထံပေးတဲ့ စာထဲမှာ သတိပေး ထောက်ပြထားပါတယ်။

ဒဏ်ခတ်အရေးယူမှုဟာ စစ်အစိုးရအပေါ် သက်ရောက်မှု မရှိသလို စစ်ခေါင်းဆောင်တွေကိုလည်း သြဇာသက်ရောက်မှု မရှိလို့ ၀ါဒပြုပြင်ရမယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြန်လည် သုံးသပ်ခိုင်းထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူများအတွက် အထောက်အကူပြုရေး စစ်အစိုးရအပေါ် သြဇာရှိရေးအတွက် ရည်စူး နည်းလမ်းရှာကာ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိတ်ခ် (Stephen Blake) အား မြန်မာပြည်ကို စေလွှတ်ကာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ voa news

Friday, April 3, 2009

ဘန်ကောက် လေးဖြူ နှင့် I C

Dr. Sein Win, U Teddy Buri, U Bo Hla Tint and Dr. Tint Swe signed FBPP petition

ပုလဲသွယ် ဘလောက်မှ


၃၀-၃-၀၉ NCGUB ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း MPU ဥက္ကဋ္ဌ ဦးတက်ဒီဘူရီ၊ NCGUB ၀န်ကြီးများဖြစ်ကြသော ဦးဘိုလှတင့် နှင့် ဒေါက်တာတင့်ဆွေတို့အား (တီမော-လက်စ်တီ) သမတကြီး (ဂျိုဆေး-ရာမို့စ်-ဟော်တာ) က (ဒီလီ) မြို့တော်တွင် နေ့လည်စာဖြင့် ဧည့်ခံလျက် လက်ခံ၊ တွေ့ဆုံ၊ ဆွေးနွေးစဉ်။


NCGUB
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ MPU ဥက္ကဋ္ဌ ဦးတက်ဒီဘူရီ၊ NCGUB နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့်
ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေတို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးကြစဉ်။

Thursday, April 2, 2009

Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ


ရက်အနည်းငယ် ကြာ ရှာဖွေပြီးတဲ့ အခါမှာတော့ Mr Robertson ရဲ.အလောင်းကို ငါးဖမ်းသမား များက Satun ကျွန်းရဲ.တောင်ဘက် ၆ မိုင်လောက်အကွာမှာ တနင်္လာနေ. ညနေ ၃ နာရီ အချိန်လောက်တွင်ရှာဖွေတွေ.ရှိခဲ့ပါတယ်။

မြန်မာသုံးယောက် အသက် ၁၇နှစ်၊ ၁၈နှစ်၊ ၁၉နှစ် အရွယ်ရှိသူများဟာ နီးစပ်ရာ ကျွန်းများဆီသို. ထွက်ပြေးရင်း ဆာလောင်မွတ်သိပ်နေသဖြင့် Mr Robertson တို.စီးနင်းရာ သဘောင်္ပေါ်သို.တက် ခဲ့ပါတယ်။

Mr Robertson ရဲ.အလောင်းကို ရှာဖွေတွေ.ရှိခဲ့ခြင်းဖြင့် ထိုမြန်မာ ၃ယောက်အတွက် ထိုပြစ်မူမှ ရူန်းထွက်ဖို. မဖြစ်နိုင်တော့ပဲ လူသတ်မူ ကနေ သေဒဏ်အထိပေး ပြစ်ဒဏ်ကျခံ နိုင်ဖွယ်ရှိပါတယ်။

ထိုမြန်မာ၃ယောက်ဟာ ၂ရက်ကြာ ဘာအစာမှ မစားရသေးသဖြင့် Mr Robertson ရဲ. သဘောင်္ပေါ်တက်ကာ အစားအသောက်များကို အငမ်းမရ ရှာဖွေခဲ့ပါတယ်။ မြန်မာ၃ယောက်ထဲမှ အကြီးဆုံးတစ်ယောက် က Mr Robertson ရဲ. ခေါင်းကို ရုန်းရင်းဆန်ခက် ဖြစ်နေစဉ် တူနှင့်ထုပြီး ရေထဲ ပစ်ချခဲ့သည်ဟု ထိုင်းရဲများကို ၀န်ခံခဲ့ပါတယ်။

Mr Robertson ရဲ. ဇနီး Linda ကလဲ တရားခံ များမှာ ထို မြန်မာ၃ဦးဖြစ်ကြောင်း တရားရုံးမှာ ပြီးခဲ့တဲ့ သောကြာနေ.က ထွက်ဆိုခဲ့ပါတယ်။ သူဟာ ထိုအချိန်က ကြိုးဖြင့် တုပ်နှောင်ခံနေရပြီး မြန်မာ၃ယောက် ထွက်ပြေးသွားချိန်မှာတော့ သူမဟာ သဘောင်္ ကျောက်ချထားတာ ကို ပြန်တင်နိုင်ခဲ့ကာ ၁၀ နာရီကြာ သဘောင်္ပေါ်မှာ သောင်တင်နေခဲ့ပါတယ်။

နောက်တစ်နေ.မှာပဲ ထိုမြန်မာ၃ယောက် ထိုင်းရဲများဖမ်းဆီးနိုင်ခဲ့သည့်အတွက် သူမက ချီးကျူး ခဲ့ပါတယ်။ သူမရဲ. ပြောကြားချက်အရ တရားခံ ၃ယောက်ထဲမှ အငယ်ဆုံးတစ်ယောက်က Mr Robertson ရဲ. သေဆုံးမူအတွက် အင်မတန် သောက ရောက်နေခဲ့ ပုံ ကိုတွေ.ရပြီး၊ ကျန်တဲ့ ၂ယောက်ဘယ်လို ဖြစ်နေမယ်ဆိုတာတော့ သူမ မသေချာကြောင်း ထွက်ဆိုခဲ့ပါတယ်။

Mr Robertson နဲ.ဇနီး Linda ဟာ UK မှ တမ္ဘာလုံးသို. ရွက်လွင့် ထွက်ခွာရန် လွန်ခဲ့တဲ့ ၁၀နှစ်ကတည်း ထွက်ခွာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ကို အင်မတန်ချစ်မြတ်နိုးသူတွေ လို.ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လဲ သုံးနှစ်ကြာ နေထိုင်ခဲ့ပါတယ်။
royal myanmarမှ

Wednesday, April 1, 2009

ကမ္ဘာ့သြဇာကြီးသူ ၁၀၀ တွင် ဒေါ်စု ထိပ်ပိုင်းမှ ပါဝင်

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ

ကို ဆန္ဒမဲပေး ရွေးချယ်မှု ပြုလုပ်လျက်ရှိရာ ဒေါ်အောင်ဆန်း စုကြည် က နံပါတ် ၂၅ နေရာတွင် ရောက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းရေးနေသည့် အချိန်တွင် ဆန္ဒမဲပေါင်း သုံးသိန်း သုံးထောင်ကျော် ရရှိနေသည်။

ဒေါ်စုသည် မဲပေါင်း သုံးသိန်း သုံးသောင်းကျော် ရရှိသည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား (နံပါတ် ၁၆) နှင့် များစွာ ဝေးကွာခြင်းမရှိဘဲ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် (နံပါတ် ၂၆) ထက် အနည်းငယ် အသာရနေသည်။

တခြား သြဇာရှိ အမျိုးသမီးများ အဖြစ် အမေရိကန် ပြည်ထောင်စုမှ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (နံပါတ် ၂၇)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (နံပါတ် ၃၆) တို့ကို ကမ္ဘာတလွှားမှ စာဖတ်သူများက ရွေးချယ်ထားကြောင်း တွေ့ရသည်။

“၂ဝဝ၇ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကထက် ထောက်ခံမှု ပိုမို ရရှိခဲ့သည်” ဟု Time မဂ္ဂဇင်းက ဖော်ပြထားသည်။

ဒေါ်စုနှင့်ပတ်သက်၍ မဂ္ဂဇင်းက ဖော်ပြရာတွင် “ထင်ရှားသည့် မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက်နေသူဖြစ်သည်၊ သူ၏ ဦးဆောင် လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အများအားဖြင့် အကျယ်ချုပ် ချခံနေရသည်၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂကို တွန်းအား ပေးလျက်ရှိသည်” ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ်တွင် Time မဂ္ဂဇင်းက အင်တာနက်မှတဆင့် အာရှသူရဲကောင်း အဖြစ်ရွေးချယ်သည့် သဘောထား ကောက်ယူမှု တခု ပြုလုပ်ရာ စာဖတ်ပရိသတ် ၄ဝ.၄ ရာခိုင်နှုန်းက ဒေါ်စုကို ရွေးချယ်ခဲ့ကြသည်။

လူမှုဆက်သွယ်ရေး အင်တာနက် ဘလော့ဂ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ် အများအပြားကို တွေ့နိုင်သည်။ ကမ္ဘာကျော် facebook အင်တာနက် စာမျက်နှာတွင် အသင်းဝင် သုံးသောင်းကျော်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ ဖြစ်ကြောင်း ဖော်ပြထားကြသည်။

“မိတ်ဆွေသစ်တွေ ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အခြေအနေတွေကို လူအများကြီး သိသွားအောင် လုပ်ဖို့ဆိုရင် Facebook ကနေ လုပ်ဆောင်သွားရင် အင်မတန် ကောင်းပါတယ်” ဟု မြန်မာပြည် အရေး ဆောင်ရွက်နေသူ ဇိုယာဖန်းက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ပြောကြားလိုက်သည်။

“ကမ္ဘာက ဒေါ်စုကို မေ့သွားအောင်လို့ စစ်အစိုးရက ဒေါ်စုကို ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရပ်တွေ မအောင်မြင်ဘူး ဆိုတာ အင်တာနက် စာမျက်နှာတွေက တဆင့် လုပ်နိုင်ပါတယ်” ဟု ဇိုယာဖန်းက ဆိုသည်။

Time မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို http://www.time.com/time/specials/packages/article/0,28804,1883644_1886141,00.html တွင် မဲပေးရွေးချယ်နိုင်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုပါက
http://www.time.com/time/specials/packages/article/0,28804,1883644_1883653_1884572,00.html သို့ သွားရောက်နိုင်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=904:2009-03-31-12-42-27&catid=1:news&Itemid=2

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)