Saturday, February 28, 2009

Thursday, February 26, 2009

မြန်မာအမျိုးသမီး ဒူဘိုင်မှာ မတရားစော်ကား သတ်ဖြတ်ခံခဲ့ရ

ကိုပီတာ၏အတွေးပုံရိပ်များမှ ကူးယူဖော်ပြပါသည်။
စီးပွားရေးကြပ်တည်း၍အိမ်ရှိအရွယ်ရောက်သူအားလုံးအလုပ်ထွက်လုပ်မှထမင်းနပ်မှန်အောင်စား
နိုင်သောခေတ်ကြီးတွင်မိမိဘ၀တိုးတက်ကောင်းမွန်ရေး၊လစာအခွင်.အရေးပိုမိုကောင်းမွန်သောနိုင်
ငံရပ်ခြားသို.ပါလူငယ်လူရွယ်များထွက်လာ၍အလုပ်လုပ်ကြရသည်။ထိုသို.ထွက်ခွာလာကာရေကြည်
ရာမျက်နုရာရှာဖွေကြသူများတွင်မြန်မာအမျိုးသမီးငယ်များလည်းပါလာကြရသည်။

အထူးသဖြင်.နိုင်ငံရပ်ခြားတွင်မိဝေးဖဝေးဖြင်.စွန်.စားကာလာရောက်အလုပ်လုပ်နေကြသည်.မိန်းက
လေးတို.အဖို.လုပ်ငန်းခွင်အခက်အခဲများအပြင်ပတ်ဝန်းကျင်အသစ်နှင်.ထိတွေ.ဆက်ဆံရသည်မို.မိ
မိ၏ပုဂ္ဂလိကအဆင်ပြေကျန်းမာရေး၊ဘေးအန္တရယ်များမှကင်းဝေးလုံခြုံရေး၊ကိုယ်ကျင်.သိက္ခာမထိခိုက်
ရေးတို.အပြင်ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်မိမိနိုင်ငံကိုကိုယ်စားပြုသည်မို.မိမိ
တို.၏အပြုအမူများကမိမိတစ်ဦးချင်း၊မိမိ၏မိသားစုတင်မကမိမိနိုင်ငံ၏ဂုဏ်သိက္ခာကိုပါမြင်.တင်စေနိုင်
ထိခိုက်စေနိုင်သည်မို.အထူးသတိပြုသင်.ပေသည်။

အထူးသဖြင်.မြန်မာအမျိုးသမီးများအနေဖြင်.မွတ်ဆလင်အမျိုးသားများသိန်းနှင်.ချီ၍အလုပ်လာရောက်
လုပ်ကိုင်နေသည်.အရှေ.အလယ်ပိုင်းဒေသနိုင်ငံဖြစ်သောယူအေအီနိုင်ငံဒူဘိုင်းတွင်ပို၍သတိထားရန်လို
အပ်ကြောင်းအောက်ဖော်ပြပါဖြစ်ရပ်များကသက်သေပြနေပါတော.သည်....

အဆုံး၏နိဂုံး

မျိုးမျိုး( အမည်အရင်းမဟုတ်ပါ ။ ) သည်ယူအေအီးနိုင်ငံ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သောဒူဘိုင်း
အခြေစိုက် Emirates Airline ၏ customer service ဌာနတွင်အလုပ်ခန်.အပ်ခြင်းခံရသည်။
သူမတာဝန်ကျသည်ကအရှေ.အလယ်ပိုင်းဒေသ၏နာမည်ကျော်ဒူဘိုင်းလေဆိပ်...သူမတာဝန်က
business class ဖြင်.ဆိုက်ရောက်၊လိုက်ပါမည်.ခရီးသည်များနားနေရာခန်းမ lounge တွင်ဧည်.ခံကြို
ဆိုရသည်။မျိုးမျိုးအနေဖြင်.ယခင်ကလည်းမလေးရှားနိုင်ငံတွင်အလုပ်လုပ်ခဲ.သည်မို.ယခုအကြီမ်ပြည်ပ
သို.လာရောက်အလုပ်လုပ်ရာတွင်သိပ်မစိမ်းတော....

သူမအနေဖြင်.ကိုယ်.ကိုယ်ကိုယုံကြည်မှုပိုရှိလာခဲ.သည်။ အသက်ခြောက်နှစ်အရွယ်သမီးလေးတစ်
ယောက်ရှိသည်.အိမ်ထောင်သည်တစ်ယောက်မို.လည်းလူမျိုးခြားယောင်္ကျားလေးတွေနှင်.ပြောဆို
ဆက်ဆံရာတွင်အတွေ.အကြုံမရှိသေးသည်အပျိုရိုင်းကလေးလိုရှိုးတိုးရှန်းတန်းဖြစ်မနေတော.ပေ..
ခပ်တည်တည်ဖြင်.ပင်သူတို.ကိုပြောဆိုဆက်ဆံနိုင်ခဲ.သည်သာ...

ထိုထိုကာလသားများ၏ဖုန်းဖြင်.ဆက်ပြီးကြူတတ်သည်ကိုမလေးရှာတွင်နေကတည်းကကြားသိဘူး
သဖြင်.ယခုဒူဘိုင်းတွင်မိုဘိုင်းလ်ဖုံးပင်ဝယ်မကိုင်ခဲ.ပေ...

သို.သော်သူမ မသိနိုင်ခဲ.သည်ကဒီ ဒူဘိုင်းသို.ရောက်လာသူများကယခင်သူမ၊မလေးရှားတွင်တွေ.
ခဲ.ဘူးသည်.လူများလိုမဟုတ်။ယခုရှိနေကြသည်.အများစုကအစ္စလာမ်ဘာသာရေးစည်းကမ်းများ၊
လူမျိုးရေးဓလေ.ထုံးတမ်းများအရအမျိုးသမီးများကိုဖိနှိပ်ချုပ်ချယ်မှုများသောပါကစ္စတန်၊အိန္ဒိယ၊သိ
ရိလင်္ကာ၊ဘင်္ဂလားဒေ.ရှ် စသောနိုင်ငံများမှမွတ်ဆလင်၊ဟိန္ဒူကုလားအမျိုးသားများပင်...
ထိုသူများကမိန်းမဆို၍ကလေးနှင်.ခွေးသာခြေလက်အင်္ဂါအစုံအလင်မြင်ခဲ.ဖူးသူများမို. (သူတို.နိုင်
ငံကအမျိုးသမီးတွေကအပြင်ထွက်လျှင်ခေါင်းမြီးခြုံကြရသည်၊အိမ်တွင်းပုံးကြရသည်လေ..)
မိသားစု၊ဇနီးမယားများနှင်.အကြာကြီးခွဲနေကြရသည်.အပြင်လွတ်လပ်စွာဝတ်ဆင်ခြယ်သ၍အလှ
ကြီးလှ၊အပြကြီးပြနေကြသည်.အာရှသူမနူးမနပ်လေးများကိုတွေ.မြင်ကြရသည်.အခါထိုသူတို.၏စိတ်
ဆင်ရိုင်းကားချွန်းအုပ်၍မရသည်.နှယ်ဖြစ်တော.သည်။ထိုအခါနည်းမျိုးစုံသုံးကာရသည်.နည်းဖြင်.ဒွေ
နှစ်ဖော်သံဝါသဖို.အရေးကြိုးပမ်းကြတော.သည်။

မျိုးမျိုးသည်လည်းကလေးတစ်ယောက်မိခင်ဖြစ်စေကာမူသူမခင်ပွန်းကလည်းမလေးရှားတွင်အလုပ်
လုပ်နေသည်.အပြင်မိမိကိုယ်တိုင်လည်းဝတ်တတ်စားတတ်သည်မို.ချောမောလှပဆွဲဆောင်မှုရှိသူ
တစ်ဦးမို.လုပ်ငန်းခွင်တွင်ပျိုလေးတို.အိမ်ဦးဆပ်သွားဖူးကိုအုံသည်.ကျေးတွေကတော.ရှိကြသည်သာ...

ထိုအထဲတွင်မူဆလင်၊ဟိန္ဒူကုလားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများလည်းပါဝင်ကြလေသည်။ သို.ကလို
ကလူ၏သို.မြူ၏သို.တစ်သွယ်၊လက်မောင်းလက်ဖျံကိုဓါးဖြင်.သူမနာမည်ခြစ်ကာချစ်သက်သေပြ
သည်.ချစ်လူမိုက်တို.၏နည်းလမ်းဖြင်.တစ်မျိုးတိုး၍တိုး၍ကြိုးစားကြသည်မို.ကလေးတစ်ယောက်မိခင်
အိမ်ထောင်ရှင်သူမ၏နှလုံးသားလည်းနှဲ.၍လှုပ်သည်.သစ်ငုတ်ပမာယိုင်နဲ.လာခဲ.ရတော.သည်...

မျိုးမျိုး၏ဘ၀အကြောင်းကိုသိထားသည်.မိတ်ဆွေမြန်မာမိန်းကလေးများကအိမ်ထောင်နှင်.သူမသမီး
လေးကိုတော.ငဲ.ပါဦးဟုသတိပေးခဲ.သော်ငြားလည်းကယုကယင်၊အပင်.အမြှောက်၊အကြမ်းအရမ်း ထို
ဇတ်လမ်းဝယ်သူမနစ်မြောခဲ.မိလေသည်...

သို.နှင်.မစွန်းရင်းကလည်းရှိ၊ကန်စွန်းခင်းကလည်းငြိခဲ.ကြသည်မို.သူမနှလုံးသားကိုအပျိုရိုင်းကလေး
နှယ်ရင်ခုန်အောင်စွမ်းဆောင်နိုင်သည်.ထိုလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအိန္ဒိယသားနှင်.ချစ်၍ခေါ်ရာလိုက်
ခဲ.ပါသည်ဆိုသလိုအပြင်သို.လိုက်၍တစ်ကြိမ်လည်ပတ်ခဲ.ဖူးပြီ.....

မည်သူမျှမသိအောင်မိုဘိုင်းဖုံးပင်မကိုင်ခဲ.ပဲအလုပ်ထဲတွင်သာထိုသူနှင်.ဆက်သွယ်ချိန်းဆိုခဲ.သည်
တောင်မှအဆောင်နေခင်မင်ရင်းနှီးသည်.ညီမငယ်တစ်ဦးကထိုနေ.ကသူမအပြင်သို.တစ်ယောက်
တည်းထွက်သွားသည်ကိုသိသွားပြီးပြန်လာသည်အထိအဆောင်တိုက်အောင်.မှစောင်.နေခဲ.သည်မို.
မတတ်သာသည်.အဆုံးထိုညီမတစ်ဥိးကိုတော.ပြောပြခဲ.ရသည်။သို.သော်ထိုကုလားသူမကိုဘယ်ခေါ်
သွားသည်ကိုတော.ရေရေရာရာမပြောပြခဲ....တက္ကစီသမားကပဲလမ်းတွေကိုကွေ.ပတ်ပြီးအကြာကြီး
မောင်းနေသလိုလို၊သူမတို.နေသည်.အဆောင်နှင်.များစွာမဝေးကွာလှသည်.သာယာလှပသော
အယ်လ်မန်ဇာကမ်းခြေပန်းခြံသို.ပဲရောက်သွားသလိုလိုသာပြောခဲ.သည်....

သိုသော်သူမ၏နောက်တစ်ခေါက်ရင်ခုန်လှိုက်မောဖွယ်ချစ်စွန်.စားခန်း၏အဆုံးသတ်ကားမလှပခဲ.ချေ။
ရင်နင်.ဖွယ်အဖြစ်ဆိုးနှင်.ကြုံတွေ.ခဲ.ရလေသည်။သူမကိုစောင်.ကြည်.နေသည်.ခင်မင်ရင်းနှီးသော
ထိုညီမငယ်နေမကောင်း၍အိပ်နေသာတစ်ညနေတွင်သူမရည်းစားထိုကုလားခေါ်ရာသို.သွားခဲ.သည်။
ထိုနေ.ညမှစ၍သူမအဆောင်သို.ပြန်မရောက်လာနိုင်ခဲ.ပေ... တစ်ရက်၊နှစ်ရက်၊သုံးရက်... သူမအခန်း
ဖော်သူငယ်ချင်းများကသူမပြန်လာနိုးစောင်.နေခဲ.ကြသည်။ဆက်သွယ်စရာမိုဘိုင်းဖုံးလည်းမရှိခဲ.သည်
မို.သူမဘယ်သို.သွားခဲ.သည်ဆိုတာမရေမရာရှိခဲ.သည်...

သို.နှင်.သူမပြန်မလာသည်.ရက်တွေကြာလာတော.အလုပ်ဌာနမှတစ်ဆင်.ရဲစခန်းသို.အကြောင်းကြား
ရတာ.သည်။ထိုမှစ၍သူမနှင်.ပတ်သက်ခဲ.သောထိုကုလားကိုရဲစခန်းတွင်ခေါ်ဆောင်စစ်ဆေးခဲ.သည်။
သို.သော်သူကထိုနေ.ညကကသူမနှင်.အပြင်သို.သွားရောက်လည်ပတ်ပြီးသူမနေထိုင်ရာအဆောင်လမ်း
ထိပ်ကုန်စုံဆိုင်နားအထိပို.ပေးခဲ.သည်ဟုဆိုခဲ.သည်။

သူမအဆောင်အထိတော.လိုက်ပို.ပေးရန်သူမကငြင်းဆိုခဲ.၍ထိုလမ်းထိပ်မှပင်သူနေထိုင်ရာနေရာသို.
ပြန်သွားခဲ.သည်ဟုထွက်ဆိုခဲ.သည်။သူမနေထိုင်ရာအဆောင်မှအခန်းဖော်များ၊ရင်းနှီးသူများကိုရဲစခန်း
ကခေါ်ယူစစ်ဆေးခဲ.သော်လည်းသူမကိုယ်တိုင်ကခပ်အေးအေးနေခဲ.သည်မို.မည်သူမှသေချာရေရာ
သည်.အဖြေမပေးနိုင်ခဲ.ပေ...

နောက်ဆုံးခြောက်ရက်မြောက်နေ.တွင်တော.သူမနေထိုင်သည်.အဆောင်တိုက်နှင်.အနီးအနားရှိ
ဆောက်လက်စတိုက်ခန်းမြေကွက်လပ်ဘေးရှိရေထုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှသူမ၏
အ၀တ်အစားမဲ.ခန္ဓာကိုယ်ရုပ်အလောင်းကိုဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကတွေ.ရှိပြီးရဲကို
အကြောင်းကြား၍လာရောက်ဖော်ယူတွေ.ရှိခဲ.ရတော.သည်...

နုံနက်အလုပ်သွားသည်.အချိန်ဖြစ်သည်.အပြင်ရဲများကလည်းမည်သူ.ကိုမှအနားသို.ပေးမလာသည်.
အတွက်သူမအလောင်းကိုမြင်တွေ.လိုက်ရသည်.မြန်မာမရှိခဲ.ပေ...မြန်မာများအတွက်အားငယ်စရာ
ကားဒူဘိုင်းတွင်မြန်မာသံရုံးလည်းမရှိ၊မြန်မာများစုစည်းထားသောအသင်းအဖွဲ.လည်းမည်မည်ရရမရှိ
၍မည်သို.မျှအကူအညီတောင်း၇န်မရခဲ.ပေ....

ဒူဘိုင်းရဲများကတော.အလောင်းတွေ.ရှိပြမို.စစ်ဆေးမေးမြန်းမှုများပိုမိုပြုလုပ်လျှက်ရှိသည်။
စုံစမ်းစစ်ဆေးမှုများမပြီးပြတ်သေးသည်.အတွက်သူမသေဆုံးခဲ.ရသည်.အကြောင်းအရင်းပင်တိကျစွာ
မသိရသေးပေ..ညအချိန်မတော်မှောင်မိုက်ချိန်တစ်ယောက်တည်းပြန်လာသည်.သူမကိုလူပြတ်သည်.
ထိုလမ်းထောင်.တွင်ကုလားများကအဓမ္မပြုကျင်.ပြီးအသတ်ခံခဲ.ရသည်ဟုသာကောက်ချက်ချထားရ
တော.သည်။

ဒူဘိုင်းရှိမြန်မာအသိုင်းအ၀ိုင်းတွင်ပထမဦးဆုံးဖြစ်သည်.ထိုအကြောင်းကိုကြားသိရသည်.မြန်မာအပေါင်း
ကားကိုယ်.လူမျိုးအမျိုးသမီးငယ်တစ်ဦးအားထိုကဲ.သို.အဖြစ်ဆိုးကျရောက်ခဲ.ရသည်.အတွက်သူမအ
တွက်ရောကျန်ရစ်ခဲ.သည်.သမီးငယ်နှင်.ခင်ပွန်းမိသားစုအတွက်ပါစိတ်မကောင်းခြင်းကြီးစွာဖြစ်ကြ
ရသည်။

အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပေတကား.....

မှတ်ချက်

အခင်းဖြစ်ပွားရာနေရာသည်ကိုပီတာတို.နေထိုင်ရာအဆောင်၏အနောက်ဘက်လမ်းတွင်ဖြစ်၍
တော်တော်နီးပါသည်။သို.သော်ထိုနေ.ကတစ်နေ.လုံးအလုပ်ထဲသို.ရောက်နေပြီးညဉ်.နက်မှပြန်ရောက်
၍အခြေအနေကိုသွားမကြည်.နိုင်ခဲ.ပါ။ဖုံးဖြင်.သာနီးစပ်ရာဆက်သွယ်စုံစမ်း၍သိရလောက်ရေးသား
တင်ပြရခြင်းဖြစ်ပါသည်။
ယနေ.ထုတ်ဒူဘိုင်းသတင်းစာပါထိုသတင်းပါ....

စတုတ္ထအကြိမ်မြောက် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု့...



လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွလူငယ်များသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုသဖြင့် လူထုတရပ်လုံးသိရှိနိုင်မည့် နေရာ များစွာတွင် လိုက်လံ လှုံဆော်လျှက်ရှိနေပါသည်။

ယခု ၂၄ ရက်နေ့ ညဘက်တွင်လည်း ဒဂုံမြို့နယ် ကျောင်းတော်တော်များများတွင် နိုင်ငံရေး အကျဉ်းသားများစွာ ပါဝင်သော ပို့စကဒ်နှင့် F B F ၊ B D C ၊ လူထု တရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့များ၏ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုမှူ့များအပေါ် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိုးဆော်စားများကိုလည်း လိုက်လံ ကပ်ခဲ့ပါတယ်။

ထို့သို့ကပ်ခဲ့ ခြင်းအားဖြင့် မနက်ပိုင်း ကျောင်းရှေ့များတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ တွေ့ရှိကြရပြီး တချို့မိဘများမှ အဲဒါ နင်တို့ ရောက်မဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ ခေါင်းဆောင် ကိုမင်းကိုနိုင်ပေါ့ ခုတော့ ဟိုကောင်တွေ ယုတ်မာလို့ ထောင်ထဲ ပြန်ရောက်နေပြန်ပြီလေ ဆိုတာမျိုး တွေ ပြောနေကြပါတယ်။

ကျနော်တို့ နအဖ စစ်အစိုး၇ကို အလိုမရှိတဲ့ တက်ကြွ လူငယ်တွေဟာ ဘယ်လောက်ပဲ ဖမ်းနေပါစေ၊ ဘယ်လောက်ပဲနှိပ်စက်နေပါစေ ၊ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆနဖေါ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါခင်ဗျာ-

မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ

အကောင်းဆုံး မြေသြဇာ

Japan news agency awards jailed Burmese female repoter

Tuesday, February 24, 2009

ဦးကျော်သူ နိုင်ငံခြားရေး ဒုဝန်ကြီးရာထူးက ဘာကြောင့် ပြုတ်

ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်အောင်မြင်
နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း ဦးကျော်သူဟာ ယခင်သမ္မတဟောင်း ဒေါက်တာ မောင်မောင်ရဲ့ သားဖြစ်ကာ DSA အပတ်စဉ် (၁၃) မှ ကျောင်းဆင်းခဲ့ပြီး စစ်ဆင်ရေးမှာလည်း ထူးချွန်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒေါက်တာ မောင်မောင်က သူ့ရဲ့သားကို ဂုဏ်ပြုတဲ့အနေနဲ့ “သားမောင်စစ်သည်” ဆိုတဲ့ စာအုပ် ရေးသားထုတ်ဝေခဲ့လို့ အဲဒီခေတ်ကာလက လူငယ်များ စိတ်ဝင်စားစရာ စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။ အဲဒီ ခေတ်ကလည်း စစ်တပ်အပေါ် ပြည်သူ လူထုက အခုချိန်လောက် နာကြည်းမှု မရှိသေးတဲ့အချိန် ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ကျော်သူဟာ အဆင့်ဆင့် ရာထူးတက်ကာ တပ်မ (၂၂) ရဲ့ တပ်မမှူး ရာထူး ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးကျော်သူဟာ တပ်မမှူးရာထူးနဲ့ ဗိုလ်မှူးချုပ် အပွင့်မတင်ရ သေးဘဲ ဗိုလ်မှူးကြီး ဘ၀ဖြင့် ရှိနေစဉ်မှာပင် ယခင် ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင်နဲ့ စစ်ဆင်ရေးကိစ္စတခုအပေါ် စပ်လျဉ်းပြီး စကားများကြကာ တဦးနဲ့တဦး ထိုးကြိတ်တဲ့အထိ ပြဿနာ အကြီးအကျယ် တက်ခဲ့ပါတယ်။

သူ့ရဲ့တပ်မ (၂၂) ဟာ ရှေ့တန်းမှာ အကျအဆုံး ဒဏ်ရာရသူများပြီး အထိနာနေရာ ရတခ တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင်ကလည်း မညှာမတာ လက်အောက်ကို ဖိနှိပ် ညစ်ပတ်နေလို့ မခံမရပ်နိုင် ဖြစ်ကာ အမှန်တရားကို ရဲတင်းစွာ ပြန်ပြောရဲတဲ့ တပ်မမှူး ဗိုလ်ကျော်သူရဲ့ စိတ်ဓာတ်ကြောင့် တိုင်းမှူးနဲ့ တပ်မမှူးတို့ ထိုးကြိတ်ကြတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ကျော်သူဟာ ဗိုလ်မှူးချုပ်ပင် မဖြစ်တော့ဘဲ ရာထူးပြုတ်ကာ တောင်အာဖရိက ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လွင့်သွားခဲ့ပါတယ်။ အဲဒီနောက် ဦးလင်းမြိုင်ကို ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်မှ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ဦးကျော်သူကို ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း ပြောင်းရွှေ့  တာဝန်ပေးဖို့ နအဖက စီစဉ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးလင်းမြိုင်ဟာ သံတမန် လုပ်ထုံးလုပ်နည်းအရ သံအမတ်သစ်ရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ကို ပြင်သစ်အစိုးရထံ တင်ပြလိုက်တဲ့အခါ ဦးကျော်သူရဲ့ မူရင်းရာထူး ဖြစ်ကြတဲ့ တပ်မမှူး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်လို့ အတိအကျ ရေးလိုက်လို့ ပြင်သစ်အစိုးရက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကိုယ်ရေးရာဇ၀င်ကို ကာကွယ်ရေး ၀န်ကြီးဌာနမှာ လုပ်တယ်လို့ပဲ ရေးသားတင်ပြရမှာ ဖြစ်တယ်။

အဲဒီလို ပယ်ချခံရပြီးတဲ့နောက် ဦးကျော်သူဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်သာ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရပါတော့တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ထောက်လှမ်းရေးမှ ဦးဝင်းအောင်က ၀န်ကြီး၊ ဦးခင်မောင်ဝင်းက ဒု-၀န်ကြီးအဖြစ် နေရာယူထားတာကြောင့် အာဏာချိန်ခွင်လျှာ ညှိတဲ့အနေနဲ့ ဗိုလ်သန်းရွှေက ဦးကျော်သူကို ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ ဒု-၀န်ကြီး ဦးခင်မောင်ဝင်းတို့ ပြုတ်သွားချိန် မှာ ဦးကျော်သူဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကာ ဗိုလ်ချုပ် ဥာဏ်ဝင်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။

အမှန်တကယ်တော့ ဗိုလ်ဥာဏ်ဝင်းဟာ DSA အပတ်စဉ် (၁၅) က ဖြစ်ပြီး တပ်ချုပ် ဗိုလ်သန်းရွှေရဲ့  တပည့်ကျော် အိတ်ဆွဲ ဗိုလ်မြင့်ဆွေ (ယခု ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး) နဲ့ တပတ်စဉ်တည်း ဖြစ်လို့ ဗိုလ်မြင့်ဆွေရဲ့ထောက်ခံချက်အရ စိုင်ကော်လို့ ချုံပေါ် ရောက်လာခြင်း ဖြစ်ပါတယ်။ လက်ညှိုးထောင် ခေါင်းညိတ်၊ စိုင်ကောင်ကြီး ဗိုလ်ဥာဏ်ဝင်းဟာ အင်္ဂလိပ်စာ မကျွမ်းကျင်လို့ အာဆီယံ အစည်းအဝေးမှာ “ဟား” ခံရတာမို့ အင်္ဂလိပ်စာ ကျွမ်းကျင်လှပြီး သံခင်း တမန်ခင်း အရည်ကျို သောက်ထားတဲ့ စီနီယာ ဖြစ်သူ ဗိုလ်ကျော်သူ အနေနဲ့ အထက်အောက် တွဲလုပ်ရာမှာ ကသိကအောက်တွေဖြစ်ကာ မကြာခဏ ထိပ်တိုက် တွေ့နေတယ်လို့ သိရပါတယ်။

ယခုအခါ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းက နာဂစ်မုန်တိုင်းသင့်ဒေသရှိ ပြည်သူတွေ နဂိုအခြေအနေ ပြန်ရောက်ပြီလို့ ဂမ်ဘာရီကို ပြောလိုက်ပေမယ့် ဒီနေ့ပဲ နာဂစ်ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ အစည်းအဝေးတက်ဖို့ ဗိုလ်ကျော်သူဟာ ဘန်ကောက်ကို (၆-၂-၂၀၀၉) ရက်နေ့မှာ သွားနေကြောင်း သိရှိရပါတယ်။ အဲဒီအဖွဲ့မှာ လူမှုဝန်ထမ်း ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးအောင်ထွန်းခိုင်လည်း အဖွဲ့ဝင်တဦးအနေနဲ့ ပါဝင်ပါတယ်။ ဗိုလ်မှူးအောင်ထွန်းခိုင်ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ထောက်လှမ်းရေး (၁၄) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ခွဲမှူး ဗိုလ်မှူး (ဗိုလ်ကြီး) တဆင့်မြင့် ရာထူးဖြင့် ရှေ့တန်း ခြေလျင်တပ်သို့ ဆင်းသွားရာမှ ထောက်လှမ်းရေးသို့ ပြန်မလာတော့ဘဲ လူမှုဝန်ထမ်းဝန်ကြီး ဌာနကို ညွှန်မှူး ရာထူးဖြင့် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်တယ်။

ဗိုလ်ကျော်သူဟာ လုပ်သင့်လုပ်ထိုက်တဲ့ သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို လုပ်ခဲ့ရာမှာ တချို့ကိစ္စတွေကို အချိန်နဲ့တပြေးညီ လုပ်ရတာရယ်၊ UN နဲ့ အာဆီယံတို့ရဲ့ လိုလားချက်တွေကိုလည်း လိုက်လျောညီထွေ လုပ်ဆောင်ပေးရတာ ရယ်ကြောင့် တခါတရံ အထက်ကို မတင်ပြမိဘဲ မိမိကိုယ်မိမိ ယုံကြည်စိတ်နဲ့ ရဲရဲတင်းတင်း Raise ယူပြီး လုပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့က အာဏာရှင် ပီသစွာ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ပြီး တချို့ကိစ္စတွေမှာ သူတို့ မသိလိုက်ရတာမို့ အစာမကြေတာရယ်၊ အခါတော်ပေး အပါးတော်မြဲ ဗိုလ်မြင့်ဆွေနဲ့ လက်ညှိုးထောင် ခေါင်းညိတ် ဗိုလ်ဥာဏ်ဝင်းတို့ရဲ့ စနက်တွေရယ်ကြောင့် နိုင်ငံခြားရေး ဒု-၀န်ကြီးမှ ရွှေ့သွား ရတယ်လို့ ယူဆမိပါတယ်။ အခုအခါမှာတော့ သူ့ကို သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာမှ မရွှေ့သေးဘဲ ဟန်ပြတော့ မှေးထားသေးကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။

GWမှ အသိပေးကြေငြာချက်



မြန်မာ့သတင်းသမဂ္ဂ ညီလာခံကျင်းပ

ဖြိုးကြီး
မြန်မာ့သတင်းသမဂ္ဂ (၆) ကြိမ်မြောက် ညီလာခံကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတကာ သတင်းဌာနများမှ သတင်းစာနယ်ဇင်းသမားများ၊ စာရေးဆရာ၊ ကဗျာဆရာများ အင်အား ၈၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာသတင်းသမဂ္ဂ(BMA)မှ ဦးမောင်မောင်မြင့်က အမှာစကား ပြောကြားဖွင့်လှစ်ခဲ့သည်။

မစ္စတာ ကင်ဂျီနာဂါအိ အထိမ်းအမှတ်ဆု ချီးမြှင့်နေစဉ်
ထို့နောက် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်မှ မြန်မာသတင်းသမဂ္ဂသို့ ပေးပို့သည့် ရုပ်သံဗွီဒီယိုကို ပြသပြီးနောက် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးအတွင်း စစ်တပ်၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည့် (APF) ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျီနာဂါအိ အထိမ်းအမှတ်ဆု ချီးမြှင့်ခြင်းကို ပြုလုပ်ခဲ့သည်။

၎င်းဆုကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးနောက် စစ်အစိုးရ၏ မတရား ဖမ်းဆီးထောင်ချခြင်းကို ခံထားရသည့် Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ခြင်းဖြစ်ပြီး သူမကိုယ်စား မဆုမွန်အေးက လက်ခံရယူခဲ့သည်။

ယခုကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံသည် (၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ယနေ့မှစတင်၍ ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ http://www.yoma3.org/index.php?option=com_content&view=article&id=192:2009-02-21-15-39-53&catid=41:2008-09-21-07-44-45&Itemid=124

ဘန်ကီးမွန်းမြန်မာပြည် သွားသင့်မသင့်

Sunday, February 22, 2009

အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ

နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်မြင့်မောင် လွတ်မြောက်

မြန်မာနိုင်ငံ မှာ အကျဉ်းသားပေါင်း ၆,၃၀၀ ကျော် ကို လွှတ်လိုက်တဲ့အထဲမှာ အမရပူရ လွှတ်တော် အမတ် ဒေါက်တာဇော်မြင့်မောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်ကျော် ပါဝင်ခဲ့တယ် လို့ အခုထိ သိရှိထားပါတယ်။ ယခင်တစ်ခေါက် အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ပါဝင်ခဲ့ပါတယ်။ အစိုးရ က နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် လွှတ်လိမ့်မလဲ ဆိုတာ ကို ကမ္ဘာ က စောင့်ကြည့်နေကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ရွေးကောက်ခံရတဲ့ အမတ်တွေ ထဲမှာ ၁၉၉၀ ခုနှစ်ကတည်း က နှစ်ပေါင်း ၁၈ နှစ်ကျော် တောက်လျှောက် အကျဉ်းသက်တမ်း အရှည်ဆုံး အမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်အစိုးရ က လွှတ်ပေးလိုက်ပါပြီ။

ဒေါက်တာဇော်မြင့်မောင် ကို ပြည်ပမှာ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစားရာမှာ ဦးဆောင် သူ တစ်ယောက်အဖြစ် စစ်အစိုးရ က သတ်မှတ်ပြီး၊ ထောင်ဒဏ်၂၅ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထောင်တွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇို ယိုကိုဒါ ဆီ ကို ပေးပို့ရာမှာ ပါဝင်ခဲ့တယ်လို့ ထပ်မံ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတာပါ။

ဒေါက်တာဇော်မြင့်မောင် လွတ်လာတာ နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“တကယ်လွတ်သွားပြီ။ ၄ နာရီ ခွဲလောက်ကျတော့ သတင်းတွေက ကြားနေပေမယ့် ၃ နာရီ ကျော်ကျော်လောက်ကျတော့ ထောင်ပြင်ကို ထုတ်နေပြီ။ ကားစီစဉ်ထားတယ်ဆိုတာ သိပေမယ့် အန်တီတို့က တရားဝင် ဖြစ်အောင်လို့ပေါ့နော်၊ ထောင်ကို ဖုံးဆက်မေးကြည့်လိုက်တော့ အဲဒီ ၄ နာရီခွဲလောက်ကျတော့ ထောင်ကနေပြီးတော့ - ဟုတ်ကဲ့၊ လွတ်သွားပါပြီလို့ ပြောလိုက်တယ်။ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့က မပြောဘူးလေ။ ဖုန်းကို ချပစ်လိုက်တယ်။ အဲဒါနဲ့ ဘယ် ဆက်ရမှန်းတော့မသိဘူးပေါ့နော်။ ဘယ်ရောက်နေမှန်းလဲ မသိဘူး။ အဲဒီအချိန်မှာ မိုးညင်း က ဦးရွှေစိန် ကလည်း ပါတယ်။ သူ့သမီးလေးကနေပြီးမှ ဆက်တာ။ အဖေ တို့တဲ့ ဟင်္သာ တည်းခိုခန်း၊ မြစ်ကြီးနားမှာ ရောက်နေတယ်တဲ့။ သူနဲ့ အဖေနဲ့ စကားပြောပြီးပြီပေါ့။ ဦးဇော် လည်းပါတယ်ဆိုတာနဲ့။ ကျမတို့က အဲဒီ ဟင်္သာတည်းခိုခန်းကို ဆက်လိုက်တော့ အဲဒီ ဦးဇော်နဲ့ တွေ့ရတယ်ရှင့်။ လောလောဆယ်တော့ သူ နေကောင်းပါတယ် ဆိုတဲ့အကြောင်းပေါ့နော်။ မနက်ဖြန်ကို သူတို့ မီးရထားနဲ့ပဲ စီစဉ်ပေးလိမ့်မယ် ထင်တယ်ပေါ့လေ။ အဲဒီလိုပဲ ပြောပါတယ်။ အခုတော့ အက်စ်ပီ က ဆိုလားပဲ ခဏ ဆိုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျမတို့ကတော့ မျှော်လင့်ထားတဲ့နေ့ ရောက်လာတာပေါ့နော်။ အဲဒါအတွက် ၀မ်းသာတာပါပဲ။ ဒါပါပဲ။”

အခုလို လွှတ်လိုက်တဲ့ အထဲ မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ပါဝင်မယ် ဆိုတာ ကို အမေရိကန် နိုင်ငံ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို စဉ်းစားကြမယ့်သူတွေကလည်း စောင့်ကြည့်နေကြမှာပါ။ အာရှ နိုင်ငံ ခရီးအတွင်း မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရဲ့ မူဝါဒ ကို ပြန်လည် သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ မှာ အပြုသဘော ပြောင်းလာအောင် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူး အယူအဆတွေ ကို အမေရိကန် နိုင်ငံ ဟာ ဒေသတွင်း နိုင်ငံတွေ နဲ့ နီးနီးကပ်ကပ် လုပ်ဖို့ စီစဉ်ထားပါတယ်လို့ မစ္စကလင်တန် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် အယ်ဒီတာကတော့ “မူဝါဒ ပြန်လည် သုံးသပ်ရာမှာ အစစ်အမှန် လက်တွေ့ကျဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လာသူတွေ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ကတော့ ၀မ်းသာနေကြပါတယ်။ ခရမ်းမြို့နယ် အမတ် ဦးကျော်သွင် ဟာ ဒေါက်တာ ဇော်မြင့်မောင် နဲ့ တိုက်ထဲမှာ အတူနေခဲ့တဲ့ သူ ပါ။

“ကျနော်က ကိုကြီးဇော်လို့ အမြတ်တနိုး ချစ်ချစ်ခင်ခင်နဲ့ ခေါ်ရတဲ့ အစ်ကိုကြီးတယောက် ဒီနေ့ပဲ လွတ်လာတာကို ကျနော် သိရတဲ့အခါမှာ မျက်ရည် လည်လောက်အောင်၊ မျက်ရည်ကျလောက်အောင် ကျနော် ၀မ်းသာပါတယ်။”

ဦးကျော်သွင် လို နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေသာ မကပါဘူး။ ကုလသမဂ္ဂ ကလည်း မစ္စတာ ဂမ်ဘာရီ ဟာ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ မီဒီယာတွေ က အရေးခံနေရတဲ့ ကုလသမဂ္ဂ ကလည်း အခုလို လွှတ်လိုက်တဲ့ အကျဉ်းသားတွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသမား ဘယ် နှယောက် ပါမလဲ စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာလည်း မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ဖိအား အပေးခံနေရပါတယ်။

ဒါပေမဲ့ အဲဒီလို သွားဖို့ ဆိုရင်၊ မြန်မာ စစ်အစိုးရ က လာမယ့် လတွေ မှာ လာထိုက်ကြောင်း အချက်ပြဖို့ လိုလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေ ကို ပြောပါတယ်။ “အခုလို အကျဉ်းသမားတွေ ကို လွှတ်လိုက်တာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းမားတွေ ကို လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်။

အဲဒီလို ကြိုဆိုတာ ဟာလည်း မျှတရာရောက်တယ်လို့ ကျွန်တော်ယူဆပါတယ်။” လို့ အိန္ဒိယ နိုင်ငံ မှာ ထုတ်ဝေတဲ့ The Hindu သတင်းစာ ကို မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား က ၁၀ ယောက်ကျော်ပဲ သိရပါသေးတယ်။ နိုင်ငံရေး အကျဉ်းသမား လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်လို့ ပြောရာမှာတောင် အဲသလို ကြိုဆိုတာ က မျှတပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကတောင် ဆင်ခြေပေးနေရရှာတဲ့ အဖြစ် ဖြစ်နေပါတယ်။ (voa)

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

နန်းဒေ၀ီ
နယူးဒေလီ (မဇ္ဈိမ)။ ။ အကျဉ်းသား ၆၃၁၃ ဦးအား စနေနေ့ (ယနေ့) တွင် လွှတ်ပေးမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှတဆင့် ယမန်နေ့က မြန်မာစစ်အစိုးရမှ ကြေညာခဲ့ပြီးနောက် ယနေ့တွင် အကျဉ်းထောင်အချို့မှ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် လွတ်မြောက်လာသူများ ရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့်အတူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ငြှိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။

Friday, February 20, 2009

ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ



ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင်ကျော်မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံပြောဆိုမှုနှင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည်မည်သည့်အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ကြရန်တိုက်တွန်းပြောဆိုလိုက်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေဖြစ်တယ်၊ ဒီအခြေခံဥပဒေဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့အာဏာတည်မြဲရေးကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ကောင်းတာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့စစ်ဦစီးချုပ်ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ်နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာမှဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံပြောဆိုလိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကိုအားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။

Reported by; Thant Myo Htway (Moethaukkye)
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း

Thursday, February 19, 2009

လူထုဒုက္ခပုံဖေါ် ဗီစီဒီဖြန့်ချီ

သီတာထွန်း။
ဖေဖော်ဝါရီလ ၁၇ ရက်၊၂၀၀၉ ခုနှစ်။
မြန်မာစစ်အစိုးရ၏ အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် မြန်မာပြည်သူလူထုများ ဒုက္ခ ရောက်ကြရပုံကို ဖော် ကျူးထားသော "ပြန်လာခဲ့ပါလောပိတ" ဗီစီဒီကာရာအိုကေ သီချင်းခွေ ကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ( KNYO ) က ထုတ်ဝေဖြန့်ချီလိုက်သည်။

ယင်း ဗီစီဒီခွေတွင် ကရင်နီပြည်နယ်အပါအ၀င် မြန်မာပြည်တွင်းရှိ လူထုဘ၀ဒုက္ခရောက်ပုံများကို သီချင်းများဖြင့်ပုံဖော်ထားသည်ဟု KNYO ၏ ဥက္ကဌ စိုင်းစိုင်းက ရှင်းပြသည်။

"အခုလက်ရှိ နအဖလုပ်နေတဲ့ သူတို့ရဲ့အမျိုးးသားဖွံ့ဖြိုးရေးစီမံကိန်းတွေက ဒီတိုင်းရင်းသား လူမျိုး တွေအပါအ၀င် မြန်မာပြည်တပြည်လုံးမှာရှိတဲ့ပြည်သူတွေအတွက် ဘာမှအကျိုးအမြတ် မရတဲ့အပြင် သူတို့ ဒုက္ခရောက်ရတယ်ဆိုတဲ့အကြောင်းကို ဖော်ပြထားတာပေါ့နော် သီချင်းနဲ့၊ အခွေနာမည်က "ပြန် လာခဲ့ပါလောပိတ" လို့ ပေးထားတယ်လေ။ လောပိတ ဆိုတာက ဒီကရင်နီပြည်၊ အခုလက်ရှိ နအဖ အစိုးရခေါ်တဲ့ ကယားပြည်ပေါ့နော်၊ ရေအားလျှပ်စစ်က အဲဒီကနေအဓိကထွက်တယ်၊ ဒါပေမယ့် ကရင် နီပြည်ကလူတွေက ထွက်တဲ့ လျှပ်စစ်အပေါ် ဘာမှခံစားရတာမရှိဘူးလေ၊ မခံစားရတဲ့အပြင် ဒီလျှပ်စစ် တိုင်တွေက လုံခြုံရေးအတွက်ဆိုပြီး လုပ်အားပေးတို့၊ တချို့မိုင်းတွေထောင်ထားတာကြောင့် ရွာသူရွာ သားတွေ ထိခိုက်ရတယ်၊ ကျွဲတွေ၊နွားတွေထိခိုက်ရတယ်၊ အဲဒီကိစ္စလေးတွေကို ကျနော်တို့က အဓိက ဖော်ထားပေး တယ်လေ။"

သီချင်းနောက်ခံပုံရိပ်များကို ယခင်ကရရှိထားသည့် ကရင်နီပြည်နှင့်တခြားတိုင်းရင်းသား ဒေသများတွင် တကယ် ဖြစ်ပျက်နေသည့် မှတ်တမ်းများအပြင် KNYO က ပြည်တွင်းသို့ ၀င်ရောက်ကာ ရယူထားသည့် လူမှုဘ၀မှတ် တမ်းများကိုလည်း ထည့်သွင်း ပြသ ထားသည်။

ယခုခွေထုတ်ဝေရခြင်းမှာ စစ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရေရှည်အတွက် အကျိုးမရှိ နိုင်ကြောင်း သိရှိ စေရန်နှင့် ကရင်နီပြည်၏ အလှအပနှင့် သယံဇာတများကို ကရင်နီပြည်သူ များက ၀ိုင်းဝန်းထိန်းသိမ်းကြရန် ရည် ရွယ်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ဖြန့်ချီသွားမည်ဟု စိုင်းစိုင်းက ဆက်ပြောသည်။

၎င်းဗီစီဒီခွေကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံးဝင် ပြည်တွင်းပြည်ပမှလူငယ်များက တီးခတ်သီဆိုထားပြီး ယခင်က သီဆိုခွင့်မရခဲ့သည့် ကရင်နီပြည်နှင့် တိုက်ရိုက်သက်ဆိုင်သည့် "ဖြတ်ကာသွားတယ်မနားတယ်" အမည်ရှိ သီချင်းဟောင်းတပုဒ်ကိုလည်း ထည့်သွင်း ထားသည်ဟု သိရသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေနိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ်

ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်" ဟုပြောသည်။
လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်းမဝင်သေးသည့် လူသစ်ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ်ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့်မသင့်စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။
တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေးတတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက်ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှုနှင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝမရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများအစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်းသမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည်စခန်းတခုမှ ဘာသာရေးဆရာတဦးကပြောသည်။
ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည်စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်းသိရသည်။ ငွေပေးပြီးစာရင်းမဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက်တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံးဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်းဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက်လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။
အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်းများမှာ အုံးဖျန်နှင့် မယ်လစခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည်စာရင်းဝင်ထားသူတဦးက "နိုင်ငံခြားထွက်တဲ့အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ်ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။
လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့်အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများကငွေပေးပြီး ဒုက္ခသည်အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှလာရောက်သည့် ငွေရှင်များနှင့် နေရာအစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည်စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။
နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည်ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းကထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမယ်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှလာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ကြိုးပမ်းကြ ရာမှ စခန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။

Sunday, February 15, 2009

'(၉၄)နှစ်ပြည့်ဒို့ဖခင်ဗိုလ်ချုပ်မွေးနေ့''ခေါင်းစဉ်ဖြင့် ကဗျာနှင့်ဟောပြောပွဲကျင်းပ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက်




လွတ်လပ်ရေးဖခင်နှင့်မြန်မာတို့၏ မြင့်မြတ်သောခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖေါ်ဝါရီ(၁၃)ရက် နေ့တွင် ကျရောက်သည့်(၉၄)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ကဗျာနှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟောပြောပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ''ရီဆိုက်ကယ်စင်တာ''လေးထပ်ခန်းမတွင် ပြုလုပ်ကြကြောင်းသိရသည်။
လူငယ်အများအပြားတက်ရောက်ခဲ့သော အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းများကို ထုတ်လွင့်ပြသခြင်းအပါအဝင် ''အောင်ဆန်းပေးတဲ့ မြန်မာပြည်''ခေါင်းစဉ်ဖြင့် ကိုစိုးသီဟမှလည်းကောင်း၊ ''သူ(သို့)အောင်ဆန်း''ခေါင်းစဉ်ဖြင့် ကိုမျိုးစောမှ လည်းကောင်း၊ ''အောင်ဆန်းနဲ့လွတ်လပ်ရေး''ခေါင်းစဉ်ဖြင့် ကိုထွန်းငြိမ်းမှလည်းကောင်း၊ ''ဗိုလ်ချုပ်နှင့် သူ၏မြန်မာနိုင်ငံ''ခေါင်းစဉ်ဖြင့် ကိုဝင်းအောင်-၂ မှလည်းကောင်း၊ အသီးသီးပြောဆိုသွားခဲ့ကြသည်။ နံမည်ကျော်ကဗျာဆရာရဲရင့်သက်ဇွဲမှ ''မြန်မာပြည်မြေပုံဟာသူဖြစ်တယ်''ကဗျာများရွတ်ဆိုသွားခဲ့ကြသည်။
မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂဥက္ကဋ္ဌဦးတင်ဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို နအဖစစ်အစိုးရမှ မြန်မာ့သမိုင်းနှင့် ရာဇဝင်တွင်လည်းကောင်း၊ မျက်မှောက်ခေတ်တွင်လည်ကောင်း ဖျောက်ဖျက်ပစ်ရန်ကြိုးစားနေပြီး၊ တဖက်မှလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်ကြောင်း ဖေါ်ထုတ်နေကြတယ်လို့ ပြောကြားသွားသည်။
''ကျနော်ခံစားလိုက်ရတာတခုက ၈၈အရေးတော်ပုံတုန်းက လူထုကဗိုလ်ချုပ်ပုံလေးတွေနဲ့ ဆန္ဒပြကြတယ်၊ အဲ့ဒိအထိ စစ်အာဏာရှင်တွေက ဂရုမပြုကြသေးဘူး၊ သြဂုတ်(၂၆)ရက်နေ့ ရွှေတိဂုံဘုရားမှာဒေါ်စုက 'ဖေဖေ'ကလို့ ပြောလိုက်တော့မှ ဗိုလ်ချုပ်ကို ဂရုပြုလာပြီး ဗိုလ်ချုပ်ရဲ့ Legacy (အမွေအနှစ်)ကိုဖျောက်ဖို့ ကြိုးစားလာကြတာ၊ အခုအချိန်အထိဘဲ''ဟု ဗိုလ်ချုပ်ကို မျက်မှောက်ခေတ်တွင်ဖျောက်ဖျက်ပစ်ရန် နအဖစစ်အစိုးရမှ စတင်စိတ်ဝင်စားခဲ့ရသည့်အကြောင်းကို ဟောပြော ဆွေးနွေးသွားသည်။
ယင်းအခမ်းအနားကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖွဲ့(BDA)မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပရိတ်သတ်(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Reported by; Thant Myo Htway (Moethaukkye)

၆၂ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ

နအဖစစ်အုပ်စုနှင့် နောက်လိုက်လက်ကိုင်တုတ်များ၏ မဟာလူမျိုးကြီးဝါဒကို မုန်းတီးမိကြောင်း လွတ်မြောက်နယ်မြေရှိ မွန်ခေါင်းဆောင်မှ (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားတွင်ပြောကြား
တိုကျို၊ ဖေဖေါ်ဝါရီ(၁၅)



ဂျပန်၊ တိုကျိုမြို့ရှိ မဲဂျိရိုးတက္ကသိုလ်တွင်ကျင်းပသည့် (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဂျပန်ရှိ''ပုညကာရီ''မွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဖြစ်သူဦးမင်းမျိုးချစ်က တိုင်းရင်းသား များ၏ ယဉ်ကျေးမှုနှင့်စာပေများကို ဖျောက်ဖျက်ပစ်ပြီး နအဖစစ်ဗိုလ်ချုပ်များနှင့်၎င်းတို့၏ နောက်လိုက် လက်ကိုင်တုတ်များသာကြီးစိုးသည့် မဟာ လူမျိုးကြီးဝါဒကို မုန်တီးမိကြောင်းနှင့် အားလုံးတိုက်ဖျက် ပစ်ကြဖို့လိုအပ်ကြောင်း ပြောကြားသွားသည်။
မျက်မှောက်ခေတ်အခြေအနေတွင် နအဖစစ်အစိုးရသည် မွန်အပါအဝင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စာပေသင်ကြားခွင့်များကို လိုက်လံပိတ်ပင်တားဆီးနေပြီး မဟာလူမျိုးကြီး စိတ်ဓါတ်စွဲကာ တိုင်းရင်းသားများကို ပိုမိုနှိပ်ကွပ်လာနေကြောင်း၊ မဟာလူမျိုးကြီးဝါဒဆိုသည်မှာလည်း မြန်မာတမျိုးသားလုံးကိုရည်ရွယ်ခြင်းမဟုတ်ဘဲ နအဖစစ်အုပ်စုဝင် စစ်ဗိုလ်ချုပ်တစုနှင့် ၄င်းတို့၏ နောက်လိုက်ကြံ့ဖွတ်နှင့်စွမ်းအားရှင်စသည်တို့ကိုဆိုလိုကြောင်း မြန်မာလူမျိုးများတွင်လည်း တိုင်းရင်း သားများနည်းတူ ဖိနှိပ်ခံပြည်သူအများအပြားရှိနေကြောင်းပြောပြသည်။
''ကျနော်တို့ တိုင်းရင်းသားတွေကို အဓိကထားပြီးတော့ လူမျိုးပျောက်အောင်ကြိုးစားနေတဲ့ ဗမာထဲကလူမျိုးတစုကိုကျတော့ မဟာဝါဒလူမျိုးကြီးတစုလို့ဘဲသတ်မှတ်တယ်၊ နအဖလိုမျိုးပေါ့ ကျနော်တို့တိုင်းရင်းသားတွေကို လူမျိုးဖျောက်မယ်၊ စာပေယဉ်ကျေးမှုကို ပိတ်ပင်ရင်၊ စာပေယဉ်ကျေးမှု မရှိရင် လူမျိုးပျောက်မယ်၊ ဘာသာစကားပျောက်သွားရင် ကျနော်မွန်လူမျိုးတဦးဖြစ်ပေမဲ့ ကျနော်ဂျပန်လို ဝတ်သွားရင် ဂျပန်ဖြစ်သွားမယ်၊ ဗမာလိုဝတ်ရင်ဗမာဖြစ်သွားမယ်၊ ဒါ့ကြောင့်မို့လို့ကျနော့်မှာ ကိုယ်ပိုင် ယဉ်ကျေးမှုရှိတယ်၊ ဘာသာစကားရှိတယ်၊ စာပေရှိတယ်၊ ဒါတွေကိုကျနော်တို့မထိမ်းသိမ်းနိုင်ရင် နောင်တခေတ်ကျနော်တို့ လူမျိုးပါပျောက်မယ်''ဟု လူမျိုးမပျောက်ရန် အမျိုသားနေ့အပါအဝင်၊ စာပေနှင့်ယဉ်ကျေးမှုများကို ကြိုးပမ်းထိမ်းသိမ်းနေရကြောင်း ရှင်းပြသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအချိန်ကာလတွင် မွန်တိုင်းရင်းသားများကလည်း နိုင်ငံရေး လောကတွင်ပါဝင်ပြီး အမျိုးသားရေးအတွက်ဝိုင်ဝန်းကြိုးပမ်းကြရန် မွန်အမျိုးသားညီလာခံကို မွန်ခေါင်းဆောင်'နိုင်ဖိုးချို'တို့မှ ဦးဆောင်၍ ထိုအချိန်ကကျင်းပကြပြီး မွန်ရာဇဝင်သမိုင်းတွင်ထင်ရှားခဲ့သည့် သံမလနှင့်ဝိမလညီနောင်တို့မှ ဟံသာဝတီနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်နေ့ကိုအစွဲပြု၍ မြန်မာ သက္ကရာဇ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်နိုင်ငံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ရန်ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ထော်မွန်၊ NCGUB ဝန်ကြီး တဦးဖြစ်သည့်ဦးထွန်းဝင်းနှင့် ဂျပန်ရောက်မွန်အမျိုးသားများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူဂျပန်လူမျိုးများအပါအဝင် ပရိတ်သတ်(၂ဝဝ)ကျော်ခန့် တက်ရောက်ကြပြီး၊ မွန်အမျိုးသား နေ့အကြောင်း၊ မွန်ယဉ်ကျေးမှုများအကြောင်းနှင့် မွန်ရိုးရာအကများ၊ အငြိမ်ဖျော်ဖြေခန်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး (၁၇)ကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံတွင်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Reported by ; Thant Myo Htway (Moethaukkye)

နှင်းဆီလှုပ်ရှားမှုသတင်း




သူငယ်ချင်းများ ညီအကိုမောင်နှမများခင်ဗျား

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) အဖွဲ့ဝင်လူငယ်များနှင့်ငြိမ်းချမ်းရေးလိုလားသော လူငယ်များက ယနေ့ဖေဖော်ဝါရီလ ၁၄ရက် နေ့ ချစ်သူများနေ့တွင်ရန်ကုန်မြို့ လူစည်ကားရာအရပ်များဖြစ်သည့် စီးတီးမတ်၊ဂမုန်းပွင့်ကုန်တိုက်၊ orange supermarket၊ စိမ်းလန်းစိုပြည် စသည့်နေရာများ၊ တန်ခိုးကြီးဘုရားများနှင့် မထသ ၄၈၊၄၃၊ ၂၀၂၊ ပါရမီ ၁၈၃၊၁၈၄၊၁၇၄ ခရီးသည်တင် ဘတ်စ်ကားများပေါ်တွင် နှင်းဆီပန်းများဖြန့်ဝေခဲ့ကြပါသည်။

Friday, February 13, 2009

GW's AcTiOn 4 AuNg SaN's BiRtHdAy !!!



ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ
ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည်သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။

Happy Birthday ပြည်သူများ ရဲ့ တို့ဖခင်(၂)

manawphyu
ခုတစ်လော ဘယ်နေရာမဆို ၁၄ ရက်နေ့ အကြောင်းပဲ ကြားကြားနေရတယ်။ အင်း ပြောရရင် မမေ့သင့်တဲ့ နေ့တစ်နေ့ကို လူငယ်လူကြီး အားလုံး မေ့ထားကြတာလား။ သတိမရတာလားဆိုတာတော့ သူတို့တွေပဲ သိကြပါလိမ့်မယ်။

သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ သူ့ရဲ့အသံကို အမြဲကြားနေတယ်။ ဒါပေမဲ့ ခုတော့ မတွေ့နိုင်တော့ဘူးလေ။ သူ့အပြုံးကို မြင်ဖူးတယ်။ ဆုံးမစကားကိုတော့ ကြားဖို့ အခွင့်မရှိတော့ပါဘူးလေ။ သူဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ကျွန်မတို့ ကြည်ညိုလေးစားရတဲ့သူတစ်ဦး ပဲ ဖြစ်ပါတယ်။

သူ့အဘိုး ဗိုလ်လရောင်ဟာ နယ်ချဲ့ကို အံတု၊ မြန်မာ့သွေးကို ရဲရဲတောက်ပြခဲ့သူ အာဇာနည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ရှေ့နေ ဦးဖာရဲ့ ဥာဏ်ရည်ဥာဏ်သွေးနှင့် မိခင် ဒေါ်စုရဲ့ ထက်မြက်တဲ့စိတ်ထားတို့ကို ပိုင်ဆိုင်ထားတာဆိုရင်လည်း မမှားပါဘူး။ ပြောရရင် အဲ မှားလို့ ရေးရရင် ရေးစရာတွေ မကုန်မခမ်းနိုင်ပါဘူး။ ကျွန်မလည်း မအားတဲ့ကြားက ကျွန်မ ကြည်ညိုလေးစားတဲ့သူရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့သာ မနည်းအားခဲ့ပြီး ရေးဖြစ်ခဲ့တာပါ။ အရင်နှစ်ကဆိုရင် နေ့ထူးနေ့မြတ်တိုင်း ကျွန်မရဲ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အချိန်နဲ့ အလုပ်တွေအားလုံးက ကွက်တိဖြစ်နေခဲ့ပါပြီ။ စာဖတ်ချိန်တောင် အိပ်ချိန်ထဲကဖဲ့ပြီး မနည်းယူထားရတဲ့အခြေအနေဖြစ် နေလို့ပါ။ ဗိုလ်ချုပ်ဟာ ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ဆယ်သုံးရက်နေ့ ဒီကနေ့ဟာဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခုချိန်ထိရှိဦးမယ်ဆိုရင် ကိုးဆယ့်လေးနှစ်ပြည့်ဖြစ်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးပြီး ကိုယ်ကျိုးမဖက်တဲ့သူတစ်ဦး ဖြစ်လို့ အောင်ဆန်းဇာနည်ရယ်လို့ အများက ခေါ်ဝေါ်ခဲ့ကြတာပေါ့။ နောက်တစ်နည်းကတော့ ဗိုလ်တေဇတဲ့။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ပြည်သူပြည်သားအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ညှိုးနွမ်းကြပါတော့တယ် ။ ဒီကနေ့ဟာဖြင့် အခုရှိဦးမယ်ဆိုရင် ပြည်ထောင်စုကြီး လွတ်လပ်ရေးရအောင် ကြံ့ကြံခိုင်ပြီး ရှေ့ဆုံးက ခေါင်းဆောင် လုပ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ နေ့လေးတစ်နေ့ပဲဖြစ်ပါတော့တ ယ်။

မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျွန်မရင်ထဲက စကားများကို ကဗျာအဖြစ် သွန်းလောင်းပေးပါရစေ......

ဖေဖော်ဝါရီ ၁၃ ဟာ
မမေ့သင့်တဲ့နေ့လေးပါ
လူကြီး လူငယ် အားလုံးပဲ
ရင်ထဲအမြဲစွဲ
၁၉၁၅ မှာ မွေးခဲ့ရှာတဲ့ ဗိုလ်ချုပ်ဟာ
၁၉၄၇ ပြောင်းကျတမလွန်
မျက်ရည်မိုးတွေ သွန်လောင်းမြဲ
ဇူလိုင် ၁၉ ပဲ
ကောင်းစေချင်တဲ့ မှာစကား
ဗိုလ်ချုပ် ချမှတ်သွား
လိုက်နာသင့်တဲ့ နောင်လာနောင်သားများ
အမြဲစိတ်မှာထား
ခုချိန်ခါ ဗိုလ်ချုပ်ရှိ
ကိုးဆယ့်လေးနှစ်တိ
နိုင်ငံ့အကျိုးပြု
သားအောင်ဆန်းကို
မွေးဖွားခဲ့သော မိခင် ဖခင်
ကျွန်မ ကျေးဇူးတင်
ဒီလို မိဘများ
တို့ပြည်တွင်းဝယ်
အများအပြား ပေါ်ပေါက်ပါစေသား....
ဘာလိုလိုနဲ့ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ အသက် ၉၄ နှစ်ပြည့်ခဲ့လေပြီ....
မြန်မာပြည်သားအားလုံး ကျွန်မနဲ့အတူ ထပ်တူထပ်မျှ အမြဲသတိရနေမယ်လို့ ကျွန်မ ယုံကြည်မိပါတယ်။
ကဲ... မိတ်ဆွေတို့ မေးခွန်းလေးနှစ်ခုကို ဖြေခဲ့ပေးကြပါနော်။
၁။ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် မိန့်ခွန်းများထဲက သမိုင်းဝင်မိန့်ခွန်းတစ်ခု ကို ဖြေခဲ့ပေးပါ။
၂။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့သည့် စာထဲက စာကြောင်းလေးတစ်ကြောင်းကို ပြောပြပါ။

Happy Birthday ပြည်သူများ ရဲ့ တို့ဖခင်(၁)

` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။
` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး
`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´ ဆိုမှ
` အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။


ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။

ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ …. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

ဖေဖော်ဝါရီ(၁၃) ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ(၂)




ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အဆိုးဆုံးကိုတိုက်ပွဲဝင်ရင်ဆိုင်ရန် သက်စွန့်စံဖျားး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ ရှိဇူအိုခခရိုင် သို့ရောက်ရှိပြီး နောက်စစ်ပညာသင်ကြားခဲ့ရပုံ မြန်မာ့လွတ်လပ်ရေးအတွက် မဆုတ်မနစ်ကြီုးစားအောင်မြင်ခဲ့ပုံများကို ကြည့်ရူနိုင်ပါသည်။

လက်ရှိ စစ်အာဏာရှင်အောက်ရှိ အနာဂတ်မြန်မာလူငယ်များအနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့်အတိုင်း အဆိုးဆုံးကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ သတိထားကြိုတင်ပြင်ဆင်ရင်း ဗိုလ်ချုပ်၏ မွေးနေ့အမှတ်တရအဖြစ် တင်ပြလိုက်ပါသည်။
မှတ်ချက်။ ။ဂျပန်သတင်းဌာနမှ ထုတ်လွှင့်သော သတင်းဖြစ်ပါသည်။

ဖေဖော်ဝါရီ(၁၃) ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ(၁)

လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ပွဲ

Tuesday, February 10, 2009

62th.Anniversary of Union Day in Tokyo Japan

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုမှုကို ထောက်ခံသည့် ချီတက်ဆန္ဒပြပွဲ

アウンサンスーチー氏と全ての政治囚の釈放を求めるためのデモ行進
ဓါတ်ပုံ ။ ထွဏ်းမြင့်

ဆု၆ဆုသာပေးအပ်သည့်အကယ်ဒမီဆုပေးပွဲကမ္ဘာရုပ်ရှင်သမိုင်းတွင်ပထမဦးဆုံးအကြိမ် အဖြစ်မင်းသမီးများကိုဆုမရွေးချယ်

“ဒီအကယ်ဒမီဆုပေးပွဲကယတြာချေတာသက်သက်ပါရှင်”

အကယ်ဒမီဆုရှင်အမျိုးသမီးသရုပ်ဆောင်တစ်ဦးပြောစကား
ဆုပေးပွဲသို့တက်ရောက်လာ သည့်အကယ်ဒမီအိန္ဒြာ ကျော်ဇင်
နေပြည်တော်လေဟာပြင်ဇာတ်ရုံတွင်ယနေ့ကျင်းပသည့် ၅၅ကြိမ်မြောက်ရုပ်ရှင်အကယ်ဒမီထူး
ချွန်ဆုပေးပွဲဉ်ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေါင်း ၅ ဆုအထိပေးခြင်းမှာကိုးဂဏန်းကို
ခရေဇီဖြစ်နေသည်.ဗိုလ်ချုပ်မှုးကြီး၏အစီအမံပင်ဖြစ်ကြောင်းနေပြည်တော်သို့ရောက်ရှိနေသည့်

ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းကမှတ်ချက်ပြုကြသည်။

နိုင်ငံရေးသမားလူထွက်ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူကမူ၉၀ရွေးကောက်ပွဲထက်၁၀ဆသာ
လိမ့်မယ်ဆိုတဲ့သဘောအနေနဲ့ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေးရခြင်းဖြစ်ကြောင်းသုံး
သပ်ပြောဆိုခဲ့သည်။

မြောက်ဥက္ကလာမှကျူရှင်ဆရာဦးရဲနွယ်ကမူ“ဒေါ်စုနာမည်ကပေါင်းရင်ကိုးရတယ်၊သန်းရွှေကတစ်
ဆယ်ရတယ်”သဘောကတော့ကိုးကိုတစ်ဆယ်ကသာမယ်ဆိုတဲ့အနေနဲ့ပေးတာ၊ဇာတ်သဘောက
တော့ဗီဒီယိုကားတွေလောက်တောင်မက်မောစရာမရှိဘူးဟုသုံးသပ်ပြောဆိုခဲ့သည်။ဧကံသဗျာကရ
ဏဗေဒဂိုဏ်းဝင်ဗေဒင်ဆရာတစ်ဦးကလည်း“မိန်းမတွေကိုနာမ်နှိမ်လိုက်တာဗျစင်ပေါ်မှာဆုယူဖို့မ
တက်ရဘူးဆိုတဲ့သဘောပဲ”ဟုပြောသည်။

မူလကယခုနှစ်တွင်ဆုရွေးချယ်ချီးမြှင့်စရာဇာတ်ကားများနည်းသောကြောင့်နောက်နှစ်မှစုပေါင်းချီး
မြှင့်မည်ဟုသတင်းထွက်ခဲ့သော်လည်းတပ်ချုပ်ကြီး၏အမိန်ံအရဖုတ်ပူမီးတိုက်စီစဉ်ရခြင်းဖြစ်သည်
ဟုဆိုသည်။

အကယ်ဒမီထူးချွန်ဆုများကို

ဆုရရှိသူများမှာ…..
အကောင်းဆုံးဇာတ်ကားဆု……………………..ကိုးဆယ်ဆသာလိမ့်မယ်
အကောင်းဆုံးဒါရိုက်တာဆု……………………..မောင်ယဉ်အောင်(ကိုးဆယ်ဆသာလိမ့်မယ်)
အကောင်းဆုံးတည်းဖြတ်ဆု…………………….မရွေးချယ်
အကောင်းဆုံးတေးဂီတဆု………………………စိန်မွတ္တား(ဒုတိယအကြိမ်)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု……………..မိုးဒီ
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု……….ကျော်ရဲအောင်(ဒုတိယအကြိမ်)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု……………..မရွေးချယ်
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု……….မရွေးချယ်

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု…………………..ကျောက်ဖြု(ငါ့သွေး၊ငါ့ဓား၊ငါဧရာဝတီ)
အကောင်းဆုံးဇာတ်ညွန်းဆု………………………မရွေးချယ်
http://longwalktofreedom.wordpress.com/2009/02/08/%E1%80%9A%E1%81%BE%E1%80%90%E1%80%AC%E1%80%B1%E1%80%81%E1%80%BA%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%94%E1%81%BF%E1%80%96%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%AD%E1%80%AF/#more-1289

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်မှာ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပြန်လွှတ်ပေးရန် အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ကြေညာချက်အပေါ် ထောက်ခံသည့်အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာအင်အားစုများက ယမန်နေ့က တိုကျိုမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့သည်။

မြန်မာတိုင်းရင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာခွဲမှ ဦးဆောင်သည့် လူဦးရေ ၅၀၀ ခန့်က Minami Ootsuka Hall အနီးရှိ Ootsuka Daitoen ပန်းခြံမှ စတင်၍ တိုကျိုမြို့တွင်းသို့ ထောက်ခံ ချီတက်ပွဲကို ညပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခုလက်ရှိ နိုင်ငံရေး ခေါင်းဆောင်တွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်။ ထောင်ဒဏ် နှစ် ၁၀၀၊ ၁၅၀ ချတယ်ဆိုတာ မကြားဖူးတဲ့ ဥပဒေတွေ ထုတ်ပြီးတော့ ချတဲ့ ကိစ္စကို ဂျပန်ပြည်သူတွေ သိအောင်လို့ ဂျပန်ဘာသာနဲ့ ရေးထားတာ ဖြစ်တယ်" ဟု အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာခွဲမှ တာဝန်ရှိသူ ကိုဆန်နီက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မွန်၊ ဇိုမီး၊ ရခိုင်၊ ချင်း၊ ရှမ်း အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ယခုနှစ်ဆန်းတရက်နေ့ ရက်စွဲပါ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ကြေညာချက် ထုတ်လိုက်သည့်အပေါ် ဂျပန်ရောက် မြန်မာများက ယခုလို ထောက်ခံ ဆန္ဒပြကြခြင်း ဖြစ်သည်။

ကိုဆန်နီက "ပြည်တွင်းထုတ်ပြန်ကြေညာချက်ကို နိုင်ငံတကာ လှုပ်ရှားမှုအနေနဲ့ လုပ်စေချင်တယ်" ဟု ဆိုသည်။

ဆန္ဒပြပွဲသို့ မြန်မာ့အရေး ထောက်ခံအားပေးနေသည့် အစိုးရမဟုတ်သော ဂျပန် အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ ရှေ့နေများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်းနှင့် ဆန္ဒပြပွဲကို ည ၇ နာရီခွဲမှ စတင်ကာ ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြောင်း သူက ပြောသည်။

ယမန်နေ့ကပင် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့နှင့် နော်ဝေးနိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အလားတူ ဆန္ဒပြပွဲမျိုး ကျင်းပခဲ့သေးသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အထွေထွေ အကျပ်အတည်းများမှ ပြေလည်နိုင်မည့် နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေးမှာ ပြည်သူလူထုကို ဦးဆောင်နိုင်ပြီး နိုင်ငံအကျိုးအတွက် စွန့်လွှတ်အနစ်နာခံသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းများ အမြန်ဆုံး လွတ်မြောက်ရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း ဖို့ဝိန်းကြေညာချက်က ဆိုသည်။

ယခုလအတွင်း၌ ကနေဒါ၊ ကိုရီးယား၊ သြစတြေးလျား၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံရှိ အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဌာနခွဲများက ဦးဆောင်ကာ ဆန္ဒပြပွဲများ ကျင်းပသွားမည်ဟုလည်း သိရသည်။

Saturday, February 7, 2009

valentine day G.W မှ နိုးဆော်ချက်

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို

NEJ | ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့်အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင်အစိုးရဖွဲ့ရန်လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေးမိန့်ကြားသည်။

စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပမီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံ ရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြားဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည် ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။

(ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)

Friday, February 6, 2009

ရွှေဝါရောင် စက်တင်ဘာ တေးဂီတ အဖွဲ့ သီချင်းသစ် ထုတ်ပြန်

မိုးမခ


ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တေးသံ

အလောင်းကောက်သင်္ဂြိုလ်ခဲ့သည့် ဗကပကျောင်းသားများကို တရားစွဲပြီ


Change New Government

"CNG"


Change New Government

တော်လှန်ရေးမောင်နှမများခင်ဗျား!!!

ဒီနေ့တကမ္ဘာလုံးမှာ CHANGE အပြောင်းအလဲဆိုတဲ့အသံတွေကျယ်ကျယ်လောင်လောင်

ဟစ်ကြွေးနေကြပါတယ်။

အထူးသဖြင့်မျိုးဆက်သစ်လူငယ်တွေဟာ ပိုမိုကောင်းမွန်တောက်ပတဲ့ အပြောင်းအလဲတွေနဲ့

လူအဖွဲ့စည်းပုံစံသစ်ကို ငတ်မွတ်နေကြပါတယ်။

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)

အနေနဲ့လည်း မြန်မာပြည်က မျိုးဆက်သစ်တွေနဲ့အတူအပြောင်းအလဲတွေကို

တွေ့မြင်ချင်လွန်းပြီဖြစ်ကြောင်းကို ခုလိုဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၅ရက် ၂၀၀၉ မှာ ရန်ကုန်မြို့လူစည်ကားရာအရပ်နေရာများမှာ "CNG" Change New Government

ဆိုတဲ့စာတွေကပ်ခြင်း၊ကျဲချခြင်း၊ ပိုစတာများချိတ်ဆွဲခြင်းတွေပြုလုပ်ခဲ့ကြောင်းအသိပေးကြေငြာအပ်ပါတယ်ခင်ဗျား

"အနာဂတ်သစ် အတွက် အပြောင်းအလဲတွေဖြစ်ပေါ်ဖို့ တော်လှန်တိုက်ပွဲဝင်ကြပါစို့"

--
regards

moethway
Generation Wave



Thursday, February 5, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀၀၉ (၁၀) လပိုင်းမတိုင်ခင် သေမယ်

ပညာကျော် / ၄ ဖေဖော်ဝါရီ ၂၀၀၉

စာရေးသူသည် ဗေဒင်ဆရာတယောက်တော့မဟုတ်ပါ။ သို့သော် ဗေဒင်ပညာကို လေ့လာဖူးသူ တယောက်ဖြစ်ပါသည်။ စစ်အစိုးရသည် ဗေဒင်ကို အားကိုးကာ အာဏာတည်မြဲရေးကို ကြိုးစားနေသည်ဟု မြန်မာ့နိုင်ရေးအသိုင်းအဝန်းများက သတ်မှတ်ပြောဆိုနေကြသလို သူတို့၏ အသိုင်းအဝန်းထဲမှလည်း ပြောဆိုနေကြပါသည်။

တကယ်တော့ ဗုဒ္ဓဘာသာတွင် ကံကံ၏အကျိုးကိုသာ ယုံကြည်ရေးအဖြစ် ပြောဆိုလိုက်နာကြသော်လည်း ဗေဒင်အယူဝါဒသည်ကား ကြီးစိုးနေဆဲသာဖြစ်ပါသည်။ ဗုဒ္ဓအလောင်းအလျာကို မွေးဖွားပြီးချိန်တွင် ဗေဒင်ပညာရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု လက်ညှိုးထောင် ဟောခဲ့သည့် စကားကများ ဗုဒ္ဓဘာသာဝင်များကို ဗေဒင်ကြီးစိုးစေသလားဆိုသည်ကို စာရေးသူ စဉ်းစားမိပါသည်။

ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်စေခဲ့ပြီးချိန်မှစတင်ကာ မြန်မာတို့ကို ဗေဒင်ကြီးစိုးလာခဲ့သည်ဟု စာရေးသူ ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် အနော်ရထာမင်းကြီး၏ရှေ့တွင် မင်းခန်းသဘင်ကျင်းပရာတို့ ၌ ဗေဒင်အယူဝါဒဆိုင်ရာများကို မတွေ့ရပါ။ သို့သော် မွန်သထုံဘုရင်တို့နှင့် ရခိုင်ဘုရင်တို့၏ ဘိသိက်မင်္ဂလာကျင်းပရာတို့တွင်တော့ ဗေဒင်အယူများ အသုံးပြုခဲ့ပုံများကို တွေ့ရပါသည်။ ထို့အတူ ယိုးဒယားမင်းများနှင့် အိန္ဒိယဘုရင်များသည်လည်း ဗေဒင်ကိုအသုံးပြုခဲ့ကြပါသည်။ မြန်မာတို့၏ မင်းတိုင်ပင်ခံပညာရှိ အမတ်တို့မှာ အထူးသဖြင့် လောကဓာတ်ခေါ် ဗေဒင်ပညာကို တက်သိကြသူများသာ ဖြစ်ပါသည်။ စာရေးသူက သုသေတီတဦး မဟုတ်ပါသဖြင့် လွဲမှားပါလျှင် ခွင့်လွှတ်စေချင်ပါသည်။ စာရေးသူလေ့လာမိသမျှကို အကျဉ်းချုံးဖော်ပြခြင်းသာဖြစ်ပါသည်။

ရှေးမြန်မာတို့က ဗေဒင်ပညာကို ယုံကြည်မှုများခဲ့ကြသဖြင့် ရှေးဆရာတော်များပင်လျှင် ဗေဒင်မတတ်သူမရှိ ဖြစ်ခဲ့ရပါသေးသည်။ ဗေဒင်တတ်မှ လူရာဝင်ခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ဗေဒင်သင်ကြသည်။ ယနေ့ လက်ကိုင်ပြုနေကြသော ဗေဒင်ကျမ်းများကို ကြည့်ပါလျှင်လည်း ရှေးဆရာတော်ကြီးများ ရေးခဲ့သည်ကိုသာ တွေ့ရသည်။ မြန်မာဘုရင်တို့၏ အထူးအလေးပေးကြည်ညှိုခြင်းကို ခံရသည့် ကျီးသေးဆရာတော်ပင် ဗေဒင်ကျမ်းကို ပြုစုခဲ့သည်ကို တွေ့ ရသည်။ မုန်ရွေးဆရာတော်၊ သဲအင်းဆရာတော် စသူတို့နှင့် ဗေဒင်ကျမ်းကို ပြုစုသူအများစုမှာ လူပြန်ကြီးများသာဖြစ်ပါသည်။

မျက်မှောက်ခေတ်တွင် ဗေဒင်ယုံကြည်သူအများစုကို လေ့လာကြည့်လျှင် အစိုးရဝန်ထမ်းများနှင့် သူဌေးများဖြစ်ကြသည်ကို တွေ့ ရပါသည်။ အစိုးရဝန်ထမ်းများက ရာထူးတိုးရေးအတွက် ဗေဒင်ကို ကိုးကွယ်လာကြကာ သူဌေးများကလည်း စီးပွားရေးအောင်မြင်ရေးအတွက် ဗေဒင်ကိုအလေးပေးကြပါသည်။

တကယ်တော့ ဗေဒင်ပညာဆိုတာ မယုံလည်းခက် ယုံလည်းခက်တဲ့ ပညာရပ်တခုလို့ အများက သုံးသပ်ခဲ့ကြသော်လည်း ဗေဒင်နဲ့တော့ ကင်းခဲ့သူမရှိပါလေ။ ကုသိုလ် အကုသိုလ်ကို အရင်းတည်ပြီး ကံ၊ ကံ၏အကျိုးသာ အဓိကပါဟု လက်တွေ့ကျသော ဝိပဿနာကိုသာ ကျင့်တဲ့ဆရာတော်ကြီးများပင် မကင်းခဲ့ဘဲ ဖြစ်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။

တကယ်တော့ ဗေဒင်ပညာကို တဖက်ကမ်းခတ် တက်မြောက်ခဲ့သူ ကောဏ္ဍညပုဏ္ဏားက ဘုရားလောင်းကို ဧကန်စင်စစ် ဘုရားဖြစ်ပါမည်ဟု လက်ညှိုးတချောင်းကို ထောင်ပြီး တခွန်းတည်းသော စကားကို ပြောခဲ့သော်လည်း၊ ဘုရားလောင်း ဒုက္ကရစရိယအကျင့်ကို ကျင့်နေစဉ်မှာ ဒီတသက်ဘုရားဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ အလောင်းတော် အနားမှ သူကိုယ်တိုင်ရှောင်ခွာခဲ့သလို၊ ဘုရားဖြစ်ပြီဟု မြတ်ဘုရားကပြောခဲ့စဉ်မှာလည်း သူမယုံကြည် ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် ဗေဒင်ပညာသည် တတ်သူကို ယုံကြည်မှု နည်းဘိသကဲ့သို့ မသိသူကသာ ယုံကြည်သော ပညာရပ်တခုဟုလိုလည်း ဆိုရပေမည်။ များသောအားဖြင့် မျက်မှောက်ခေတ်တွင် ဗေဒင်ပညာကို ဆည်းကပ်သူများမှာ တကယ့်တွေးခေါ်မှု နည်းပါးသူများသာဖြစ်သည်ဟု ဆိုရပါမည်။

ကျနော် တခါက တွေ့ခဲ့ပုံတခုကို ပြောပြပါမည်။ လူတယောက်က တခြားတယောက်၏ကားကို အငှားမောင်းပြီး သူ့နာမည်ဖြင့် လိုင်စင်လုပ်ကာ သူပိုင်ဆိုင်ကြောင်းပြောပြီး ပိုင်ရှင်ကို ပိုင်ရှင်ကြေးမပေးဘဲ တရားရင်ဆိုင်ပါသည်။ ရုံးတော်တွင် တရားနိုင်ရေးအတွက် ဗေဒင်ဆရာကြီးတဦးကိုငှားပြီး ယတြာဓာတ်ဆင်များ လုပ်ပါလေတော့သည်။ ပိုင်ရှင်စစ်က သူဤသို့လုပ်တာကို သိပြီး ကျနော့်ကို လာပြောပါသည်။ သူရဲ့ကား ဆုံးရှုံးမှာကိုလည်း သူက ကြောက်နေသည်။

ကျနော်က သူ့ကိုပြောပါသည်။ သူများပစ္စည်းကို ယတြာနဲ့ ကိုယ်ပိုင်ဖြစ်အောင်သာ လုပ်လို့ရနိုင်ကောင်းတယ် ဆိုရင် လုပ်ပါစေဗျာ၊ ခင်ဗျားမကြောက်ပါနဲ့။ ခင်ဗျားပိုင်မှန်း လူတိုင်း သိပါတယ်ဟု ပြောပြီး ရုံးတော်မှာ တကယ်စစ်တော့ အတုမှာရှုံးပြီး အစစ်က နိုင်ခဲ့ပါသည်။

ဆယ်တန်းအောင်မြင်ရေးအတွက် ယတြာချေပြီး အောင်ခဲ့တဲ့သူမရှိခဲ့ပါဘူး။ စာရပြီး ကြိုးစားနေတဲ့ ကျောင်းသားကို ပန်းတင်မီးထွန်းခိုင်းပြီး သူတို့ကြောင့်ပဲ ဂုဏ်ထူးထွက်သလိုလို လုပ်ပြီး နာမည်ကောင်းယူတက်တာ ဗေဒင်သမားတွေပါ။ တကယ်တော့ ကောက်ညှင်းပေါင်းမှာ နှမ်းဖြူးပြီး၊ နွားနို့ မှာ ဆားထည့်တဲ့ သဘောတွေပါပဲ။

ဗိုလ်ချုပ်ခင်ညွန့်ဟာ သူ့ရဲ့ သြဇာတည်မြဲရေးအတွက် ကျောက်တော်ကြီးဘုရားကို တည်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းက မင်းဓမ္မကုန်းတော်မှာပါ။ ထိုဘုရားကို ဘာကြောင့် တည်ရသလဲဆိုတာ အရင်းခံကို ဆရာတော်ကြီးတပါး၏ သုံးသပ်မှုကို အရင်းခံပြီး ကျနော်လေ့လာခဲ့ပါတယ်။ ဒီဘုရားကိုတည်တာဟာ ဗိုလ်ခင်ညွန့်ရဲ့ ကိုးကွယ်တဲ့ဆရာတော်နဲ့ ဗေဒင်ကြောင့်ပါပဲ။ သူ့ရဲ့ဆရာတော်ပြောစကားအရ ခင်ညွန့်ဟာ တချိန်က ရခိုင်ဘုရင် ဘစောဖြူမင်း ဖြစ်ခဲ့ပါတယ်တဲ့။ ဘစောဖြူမင်းဟာ ရခိုင်သမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ မင်းပါပဲ။ ဆင်ဖြူတောင် ပိုင်ခဲ့ပါသေးတယ်။

ခင်ညွန့်ဟာလည်း တန်ခိုးကထွားလာတယ်။ အသက်ကလည်း လေးဆယ်ကျော်ပြီး ငါးဆယ်ပြည့်တော့မှာ ဆိုတော့ ဗေဒင်သဘောအရ တနင်္လာသားခင်ညွန့်ဟာ စနေဂြိုဟ်ကထွက်ခါနီးပြီး ကြာသပတေးသို့ ဝင်တော့မှာ ဆိုတော့ ရာဇဂုဏ်အပျက်ကို ရောက်လာတယ်။ ဒီတော့ သူ့ဆရာက သူ့ကို သောကကင်းဖို့ ရန်ကုန်မြို့ရဲ့ သောကြာအရပ်ဖြစ်တဲ့ မြောက်ဘက်စော်ဘွားကြီးကုန်းကို၊ သမိုင်းကိုပြောင်းပြန်လုပ်ကာ မင်းဓမ္မကုန်းအဖြစ် ပြောင်းကာ ဘုရားတည်ပါလေတော့သည်။

ဗေဒင်အလို စနေကိုနိုင်ဖို့ စနေကို ထိုင်ရန်အတွက် (မင်းဓမ္မကုန်း) တဲ့။ ဒီမှာဗေဒင်အရ (မင်း+ကုန်း) (၅+၂) ဆိုတော့ (၇) ခုနှစ်ဆိုတာ စနေပါပဲ။ ရာဇဂုဏ်ထွားရေးကို အဓိကထားပြီး ရုပ်ပွားတော် ထုလုပ်ရန်အတွက် ကျောက်ကို တနင်္ဂနွေအရပ်စစ်ကိုင်းမှာ ကျောက်တလုံးဖြူကို ရှာခဲ့ပါသည်။ ကျောက်တလုံးဖြူ (ကျောက်+ဖြူ) (၂+၅) ဆိုတော့လည်း ခုနှစ်ဖြစ်နေတာက သူ့ ကို သောကပေးမယ့် စနေကို လူအများကိုးကွယ်ပြီး သြဇာ လွှမ်းမိုးစေခြင်း သဘောပါပဲ။ တနင်္ဂနွေ အရပ်စစ်ကိုင်းမှာ ကျောက်ကိုယူတာက တနင်္လာရဲ့ ရန်သူ သောကြာနံကို မိတ်လုပ်တာပါ။ (တနင်္ဂနွေ+စစ်+ကိုင်း) (၁+၃+၂) ဆိုတော့ သောကြာလေ။ ဘုရားကိုလည်း တနင်္လာအရပ် အရှေ့ဘက်ကို မျက်နှာမူစေပြီး မျက်လုံးကို ပိတ်ထားလိုက်ပါသည်။

တနင်္လာအရပ်အရှေ့ကို မျက်နှာမူစေသည်မှာ သူမှတပါး အခြားမရှိဆိုသောအယူကို အခြေခံပြီး မျက်စိမှိတ်ထားသည်မှာ သူ့ ရဲ့လုပ်ရပ်များအပေါ် ဘယ်သူမှ မသိမမြင်စေရေးဝါဒကို ယူပြီး မြန်မာတမျိုးလုံးကို ကျွန်ပြုခြင်းသာ ဖြစ်ပါသည်။ ပြီးလျှင် သူ့ဆရာမြောက်ပေးတဲ့ ဘိသိက်ကို သူကျင်းပနိုင်ဖို့ ဆင်ဖြူလိုလာသဖြင့် လိုက်ရှာတဲ့အခါ အိန္ဒိယတွင် သစ်ဆွဲနေသည့် ရှမ်းပြည်က ကျွဲလောက်မှမဖြူသော ဆင်ကို ပိုင်ရှင်ဆီက မဝယ်ဘဲ ခိုးယူလာပါတော့သည်။

အိန္ဒိယမှဆင်ကို ရခိုင်ပြည် ရသေ့တောင်မြို့ကိုအရောက် မောင်းပြီး ဆင်ဖြူတော်ပေါ်လာကြောင်း ကြေညာပါလေတော့သည်။ မသိရင်တော့ သိကြားဖန်ဆင်းသလိုပေါ့။ သူလိုတာက ဆင်ဖြူကို မင်းဓမ္မကုန်းမှာ ဘုရားနဲ့ အတူထားပြီး ဘိသိက်ခံရေးသာဖြစ်သည်။ ရာဟုအရပ်မှ ဆင်ဝင်သဖြင့် တပူပေါ်တပူဆင့်ကာရာထူးပြုတ် ဒုက္ခရောက်မည်ကို မတွက်နိုင်ခဲ့ခြင်းသာဖြစ်သည်။ ရာဟုဂြိုဟ်၏ သင်္ကေတမှာ ဟိုင်းဆင်ဖြစ်သဖြင့် ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးကို ညွှန်းသလို ရာဟုလည်းဖြစ်ပါသည်။ ရခိုင်သည် ရန်ကုန်မှကြည့်လျှင် ရာဟုအရပ်ဖြစ်သဖြင့် ဆင်ကိုသယ်လိုက်ခြင်းမှာ ရာဟုနှစ်ခါထပ်ဖြစ်သွားပြီး တပူပေါ်နှစ်ပူဆင့်ကာလုပ်သမျှပျက် ကြံသမျှပျောက် ဖြစ်ရပါသည်။ နောက်ဆုံးတွင် ခင်ညွန့်မှာလည်း ဘိသိက်မသွင်းနိုင်ဘဲ ဖိသိပ်ခံရကာ ဗေဒင်အကျိုးတန်ခိုးက တစစီဖြစ်ကာ အကျဉ်းစံခဲ့ရသည်။

ခုလည်း သန်းရွှေနှင့်မောင်အေးလုပ်လာသည်မှာ နေပြည်တော်တွင် ဥပ္ပါတသန္တိစေတီကို တည်ပါတော့သည်။ စေတီကို မပြောခင် လောလောလတ်လတ် သန်းရွှေနဲ့မောင်အေးတို့၏ နှစ်မြွှာတစ်ရွက်မြို့ တည်တာလေးကို ပြောချင်ပါတယ်။ “ရွှေပြည်အေး” မြို့ကို တည်တာလေ။ သန်းရွှေရဲ့ ရွှေနဲ့ မောင်းအေးရဲ့ အေးကို ပေါင်းပြီးတည်တာပါ။ ဟုမ္မလင်းမြို့မှာတည်တာဆိုတော့ ဗေဒင်ကပြောတဲ့ စကားပါပဲလေ။ ၂၀၀၈ က ရွေးကောက်ပွဲကို ပြန်ကြည့်လျှင် သိနိုင်ပါတယ်။ သန်းရွှေကို ဂဏန်းဖွဲ့ လျှင် (သန်း+ရွှေ) ၆+၄ = ၁၀ ဖြစ်သလို၊ ၂၀၀၈ ကလည်း (၁၀)။ မေလ(၁၀) ရက်မှာ သန်းရွှေက (၁၀) သုံးလုံးနဲ့ ဝှိက်
သွားတာပါပဲ။

တကယ်တော့ ရှေးလူကြီးများပြောခဲ့တဲ့ “အောင်မြင်လိုက ဆယ်ရှောင်ကြ” ဆိုတာကို သန်းရွှေက ကတ်ကိန်းရိုက်ပြီး (၁၀) ကို ထပ်ပေါင်းပြီး တစ်ယူသွားတာပါပဲ။ သန်းရွှေရဲ့ ဆရာများ တော်ပါတယ်။ ခုလည်း သူ့ဆရာများက ၂၀၀၈ ကအောင်ပွဲကို သဘောကျပြီး ဟုမ္မလင်း (ဟုမ်း+လင်း) ၆+၄ = ၁၀ မှာ ရွှေပြည်အေးကို တည်တာပါ။ ရွှေပြည်အေးမှာ သန်းရွှေကို ဦးစားပေးပြီး ရှေ့ကထားသလို (ရွှေပြည်အေး) ကို ပေါင်းပါလျှင် (၄+၅+၁) ဆိုတော့လည်း (၁၀) ပါပဲလေ။

သန်းရွှေဟာသူ့ အတွက် စနေဂြိုဟ်အထွက်ကို နေပြည်တော်ကိုပြောင်းပြီး ရန်ကုန်မှတည်သောကြာအရပ် မြောက်ဘက်ကို ဦးတည်ရွှေ့လိုက်တာပါပဲ။ ဒါတောင်မှ စနေက ဒုက္ခပေးလို့ ဆေးရုံတက် လိုက်ရသေးတာကို။ နေပြည်တော်ကို ပေါင်းကြည့်လျှင်လည်း (နေ+ပြည်+တော်) ဆိုတော့ (၇+၅+၇)=၁၉ ဖြစ်သည့်အတွက် (၁၉) ကို ထပ်ပေါင်းသော် (၁+၉)=၁၀ ဆိုတာကို တွေ့ ရသည့်အတွက် သန်းရွှေဟာဓာတ်တူနံတူ ဆေးဖက်ယူဆိုသည့် မြန်မာ့နည်းကို သုံးပြီး စီမံနေတာပါပဲ။

ဒါပေမယ့် သန်းရွှေရဲ့ ဆရာများ ဘယ်လောက်ပဲ စီမံမှု ကောင်းကောင်း သူတို့မသိနိုင်တဲ့ လျှို့ဝှက်သောဗေဒင်ပညာရပ်ရဲ့ အတိတ်နိမိတ်ဆိုတာက သန်းရွှေနဲ့ သူ့ဆရာများကို ပညာပေးနေပါတော့သည်။ ၂၀၀၈ မှာ သန်းရွှေက (၁၀) ကို သုံးပြီး အောင်ပွဲခံမယ်လုပ်တော့ “နာဂစ်” (နာ+ဂစ်) (၇+၂) = ၉ က ဝင်မွှေတော့ သန်းရွှေတို့ ထင်သလောက် မဖြစ်ခဲ့သလို အရှက်တောင် ရခဲ့ရပါသေးတယ်။ ဒါပေမယ့် နာဂစ်ကို သူတို့ သတိထားပုံမပေါ်ပါဘူး။

ရွှေပြည်အေးမြို့သစ်ကိုတည်ပြီး နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတော်ကို လာမည့်တပေါင်းလပြည့်နေ့မှာ ထီးတင်တော့မယ်ဆိုပါလား။ ဘုရားတည်တာ ကုသိုလ်ပါ ထီးတင်တော့ ကောင်းမှုဖြစ်တယ်ဆိုပေမယ့် သန်းရွှေအတွက်တော့ ၂၀၀၉ မှာ အသက်သုဉ်းလို့ သေဆုံးကိန်းကို ဆိုက်နေပါပြီပေါ့။ ၂၀၀၉ ခုနှစ်ရဲ့ (၁၀) လပိုင်းကိုသာ ကျော်လွန်ပြီး အသက်ရှည်ရင် သန်းရွှေကို ဘုရားလုပ်ပြီးတောင် ကိုးကွယ်ပါ့မယ်ဟု ပြောချင်ပါသေးတယ်။

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။ မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။
ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။ ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။ ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။ မနှစ်ကဒီဇင်ဘာအကြောင်းကျမရေးမလို

ု့ပါ ။အရမ်းအေးတယ်...။ မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသ ခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။

သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ် ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါ ပို့ ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမက တော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာပေးတဲ့ ။
ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာ များမှားလို့  တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။ လာခဲ့တွေ့ မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်းဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲ ဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့ မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့ မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီး လာရှင့် ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကိုဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့ ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရ ပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။
မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့ သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ် လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေးရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်း မကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ်နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။
ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြားနေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ် ... ။
အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။
အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစားရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွားရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင်ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။
အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။
ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူးထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေးကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။
ပန်းသည်ကောင်လေးရဲ့ တစ်ချို့ ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။
ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့ အထဲမှာကျမမပါဘူး...။
ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြားအောင် ကျမပြောတော့....။
ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါ ဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့်တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။
အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။
ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။
သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။
ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်
ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။
ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

http://mamaonlinediary.blogspot.com/2009/01/blog-post_5417.html မှကူးယူဖော်ပြခြင်းဖြစ်ပါသည်

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)