Wednesday, December 31, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်လူငယ်များမှ ချီတက်ဆန္ဒပြစဉ် ဖြန့် ဝေခဲ့သော လက်ကမ်းစာစောင်။

(နာဂိုယာ-ဂျပန်)မှ ဘာသာပေါင်းစုံဆုတောင်းပွဲ

၆၁ နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် မတရားအကျဉ်းကျခံနေရသောနိုင်ငံရေးအကျဉ်းသားတို့၏မိသားစုများအတွက် အလှုငွေပေးအပ်လှုဒါန်းပွဲကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ-ဂျပန်)မှ အောက်ပါအစီအစဉ်အတိုင်းကျင်းပပါမည်။

နာဂိုယာရှိ မြန်မာနိုင်ငံသားတိုင်း မည်သူမဆို မလွတ်လပ်သေးသောမြန်မာနိုင်ငံအတွက်၊ ယုံကြည်ချက်ကြောင့်မတရားအကျဉ်းချခံနေရသော ကျွန်ုပ်တို့၏ပြည်တွင်းရှိခေါင်းဆောင်များ၊ရဲဘော်များအတွက် မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၄.၁.၂၀၀၉ (လွတ်လပ်ရေးနေ့-တနင်္ဂနွေ)
နေရာ - မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ) ရုံးခန်းအောက်ထပ်ရှိခန်းမ
အချိန် - ဂျပန်စံတော်ချိန် ညနေ ၄ နာရီမှ ၆ နာရီအထိ
ဆက်သွယ်ရန် - ရဲတင် +၈၁ ၈၀၃၆၂၈၉၉၇၉

မြန်မာ ဘလော့ဂါဖိနှိပ်ခံရပုံ RSF အစီရင်ခံစာဖော်ပြ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်အခြေစိုက် RSFခေါ် နယ်စည်းမခြားသတင်းထောက်များအသင်းက (၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာ့အနှံ့ရှိ သတင်းထောင်တွေအပေါ် သက်ဆိုင်ရာအစိုးရတွေဘက်က ဖမ်းဆီးထောင်ချမှု သတင်းထောက်တွေအပေါ် သက်ဆိုင်ရာအစိုးရတွေဘက်က ဖမ်းဆီးထောင်ချမှု သတင်းထောက်တွေသေဆုံးမှု အစရှိတဲ့ဖြစ်ရပ်တွေကို စာရင်းဇယားနဲ့တကွ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။

အီရတ်နိုင်ငံမှာ လုံခြုံရေးအခြေအနေတိုးတက်လာလို့ သတင်းထောက်တွေ သေဆုံးမှုလျော့နည်းလာပေမယ့် အင်တာနက်မှတဆင့် သတင်းပေးပို့ဖလှယ်ကြတဲ့ ဘလော့ဂါတွေအပေါ် ဖိနှိပ်မှုပိုများလာတဲ့အကြောင်း အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ထောင်ဒဏ်နှစ်ရှည်ချပြီး အရေးယူတဲ့အထိ ဖိနှိပ်မှုတွေရှိနေလို့ သတင်းလွတ်လပ်ခွင့်တိုးတက်ကောင်းမွန်ခြင်း မတွေ့ရသေးဘူးလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြန်မာအစိုးရဘက်ကလည်း ကိုနေဘုန်းလတ်တို့လို ဘလော့ဂါတွေကို ထောင်ဒဏ် နှစ်နှစ်ဆယ်ချမှတ်ပြီး အရေးယူမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အပြင် ပြည်ပနှင့် သတင်းဆက်သွယ်မှု၊ သတင်းဖလှယ်မှုစတာတွေကို ပိတ်ပင်တားဆီးကြောင်း ပေါ်လွင်နေတယ်လို့RSFမှပြောပါတယ်။

(bbc)

ဆန္ဒပြလူငယ်များကို ရိုက်နှက်ဖမ်းဆီး



Tuesday, December 30, 2008

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။
http://www.khitpyaing.org/news/December_08/30-12-08c.php

iPhone ထဲသို့ ဖောင့်ထည့်သွင်းနည်း အင်တာနက်တွင်ကြည့်ရှုနိုင်

iphone အတွင်းသို့ မြန်မာ font များထည့်သွင်းနိုင်ရန်သော်လည်းကောင်း၊ အခြားမိမိနှစ်သက်သည့် font များကိုထည့်သွင်းနိုင်ရန် code များဖော်ပြပေးထားသောဝက်ဘ်ဆိုက်ကိုအင်တာနက် တွင်ကြည့်ရှုနိုင်ကြောင်းသိရသည်။ ၎င်းင်း ၀က်ဘ်ဆိုက်မှ iphone တွင် မည်ကဲ့သို့ font များထည့်သွင်းနိုင်သည်၊ font အရွယ်အစား၊ Bold တင်မတင်အစရှိသည်တို့ကို ပြုလုပ်နိုင်ရန် code များရေးထည့်ထားပေးကြောင်း သိရှိရသည်။ ““ iphone ထဲမှာ မြန်မာ font ထည့်သူတွေအတွက် စမ်းသပ်နိုင်တဲ့ website တစ်ခုဘဲဖြစ်ပါတယ်။ Zawgyi myanmar, myanmar unicode အစရှိတဲ့ မြန်မာစာစနစ်တွေကို ထည့်နိုင်အောင်စမ်းသပ်လို့ရနိုင်ပါတယ်။ code တွေကို အ သေအချာရေးပေးထားတဲ့အတွက် လွယ်ကူနိုင်မှာပါ”” ဟု programmer တစ်ဦးမှရှင်းပြသည်။ iphone မှာ မြန်မာ font များသုံးနိုင်သဖြင့် မြန်မာ font ထည့်သွင်းစမ်းသပ်လိုသူများအတွက် http://blog.gauravgiri.com/2008/08/tutorial-adding-extra -fonts-to-iphone/website တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။ Credit - Internet Journal, Vol(10) issue(1)

နိုင်ငံရေးသမား နောက်တဦး သေဆုံး

ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေးသမားတဦး ယမန်နေ့က သေဆုံးသွားသည်။

သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။

“ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါဖြစ်နေတာ ခြောက်လ ရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်” ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။

ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။

ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။

ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။
“အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး”ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။

အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖစစ်အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့် နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။

ဧရာဝတီ


ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုကြောင့် ထောင်ကျနိုင်

ထိုင်းနိုင်ငံ ဘန်ကောက် ဘီဘီစီ အင်္ဂလိပ်လူမျိုး သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုဖြင့် ထိုင်းရဲအရာရှိတဦးက စွဲချက်တင်ထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၅) နှစ်ထိ ကျခံရဖွယ်ရှိသည်။

ဂျွန်နသန်ဟက်ဒ်သည် ထင်ရှားသည့် ဘီဘီစီ သတင်းထောက်ဖြစ်ရုံမက ဘန်ကောက် ဘီဘီစီရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
၎င်းအား တိုင်တန်းထားသည့် စွဲချက် (၃) ခုအနက် ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ သိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနန်းတော်နှင့် ပီအေဒီ ဆက်နွယ်မှုကို ရေးသားခဲ့သည့် How did Thai protesters manage it? ဆောင်းပါးလည်း ပါဝင်သည်။

အဆိုပါ စွဲချက်များကို ထိုင်းရဲအရာရှိ ၀ါတာနာဆတ်က စွဲချက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုင်းအာဏပိုင်များအနေဖြင့် ဂျွန်နသန်ဟက်ဒ်အား တရားဝင် စွဲချက်တင်မည် မတင်မည်ကို မဆုံးဖြတ်ရသေးပေ။ ထိုအတောအတွင်း ဂျွန်နသန်ဟက်ဒ်အပေါ် စွဲချက်များ ဖယ်ရှားပေးရန် နယူးယော့ခ်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက တောင်းဆိုထားသည်။

ခေတ်ပြိုင်

Monday, December 29, 2008

မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာ့စစ်ထောက်လှမ်းရေးနောက်ကွယ်မှ မသင်္ကာစရာများ……

၂၅၊ ၁၂၊ ၂၀၀၈ ညနေ အမည်မသိ လူတစ်စုတို့၏ ဖမ်းဆီးခြင်းခံရသည့် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများကို ကူညီပေးနေသည့် ကိုရဲမင်းထွန်း နှင့် ၂၃၊ ၁၁ လပိုင်းတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် NCGUB မှ လူကြီးများပြုလုပ်သည့် အစည်းဝေးတွင် သတင်းလာယူသည့် မြန်မာ့စစ်ထောက်လှမ်းရေးနှင့်ပတ်သတ်၍ ဆက်စပ်နေသည်ဟု သိရှိရသည်။ အစည်းအဝေး အတွင်းမြန်မာ့စစ်ထေက်လှမ်းရေး ကိုဖမ်းဆီးရမိချိန်တွင် ကိုရဲမင်းထွန်းနှင့် စစ်အစိုးရ ထောက်လှမ်းရေးဖြစ်သူ မျို:မြင့်မောင် တို့မှာတစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန် စကားအချေအတင် ပြောဆိုကြပြီး မြန်မာစစ်အစိုးရ ထောက်လှမ်းရေးဖြစ်သူ မျိုးမြင့်မောင်မှ မင်းတစ်နေ့ ငါ့အကြောင်း ကောင်းကောင်းသိမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားသည်ဟု သိရှိရသည်။ ၄င်းအစည်းဝေး ပြုလုပ်ပြီး နောက်ပိုင်းအချိန်များတွင်လည်း စစ်ထောက်လှမ်းရေးမှ ကိုရဲမင်းထွန်းအား မကြာခဏ ဖုန်းဆက်ပြီး ခြိမ်းခြောက်ပြောဆိုသည်ဟု ကိုရဲမင်းထွန်းမှ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက် ကိုပြောပြပြီး သတိဖြင့် သွားလာနေထိုင်ရန် ပြောပြခဲ့ဖူးသည်။ အခုလိုကိုရဲမင်းထွန်း ပျောက်ဆုံးခြင်းမှာ မြန်မာ့စစ် ထောက်လှမ်းရေးသည် မလေးရှားနိုင်ငံရှိ ဂိုဏ်းစတား အဖွဲ့နှင့်ပူး ပေါင်းပြီး ကြံစည်လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု NCGUB အစည်းအဝေးတွင် အတူတူတက် ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်း ဆောင်မှ ဝေဖန်သုံးသပ်သည်။ ဂိုဏ်းစတားအဖွဲ့ဆိုသည်မှာ မလေးရှားနိုင်ငံ အတွင်းနာမည်ကြီး လူဆိုးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ငွေရလျှင် ဘာမဆိုလုပ်ပေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကာ မလေးအစိုးရတောင်မှ ဖျက်ဆီးချေမှုန်းနိုင်းခြင်းမရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ မြန်မာစစ်အစိုးရသည် အတိုက်ခံများကို နည်းပေါင်းစုံနှင့်ရှင်းလင်းသုတ် သင်နေသည့်အတွက် ဤနည်းလမ်းသည်လည်း မဖြစ်နိုင်ဟုထင်မှတ်လို့တော့မရပေ။

ပဲရစ်မြို့က ဒေါ်အောင်ဆန်းစုကြည်

အက်ရှ်မီ( ပဲရစ်)-

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ MARIE CLAIRE မဂ္ဂဇင်းမှ ကမကထပြုလုပ်သည့် နှစ်ခြောက်ဆယ်ပြည့် လူ့အခွင့် အရေး အထိမ်းအမှတ် လှုပ်ရှားမှု မှ စတင်၍ ရက်ပေါင်းများစွာ ကြာအောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ ပိုစတာ များကို လူစည်ကားရာ ပဲရစ်မြို့ လမ်းမ ကြီးများ နှင့် ထင်ရှားသော အဆောက်အအုံများ အနီး၌ ချိတ်ဆွဲထားသည် ကို တွေ့မြင်ရသည်။ ရုပ်ပုံ ပိုစတာများချိတ်ဆွဲပွဲသို့ လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ နဲ့ ပြင်သစ်အစိုးရ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြသည်။

ကိုမိုးသီး ဘလောဂ်မှ ကူးယူဖော်ပြပါသည်။

Sunday, December 28, 2008

ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)


ဂျပန်နိုင်ငံရှိ မိုးသောက်ကြယ်စာကြည့်တိုက်တွင် ပြုလုပ်ခဲ့တဲ့ ဂျပန် NHKအသံလွှင့်ဌာနမှ သတင်းထောက်တဦးဖြစ်သူ။ နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးအားပေးကူညီနေသူ ဂျပန်လူမျိုးU SHWE BA(Mr.TaNaBe) နဲ့ Interview ကို ဖော်ပြလိုက်ပါတယ်။

မေတ္တာဖြင့် ဗီဒီယို ရိုက်ကူးပေးသူ ကိုမောင်တူးအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday, December 27, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ယခုလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ရှုတ်ချဖော်ပြလိုက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကို အမေရိကန်၊ အစ္စရေးတို့ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၈၀) ၊ ကန့်ကွက် (၂၅) နှင့် ကြားနေ (၄၅) မဲအသီးသီးဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အခွင့်အာဏာ ပိုရှိသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မဟုတ်သော်လည်း အထွေထွေညီလာခံဖြစ်သောကြောင့် ကုလအဖွဲ့ဝင် (၁၉၂) နိုင်ငံ၏ အမြင်များကို ကိုယ်စားပြုနိုင်သဖြင့် ခိုင်မာသည့် အင်အားတခုပင်ဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ အဆိုပါ ဆုံးဖြတ်ချက်သည် “မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၀င်ရောက် စွက်ဖက်ခြင်း” သာဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့၏ အစီအစဉ်များ ရပ်တန့်သွားမည်မဟုတ် ကြောင်း ပြောသည်။ ထို့အပြင် ကုလညီလာခံတက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်တဦးကလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အစီအစဉ်အပါအ၀င် ချမှတ်ထားသည့် နိုင်ငံရေး အစီစဉ် (၇) ဆင့်အရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချောမွေ့စွာပြောင်းလဲနေပြီဖြစ်သည်ဟု ညီလာခံသို့ ပြောသည်။

သို့သော် ကုလဆုံးဖြတ်ချက်အတွင်း၌မှု မြန်မာဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်သည် ရှုပ်ထွေးနေပြီး အန်အယ်လ်ဒီပါတီဝင်များအပါအ၀င် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ စသည့် သက်ဆိုင်သူ များ အားလုံးပါဝင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအသစ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီမဟုတ်ဘဲ နာဂစ်ကာလအတွင်းက အလျင်အမြန် အတည်ပြုခဲ့သောကြောင့် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ယခင်နှစ် သြဂုတ်-စက်တင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားဦးရေသည် အရေအတွက် (၂) ဆခန့် တိုးလာကာ လက်ရှိတွင် (၂,၁၀၀) ဦးကျော်ရှိကြောင်း ကုလကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

Friday, December 26, 2008

ခရစ်စမတ်နေ့မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ

ဗိုလ်ချုပ်မှူးကြီးမြေးကို ထိုင်ကန်တော့တောင်းပန်ခဲ့ရ

ရိုးမ ၃
နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အခမ်းအနားတခုတွင် တွေ့ရသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)
“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။

ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

Thursday, December 25, 2008

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေးအရာရှိတဦး (ခေတ်ပြိုင်/၂၄-၁၂-၀၈)
နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။


၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။

Wednesday, December 24, 2008

မြန်မာရုပ်ရှင်မင်းသမီးတဦး ဂျပန်နိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်


အင်းသားအလှ အင်းသားဘ၀ဇာတ်ကားမှ

မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ဗီဒီယိုတွင်နာမည်ကျော်ကြားခဲ့သည့် အနုပညာရှင်မင်းသမီးတဦးသည် ဂျပန်အစိုးရထံတွင် ဒီဇင်ဘာလဆန်းပိုင်းက ဒုက္ခသည်ခိုလှုံခွင့်လျှောက်လိုက်ကြောင်းသိရှိရသည်။
အသက် ၃၇ နှစ်

ရှိပြီဖြစ်သော အဆိုပါမြန်မာရုပ်ရှင်မင်းသမီးသည် ဂျပန်နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရောက်ရှိခဲ့နေခြင်းဖြစ်ပြီး ဒီဇင်ဘာလဆန်းကျမှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်နာဂါဝရပ်ကွက်တွင်တည်ရှိသော ဂျပန်လဝကရုံးသို့ကိုယ်တိုင်သွားရောက်၍ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုနိုင်ရန် ခိုလှုံခွင့်လျှောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မည်သည့်အကြောင်းကြောင့် ယခုလိုဒုက္ခသည်လျှောက်သည်ဆိုတာကို မသိရှိရသေးသော်လည်း ဂျပန်ရောက်မြန်မာအသိုင်းအဝိုင်းများကြားထဲတွင် ယင်းကိစ္စနှင့် ပါတ်သတ်၍ အနုပညာရှင်များ ဂျပန်နိုင်ငံသို့ ဖျော်ဖြေရေးအနေနှင့်လည်ကောင်း၊ အလည်ခရီးအနေဖြင့်လည်ကောင်း အကြိမ်ကြိမ်လာရောက်ဖူးကြသော်လည်း နံမည်ကြီးရုပ်ရှင်သရုပ်ဆောင်တဦးမှ ယခုလိုဒုက္ခသည်အဖြစ်ခိုလိုခွင့်လျှောက်ထားခြင်းမျိုး ဘယ်ခေတ်အခါကမှ မရှိခဲ့ဖူးခြင်းကြောင့် လူပြောများနေလျက်ရှိသည်။

''အတော်အံသြမိတယ်ဗျ၊ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ကိစ္စမျိုးဂျပန်က မြန်မာအသိုင်းအဝိုင်းကြားထဲမှာ လာဖြစ်တာဆိုတော့၊ ဘယ်လိုပြောရမလဲဗျာ၊ ဒီမှာက ငွေရတာဘဲရှိတာ၊ အစစအရာရာဆုံးရုံးနစ်နာတယ်၊ အလုပ်ဆိုလဲ ဂျပန်လူမျိုးတွေမလုပ်ချင်တဲ့အလုပ်မျိုး၊ အန္တယ်ရှိတဲ့အလုပ်မျိုး၊ ညစ်ပါတ်တဲ့အလုပ်မျိုး ဆိုတဲ့အလုပ်သုံးမျိုးဘဲလုပ်ရတာလေ၊ အင်မတန်မှပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမှ ရပ်တည်ရတဲ့အခြေအနေမျိုးရှိတဲ့ ဒီဂျပန်မှာ လာပြီးဒုက္ခသည်အဖြစ်လာလျှောက်လိုက်တာဆိုတော့ ဗမာပြည်က အတော်အခြအနေဆိုးနေပြီလို့ဘဲ ပြောချင်တယ်ဗျာ...'' ဟု ဂျပန်နိုင်ငံတွင်အနေကြာသော မြန်မာလူမျိုးတဦးမှ ၄င်းအမြင်ကို ပြောပြသည်။
နိုင်ငံရေးသမားတစ်ဦးကမှု ''အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ ဗမာတွေဒုက္ခသည်အဖြစ်လျှောက်ကြတယ်၊ တချို့က စီးပွားရေးကြောင့်၊ တချို့ကဗမာပြည်မပြန်ချင်လို့၊ တချို့နိုင်ငံရေးလုပ်ချင်လို့ စသဖြင့်ပေါ့နော်၊ ဘယ်လိုဘဲဖြစ်ဖြစ် သာမန်လူအရပ်သားတဥိးအနေနဲ့ကတော့ သိပ်မဆန်းပါဘူးဗျာ၊ သို့သော် အနုပညာအသိုင်းအဝိုင်းက နံမည်ကြီးလူသိများတဲ့ရုပ်ရှင်သရုပ်ဆောင်တဦးက ဒီလိုလုပ်တာကတော့ ထူးဆန်တာတော့ အမှန်ဘဲ၊ သို့သော် ဘယ်လိုကြောင့်ဘဲ လျှောက်လျှောက်ရှေ့ပိုင်းမှာ ဂျပန်မှာဒုက္ခသည်လျှောက်ပြီး တိုင်းပြည်အတွက် လုပ်နေကြတဲ့လူတွေအပေါ်ကိုတော့ လေးစားသနမှုနဲ့ ကိုယ်ဘာကြောင့်လျှောက်တယ်၊ ပြည်တွင်းမှာ ဘယ်လိုအခက်ခဲမျိုးတွေကြုံလာတယ်ဆိုတာ ကို အများသိအောင်ရှင်းရှင်းလင်းလင်းပြောပြသင့်တယ်၊ ဒါမှလဲ နအဖရဲ့ကောက်ကျစ်ယုတ်မာမှုတွေကို ဂျပန်တွေရော၊ ဗမာတွေရော၊ ပိုမိုသိမြင်လာပြီး နအဖစစ်အာဏာရှင်တော်လှန်ရေးမှာ ရုပ်ရှင်အနုပညာရှင်တွေပါ ထဲထဲဝင်ဝင်ပါလာပြီးဆိုတာ အားလုံးတကမ္ဘာလုံးကပါသိမြင် လာမှာ'''ဟုရှင်းပြသည်။

ယခုလို ဂျပန်လဝကထံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်လိုက်သည့် မြန်မာရုပ်ရှင်မင်းသမီးဆိုသူမှာ 'ဟန်နီထွန်း'ဖြစ်သည်။

မြန်မာနိုင်ငံသားအားလုံးသည် မျှော်လင့်ချက်များဖြစ်ရှင်သန်ခဲ့ကြသည်။

မျှော်လင့်ချက်တိုင်းလည်းမျှော်လင့်လို့ မရသလို၊ မျှော်လင့်သလိုလည်းမဖြစ်လာနိုင်ပေ၊မျှော်လင့် ချက်တိုင်းလည်းဖြစ်လာတတ်သလို၊ မျှော်လင့်သလောက်မဖြစ်လာခြင်း သည်လုပ်ဆောင် ကြိုးစား အားထုပ်သောသူများရဲ့ အားထုတ်မှုများပေါ်တွင်သာမှုတည်ပေသည်။

ပြီးခဲ့သောအပါတ်( ၁၉၊၁၂၊၀၈) အမိမြေ မှလာပြီးတော့ တက်ရောက်ပညာသင်ကြားနေသော လူငယ်များ၏ကြိုးစားမှုကြောင့်
မြန်မာနိုင်ငံသားကျောင်းသားဟောင်းများနဲ့ ကျောင်းသားသစ်များအ
ကြောင်းတိုင်ဆိုင်စွာမိတ်ဆုံစားကာတွေ့ ဆုံစုစည်းဖြစ်ကြသည်။

ကျွန်တော်တို့ သည် ဘာသာမတူ၊ လူမျိုးမတူသည့်ကြားက သက်ဆိုင် ရာ ပြည်နယ်တိုင်းအသီး
သီး၏ အကြောင်းကို ထူးထူး ခြားခြားကျယ်ကျယ်ပြန့် ပြန့်ဆွေးနွေး ပြောဆိုကြသည့် အကြောင်း တွင် "အဓိကထားပြီးပြောဆိုမှုမှာ ပကတိဖြစ်စဉ်အရှိတရား ကို လက်ခံခြင်းနှင့်၊ လက်မခံခြင်းဆိုသည့် အကြောင်းဖြစ်သည်"

မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်ဖို့ နှင့် ဖြစ်ပျက်နေသောအခြေအနေ အရာရာအားလုံးတို့ သည် လမ်းစပျောက် သကဲ့သို့ ဆိုရမည်လား သို့တည်းမဟုတ် အလွန်ဝေးကွာနေသည်ဟုဆိုရမလား ရှိသည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုနှင့် ဖွံ့ ဖြိုးတိုးတက်မှုသည် တိမ်တွေဖုံးလို့ လမသာဟုဖွဲ့ နွဲ့ ကာ ပြောရမည့် စကားလုံးနှင့်လည်း စပ်အပ်လို့ ရလောက်သော အခင်းအကျင်း အနေအထား ဖွဲ့ တည် မှု အခင်းအကျင်းကပြောလောက်အောင်မနီးစပ်သေးတာကတော့အသေအချာဖြစ်ပါသည်။

ထို့ အတူ ပြည်သူများကလိုလားသော ဒီမိုကရေစီစနစ်ပြောင်းလဲရန်အတွက် နှင့်ဒီမိုကရေစီအမြူ တေ ရန် လုံလောက်သော အနေအထားတစ်ခုရှိရမည့် အလည်လတ်တန်းလူတန်းစားအင်အား သည် ချိနှဲ့ အားနည်း နေရှာသေးသည်။

သည့်အတွက်ကြောင့်လည်းတပါတီစနစ်၊ကြိုးနီစနစ်၊စသောစသော အာဏာရှင် အခင်းအကျင်းများ အမြစ်တွယ်နေရတော့သည်ဟုမြင်မိကြသည်။

ထိုသည်ကိုစခဲ့သည်မှာ လွတ်လပ် ရေးမရခင် ကတည်းက သန္ဓေမကောင်းခဲ့သောအစွန်းရောက် နိုင်ငံ ရေး သမားများ နှင့် စစ်မင်းများ သဖွယ်လုပ်ဆောင်ခဲ့သော စစ်တပ် (နောက်တွင် မဆလတို့  ဖြစ်ပါသည်) သည်သာ လျှင်တရား ခံ ဖြစ်သည်ဟုဆိုကြသည်။

ယခုအခါတွင်ပင် ထိုအစွန်းရောက် သော လက်ကျန်မျိုးဆက်သစ်ဝါဒီအရိုးစွဲ နိုင်ငံရေးသမားများနှင့် လက်ကျန်စစ်မင်းတို့ မွေးထုတ်ခဲ့သော စစ်ဗိုလ်များကပင် ဒီမိုကရေစီကို တွင်တွင်အော်ကာ မွေးက တည်းကပင်ဒီမိုကရေစီကိုဖက်တွယ်ကျင့်သုံးလာသည့်ဟန်၊ယုံကြည်သည့်ဟန်များကိုပြောဆိုကာ မျက်လှည့်ပြ ကြတော့သည်။

အမှန်ကတော့ အခြေခံလူတန်းစားကိုစုစည်းကာဗဟိုကချုပ်ကိုင်ပြီး ပစ္စည်းမဲ့ အာဏာရှင် ကြီးစိုးလိုသော နိုင်ငံရေး သမား အုပ်စုနှင့် အနှိင်ကျင့်ဗျုရိုကရက်အာဏာရှင်ကို ထူထောင် လိုသောစစ်အုပ်စု တို့  အပြင် လေ နဲ့  အီးမကွဲသော နိုင်ငံရေး ကယောင်များ ကအာဏာကို ပြိုင်တူ သူရ ကိုယ်ရ အတွက်အပြိုင် အဆိုင်ကြိုးစားနေကြသည့်အချိန်ဟုလည်းပြောလို့ ရ ပါသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို မျှော်လင့်ချက်များစွာဖြင့် မိမိတို့ ယုံကြည်ရာကို လုပ်ကိုင်ကြသူများမှာ မျှော်လင့်ချက် ကိုသာအလွန်အမင်းပြီး ဦးစားပေးပြီး၊ အမှန်တကယ်ဖြစ်နေသည့် အကြောင်းအရာ တို့ ကိုအခြေအနေ လိုက်လျှောညီထွေစွာ သိုင်းဝိုင်းမလုပ်ဆောင်နိုင်ခဲ့ကြသော ကြောင့်၊ဘာမှတိကျ
သောအဖြေကို မရဘဲရှိခဲ့သလို၊ရှင်းလင်း ထင်ကျန်နေသောဖြစ်ရမည့်အကြောင်း အရာတို့  ဖြစ်ထွန်းပေါ်ပေါ်က်လာလို့ ဖို အတွက့်အခွင့် အရေး မရကာ၊အောင်မြင်မှုအလှမ်းဝေးရသည်ဟု ထောက် ပြကြ ပါသည်။


မျှော်လင့်ချက်တိုင်းမဖြစ်လာသောအခါ မြန်မာနိုင်ငံရေးသမားများအားလုံးနှင့် အထူးသဖြင့် ယုံကြည်ချက်နှင့် လုပ်နေသူများကြားတွင်ပဋိပက္ခအသွင်ဆောင်လာကြသလိုအရာရာကို အကောင်းမြင်အနေနဲ့  ဖြစ်လာသောအရှိကိုလက်ခံခြင်းမပြုတော့ဘဲ အားငယ်ခြင်း၊ စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စသည့် အမြင်များလည်း ကျယ်ကျယ်ပြန့် ပြန့် ပေါ် ထွက်လာကြသည်။ တွေဝေခြင်း၊ ဟုတ်နိုးနိုး၊ကောင်းနိုးနိုးဆိုသောအကြောင်းအရာများက လည်းဒုနဲ့ဒေး ထွက်ပေါ်လာကြသည်။

သို့ သော်အားလုံးသည် အမှန်တကယ်ဖြစ်ပျက်လာသောအခြေအနေကို ကောင်းမွန်အောင် ပဲ့ကိုင်လုပ်ဆောင်၊အားထုတ်ရမည့်အစား၊ တစ်ယောက်နှင့်တစ်ယောက် လေးစားမှုနှင့် ပြောဆိုရမည့်အမှုအကျင့်စိတ်ထားများကို တန်ဖိုးမထားဘဲ၊ စိတ်ကူးဖဲရိုက်သောအကျင့်နှင့်ပြီး စလွယ် ပြောတတ် သောအကျင့်တို့ သည်လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးပြောင်းလဲမှု အတွက် နှောက် နှေးစေသည့်အကြောင်းအရာများအဖြစ်ထင်ဟန်လာတော့သည်။

ဒီမိုကရေစီကို နှစ်ပေါင်းရာကျော်မပြောနှင့် နှစ်ပေါင်းဆယ်စုကျော်မျှနှင့်အရှိန်ရခါစ နိုင်ငံများ တွင်ဖြစ်ပျက်နေခြင်းများကိုကြည့်ပြီးကျွန်တော်တို့ နိုင်ငံသည် ဒီမိုကရေစီရေရှည်တည်တံဖို့  အတွက်ဒီမိုကရေစီကျင့်စဉ်များဖေါ်ဖေါ်သီသီသုံးရန်၊ကျင့်ကြံနိုင်ရန်၊ အလေးမှုနိုင်ရန်၊ လေးစား လိုက်နာနိုင်ရန်၊ အလွန်အမင်း အဓိကကျစွာလိုအပ်နေပါသည်။

မြန်မာနိုင်ငံတွင် ပြည့်ဝသော၊ ပြည့်စုံသော ဥပဒေကြီးကို ဘဲညီညာစွာရေးဆွဲထားပါစေ၊
ထို့ အတူ မည်သည့် ခေါင်းဆောင် ဘဲဖြစ်ဖြစ် တက်ပြီးအုပ်ချုပ်ပါစေ၊ယနေ့ ၊မနက်ဖြန်၊ ၃-၄နှစ်အတွင်း မှာ ဒီမိုကရေစီရပြီလို့ မပြောနိုင်၊မကြေညာနိုင်ပါ။
အနည်းဆုံး ၁၀နှစ် မှ ၁၅နှစ်ထိကိုမြန်မာနိုင်ငံသားတိုင်းမှစုပေါင်းပြီးစိန်ခေါ်မှုအပေါင်းကို အသေအလည်း ကြိုးစားဝိုင်းဝန်းလုပ် ဆောင်ရပါမည်။
ထိုမှသာလျှင်ဒီမိုကရေစီအမြူတေနိုင်သည်ဟုဆိုကောင်းဆိုနိုင်သည်ဟုအတိ အလင်းပြောဆိုနိုင် သော အချိန်ကာလကိုဦးတည်ဆိုက်ရောက်သွားနိုင်မည်ဖြစ်သည်။
ခေါင်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ အတိုက်အခံနှင့် စစ်အစိုးရ ပိုင်းကို ထည်ထည်ဝင့်ဝင့် တင်ပြပြောဆိုကြသည်။
တိုင်းပြည်တိုင်းတွင် နိုင်ငံရေးဝါသနာပါသူဖြစ်စေ၊မပါသူဖြစ်စေ၊ လူတိုင်းသည်သူ့  နိုင်ငံ သမိုင်းကိုသူကျေပြွန်အောင်တော့ထမ်းဆောင်ကြရမည်။
ထိုအတွက်ကြောင့်အဖွဲ့အစည်းတိုင်းတွက်ရှိရမည့်တိုင်းပြည်ပေါ်ထားသည်ကောင်းကျိုးစိတ်ထား သည်အလွန်မင်းအရေးကြီးသည်။
အထူုးသဖြင့် မည်သည့် ၀ါဒကိုဘဲကျင့်သုံးကျင့်သုံး လက်နက်ကိုင်အဖွဲ့ အစည်းကိုကိုင်တွယ် နိုင်အောင်ပြုလုပ်နိုင်ခြင်းသည်အလွန်အရေးပါသောအခန်းတွင်ရှိနေသည်။
အထူးသဖြင့် အစစအရာရာမတည်ငြိမ်သေးသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ အစည်း များကို ကိုင်တွယ်ရန်မှာအပြောလွယ်သလောက်အလွန်ခက်ခဲသည်ကို ထောက်ပြပြောဆိုကြသည်။

သည့် အတွက်ကြောင့် "နိုင်ငံရေးအဖွဲ့အစည်းတိုင်းသည်၊ လက်နက်ကိုင်အဖွဲ့ အစည်းတို့ အုပ်ချုပ် နေသောအောက်တွင် ၊ပြောင်းလဲရေးကိုလုပ်ဆောင်ချင်သော်၊ လက်နက်ကိုင်အဖွဲ့ အစည်း များရဲ့  ဗီဇနှင့် သမိုင်းအခြေအနေ၊ရုပ်သဏ္ဍာန်ကို မိမိရရနားလည် လုပ်ကိုင် နိုင်မှသာလျှင် မိမိတို့  တောင်း ဆိုပြောင်းလဲလိုသောအကြောင်းအရာသည် လျှင်မြန်စွာသို့  တည်း မဟုတ် ညှင်သာစွာ ပြောင်း လဲနိုင်မည်ဟုဆိုသည်"။

နိုင်ငံ၏အရေးဟုဆိုသည့်အတိုင်း တိုင်းပြည်တပြည် ၏နိုင်ငံရေးအရဖြစ်ပေါ် တိုးတက်ဆုတ်ယုတ်
မှု့ ရေစီးကြောင်းသည်၊ အမြဲတစေလှုပ်ရှားမှုအပေါင်းနှင့် ရောပြွန်စီးဝင် သက်ဝင် နေရမည် ဆိုတာကတော့ ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

ထို့ သို့ သောဖြစ်စဉ်ရှိမှသာလျှင် နိုင်ငံရေး ဆိုသော စကားလုံးနှင့် နိုင်ငံရေးလုပ်ဆောင်သူတို့ 
သည်လည်း အဓိပ္ပါယ်ရှိလာတော့မည် ။ဖြစ်ပျက်နေသောအကြောင်းအရာများကို ကောင်းဆိုးဝေ ဖန်၊ ထောက်ပြငြင်းခုံ၊ ကိုးကားတင်ပြ ၊ရှင်းလင်းအတည်ပြု ဆိုတာတွေနဲ့ အတူ ဒီမိုကရေစီသဘော တရားဖြစ်စဉ်များကိုပြိုင်တူလက်ခံကာ ခိုင်ခန့် သောလူဘောင်တည်ဆောက်မှု့  ကို ဖြစ်တည်နိုင်
မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စာပေနှင့် ယဉ်ကျေးမှု၊ ဘာသာရေး စသော စသော အကြောင်းတွေကို တစ်ခုခြင်းတိုင်း သုံးသပ်ရန်လိုအပ်နေသည်။ ကျွန်တော်တို့  နိုင်ငံ၏ပြောင်းလဲ ခြင်းအခြေအနေသည်ရပ်တန့် ၍မနေပေ၊အမျိုးမျိုး ကောင်းဆိုး ဖြစ်ပျက် ပြောင်းလဲနေပေ အုံးမည်။
ထိုအတွက်ကြောင့် ဖြစ်ပျက်ပြီးသမျှအားလုံးကို ကျွန်တော်တို့ အားလုံးပြည့်ဖုံးကာချသင့်ပြီ ဟုတောင်းဆိုပါသည်။အသစ်တဖန် ပြန်လည်မစကြစေရန်ဆိုသော တုံးတိကိုဖြတ်ပြစ်ရပါတော့မည်။

ထို ပြည့်ဖုံးကာ ကိုအပြီးမချခင်မှာတော့၊ရှေ့တန်းမျက်နှာစာတွင်ရှိသောသူများသည်လည်း၊နောက်
တန်းတွင် ရှိသောသူများသည်လည်း၊ အမျိုးမျိုးအဖုံဖုံသော၊မည်သည့် အဖွဲ့ မည်သည့် အသိုင်းဝိုင်းဖြစ်စေ၊ တစ်ဦးတစ်ယောက်(သို့ ) အားလုံးသောသူတို့  ၏စိတ်ထား သည် အမှန်တကယ်ကိုလက်ရှိဖြစ်ပျက်နေမှုအထွေထွေကို အရှိတိုင်းသိရှိ နားလည်တတ်ရမည်၊ အသိမှတ်ပြုရမည်ဖြစ်သည်။

ကျွန်တော်တို့ သည်လက်ရှိဖြစ်ပျက်နေသောအကြောင်းတို့ကိုလက်မခံဘဲအနာဂတ်ကိုစဉ်းစား နေခြင်းသည် လေထဲတွင်တိုက်ဆောက်ခြင်းနှင့်လေကိုလက်နှင့်ဆုပ်ကိုင်လို့ ရသည်ဟုပြောခြင်း သာဖြစ်သည်ဟုမြင်ပါသည်။အကျိုးမရှိ၊ဖြစ်တည်မှုမရှိသောစိတ်ကူးယဉ်အကြောင်းများတွင်တွင်
ပြော၍၊လက်တွေ့ အဖြစ်သို့ ရောက်အောင်ပင် အစပြု အစပျိုးသော အခြေခံလုပ်ငန်းစဉ်၊ အလုပ်မပါဘဲပြောဆိုနေထိုင်တတ်ခြင်းအမွေဆိုးကိုနောက်မျိုးဆက်သို့ ပေးသည်ဟုလည်း မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော ကုန်လွန်ခဲ့သောအတိတ်ကာလအဖြစ်ပျက်များသည် ယနေ့  ထိအကောင်အထည်ဖေါ်မှုလမ်းကြောင်းမှသွေဖှီကာဝေးကွာခြင်းသို့ ဦးတည်နေသော ကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အဃာတရားများနှင့်အာဏာရှင်ဆန်သော၊အာဏာရှင်စနစ်ကိုကျင့်သုံးရန်တွန်း အားပေးခဲ့သောအချိန်များမှာစပြီး ပြန်ကောက်ကာ ကြည့်လျှင် မြန်မာလူနေမှုအသိုင်းအ၀ိုင်းတွင်
လူနေမှုစနစ်၊အုပ်ချုပ်မှုစနစ် သည်အာဏာရှင်ဆန်သော ၊အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု၊ အုပ်ချုပ်မှု၊ တို့  ရဲ့ အောက်တွင် မယှဉ်ပါး ခြင်လည်းမရ၊ ယှဉ်ပါးစွာနှင့် ကိုရင်ဆိုင်နေရသည်ဟုပြောလျှင်မှား မည်
မ ထင်ပါ။ ထိုကြောင့်လည်းအနည်းနှင့်အများအာဏာရှင်ဆန်သောပုံရိပ်များကကြိုးကြား ကွက်ကြား နှင့်အဖွဲ့ အစည်းတိုင်းတွင် စိမ့်ဝင်နေသေးသည်။အငွေ့ အသက်လောင်းရိပ်ကားမလွတ်သေးချေ။ ထိုကြောင့် လက်ရှိဖြစ်ပျက်နေသောအကြောင်းကျိုးတို့ ကိုသေချာသေချာနားလည် လက်ခံမှ သာ လျှင် ကျွန်တော်တို့ ဖြစ်ချင်သောအကြောင်းအရာကိုမည်သို့ သွားလို့ရမည်ကိုရေးဆွဲကြံ ဆလုပ် ဆောင်နိုင်ပေမည်။

ဤသည်အရှိပကတိဖြစ်တည်နေသောအနေအထားကိုကောင်းစွာစတင်မြင်တတ်ကာ၊ ရှေ့သို့  မည်သို့ လုပ်ဆောင်သွားနိုင်မည်ကအစပြိုးဦးတည်သော အလုပ်သဘောတရား၏အခြေခံအစဦး ဖြစ်သည်။ထိုသို့ ဖြစ်မှသာလျှင် နောင်လာမည့် အနှစ်နှစ်ဆယ်တွင် ဘာဖြစ်နိုင်သည်၊ မည်သည့် အခန်းကဏ္ဍကတော့ မှန်းထားသည်ထက် အနိမ့်ဆုံးအခြေအနေကိုရမည်ဟုမြင်လာနိုင်ပြောနိုင်၊ မြင်နိုင်မည်ဖြစ်သည်။

လက်ရှိဖြစ်တည်နေသောအကြောင်းတွေနဲ့ အကျိုးတွေကဘယ်ဟာကနေစတင်လာတယ်၊ ဘာ ကြောင့်လည်းဆိုတာကိုသေသေချာချာမြင်ပြီး လက်ရှိဖြစ်ပျက်နေသောအဖြစ်ပျက်ကို သိရှိ လက် ခံရတော့မည်၊ ထိုသို့ လက်ခံမြင်တွေ့ ကြည့်တော့မှသာလျှင် အရှိတရားကို သိရှိနားလည်ကာ ရှေ့ဆက် နိုင်မည်ဖြစ်သည်။

နှစ်ဖက်စလုံးတွင် အဖြေမရှိ၊ အကြွေးအိမ်စာများကားတော်တော်ပုံနေပြီဖြစ်သည်။

ယနေ့ အချိန်ထိ ကမ္ဘာမပြောနှင့် မြန်မာနိုင်ငံသားအချင်းချင်း အတွင်းမှာ တောင် စစ်အစိုးရ နှင့် ပါတီစုံဒီမိုကရေစီကိုကြိုက်နှစ်သက်သော(ထိုထက်ပိုပြောရသောအတိုက်အခံဟု) အဖွဲ့ အစည်း အသီးသီးတို့ ဘက်တွင်လည်းရှင်းလင်းသောစကားအပြောအဆိုအရိပ်ယောင်မတွေ့ ရသေးပါ။

စစ်အစိုးရ

တိုင်းပြည်၏အာဏာကိုဝင်ရောက်လွဲပြောင်းသိမ်းယူကာ ရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေး မည့်စစ်အစိုးရ သည်လည်းဂတိဂ၀တ် မလိုက်နာခဲ့ ခြင်းကြောင့်ယနေ့ ထိ ပြသနာအထိုထိုကို ကောင်းမွန်အောင်မြင်စွာမရှင်းနိုင်။
သို့ သော် ထိုသို့ ရှုတ်ထွေးပွေလီနေသောအခြေအနေကြားမှပင် အခြေခံဥပဒေအတည်ပြုခြင်း
နှင့် ရွေးကောက်ပွဲကို ထပ်မံပြုလုပ်မည်ဟု ဆိုလာသည်။ ပေးတာယူကျွေးတာစား၊ ခံမပြောနဲ့  ဒါဘဲအရင်ရမယ်ဆိုသော စိတ်ကြိုက်နိုင်ငံရေးလမ်းစဉ်နှင့်သာချီတက်မည်ဟုပြောဆို လုပ်ဆောင် နေသည်။

နိုင်ငံရေးပါတီနှင့်အတိုက်အခံပြည်တွင်းပြည်ပအဖွဲ့ အစည်း

၁၉၉၀ပြည့်ရလဒ်ကိုဆုပ်ကိုင်ကာပြည်သူတို့ အပ်နှင်းထားသောတာဝန်ဝတရားများအရ ပြည်သူ
တို့ ရဲ့ အကျိုးစီးပွား၊လူမှုရေးနှင့် ကျန်းမာရေး၊ လုံခြုံရေး၊စသောစသောအကြောင်းအရာများနှင့် နိုင်ငံတော်ကိုဒီမိုကရေစီစနစ်တည်ထောင်လိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း
တောင်းဆိုချက်များကိုတစ်ခုပြီးတစ်ခုတောင်းဆိုနေရင်းသာရှိပြီးထိုတောင်းဆိုချက်များကိုမလိုက် လျှောခဲ့ပါက မည်သို့ မည်ပုံ ပြန်လည်စဉ်းစားလုပ်ဆောင်မည်ဟုလည်းမပြော၊ လိုက်လျှောပါ ကလည်းဘယ်သို့ သောအခြေအနေတွေကို ဆောင်ရွက်မည်ဆိုသည်ကို လည်းရှင်းလင်းစွာပြောဆို
ထားခြင်းမရှိဘဲလုံးထွေးရောနှောနေခဲ့တာကတော့ စစ်အစိုးရကသို့ ပင် ရှိခဲ့တာကတော့အသေ အချာဖြစ်ပါသည်။
သို့ သော်:-
တွင်တွင်ပြောနေသည်ကတော့ စစ်အစိုးရက တဖက်သတ်ရေးဆွဲသောအခြေခံဥပဒေကိုသဘော မတူကြောင်း၁၉၉၀ပြည့်ရွေးကောက်ပွဲကိုသာလျှင် လက်ကိုင်ထားကြောင်း ၊ တရားဝင်ဥပဒေထုပ်
ပြီး စစ်အစိုးရမှ၉၀ပြည့်နှစ်ရွေးကောက်ပွဲရ လဒ်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာမှသာလျှင်လိုအပ် သောရှေ့ ဆက်လုပ်မည့်အကြောင်းတို့ နှင့် ရပ်တည်ချက်ကို စဉ်းစား ကြမည်ဟုသာသိကြပါသည်။

ထိုသို့ သောအခြေအနေတွင် လက်ရှိအရကော၊ အနာဂတ်အတွက်ကော ဖြစ်နိုင်သည့် အလားလာ မှာ အရပ်သားအပြည့် အစိုးရလည်းရေးတေးတေးနှင့်ဝှေ့ ဝါးနေသေးသလို ဘောင်းဘီ ၀တ်တပိုင်း နှင့်အရပ်သားအစိုးရဆိုတာပေါ်ပေါက်ဖို့ ကလည်းအလှမ်းဝေးနေသေးသည်။
ဖြစ်လာနိုင်သည်ကားစစ်အစိုးရမှဖန်တီးယူသောရုပ်သေးအရပ်သားအစိုးရအဖြစ်အုပ်ချုပ်လိုက်
သောနည်း လမ်း ဖြစ်ကောင်းဖြစ်နိုင်သွားသည်ဟုမြင်မိပါသည်။

အဆုံးအဖြတ်နှင့်စိမ်ခေါ်မှုတွေ

ကျွန်တော်တို့ သည်ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်နဲ့ ကျွန်တော်တို့ ရဲ့ အနာဂတ်ကိုပြောဆိုနိုင်ချင် တယ်။ပြောဆိုနိုင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရဲ့ အနာဂတ်၊ မြန်မာနိုင်ငံသားတို့ ရဲ့ အနာဂတ်သည် ရသစုံ၊ ကဏ္ဍစုံပါကိုပါရတော့ မဲ့အနေအထားပါ၊ထိုမှသာလျှင်အနာဂတ်တွင်ဘာဖြစ်လာမည်၊ဘာဖြစ်ရမည်၊မည်သည့်အကြောင်း
ရာတွေကိုဘယ်လိုဆောင်ရွက်ကြမှ မည်သို့ သောဖြစ်စဉ်တွေနဲ့ မည်သို့ သောမလိုလားသည် အကြောင်း တွေကိုဖြေရှင်းရန်အတွက် စီစဉ်ပိုင်းခြားနိုင်တော့မည်ဖြစ်ပါသည်။

ဒီအတွက်ကြောင့်ကျွန်တော်တို့ သည်မှုန်ဝါးနေသောလမ်းကိုလျှောက် မလား၊လက်ရှိဖြစ်ပျက်နေ သောအခြေအနေဖြစ်စဉ်တရားကိုအသိမှတ်ပြုပြီး အရှိတိုင်းလမ်းလျှောက်မလား ဆိုတာကို စဉ်းစား ဆုံးဖြတ်ရတော့မည့်အနေအထားသည့်မဖြစ်မနေဆိုက်ရောက်လာတော့သည်။

အာဏာရှင်တို့ ၏ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်ပြိုပျက်နေသောပျိုးပင်လောင်းများ ကို စံချိန်မမှီ ရှင်သန်နိုင်စွမ်းနည်း သွားရမည့်အဖြစ်ကိုကျွန်တော်တို့ လက်ပိုက်ကြည့်နေမလား၊ မပိုင်ဆိုင်သေး တဲ့ အနာဂတ်ကိုမျှော်ပြီးဘာမှမပြင်ဆင်၊မကျင့်ကြံကြဘဲ၊ မလုပ်ဆောင်ကြဘဲနေထိုင်ကာ၊ရပ်တည် သွားကြမလားဆိုတာကိုတော့သေချာစွာပိုင်းခြားသိမြင်သင့်ပါပြီ။

ဒီအတွက်ကြောင့် စိမ်ခေါ်မှုတွေနဲ့ စုပေါင်းဖြေရှင်းရတော့မဲ့ အနေအထားမှ၊ပိုမိုဝေးကွာသောအခင်း
အကျင်းကိုရောက်သွားအောင်လုပ်ဆောင်ကြမလား၊လက်ရှိ အရှိတရားနဲ့ တကယ်ဖြစ်ပျက်နေ တာတွေကို လက်ခံပေးပြီး ဖြစ်တည်နေသော ပြဿနာတွေကိုစုပေါင်းရင်ဆိုင်ဖို့ အားမွေးမလား
ဆိုတာကိုတော့ တွက်ဆကြစေချင်ပါသည်။

မည်သို့ ဆုံးဖြတ်ကြမည်နည်းအမေးကိုမေးလာကြပါက။ အဖြေသည်နိုင်ငံသားတိုင်းနှင့်ပင်
ဆိုင်သည်ဟုယေဘုယျအားဖြင့်ဖြေဆိုရတော့မည်ဖြစ်သည်။

အများစု၏ အဖြေသည် မည်သို့ ပင်ဖြစ်စေ၊ အနည်းစု၏အဖြေသည်မည်သို့ ဖြစ်စေ :-

မြန်မာနိုင်ငံသားအားလုံးသည် ကမ္ဘာနိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးစသောအကြောင်းအရာ တွေအောက်မှာ ကြီးမားသောစိမ်ခေါ်မှုတွေအများကြီးနဲ့ ရင်ကိုရင်ဆိုင်ရတော့မည် ဆိုတာတော့  အသေအချာဖြစ်ပါသည်။

စိုင်းမွန်
၂၃၊၁၂၊၂၀၀၈

Tuesday, December 23, 2008

ဘာသာပေါင်းစုံဆုတောင်းပွဲ ဂျပန်နိုင်ငံ တိုကျိုဒိုင်ဘုစု ဘုရား တွင် ကျင်းပ

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ကွယ်လွန်


ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ယနေ့ နံနက် (၅) နာရီအချိန်က ရန်ကုန် မဟာမြိုင် အထူးကုဆေးခန်းတွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်ဟု ၎င်း၏ မိသားစုများက ပြောသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။ သူ၏ရုပ်အလောင်းကို ဒီဇင်ဘာ (၂၅) ရက် (ခရစ်စမတ်နေ့ ) ၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ၁၉၈၅ ခုနှစ်က အချစ်မီးလျှံထဲက မေချို ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရခဲ့သူဖြစ်ပြီး ယခု သေဆုံးချိန်ထိ ဒါရိုက်တာ နောင်ထွန်းလွင်အမည်ဖြင့် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သည်။

မျိုးချစ်မြန်မာ

လူငယ်နှင့် အနာဂတ် (၂ )


မိုးမခ

မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

နန်းဒေ၀ီ
တနင်္လာနေ့၊ ဒီဇင်ဘာလ 22 2008

နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့်ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်းဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။

ဘုန်းကြီးကျောင်းပေါ်ပေါက်နိုင်ရေးအတွက် လိုဒ်ရှိုးပွဲကျင်းပရန်ကြိုးပမ်းနေ

ရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)၂၀၀၈ ၊ ဒီဇင်ဘာ ၂၁ ရက်


၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိုယ်ပိုင်မြန်မာဘုန်းတော်ကြီးကျောင်းပေါ်ပေါက်နိုင်ရေးအတွက် ဂျပန်ရောက်မြန်မာများက ပြည်တွင်းမှ နာမည်ကျော် အဆိုတော်များကိုဖိတ်ကြား၍ Live Showပွဲတခုပြုလုပ်နိုင်ရန် ကြိုးပမ်းအားထုတ်လျှက်ရှိကြောင်းသိရသည်။

Live Showပွဲကို ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးအတွက် လှူဒါန်းနိုင်ရန်ကြိုးပမ်းအားထုတ်နေခြင်းဖြစ်ပြီး ''အုတ်တချပ် သဲတပွင့်''ဟု အမည်ပေးထား ကြောင်း စီစဉ်သူတဦးဖြစ်သူ ကိုအေးချမ်းမှ မိုးသောက်ကြယ်သို့ ပြောပြသည်။
၎င်းမှပင် ''ဘုန်းကြီးကျောင်းဝယ်ထားတယ်ဆိုတဲ့သတင်းကြားတယ်ဗျ၊ ကြားတယ်ဆိုတာကလည်း ကျနော်တို့ သူငယ်ချင်းတယောက် ဈာပနအတွက် ရောက်သွားရင်းနဲ့ သိရတာပါ။ သတင်းကြားတော့ ငွေကြေးအခက်ခဲရှိတယ်လည်းကြားတယ်၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကျနော်တို့ လည်းနိုင်တဲ့ဝန်ထမ်းမယ်ပေါ့။ ကျနော်တို့မှာလက်ရှိ ငွေမရှိဘူး၊ အကူအညီတောင်းတော့ စိုက်ပေးမဲ့လုပ်ငန်းရှင်တွေရှိပါတယ်။ သူတို့အားကိုးနဲ့ကျနော်တို့ ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးအဖွဲ့ကလူတွေနဲ့ညှိပါတယ်။ ဒီလိုကျနော်တို့လုပ်ချင်ပါတယ်ပြောတယ်။ သူတို့ကလည်းကောင်းတယ်ပေါ့။ ဒါနဲ့ ကျနော်တို့နိုင်သလောက် ထလုပ်ကြတဲ့သဘောပါ။ နောက်တခုကလည်း ဂျပန်မှာ တခြားဘာသာဝင်တွေရဲ့ကျောင်းတွေရှိနေသလို ကျနော်တို့ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း မဖြစ်မနေရှိသင့်တယ်ဆိုတဲ့စိတ်လည်းပါတာပေါ့ဗျာ။ အားလုံးကူညီပေးကြပါ...'' ဟု လိုဒ်ရိုးပွဲလုပ်ရန် စီစဉ်ဖြစ်သွားခဲ့ပုံကို ရှင်းပြသည်။
လိုဒ်ရှိုးပွဲကို လာမည့် ၂ဝဝ၉ခု နှစ်ဆန်းပိုင်တွင် တိုကျိုမြို့၊ Ikebukuroအရပ်ရှိ မြန်မာစတိတ်ရိုးပွဲများကျင်းပလေ့ရှိသည့်(Kokaido)ခန်းမတွင် ဇန်နဝါရီလ(၁၂)ရက်၊ ညနေ(၅)နာခွဲတွင် စတင်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ယန်း ၅,ဝဝဝ သတ်မှတ်ထားကြောင်းသိရသည်။
ပြည်တွင်းမှလာရောက်ဖျော်ဖြေမည့်အဆိုတော်များမှာ စိုးပိုင်၊ ဘိုဘိုဟန်၊ ဟေမာနေဝင်းနှင့် Keyboardတီးခတ်သူအဖြစ် ဥက္ကာဦးသာတို့မှ ဘုန်းကြီးကျောင်းပေါ်ပေါက်ရေး ဓမ္မဒါနအဖြစ် အခမဲ့လာရောက်ဖျော်ဖြေပေးမှာ ဖြစ်ကြောင်းလည်းသိရသည်။

Sunday, December 21, 2008

ဒေါ်စုကို အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ရာထား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ရာထားလိုက်ပါတယ်။ ၀ါရှင်တန် မြို့တော် အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီမှာ ကမ္ဘာတ၀ှမ်း လက်ရှိနဲ့ အရင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ခေါင်းဆာင် ၃၇ ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မဲပေး ရာထားခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် လွတ်လပ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ နဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ကြိုးပမ်းချက်တွေကြောင့် အခုလို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ ရာထားတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီဟာ ကမ္ဘာတ၀ှမ်း အမျိုးသမီး ခေါင်းဆောင်တွေအပေါ် တာဝန်အပ်နှင်းမှုနဲ့ အမျိုးသမီးအမျိုးသား ခွဲခြားမှုတွေ အဆုံးသတ်ဖို့၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျှော်အမြင်နဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကမ္ဘာတ၀ှမ်း အစိုးရကောင်းတွေ ပေါ်လာအောင် ထောက်ပံ့ကူညီဖို့ ဦးတည်ပြီး နိုင်ငံတကာ အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌက ကုလသမဂ္ဂလူ့အခွင့်ရေးရာ ကော်မရှင် မင်းကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင် (Mary Robenson) ပါ။ ကောင်စီ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဂါနာ သမ္မတဟောင်း ဂျဲနက် ဂျေဂင် (Janet Jagan) က မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် စိုးရိမ်တဲ့အကြောင်း၊ အမြန်ဆုံး ပြန်လွတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက် ပြင်သစ် ၀န်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အီဒစ်တ် ခရက်စ်ဆန် (Edith Cresson) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့ အကြောင်း ပြောဆိုထားပါတယ်။

ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၁၉ ယောက် မြန်မာပြည်မှာ အဖမ်းခံရ

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ လူ ၁၉ ယောက်ကို မြန်မာပြည်တွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ မြောက်ကိုရီးယားက ဘက်ပြောင်းလာသူ ၁၉ ယောက်ဟာ မြောက်ကိုရီးယားက တရုတ်ပြည်၊ တရုတ်ပြည်ကနေ အရှေ့တောင်အာရှ ကို ဖြတ်ခါ တောင်ကိုရီးယားကို သွားရောက်ဖို့ ရှိပါတယ်။

တရုတ်ပြည်မှာ ဘယ်လောက်ကြာကြာ နေခဲ့တယ်ဆိုတာ မသိရပေမယ့် မြန်မာပြည်တွင်းကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ၀င်လာလို့ အဖမ်းခံရတာပါ။ ပြည်တွင်း ၀င်ရောက်လာလို့ ဖမ်းဆီးလိုက်တာဖြစ်တယ် တရားမ၀င် ၀င်ရောက်လာသူတွေဖြစ်တဲ့အတွက်လည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူရမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

ရှေ့သီတင်းပတ်ထဲမှာ ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရေးစခန်းကနေ အကျဉ်းထောင်ထဲကို ရောက်သွားတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၉ ယောက်ထဲမှာ အမျိုးသမီး ၁၅ ယောက် အမျိုးသား လေးယောက် ပါဝင်ကြပါတယ်။ မြန်မာပြည်မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးက ဒီကိစ္စကို ၀င်ရောက်ပြောဆိုတာ မရှိသေးပါဘူး။ မြောက်ကိုရီးယားကို ပြန်ပို့မယ်ဆိုတာ သေချာ မသိရသေးပေမယ့် မြန်မာလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြစ်မှုထင်ရှားတယ် ဆိုရင် ထောင်ဒဏ်နှစ်ရှည် ချခံရဖွယ်ရှိပါတယ်။

တရုတ်ပြည် ကတော့ ဆင်းရဲမွဲတေ နှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားတွေဟာ စီးပွားရေးကြောင့် ထွက်ပြေးလာသူတွေဆိုပြီး မြောက်ကိုရီးယားကို ပြန်ပို့လေ့ရှိပါတယ်။

Saturday, December 20, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

တပ်မတော်အရာရှိတဦး

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။
NEJ

အသစ်တည်ဆောက်နေသော ရခိုင်အခြေစိုက် ဗျူဟာ (၃)အတွက် လယ်မြေဧက မြောက်မြားစွာကို သိမ်းပိုက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အ၀တောင် ကျေးရွာတွင် အသစ် တည်ဆောက်နေသော ဗျူဟာ (၃) အတွက် နအဖ စစ်အစိုးရမှ အနီးအနား ကျေးရွာများမှ တောင်သူ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေဧက မြောက်မြားစွာကို လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းပိုက်နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ တောင်သူဦးကြီး တဦးမှ လယ်မြေများ သိမ်းပိုက်ခံနေရပုံကို ယခုကဲ့သို့ ပြောသည်။

“ခုလက်ရှိ ဗျူဟာမှူးက ဗိုလ်မှူး ကျော်ဦး ဖြစ်ပါတယ်။ သူတို့ ဗျူဟာအတွက် လယ်ဧက ၂၀၀ ကျော်ကို အနီးအနား ကျေးရွာ ၄ ရွာက သိမ်းပိုက်ထားပါတယ်။ ခုအဲဒီနေရာတွေမှာ မိသားစု အိမ်ယာဆောင်တွေ၊ စစ်သားတွေ နေမယ့် အဆောင်တွေ ပြီးတော့ရုံးအဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။”

ထိုကဲ့သို့ လယ်မြေများကို ဗျူဟာ (၃) အတွက် သိမ်းပိုက်နေသဖြင့် အ၀တောင်၊ ဒွေချ၊ မျှော့ချောင်းနှင့် စံပယ်ချောင်းကျေးရွာများမှ လယ်သမား ၅၀ ခန့်မှာ လယ်ယာမဲ့ ဘ၀သို့ ကျရောက်သွားပြီး အထူးဒုက္ခရောက်နေကြသည်ဟု သူက ယခုကဲ့သို့ ဆက်လက် ပြောကြားသည်။

“လယ်တွေကို စစ်တပ်က သိမ်းသွားတော့ ဘာမှ မတတ်နိုင်တာကြောင့် လယ်သမားဘ၀ကနေ နေ့ချင်း ညချင်းဆိုသလိုဘဲ တံငါသည်တွေ ဖြစ်ကုန်ကြရတယ်။ လူတွေကတော့ တော်တော်ကို အခက်အခဲ ဖြစ်နေကြပါတယ်။”

ယခုအခါ ဗျူဟာ (၃) တွင် စစ်သား ၃၀၀ ခန့်ရှိပြီး လူထုထံကို အနိုင်ကျင့်ပြီး အမျိုးမျိုး အကြောင်းပြကာ ငွေနှင့် ရိက္ခာများကို ကောက်ယူနေသည်ဟု သိရှိရသည်။

၎င်းအပြင် ကျေးရွာသားများ စုပေါင်းပိုင်ဆိုင်ထားသော နွားစားကျက်မြေဧက မြောက်မြားစွာကိုလည်း သိမ်းပိုက်ထားပြီး တပ်စိုက်ခင်းများ ပြုလုပ်နေသဖြင့် ကျွဲ နွားမွေးမြူသူများ အနေဖြင့် အထူး ဒုက္ခရောက်နေရကြောင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပီး မွေးမြူတဲ့ ဒေသပါ။ ခု ဗျူဟာ (၃) ရောက်လာတော့ နွားတွေကို လွတ်ပြီး မွေးလို့ မရတော့ပါဘူး။ နွားတကောင် တပ်နယ်မြေထဲ ၀င်ရင် ပထမ သတိပေးတဲ့ အနေနဲ့ ကျပ်ငွေ ၅၀၀၀ လျော်ရတယ်။ နောက်တကြိမ် ၀င်ရင် ပိုင်ရှင်ကို ဖမ်းတယ်။ အ၀င် ကြိမ်ဒဏ် ၁၀ ချက်၊ အထွက် ကြိမ်ဒဏ် ၁၀ ချက်ရိုက်ပါတယ်။ တတိယ အကြိမ် ၀င်ရင် သေနတ်နဲ့ ပစ်တယ်။ နွားဆုံးတဲ့အပြင် ကျည်ဖူးခ ဆိုပြီ်း ငွေလျော်ရပါတယ်။”

ယခုကဲ့သို့ ဗျူဟာ (၃) မှ အဆိုပါ ဒေသအတွင်း သောင်းကျန်းနေမှု အပေါ် ဒေသခံ ရခိုင်ပြည်သူများမှာ ကြိတ်မှိတ် ခံနေရပြီး အမျိုးသမီးများကိုလည်း ကိုယ်ထိ လက်ရောက် စော်ကားမှုများ ရှိနေကြောင်း အဆိုပါ ဒေသမှ ပေးပို့သော သတင်းတရပ်တွင် ဖေါ်ပြသည်။

“ ကျွန်တော် အ၀တောင် ကျေးရွာကနေ စနဲကို သွားမယ်ဆိုရင် တနာရီ နီးပါး ခြေနဲ့ လျှောက်ရပါတယ်။ စစ်သားတွေက စနဲကို သွားပီး ဈေးပြု ရပါတယ်။ စနဲကိုရောက်ရင် စစ်သားတွေက အရက်သောက်ပြီ်း အမျိုးသမီးတွေကို ဆွဲလား ရမ်းလား လုပ်တာတွေလည်း ရှိပါတယ်။ အထက် အရာရှိတွေကို တိုင်ရင်လည်း ဘာမှ အရေးယူ အပြစ်ပေးတာတွေ မရှိပါဘူး။ သူတို့ရဲ့ သားသမီး သူတို့ ဆုံးမပါမယ်လို့ ပြောဆိုတာက လွဲပြီး အရေးယူတာ မရှိပါဘူး။ အသစ်တည်ဆောက်နေတဲ့ ဗျူဟာ (၃) ကြောင့် ကျွန်တော်တို့ လူထုတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။”ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

ဗျူဟာ (၃)အား ကျောက်ဖြူမြို့နယ် အ၀တောင် ကျေးရွာတွင် ၂၀၀၃ ခုနှစ်ကတည်းက စတင်တည်ဆောက်နေပြီး တဖြည်းဖြည်းဖြင့် ဒေသခံ လယ်မြေများကို သိမ်းပိုက်လာခဲ့သည်မှာ ယခုအခါ ဧက ၂၀၀ ခန့်ရှိပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဗျူဟာ (၃) မှာ ရခိုင်ကမ်းလွန်ပြင်တွင် တူးဖေါ်နေသော နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် တရုတ် အင်ဂျင်နီယာများအား အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဖြူတွင် အခြေစိုက်ချထားခြင်း ဖြစ်ကြောင်း သိရသည်။
(နိရဉ္စရာ)

လူငယ်နှင့် အနာဂတ် ( ဦးဝင်းတင်)


source ။ ။ မိုးမခ

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အချို့ကို လက်ခံရန် ဂျပန် ဆုံးဖြတ်

ဂျပန် နိုင်ငံက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် အနည်းငယ်ကို နောက် ၂ နှစ် အကြာတွင် စတင် လက်ခံတော့မည်ဟု ယမန်နေ့က ထုတ်ဖော် ပြောကြား လိုက်သည်။ လက်ခံမည့် အရေ အတွက်မှာ ၃၀ ခန့် ဖြစ်သည်။

ဤအစီအစဉ်သည် အခြားနိုင်ငံတွင် နေထိုင်လျက်ရှိသော ဒုက္ခသည်များကို ဂျပန်တွင် ပထမဆုံးအကြိမ် လက်ခံမှု ဖြစ်လာမည်ဟု အစိုးရအဖွဲ့ရုံး အရာရှိ ဂျွန်ကိုယာမာဂျီကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဂျပန်အစိုးရက စဉ်းစားနေသည်ဟု ဆိုခဲ့သည့် ဤအစီအစဉ်ကို ယခုမှ အတည်ပြုနိုင်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံက စိတ်ဝင်စားသည့် ထိုင်း-မြန်မာ နယ်စပ် စခန်းများတွင် မြန်မာပြည်သား ဒုက္ခသည်များ၏ အရေအတွက်မှာ တသိန်းကျော် ရှိသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နိုင်ငံတို့တွင်လည်း မြန်မာပြည်သား ဒုက္ခသည် အများအပြား ရောက်ရှိနေသည်။

ဂျပန်သည် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ၏ အဓိက အလှူရှင် ဖြစ်သော်လည်း ဒုက္ခသည်များကို အိမ်ရှင်အဖြစ် လက်ခံရန် တုံ့နှေးနေသည့် အတွက် ဝေဖန်ခံနေရသည်။

လက်ရှိ အနေအနေတွင် ဂျပန်ရောက် မြန်မာပြည်အရေး လှုပ်ရှားသူအချို့သည် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများ၏ ခိုလှုံခွင့် တောင်းခံမှုပေါင်း ရှစ်ရာကျော်ရှိခဲ့ရာ ၄၁ ဦးခိုလှုံခွင့် ရခဲ့ပြီး ၈၈ ဦးမှာ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်တွင် နေထိုင်ခွင့်ရခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံတကာမှ ဒုက္ခသည်များကို ပြင်သစ်နိုင်ငံက ၁၀၉၀၀၊ ဗြိတိန်နိုင်ငံက ၆၃၀၀၊ အမေရိကန် ပြည်ထောင်စုက ၂၃၂၉၆ ဦး အသီးသီး လက်ခံခဲ့ကြသည်။

အာရှတိုက်မှ အရှေ့တီမောနိုင်ငံ၊ ဥရောပတိုက်မှ ချက်သမ္မတ နိုင်ငံတို့ကလည်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် အကျဉ်းကျနေသော ရခိုင်နှင့် ကရင်လက်နက်ကိုင် အဖွဲ့ဝင်များ ပြန်လည် လွတ်မြောက် လာသည့်အခါ ၎င်းတို့နိုင်ငံများတွင် ခိုလှုံခွင့်ပြုမည်ဟု သဘောတူ ထားကြောင်း မဇ္ဈိမသတင်းဌာန၏ ယမန်နေ့က ထုတ်ပြန်သော သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ အစိုးရ အဆက်ဆက်၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သား အများအပြား ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးလျက်ရှိသည်။

ဧရာတီ

Friday, December 19, 2008

သီးလေးသီး - ဟာသများ

နိုင်ငံတော်သံဃာနာယကဥက္ကဌထံသို့ မြဝတီရုပ်မြင်သံကြားမှ အခုလို မေးမြန်းလျောက်ထားခဲ့ပါတယ်။

၁။ “ရေဒီယို”နဲ့”ရုပ်မြင်သံကြား” ဘာကွာခြား သလည်းလို့မေးတယ်။ ဘုန်းဘုန်း မိန့်ကြားတာကတော့ “ရေဒီယို”မှာက “အနှောင့်အယှက်ကို အသံပဲကြားရတာ”။ အဲ ရုပ်မြင်သံကြား”မှာ ကျတော့ “အသံ”ရော မမြင်ချင်တဲ့သူတို့ မျက်နှာတွေကိုပါ မြင်နေရတယ်လို့ မိန့်တော်မှုလိုက်ပါတယ်။

၂။ ဧရာဝတီတိုင်းတွင် “နာဂစ်”အပြီး လယ်ယာများပြန်လည်စိုက်ပျိုးကြသည်။ ဤအချိန်တွင် လယ်ယာ စိုက်ပျိုး နေသော လယ်သမားဆီသို့ “ဝန်ကြီး”ရောက်ရှိလာပြီး “မိန့်ခွန်း”ခြွေလေသည်။ အို လယ်သမား အပေါင်းတို့သင်တို့ ဘာ မှမပူကြနဲ့တော့။ ကျွန်ုပ်တို့ရဲ့ ခြေထောက်တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်” ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေ တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်”ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေတစ်ဖက်ကတော့“ကွန်မြူနစ်စနစ်”ဆီကိုလှမ်းထားပြီးလက်ထဲမှာလည်း“မှုဝါဒလမ်းစဉ်(၇)ရပ်ကို” လည်း ကိုင်ထားတယ်။ ဤစကားကို ကြားရသောအခါ လယ်သမားပရိသတ်ထဲမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ “ဒီလိုခြေကားယား၊ လက်ကားယားအနေအထားနဲ့ ကျွန်တော်တို့ ဘယ်လောက် ကြာကြာ နေရဦးမှာလဲဟင်”။

၃။ ကျွန်တော်မြန်မာပြည်က အကြီးအကဲများကို လက်ဆောင်ပေးပို့ စတိုးဆိုင်သို့ရောက်လာခဲ့သည်။ ဈေးရောင်းသူကမေးပါတယ်။ ဘာအလိုရှိပါသလဲခင်ဗျာ။ ကျွန်တော်ကလူကြီးတွေကို လက်ဆောင် တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တယ်။ ရောင်းသူကရပါတယ်။ ဒါကလျှပ်စစ်မီးပူ၊ ဒါကတော့ လျှပ်စစ်မီးဖို။ အဲဒါကတော့ လျှပ်စစ်ကော်ဖီဖျော်စက်ပါ။ ကျွန်တော် လက်ဆောင်ပေးချင်တာက “လျှပ်စစ်ကုလားထိုင်” ခင်ဗျားတို့ဆီမှာမရောင်းဘူးလား။

စိန်သီး

သိသွားမှာစိုးလို့

မြန်မာနိုင်ငံ အကြီးအကဲဟာ ကျန်းမာရေး ရုတ်တရက် ချွတ်ယွင်းလာတာကြောင့် စင်္ကာပူနိုင်ငံဆေးရုံသို့ အရေးပေါ် တက်ရောက် ခဲ့ပါတယ်။

စင်္ကာပူအထူးကု ။ လူကြီးမင်းရဲ့ ကျန်းမာရေး အခြေအနေအရ မည်သည့် အရေးအရာကိုမှ မစဉ်းစားဘဲ တစ်လ လောက်အနားယူသင့်ပါတယ်။

အကြီးအကဲ ။ ဟာကျုပ်က အနားယူလို့ မဖြစ်သေးဘူး တစ်လမပြောနဲ့ တစ်ရက်တောင် နားဖို့ မလွယ်ဘူး။

စင်္ကာပူအထူးကု ။ အနားယူတယ်ဆိုတာ စိတ်ကျန်းမာရေးအတွက်ပါ။ အနားယူလိုက်ခြင်းအားဖြင့် ဦးနှောက်ပါ ကြည်လင်လန်းဆန်းသွားပါတယ်။ တစ်လဆိုတဲ့ အချိန်အတွင်းမှာ လူကြီးမင်း တစ်ယောက် အနားယူလိုက်လို့ လူကြီးမင်းတို့ရဲ့ နိုင်ငံစီမံကိန်းတွေ ပျက်မသွားပါဘူး။

အကြီးအကဲ ။ အဲဒါပေါ့ဗျ ခင်ဗျားပြောသလို ကျုပ်မရှိလည်း ဆက်လုပ်လို့ရသားပဲဆိုတာကို အခြားအဖွဲ့ ဝင်တွေသိသွားမှာစိုးလို့ မနားတာဗျ သိပလား။


သူ့ကြောင့်

မြန်မာနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးဟာ ရုတ်တရက် ကားအက်စီးဒင့် ဖြစ်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောကာ ငရဲပြည်သို့ရောက်လာ ခဲ့ပါတယ်။ ငရဲပြည်မှာ အစိုးရဖါး ဂျာနယ်အယ်ဒီတာကြီးကို အမှတ်မထင် တွေ့လိုက်ရတော့ အံသြသင့်ပြီး

ဝန်ကြီး ။ ငါကတိုင်းပြည်မှာ မဟုတ်တာ မမှန်တာတွေကိုပြောလို့ ငရဲရောက်ရတာ မင်းကဘာလို့ ဒီငရဲကိုရောက်ရ တာလဲ။

အယ်ဒီတာ ။ အဲဒါဝန်ကြီးကြောင့်ပေါ့ဗျာ။

ဝန်ကြီး ။ ဘာဆိုင်လို့တုန်း။

အယ်ဒီတာ ။ ဆိုင်တာပေါ့ ဝန်ကြီးပြောသမျှတွေကို ကျွန်တော်တို့က ပုံကြီးချဲ့ပြီးရေးပေးတယ်လေ။



မြန်မာနိုင်ငံရဲ့  အကြီးအကဲဟာ ကျန်းမာရေး ရုတ်တရက်ချွတ်ယွင်းမူကြောင့် စင်င်္ကာပူနိုင်ငံဆေးရုံသို့  အရေးပေါ်တင်လိုက်ရပါတယ်။ စင်င်္ကာပူနိုင်ငံအထူးကုဆရာဝန်ကြီးများက ဆေးဝါးကုသပေးရင်း သူတို့  အသစ်တီထွင်ထားတဲ့ အသိဉာဏ်မဲ့မှုနှင့်ခေါင်းမာမှုများ ကို ပျောက်စေ တဲ့ ထိုးဆေးတမျိုးကို မြန်မာနိုင်ငံအကြီးအကဲ နဲ့  စမ်းသပ်ဖို့  ဆုံးဖြတ်လိုက်ပြီး အသိဉာဏ်မဲ့မှုနှင့် ခေါင်းမာမှုပျောက်ဆေး ထိုးဆေးကိုမြန်မာ နိုင်ငံအကြီးအကဲကို ထိုးပေးလိုက်ပါတယ်။
ပါရဂူ(၁) ၉ဝ ရာခိုင်နူန်းတော့သေချာနေအောင် ကုပေးပြီးပြီ။
ပါရဂူ(၂) ၁ဝ ရာခိုင်နူန်းသေချာနေအောင်ဘယ်လိုကုရမလဲ။
ပါရဂူ(၁) သူရဲ့ ကုရိုးကုစဉ် အမူအရာတခုခုပြ မပြစောင့်ကြည့်သင့်တယ်။ သူအိပ်နေတုန်း မေတ္တာတရားသုတ်ခွေကိုဖွင့်ကြည့်လိုက်။ ဝုန်းကနဲထပြီး သေနတ်ထဆွဲရင် ကျွန်တော်ရဲ့  စမ်းသပ်ချက်က မအောင်မြင်ဘူးမှတ်။

တိရိစ္ဆာန်မို့ လို

မြန်မာနိုင်ငံရေးနှင့် ပတ်သတ်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ကိုယ်စလှယ် မစ္စတာ ဂန်ဘာရီ အားသတင်းထောက်များကတွေ့ ဆုံမေးမြန်းခဲ့ပါတယ်။

သတင်းထောက်။ ။ ဂန်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဖို့ အတွက် ဒေါ်အောင်ဆန်း စုကြည်အိမ်ရှေ့ မှာ ဟန်းစပီကာနဲ့  အော်ဟစ်ခဲ့ တာဟာ သံတမန်ရေးနဲ့  မညီညွတ်ဘူးလို့ ပြောကြပါတယ်။

ဂန်ဘာရီအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ မှာတော့ သွားအော်ဟစ်ခဲ့ ပြီး ဘာကြောင့်
ဦးသန်းရွှေရဲ့ အိမ်ရှေ့ မှာတော့ သွားပြီး မအော်ဟစ်ခဲ့ရတာကိုသိပါရစေ။

ဂန်ဘာရီ။ ။ လူတွေကို အော်ဟစ်ပြောဆိုလို့ ရပေမယ့် တရိစ္ဆာန် တွေကြတော့ ကြိမ်တို့ မှရမှာ
မို့ လို့ ပါ။

ငါတို့ က ပိုတော်တယ်

အာစီယံ အစည်းအဝေးတွင် အာစီယံ ၁၀ နိုင်ငံမှ ၀န်ကြီးချုပ်များက စွန့် ပြစ်ပစ္စည်း ပြန်လည်
အသုံးချရေးအစည်းအဝေးတွင် စင်္ကာပူ ၀န်ကြီးချုပ်က

စင်္ကာပူ။ ။ ကျနော်တို့ ဟာ မည်သူမှ မတွေးခဲ့တဲ့ စွန့် ပြစ်ပစ္စည်းတခုဖြစ်တဲ့ပီကေကနေ ကွန်ဒုံဖြစ်အောင် ဖန်တီးအသုံးချခဲ့ပါတယ်။

မြန်မာ ၀န်ကြီးချုပ်။ ။ အဲဒီကွန်ဒုံကိုရော ဘယ်လို ဆက်ပြီး အသုံးချသေးလည်းခင်ဗျာ

စင်္ကာပူ။ ။ မရှိတော့ပါဘူး။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းဖြစ်သွားပါပြီ။

မြန်မာ။ ။ ဒါဆိုကျနော်တို့ မြန်မာက ခင်ဗျာတို့ နောက်ဆုံးစွန့် ပြစ်ပစ္စည်း တွေကို ပြန်လည် အသုံးချလိုက်ပါပြီ။

စင်္ကာပူ။ ။ ဘယ်လို အသုံးချလိုက်ပါသလည်း။

မြန်မာ။ ။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းကွန်ဒုံတွေကို ပီကေအဖြစ်နဲ့ ပြန်လည်ထုပ်လုပ်နိုင်တာ မြန်မာပါ။

တစ်မှု့ တည်းနဲ့ ကြီးပါတယ်

နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။

ဇာဂနာ။ ။ မရှိပါဘူး။

တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။

နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။

ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။

တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။

ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။



အဲ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းပြည်သူ ပြည်သား တွေဟာ ထိုင်းအစိုးရကို စီတန်းလှည့်လည်ပြီး ဆန္ဒပြကြပါ တယ်၊ အဲဒီလို ဆန္ဒပြကြတဲ့နေရာမှာ ရှေ့ ဆုံးကနေပြီး တော့ ဘင်ခရာတီးဝိုင်းကတီးမှုတ်ပြီးတော့ ဆန္ဒပြကြပါတယ်။ လမ်းဆုံမီးပွိုင့်ရောက်တဲ့ အခါမှာ ယာဉ်ထိန်းရဲက နေထွက်လာပြီးတော့ ဆန္ဒပြသူများ အနှောင့်အယှက် မဖြစ် အောင် လို့  မော်တော်ယာဉ်များကိုတားဆီးပေးပါတယ်။ အဲဒါကို မြင်တော့ ကျွန်တော် က ယာဉ်ထိန်းရဲ အနားကို သွားပြီးတော့ ဆန္ဒပြတဲ့ ပြည်သူတွေကို အဟန့်  အတား၊ အနှောက်အယှက် မပေးဘဲနဲ့  အခုလို ကူညီတဲ့ ယာဉ်ထိန်းရဲကြီးရဲ့  စိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်လို့  ပြောလိုက်တော့ယာဉ်ထိန်းရဲ ကြီးက ဆန္ဒပြတဲ့ အထဲမှာပါရင်တစ်နေ့  ကို ဘတ် ၈၀၀ ရမယ်ဆိုလို့  ၀ိုင်းပြီးဆန္ဒပြနေတာပါတဲ့။
သီးလေးသီး website မှ ကူးယူဖော်ပြပါသည်။

အမေရိကားတွင်ဖျော်ဖြေမည့် သီးလေးသီး

Thursday, December 18, 2008

အာဆီယံ ဥပဒေရေးရာအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံတွင်း တရားရေးစနစ်ကို စစ်အစိုးရက နိုင်ငံရေး ဖိနှိပ်မှုတွေအတွက် အသုံးချနေတာကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေး လွတ်လပ်မှုအတွက် အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းအနေနဲ့ ဥပဒေရေးရာ အဖွဲ့ စေလွှတ်ဖို့ အမေရိကန်အခြေစိုက် Human Right Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ကြီးက အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ကတော့ ဒီတောင်းဆိုချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ပ့ါမလား.. မြန်မာနိုင်ငံတွင်းနိုင်ငံရေးစနစ်မပြောင်းလဲပဲ တရားရေးစနစ်လွတ်လပ်ဖို့ဆိုတာ ဖြစ်ပါ့မလား.. ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံကနေ တနေ့ကပဲ ထိုင်းနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းရဲ့ ထွက်ချက်တွေနဲ့ အခြားသူတို့ရတဲ့ အခြေအနေတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုမရှိတဲ့အပေါ် အာဆီယံဆိုတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ၀င်ရောက်ကိုင်တွယ်ဖို့ အကြံပြုတာဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တောက်လျှောက် ဖမ်းဆီးထောင်ချခံနေရတဲ့ လှုပ်ရှားတတ်ကြွသူတွေအပေါ် တရားကြားနာမှုတွေ စီရင်မှုတွေကို စောင့်ကြည့် စစ်ဆေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံအသင်းကြီးအနေနဲ့ မကြာခင်ကပဲ အာဆီယံပဋိဥာဏ်စာတမ်းကို အတည်ပြုခဲ့နိုင်ပြီမို့ - အာဆီယံမှာ ဒီလို လုပ်နိုင်တဲ့ အတိုင်းအတာရှိတယ်လို့ Human Rights Watch မြန်မာရေးရာကျွမ်းကျင်သူ David Mathieson က ပြောပါတယ်။


အာဆီယံပဋိဥာဏ်စာချုပ်ထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လုပ်နိုင်ချေနည်းလမ်းအချို့ရှိပါတယ်။ အထူးသဖြင့် အာဆီယံလူ့အခွင့်အရေးအဖွဲ့ ဖွဲ့ဖို့ကိစ္စ ဒီသဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။ ဒီနေရာမှာ အာဆီယံအုပ်စုကြီးအတွက်ရော ဒီပဋိဥာဏ် စာချုပ်အတွက်ပါ မြန်မာနိုင်ငံကိစ္စဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ပါ။ ဒီတော့ စစ်အစိုးရက ပြောပြောနေတဲ့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေ ကာလမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို တရားရေး စနစ်သုံးပြီး ဖိနှိပ်နေတဲ့အပေါ် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေး ခြေလှမ်းတခုနဲ့ တုန့်ပြန်နိုင်ပါတယ်။

မကြာခင် ကာလတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တာနားကလည်း မြန်မာနိုင်ငံမှာ တရားရေးစနစ်ဆိုင်ရာ အပြောင်းအလဲတွေလုပ်ဖို့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ အကြံပြုတိုက်တွန်းပါတယ်။ အခုလို မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးရှေ့နေတွေကိုယ်တိုင် ထောင်တန်းကျ ထွက်ပြေးရတဲ့အခြေအနေဟာ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ သရုပ်သကန်ပဲလို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အာဆီယံတင်မဟုတ်ပဲနဲ့ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေကရော တစုံတရာ အရေးယူ ဖြေရှင်းပေးနိုင်မယ့် အလားအလာ ရှိပါသလား။ Mr.David Mathieson ကို မေးကြည့်ပါတယ်။


ဒီကိစ္စကလည်း ပြည်တွင်း ဥပဒေဆိုင်ရာ ကိစ္စတွေဖြစ်နေတာ့ နိုင်ငံတကာအနေနဲ့ အများကြီးတော့ လုပ်မပေးနိုင်ပါဘူး။ နိုင်ငံတကာက အကောင်းဆုံးလုပ်နိုင်တာကတော့ အခု တရားရေးမမျှတတာတွေ အပြင်းအထန် တုန့်ပြန်ပြောဆိုဖို့လိုပါတယ်။ ပြည်တွင်းဥပဒေဆိုပေမယ့် ဒီဥပဒေတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်လို့ မရပါဘူး။ ဥပဒေတွေ တရားရေးစနစ်တွေကို နိုင်ငံရေး ဖိနှိပ်မှုအတွက် အသုံးချတာ မလုပ်သင့်ပါဘူး။

အခုလို လူ့အခွင့်အရေးအဖွဲ့ကြီးကနေ အာဆီယံကနေ ဥပဒေအဖွဲ့လွှတ်ဖို့ တိုက်တွန်းတဲ့အပေါ် မကြာခင်ကပဲ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာရတဲ့ လူ့အခွင့်အရေးရှေ့နေ ကိုစောကျော်ကျော်မင်းရဲ့ သဘောထားကိုမေးကြည့်ပါတယ်။

အာစီယံကနေ ဥပဒေအဖွဲ့ တဖွဲ့သွားမယ်ဆိုရင် ကောင်းပါတယ်။ အဲဒီ ဥပေဒအဖွဲ့ဟာ လွတ်လွတ်လပ်လပ်နဲ့ တရားရေးရာတွေကို ကြည့်ရှု စစ်ဆေးခွင့်ရမယ်ဆိုရင် ကောင်းပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက ဦးအောင်တိုးတို့အပါအ၀င် တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့၊ တရားရေးအဖွဲ့တို့ဆီကို သွားပြီး တရားရေး လွတ်လပ်ခွင့်ရှိလာဖို့ ဖိအားပေးမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။

တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ဆီသွားရင် တရားစီရင်ရေးစနစ်က လွတ်လွတ်လပ်လပ်ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တမ်း တရားရေး စနစ်ကို အဓိက စွတ်ဖက်နေတာက အုပ်ချုပ်ရေး စနစ်က ၀င်ရောက်စွက်ဖက်နေတာဆိုတော့ အစိုးရကိုပဲ ပိုပြီး ဖိအားပေးရမယ်လို့ မြင်ပါတယ်။

အခုလို ကိုစောကျော်ကျော်မင်းတို့လို့ လူ့အခွင့်အရေး ရှေ့နေတွေတောင် တိန်းရှောင်ထွက်လာရတယ်ဆိုတော့ နောက်ပိုင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့သူတွေအတွက် ရှေ့နေ၊ ရှေ့ရပ်တွေရော ရှိနိုင်ပါဦးမလား။

တကယ်ပဲ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေကို လေးစားတယ်။ ကိုယ်ချင်းစားတဲ့ ရှေ့နေတွေ အနည်းအပါးတော့ ရှိပါသေးတယ်။ ဒါပေမယ့် ရှေ့နေအသစ်တွေက လိုက်ပါဆောင်ရွက်လိုတဲ့စိတ်တွေ မရှိတော့ဘူး အများကြီးပဲ နောက်ဆုတ်ကုန်တယ်ဆိုတာကတော့ ကျွန်တော် သိထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်းကပဲ လူ့အခွင့်အရေးရှေနေ့အချို့ တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ဖမ်းဆီးထောင်ချခံရပါတယ်။ ကိုစောကျော်ကျော်မင်းဟာလည်း ထောင်ဒဏ် ၆လ မျက်ကွယ် အမိန့်ချခံထားရပါတယ်။ ဒါကြောင့်လည်း သူဟာ မြန်မာနိုင်ငံမှာ နေလို့မဖြစ်တော့ပဲ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာတာလို့ ဆိုပါတယ်။

http://www.voanews.com/burmese/2008-12-17-voa5.cfm

နှစ်ရှည်ထောင်ချ၊ နယ်ပို့ခံရသူများ အတွက် မေးမြန်းခြင်း






















ဦးကိုကိုအောင် (RFA) တင်ဆက်သည်

Wednesday, December 17, 2008

မြန်မာ့အရေး အီးယူနဲ့ဂျပန် ပုံမှန်ဆွေးနွေးဖို့ သဘောတူ

မြန်မာနိုင်ငံအရေး တိုးတက်မှုတွေရှိလာအောင် အီးယူ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ အကြား ပုံမှန်ဆွေးနွေးတိုင်ပင်သွားမယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero
Fassino) က ကြေညာချက် ထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံခရီးစဉ်ကအပြန် အခုလို ကြေညာချက် ထုတ်ပြန်တာပါ။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာဖက်ဆီနိုဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တနင်္လာနေ့က ဂျပန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး နိုဘန်ဟိဒေး မိုင်နိုရီကာဝါ (Nobuhide Minorikawa) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီးကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား
လူမျိုးစုတွေအကြား စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့
အရေးကြီးနေပြီဆိုတာကို မစ္စတာဖက်ဆီနိုက ဂျပန်နိုင်ငံနဲ့ သဘောတူ ဆွေးနွေးခဲ့
တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ရှေ့လာမယ့်နှစ်နှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင်
နိုင်ငံ ဖြစ်ပါတယ်။ ဒီလို လုံခြုံရေးကောင်စီမှာ အမြဲတမ်းမဟုတ်တဲ့ အလှည့်ကျအဖွဲ့ဝင်
အဖြစ် ပါဝင်ခွင့်ရတဲ့အချိန် အာရှရဲ့ အဓိကနိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ အီးယူအကြား မြန်မာ
နိုင်ငံအရေး လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာကို မစ္စတာ ပီယာရို ဖက်ဆီနို
က အလေးအနက် ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ဒီလိုအရေးကြီးတဲ့အတွက် အီးယူနဲ့ ဂျပန်နိုင်ငံအကြားမှာ မြန်မာနိုင်ငံ့အရေး ပုံမှန်
ဆွေးနွေးတာတွေ လုပ်မယ်လို့ ပြောတာဖြစ်ပါတယ်။

အန်စီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ဥရောပရေးရာရုံး ညွှန်ကြား
ရေးမှူး ဦးနွယ်အောင်ကတော့ မစ္စတာဖက်ဆီနိုရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို
ကြိုဆိုပါတယ်။ ဂျပန်အပြင် တခြားအရေးကြီးတဲ့ အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပြီး
မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ သူတို့အနေနဲ့ အကြံပေးထားတယ်
လို့ ပြောပါတယ်။

"မစ္စတာဖက်ဆီနိုက ဒီလို ဂျပန်နိုင်ငံနဲ့ သွားပြီးဆွေးနွေးတာကို အပြုသဘောမျိုး
ဆွေးနွေးတယ်၊ အကောင်းဘက်ကနေ ကျနော်တို့ မြင်ပါတယ်။ ဂျပန်အစိုးရဟာလည်း
သူတို့ လုံခြုံရေးကောင်စီ ရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် လုပ်လိမ့်မယ်လို့
ကျနော်တို့ မျှော်လင့်တယ်။ မစ္စတာဖက်ဆီနိုကိုလည်း ကျနော်တို့ တွေ့တိုင်းတွေ့တိုင်း
အမြဲ Request လုပ်ပါတယ်။ အာရှကိုလာတဲ့အခါ ဂျပန်၊ အိန္ဒိယ၊ တရုတ်တို့နဲ့ ကျနော်တို့
မြန်မာနိုင်ငံအတွက် Positive Result ထွက်အောင် ဆောင်ရွက်ပေးဖို့ကို ပြောတဲ့အခါမှာ
နောက်ဆုံး ဘရပ်ဆဲလ်မှာ တွေ့တုန်းကလည်း သူ့ကိုပြောခဲ့တဲ့အခါ သူက လက်ခံပါ
တယ်။

"အီးယူရဲ့ကိုယ်စားလှယ်လည်းဖြစ်၊ မစ္စတာဖက်ဆီနိုဟာ မြန်မာနိုင်ငံရဲ့ အရေးကိုလည်း
အရင်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ရဲ့တိုက်တွန်းချက်တွေ၊ သူ့ရဲ့
တောင်းဆိုချက်တွေကို ဂျပန်နိုင်ငံတို့၊ အာဆီယံနိုင်ငံတွေက နားထောင်ပြီး ဆောင်ရွက်
စရာရှိတာတွေကို ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မစ္စတာ
ဖက်ဆီနိုက ဒီ့အပြင် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတောင်မှ မြန်မာ
ပြည်ကိုသွားဖို့ လိုတယ်လို့ ထည့်ပြောတဲ့အတွက် သူ့ရဲ့ Statement ကို ကျနော်တို့ ကြိုဆို
ပါတယ်။"

ဂျပန်နိုင်ငံကအပြန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ
ဥရောပနိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနိုက ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကိုသွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ တွေ့ဆုံ
ဆွေးနွေးရေး ပေါ်ပေါက်လာဖို့အတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုပြီး မစ္စတာ
ပီယာရို ဖက်ဆီနိုက ပြောဆိုပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံကို သွားမယ်ဆိုရင် ခရီးစဉ်တွေအတွင်း
အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေရှိမှသာ သွားရောက်မယ်၊ ဒီလို တိုးတက်မှုတွေရှိနိုင်မယ့်
အချိန်အခါကို စောင့်နေတယ်လို့ ပြောပါတယ်။
မစ္စတာ ပီယာရို ဖက်ဆီနိုကတော့ အတွင်းရေးမှူးချုပ်ရဲ့ ပုဂ္ဂိုလ်ရေးအရ အစပျိုး
ဆောင်ရွက်မှုတွေဟာ မြန်မာ့အရေးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း၊
အတွင်းရေးမှူးချုပ်အနေနဲ့ စနစ်တကျ ပြင်ဆင်မှုတွေလုပ်ပြီး မြန်မာနိုင်ငံကို သွားသင့်
တဲ့အကြောင်း အကြံပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

မျိုးချစ်မြန်မာ

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ


Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။
၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င်
အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း
ထောင်ဒဏ် ၅နှစ် မတရားချမှတ်ခံလိုက်ရပြီး မကြာသေးခင်ရက်ပိုင်းကပဲ
ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချခံလိုက်ရတာဖြစ်ပါတယ်။
ရှေ့ရှေ့ က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့
GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း
ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်းကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"

Tuesday, December 16, 2008

အတိုက်အခံဒီမိုကရက်တစ်ပါတီမှ အဘီဆစ် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ

ထိုင်းနိုင်ငံ အစိုးရအိမ်တော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ချိုင်ချစ်ဒ်ချော့ဘ်က ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်အသစ်အဖြစ် အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်ဖြစ်သူ အဘီဆစ်ဘက်ဂျီဗာအား ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ ဗြိတိန်နိုင်ငံဖွား အဘီဆစ်သည် မဲအရေအတွက် (၂၃၅)မဲအထိ ရရှိခဲ့ခြင်းနှင့်အတူ (၁၉၈)မဲသာရသော ပရာချာပရိုနော့ခ်ကို ဖြတ်ကျော်အသာရခဲ့သည်။ အိမ်တော်အစည်းအဝေးက ယခုရလဒ်အား အတည်ပြု ကြေညာပြီးနောက် အောင်မြင်စွာ ရုတ်သိမ်းသွားခဲ့သည်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ မနက်ပိုင်းတွင် အဘီဆစ်တစ်ယောက် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီဆိုသော သတင်းမှာ ထိုင်းတစ်နိုင်ငံလုံး ပြန့်နှံ့သွားခဲ့သည်။ နိုင်ငံရေး အကဲခတ်များက သက်ဆင်၏ သြဇာခံအစိုးရမျှသာဖြစ်ကြောင်း စွပ်စွဲချက်များနှင့် အပြင်းအထန် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည့် ဆွန်ချိုင်းလက်ထက်ကဲ့သို့ နိုင်ငံရေး ရှုပ်ထွေးမှုများ ယခုအချိန်တွင် ချုပ်ငြိမ်းသွားရန် မျှော်လင့်လျက်ရှိကြသည်။ နယူးကာဆယ်လ်တွင် ထိုင်းမိဘနှစ်ပါးမှ မွေးဖွားခဲ့သူ အဘီဆစ်သည် အသက်(၄၄)နှစ်ရှိပြီဖြစ်ပြီး အီတွန်နှင့် အောက်စ်ဖို့ဒ်တို့တွင် ပညာသင်ကြားခဲ့သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အာဏာအား ယာယီထိန်းသိမ်းထားသည့် ဆွန်ချိုင်း၏ (PPP)ပါတီအနေနှင့် နိုင်ငံရေးလောကမှ (၅)နှစ်တာ ကင်းကွာရမည့် တရားရုံးချုပ် အမိန့်အား စတင်သက်ရောက်မှု ကြုံရတော့မည်ဖြစ်သည်။ ဒီမိုကရက်တို့အနေနှင့် အဘီဆစ်၏ အောင်မြင်မှုအတွက် အလွန်ဝမ်းမြောက်နေကြကြောင်း သတင်းများရရှိခဲ့သည်။

http://www.planet.com.mm/news/index.cfm/linkpage/desc/id/11390

ဝရမ်း ထုတ်ခံရသူ နိုင်ငံရေး ရှေ့နေ ထိုင်းနယ်စပ်သို့ တိမ်းရှောင်

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးဆိုင်ရာ အမှုများကို လိုက်ပါဆောင်ရွက်ပေးရင်းက စစ်အစိုးရ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသူ လူငယ် ရှေ့နေ စောကျော်ကျော်မင်းသည် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာသည်။

စောကျော်ကျော်မင်းအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဟု ဆိုကာ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေခဲ့သည်။

"တရား စီရင်ရေး စနစ်မှာ ထောင်ကျခံလိုက်မယ် ဆိုလို့ရှိရင် ကျနော့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးပေါ့။

ဒီဘက် ရောက်လာတယ်ဆိုရင် ဘာပဲပြောပြော အနည်းအကျဉ်းတော့ လိုက်ကိုင်ဆောင်ရွက်လို့ ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရောက်လာခြင်း ဖြစ်ပါတယ် " ဟု အသက် ၂၉ နှစ်အရွယ် စောကျော်ကျော်မင်းက မဇ္ဈိမကို ပြောသည်။

ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ရန် တောင်းဆိုဆန္ဒပြခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှိုင်သာယာမြို့နယ်အဖွဲ့ဝင် ကိုသန့်ဇင်မျိုးပါ ၁၁ ဦး၏ အမှုကို ခုခံလျှောက်လဲပေးနေစဉ် တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"ကာယကံရှင် အမှုသည်တွေ ကိုယ်တိုင်က ပြုမှုလုပ်ဆောင်နေတဲ့ အတွက် ကျနော်တို့ အနေနဲ့ ဘာမှ ၀င်ရောက်ပြောဆိုခွင့် မရှိဘူးလို ပြောလိုက်တာတင် အဲဒီလိုပြောတာကို အခြေခံပြီးတော့ ကျနော်တို့ကို မြောက်ပိုင်း ခရိုင် တရားရုံးက လှိုင်သာယာမြို့နယ် တရားသူကြီးက တရားလိုလုပ်ပြီးတော့ တရားစွဲတာ ဖြစ်ပါတယ် " ဟု စောကျော်ကျော်မင်းက ပြောသည်။

သူနှင့်အတူ တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသူ ကိုညီညီထွေးကတော့ ထောင်ကျခံသွားရသည်။ ရှေ့နေများအတွက် အမိန့်ချမှတ်မည့် တရားခွင်သို့ စောကျော်ကျော်မင်းက မတက်ရောက်ဘဲ တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အမှုသည်များလည်း အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

စောကျော်ကျော်မင်းသည် စစ်အစိုးရက စွဲဆိုထားသော အတိုက်အခံ နိုင်ငံရေးအမှုသည် ၂၀ ခန့်အတွက် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

စစ်အစိုးရ မျက်မုန်းကျိုး အပြစ်ပေးခံရသော အခြားသော အတိုက်အခံ ရှေ့နေနှစ်ဦးမှာ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ဖြစ်ပြီး အလားတူ စွဲချက်များဖြင့် ထောင်ဒဏ် ၄ လ စီ ချမှတ်ခံခဲ့ရပြီး နယ်ထောင်များတွင် ကျခံနေရသည်။

Sunday, December 14, 2008

ရန်ကုန်က ယုဇနပလာဇာ မီးလောင်

ဒီနေ့ညနေ ၆နာရီလောက်က ယုဇနပလာဇာ အောက်ထပ် TRI Fashion လက်ကားဆိုင်နားမှာ မီးလောင်တယ် လို့ကြားရပါတယ် ဆိုင်ခန်းလေးခန်းမီးထဲပါသွားပါတယ်။

ဝါယာရှော့ခ်ကြောင့် မီးလောင်တာလို့သိရပါတယ်။ယခုလတ်တလောရက်တွေမှာ ရန်ကုန်မှာမီးအရမ်းပျက်ပြီး
လာချင်တဲ့အချိန်ပြန်လာ ပျက်ချင်တဲ့အခါပျက်တတ်တာမို့ မီးမပျက်ခင်ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ဖို့မေ့လျော့တတ်ကြပြီး မီးပြန်လာတဲ့အခါ ရှော့ခ်ဖြစ်ပြီးမီးလောင်တာမျိုးလို့ပြောသံကြားရပါတယ်။

ခြောက်သွေ့တဲ့ရာသီလည်းရောက် လျှပ်စစ်မီးကလည်းမမှန်တဲ့အတွက် မီးပျက်တဲ့အချိန်ဆို အစစအရာရာသတိထားကြဖို့လိုပါတယ်။ ဖယောင်းတိုင်ထွန်းတာ၊ ဟင်းချက်တာကအစ ဂရုစိုက်ဖို့လိုပါတယ်။ မတော်တဆမီးလောင်ခဲ့ပြန်ရင်လည်း မြန်မာပြည်ရဲ့ထုံးစံအတိုင်း မီးသတ်ကားက ပြာကျမှပဲရောက်လာတတ် တာမို့ ခုလိုအချိန်မျိုးဆို ပြည်သူတွေမှာ ရင်တထိတ်ထိတ်ဖြစ်နေကြရတတ်ပါတယ်။

သူငယ်ချင်းတယောက်မှ ပေးပို့ပါသည်။

" နိုင်ငံရေးဆိုတာ ဘာလဲ"

အင်္ဂလန်က မူလတန်းကျောင်းသားလေးက ကျောင်းမသွားမီ အဖေဖြစ်သူအား " နိုင်ငံရေးဆိုတာ ဘာလဲ"ဟုမေးလိုက်သည်။ အဖေက " ကောင်းပြီ၊ ဖေဖေအလွယ်ဆုံးနည်းနဲ့ရှင်းပြမယ်၊ ဖေဖေက ဒီအိမ်မှာ အဓိကငွေရှာတယ် တာဝန်အရှိဆုံးဆိုတော့ တိုနီဘလဲပေါ့၊ သားရဲ့မေမေက ဖေဖေရှာလို့ရတဲ့ငွေကို စီမံခန့်ခွဲ၊ အိမ်ကို ထိန်းသိမ်းရတယ်ဆိုတော့ ဂေါ်ဒွင်ဘရောင်းပေါ့။ ဖေဖေတို့က သားတို့လိုအပ်တာတွေကိုပေးရ သားတို့က ဖေဖေတို့ရဲ့ ကြည့်ရူစောင့်မှုတွေကိုခံရတော့ သားက ပြည်သူပေါ့၊ ဖေဖေတို့အိမ်ကအိမ်ဖော်ကိုတော့ အလုပ်သမားလူတန်းစားပေါ့၊ သားရဲ့ ညီလေးကိုတော့ တိုင်းပြည်ရဲ့ အနာဂတ်လို့ခေါ်တာပေါ့၊ ဖေဖေပြောတာ သားနားလည်ပြီလား "ပြောသည်။

ကျောင်းသားလေးက" အင်း---သား သိပ်နားမလည်သေးဘူး။ စဉ်းစားကြည်ဦးမယ် " ဟုဆိုကာ ကျောင်းသို့သွားလေသည်။

ထိုညတွင် ညီလေး၏ ငိုသံကြောင့် ကျောင်းသားလေး အိပ်ယာကနိုးထလာပြီး ဘာဖြစ်သလဲဟုဆိုကာ သွားကြည့်ရာ သေးစိုရွှဲနေသည်ကို တွေ့ရသည်။ အဖေနှင့်အမေ အိပ်ခန်းသို့သွားကြည့်သောအခါ အမေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ အိမ်ဖော်အခန်းသို့သွားရာ အသံကြားသဖြင့် သော့ပေါက်မှချောင်းကြည့်ရာ အဖေနှင့် အိမ်ဖော်တို့အိပ်ယာပေါ်တွင် အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။ တံခါးခေါက်သောလည်း နှစ်ယောက်စလုံးမကြားကြပေ။ ထိုအတွက် ကျောင်းသားလေးလည်း သူ့အခန်းသို့ပြန်လာကာ အိပ်လိုက်သည်။ မနက်မိုးလင်းသောအခါ အဖေ့ကို "နိုင်ငံရေးဆိုတာ သားနားလည်ပြီ "ဟုပြောလိုက်သည်။

ကျောင်းသားလေးက " တိုနီဘလဲက အလုပ်သမားလူတန်းစားကို လုံးထွေးနေချိန်မှာ ဂေါ်ဒွင်ဘရောင်းက အိပ်ပျော်နေတာ ဟောက်သံတောင်ထွက်တယ်၊ ပြည်သူတွေဟာ လုံးလုံးလစ်လျူရှုခံနေရပြီး၊ တိုင်းပြည်အနာဂတ်ကတော့ ဒုက္ခနဲ့ လုံးချာလိုက်နေတယ် " ဟုပြောလိုက်ရာ ဖခင်ဖြစ်သူလည်း ဘာမှမပြောနိုင်ပဲ ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့လေသည်။

SAW အဖွဲ့မှ နိုင်ငံတကာ ကလေးကူသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကျင်းပ


SAW အဖွဲ့မှ ကူးယူဖော်ပြပါသည်။

နှမလက်လျှော့ နေလေတော့

mr. Creator

အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော်


Saturday, December 13, 2008

ဒေါ်စန္ဒာဝင်းပြန်လွတ်ပြီ


ကွယ်လွန်သွားခဲ့တဲ့ အာဏာရှင်ဦးနေ၀င်းရဲ့ သမီး ဒေါ်စန္ဒာဝင်း အသက် (၅၆)ဟာ မနေ့ကပြန်လွတ်လာခဲ့ပါတယ်။သူမနဲ့အတူအဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ခင်ပွန်း အေးဇော်ဝင်း(၆၀)နှစ် ၊ သား များဖြစ်တဲ့ အေးနေ၀င်း(၃၁)နှစ်, ကျော်နေ၀င်း (၂၉)နှစ်၊ ဇွဲနေ၀င်း (၂၇)နှစ် တို့က အခုထက်ထိ အင်းစိန်ထောင်ထဲမှာရှိနေပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါ။

ဒေါ်ခင်စန္ဒာဝင်းဟာ အာဏာရှင်ဖခင်ဦးနေ၀င်းရဲ့ အရှိန်အ၀ါနဲ့ စစ်တပ်ကို အသုံးချပြီးဗိုလ်ခင်ညွန့်နဲ့ အတူ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူလူထုကို အဆိပ်ခတ်မှု၊ တိုင်းပြည်ဆူပူမှုဖြစ်အောင် ဂိုဒေါင်ဖောက်ခြင်း၊ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ဒေါ်ခင်စန္ဒာဝင်း ဟာနေအိမ်အကျယ်ချုပ်ဘ၀ဖြင့် အဖမ်းဆီးခံနေစဉ်အတောအတွင်းမှာဘဲ အာဏာရှင်ဦးနေ၀င်းဟာ ဒီဇင်ဘာလ (၅)ရက်၊၂၀၀၂ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

၂၀၀၈၏အပြောင်မြောက်ဆုံးဓါတ်ပုံ


















ယာဉ်တိုက်မှုကင်းမဲ့ဇုံ ဆိုင်းဘုတ်ကို ၀င်တိုက်လိုက်တဲ့ ဘတ်စ်ကား

ဂျပန်နိုင်ငံ နာဂိုယာမြို့ တွင် လမ်းလျှောက်ချီတက်မည်။

မျိုးချစ်မြန်မာများ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ နယ်မြေ) မှ ဦးစီး၍ မတရားဖမ်းဆီး ထောင်ချခံနေရသော နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွှတ်ပေးရေး၊ ဂျပန်အစိုးရမှ ပိုမိုဖိအားပေး ဆောင်ရွက်ရန်အတွက် နာဂိုယာမြို့တွင် ဂျပန်ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်းကာ လမ်းလျှောက်ချီတက် ဆန္ဒပြကြမည်ဖြစ်ပါမည်။

• နေ့စွဲ - ၁၄.၁၂.၂၀၀၈ (တနင်္ဂနွေနေ့)

• ဂျပန်စံတော်ချိန် ၁၃း၀၀ နာရီ မှ ၁၅း၀၀ နာရီ အထိ

ဆက်သွယ်ရန် -

ရဲတင် (+၈၁ ၈၀ ၃၆၂၈၉၉၇၉)။

သန်လျင်နည်းပညာကျောင်းမှာ သင်တန်းတက်ခွင့်ရမယ်ဆိုရင်

သန်လျင်နည်းပညာကျောင်းမှာ သင်တန်းတက်ခွင့်ရမယ်ဆိုရင်
Generation Wave's Annual Report To Public 2008 Oct 9.pdf
PDF * 657 KB

ပေးပို့သူ။ ။မိုးသွေး

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)