မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လက်တွေ့ အကောင်အထည်ဖော် ကြိုးစားတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government-NUG) ကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ဇန်န၀ါရီ ၁ရက် မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေကို ကုစားနိုင်ဖို့ စစ်အစိုးရကို ဖယ်ရှားပြီး စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ နည်းလမ်းမှ တပါးအခြားမရှိလို့ NCUB က သုံးသပ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ပြောပါတယ်။
NCUB ရဲ့ ယာယီလွှတ်တော်နဲ့ စင်ပြိုင်အစိုးရသစ်တခု ဖွဲ့မဲ့ လုပ်ငန်းစဉ်တွေကို ပြည်ပမှာ အကောင်အထည်ဖော်ဖို့ အလားအလာ ဘယ်လောက်ထိ ရှိမလဲ၊ တခါ လက်ရှိ စစ်ပြိုင်အစိုးရဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ရဲ့ သဘောထား ဘယ်လိုရှိသလဲ ဆိုတာတွေကို အမျိုးသားကောင်စီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်သိန်းနဲ့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ၀န်ကြီး ဒေါက်တာတင့်ဆွေတို့ကို RFAမှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။( rfa)



No comments:
Post a Comment