Saturday, January 31, 2009

၇ ကြိမ် ၇ လီ ဂန်ဘာရီ

၇ ကြိမ် ၇ လီ ဂန်ဘာရီ
(ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနိုင်

Gmail New Feature "Offline Support"

Gmail New Feature "Offline Support"

http://mbl0gger.net/မှ ကူးယူဖော်ပြပါသည်။

Gmail ရဲ့ လူတောင်းဆိုခံရမှု အများဆုံး ဖြစ်တဲ့ Offline Support ခေါ်တဲ့ Feature အသစ် ထွက်ရှိလာပါတယ်။ လတ်တလော စမ်းသပ် သုံးစွဲနိုင်သော အဆင့် (LabVersion) ဖြစ်ပြီး မကြာခင်မှာ အပြည့်အစုံ အသုံးချနိုင်တဲ့ အဆင့် (Full Version) ဖြစ်အောင် တိုးတက်မွမ်းမံ ထုတ်လုပ်သွားမယ်လို့ Google Officiail Blog ရဲ့ ကြေညာချက်အရ သိရှိရပါတယ်။

လူသုံးများ၊ လူကြိုက်များလှတဲ့ Google ရဲ့ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Gmail Services ကို ဒီ Offline Support စနစ် အသုံးပြုပြီး ဝင်းဒိုးစ် စနစ်မှာပါတဲ့ Microsoft Outlook Email လိုပဲ အင်တာနက် ကွန်နက်ရှင် မရှိပေမယ့်လည်း မိမိ အီးမေးလ်တွေကို ဖတ်ရှုနိုင်ခြင်း၊ အီးမေးလ် အသစ်ဖန်တီးနိုင်ခြင်းနှင့် မိမိ အီးမေးလ်များ အားလုံးကို မိမိ ကွန်ပြူတာ စနစ် အတွင်း သိမ်းဆည်းထားနိုင်ခြင်း စတာတွေကို လုပ်ဆောင် နိုင်ပါလိမ့်မယ်။

ယခင်ကတော့ မိမိ ရဲ့ Gmail Account အတွင်းမှာ ရှိတဲ့ ဝင်စာ၊ ထွက်စာ နှင့် တကွ အားလုံးသော Attachments File များ စတာတွေ အားလုံးကို Google Webserver တွေပေါ်မှာပဲ သိမ်းဆည်းထာခဲ့တာ ဖြစ်ပြီး ယခု Gmail Offline Support စနစ်ကို မိမိ ရဲ့ Account တစ်ခု အတွင်းမှာ အသုံးပြုမယ် ဆိုရင်တော့ ထို Email Account အတွင်းကို အီးမေးလ် တစ်စောင် ဝင်တိုင်း၊ ထွက်တိုင်း၊ ဖျက်သိမ်းတိုင်း မှာ မိမိစက်ထဲမှာ ရှိတဲ့ အီးမေးလ် ဆာဗာနဲ့ အချိန်ကိုက်ချိတ်ဆက်ပြီး တစ်ချိန်တည်းမှာပဲ အရေအတွက် တိုးခြင်း၊ လျော့ချခြင်း စတာတွေကို Synchronize လုပ်ပေးသွားရုံမျှ မက မိမိရဲ့ အီးမေးလ် အားလုံးတို့နဲ့ တစ်ကွ Attachment ဖိုင်များအားလုံး တို့ကိုလည်း မိမိ စက်အတွင်းမှာ ဒေါင်းလုဒ်လုပ် လုံလုံခြုံခြုံ သိမ်းဆည်း ထားနိုင်ပါပြီ။ နောက် အကြောင်းကြောင်းကြောင့် မိမိ မိမိကွန်ပြူတာမှာ အင်တာနက် ကွန်နက်ရှင် မရှိတုန်း ရေးထားတဲ့ အီးမေးလ် အသစ်တွေကိုလည်း သိမ်းဆည်းထားနိုင်ပြီး အင်တာနက် ကွန်နက်ရှင် ရှိတာနဲ့ တစ်ပြိုင်နက် မိမိ ပေးပို့လိုတဲ့ သူဆီ အရောက် ပို့ပေး နိုင်ဦးမှာပါ။

ဒီ Gmail Offline Support စနစ်က တစ်ကယ်တော့ Browser Base Web Application တွေကို အဓိက ပစ်မှတ်ထား ထုတ်လုပ် ခဲ့တဲ့ Google ရဲ့ Opensource Software တစ်ခုဖြစ်တဲ့ Google Gear ကို အသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ Web Base Application တွေ အတွက် Common Files တွေကို အလိုအလျောက် ဒေါင်းလုဒ်ချပြီး Browser Base Local Server ကနေ တစ်ဆင့် မိမိ ကွန်ပြူတာ အတွင်းမှာ သိမ်းဆည်း ထားနိုင်စေတဲ့ ဒီ Google Gear ကို WordPress ကဲ့ သို့သော ကြီးကျယ် ထင်ရှားတဲ့ Blogging Platform Software တွေမှာလည်း အသုံးပြုကြပါတယ်။

လက်ရှိ Gmail ရဲ့ Offline Support စနစ် ကို မိမိ Email Account မှာ တပ်ဆင် အသုံးပြုဖို့ အတွက် အောက်ပါ အဆင့်များ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။

အဆင့်(၁)

Offline Support စနစ် အသုံးပြုလိုတဲ့ Gmail Account အတွင်းကို ဝင်ပါ။ မိမိ အကောင့်ထ် အတွင်းကို ရောက်တာနဲ့ Gmail ရဲ့ညာဘက် အပေါ်ထောင့်မှာ ရှိတဲ့ “Setting ” ဆိုသည်ကို ကလစ်ပါ။ “Setting” အောက်မှာ ပါတဲ့ Tab များထဲမှ “Lab” ဆိုသော Tab ကို ဆက် ကလစ်ပါ။ အောက်ပါ ပုံစံ အတိုင်း ဖြစ်ပါလိမ့်မယ်။

Gmail Offline Support - 01

Gmail Offline Support - 01


အဆင့် (၂)

ဒုတိယ အဆင့် အနေနဲ့ Lab Tab အောက်မှာ အောက်ပါ အတိုင်း Lab Features တွေများစွာ ရှိတဲ့ အနက်မှ အပေါ်ဆုံးမှာ ရှိတဲ့ Offline ဆိုတဲ့ Feature ဘေးမှ Enable ဆိုတဲ့ Radio icon ကို ဆက် ကလစ်ရပါမယ်။ ကလစ်ပြီးတာနဲ့ ဝဘ်ပေ့ခ်ျ အောက်ဆုံးကို Scroll Down ဆွဲဆင်းပြီး “Save Changes” ဆိုတာကို ကလစ်လုပ်ပါ။

Gmail Offline Support - 02

Gmail Offline Support - 02


အဆင့် (၃)

“Save Changes” ကို ကလစ်ပြီးတာနဲ့ မိမိရဲ့ Gmail User Interface Windows ညာဘက် အပေါ်ထောင့်မှာ အောက်ပါ အတိုင်း “Offline0.1″ ဆိုတဲ့ Offline Support အတွက် Internal Link တစ်ခု ကို ထပ်တွေ့ရပါမယ်။


Gmail Offline Support - 03

Gmail Offline Support - 03


အဆင့် (၄)

အထက်ပါ “Offline0.1” ဆိုတာကို ဆက်ကလစ် ပါမယ်။ အောက်ပါအတိုင်း PopUp Windows တစ်ခု တက်လာပါမယ်။

Gmail Offline Support - 04

Gmail Offline Support - 04


အဆင့် (၅)

“Next” ကို ဆက် ကလစ်ပါမယ်။ “Gmail Offline” ကို အသုံးပြုဖို့ အတွက် Gear ကို Access လုပ်ဖို့ မေးတဲ့ အောက်ပါ PopUp တစ်ခု ကို ထပ်တွေ့ရပါမယ်။

Gmail Offline Support - 05

Gmail Offline Support - 05


အဆင့် (၆)

အထက်ပါ PopUp Windows မှာ “Allow it use Gears” ဆိုတာကို အမှန် ခြစ် ခဲ့ရပါမယ်။ “Allow” ကို ဆက် ကလစ်တာနဲ့ Gmail Offline Support ကို မိမိ ကွန်ပြူတာကနေ တစ်ဆင့် အလွယ် တစ်ကူ အသုံးပြုနိုင်ဖို့ အတွက် Shortcut Icon ဖန်တီးလိုတဲ့ နေရာတွေကို သတ်မှတ်ပေးဖို့ မေးတဲ့ အောက်ပါ Windows တစ်ခုကို ထပ်တွေ့ရပါမယ်။


Gmail Offline Support - 06

Gmail Offline Support - 06


အဆင့် (၇)

Shortcut Icon ကို မိမိ ကွန်ပြူတာ အတွင်း ဖန်တီးပေးစေလိုတဲ့ နေရာတွေကို သတ်မှတ်ခဲ့ပါမယ်။ အပေါ်မှာတော့ ဥပမာ အနေနဲ့ နေရာ (၂) ခုကို ရွေးချယ် သတ်မှတ်ထားပါတယ်။ ပြီးတာနဲ့ “OK” ကို ဆက် ကလစ်ပါမယ်။ OK ကို ကလစ်ပြီးတဲ့ အချိန်မှာ မိမိ Gmail Interface အတွင်း ညာဘက် အပေါ်ထောင့်မှာ အောက်ပါ အတိုင်း PopUp Windows တစ်ခုတက်လာပြီး Google Server တွေ ပေါ်မှာ ရှိနေတဲ့ သုံးနှစ်အောက် သက်တမ်း ရှိတဲ့ မိမိရဲ့ အီးမေးလ်မှန်သမျှနှင့် (Spam နှင့် Trash Folder အတွင်းရှိ မေးလ်များ မပါ)၊ Attachment File များအားလုံးကိုပါ မိမိ စက် အတွင်းကို Download ချ သိမ်းဆည်းပေးမှာ ဖြစ်ပြီး Progress သတင်းပို့ချက် ဝင်းဒိုးစ် တစ်ခုကိုလည်း တစ်ပါတည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။


Gmail Offline Support - 07

Gmail Offline Support - 07


Gmail Offline Support - 08

Gmail Offline Support - 08

အဆင့် (၈)

အထက်ပါ ပုံမှာ ပြထားတဲ့ အတိုင်းပဲ တစ်ကယ်လို့ မိမိ အသုံးပြုနေတဲ့ အင်တာနက် ကွန်နက်ရှင် သိပ်နှေးနေမယ် ဆိုရင် “Go into Flaky Connection Mode” ဆိုတာကို အသုံးပြုနိုင်တယ် ဆိုတာကို လည်း တွေ့ရှိရမှာပါ။ ဒါဟာ အင်တာနက် ကွန်နက်ရှင် နှေးကွေးတဲ့ စက်များ အတွက် ပါ ဒီ Offline Support ကို အသုံးပြုနိုင်အောင်၊ မိမိ Inbox အတွင်းမှာ ရှိနေတဲ့ အီးမေးလ်များ အားလုံးကို Google Gear မှ အဆင်ပြေပြေ ဒေါင်းလုဒ်ချ သိမ်းဆည်းထားနိုင်ဖို့ Google မှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

မိမိရဲ့ Inbox အတွင်းမှာ ရှိနေတဲ့ အီးမေးလ်များရဲ့ ပမာဏ၊ မိမိအသုံးပြုနေတဲ့ အင်တာနက် ကွန်နက်ရှင် စတာတွေကို မှီတည်ပြီး မိမိ စက်အတွင်းကို Google Offline Support မှ အီးမေးလ်များ အားလုံး ဒေါင်းလုဒ် လုပ်ပြီးတာနဲ့ “Setting” Tab အောက်မှာ ရှိတဲ့ “Offline” ဆိုတာကို ကလစ်ပြီး “Offline Support” အတွက် အစီအစဉ် တွေကို မိမိ စိတ်ကြိုက် ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ Offline Support ကို ပြန် ပိတ်ထားချင်ပါက “Disable” ဆိုတာကို ကလစ်ပြီး “Save Changes” လုပ်လို့ ရသလို “Shortcut Icons” တွေနဲ့ ပတ်သက်လို့လည်း မိမိ စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲ နိုင်တာကို အောက်ပါ အတိုင်း တွေ့ရှိရမှာပါ။


Gmail Offline Support - 09

Gmail Offline Support - 09


အဆင့် (၉)

Setting များအားလုံးကို မိမိ စိတ်တိုင်းကျ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီးတာနဲ့ Gmail Offline Support ကို စမ်းသပ် အသုံးပြုဖို့ အတွက် (အင်တာနက် ကွန်နက်ရှင် ရှိနေတဲ့ စက်ဆိုပါကလည်း အင်တာနက် ကေဘယ်လ်ကြိုးကို ခေတ္တ ဖြုတ်ထားပြီး) ၊ Desktop Shortcut ထားခဲ့သူအတွက် Desktop Shortcut မှ တဆင့်၊ Start Menu Shortcut ဖန်တီးခဲ့သူဆိုပါကလည်း Start Menu Shortcut မှ တဆင့် Offline Support Feature ကို Enable လုပ်ခဲ့တဲ့ Email Account ကို အသုံးပြုပြီး ဝင်ရောက် စမ်းသပ် စစ်ဆေးသုံးစွဲနိုင်ပါပြီ။ အောက်က ပုံကတော့ Start Menu Shortcut ကနေ တဆင့် အသုံးပြုနိုင်ပုံကို ဥပမာ အနေနဲ့ ပြသထားတာဖြစ်ပါတယ်။


Gmail Offline Support - 010

Gmail Offline Support - 010


သတိပြုရန်

အထက်ပါ “Gmail Offline Support” Feature ကို အသုံးပြုမယ့်သူများ အနေနဲ့ အောက်ပါ အချက်များကို မှတ်သားထားသင့်ပါတယ်။

(၁) အထက်ပါ Offline Support Feature ဟာဆိုရင် Google ရဲ့လက်ရှိ စမ်းသပ်သုံးစွဲ နိုင်သော ဗားရှင်း (Lab or Beta Version) အဆင့်မျှသာ ဖြစ်သေးတဲ့ အတွက် အသုံးပြုနေရင်း ပုံမှန်မဟုတ်တဲ့ ထူးခြားမှု တစ်ခုခု တွေ့ခဲ့မယ် ဆိုရင်လည်း အထူးတစ်လည် ဘာမှ တွေးတောနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။ ဒီ လုပ်ဆောင်ချက် အသစ်နဲ့ ပတ်သက်လို့ အဆင်မပြေမှု၊ အဆင်ပြေမှု အားလုံး အတွက် Google ထံကို စာရေးသားပေးပို့ နိုင်ပါတယ်။

(၂) Offline Support ဟာ မိမိ Enable လုပ်ထားတဲ့ Email Account တစ်ခု အတွက် နှင့် ၎င်း Feature ကို Enable လုပ်စဉ် အသုံးပြုတဲ့ ကွန်ပြူတာ တစ်လုံး အတွင်းမှာ သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြား မိမိရဲ့ Offline Support လုပ်မထားတဲ့ အီးမေးလ် လိပ်စာများ နှင့် အခြား ကွန်ပြူတာများကနေ အသုံးပြုမှု အတွက် လုံးဝ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

(၃) အဲဒီအတွက် ဒီ Gmail Offline Support ကို မိမိရဲ့ ကိုယ်ပိုင်အဖြစ် သီးသန့် အသုံးပြုတဲ့ ကွန်ပြူတာ အတွင်းမှာသာ Install လုပ်သင့်ပြီး Publically အသုံးပြုတဲ့ (ရုံး၊ ကျောင်း၊ ကုမ္ပဏီများ နှင့် အင်တာနက် ကဖေးဆိုင်များ) နေရာများမှာ အသုံးပြုခြင်းမှ အထူး ရှောင်ကြဉ်သင့်ပါတယ်။

အားလုံး Gmail Offline Support နဲ့ အဆင်ပြေနိုင်ကြစေသော်:)

လွယ်လွယ် မယုံပါနဲ့

"လွယ်လွယ် မယုံပါနဲ့" တဲ့၊ ဒီစကားလေးဟာ ဆန်းတော့ မဆန်းပါဘူး၊ ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ Immigration Office မှာ ဒီစာတန်းနဲ့ ပိုစတာကို ချိန်ဆွဲထားတာတော့ အရမ်းကို ဆန်းကြယ်နေပါတယ်၊

ကျွန်တော် ဒီနေ့ ဗီဇာသက်တမ်းနောက်တစ်နှစ်သွားတိုးပါတယ်၊ ရုံးထဲကို ၀င်စဉ်က အခြားပေါက်ဝင်တာမှို့ ပိုစတာကို မတွေ့မိခဲ့ပါဘူး၊ ပြန်အထွက်မှာတော့ တွေ့ခဲ့ပါတယ်၊ ဒါ့ကြောင့် ပါလာတဲ့ ကင်မရာလေး နဲ့ တကူးတက ရိုက်ခဲ့ပါတယ်၊ ကျွန်တော် သတိမထားမိစဉ်မှာပဲ နောက်က ပုလိပ်တွေကူ ကျွန်တော့်ကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြပါတယ်၊ ဒီကနဲကတော့ ဧကန္တ ရွှေဗမာပဲလို့ သိလို့ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အခြား မမြင်နိုင်တဲ့ အကြောင်းတွေ ရှိလို့လည်း ဖြစ်နိုင်ပါတယ်၊

စိတ်ထဲမှာ နားမလည်နိုင်တဲ့ ခံစားမှု့မျိုး တကယ်ခံစားခဲ့ရပါတယ်၊ အဲဒါဟာ ကောင်းတဲ့ခံစားမှု့မျိုးလား၊ ခါးသီးတဲ့ ခံစားမှု့မျိုးလားဆိုတာ ကိုယ်ကိုတိုင်တောင် အခုထိမသေချာပါဘူး၊ ဒါပေမဲ့ ကျွန်တော် အကောင်းဘက်ကတော့ တွေးကြည့်မိပါတယ်၊ ဒို့လူမျိုးတွေ အလိမ်အညာမခံရအောင် သူတို့က ဂရုတစိုက်နဲ့ နိုးဆော်ပေးတယ်ပေါ့၊
ခက်တာက သူငယ်ချင်းတို့ရေ...ကျွန်တော်တို့လူမျိုးတွေ ထိုင်းနိုင်ငံမှာ တစ်သန်းကျော်ရှိရာမှာ အဲဒီနေရာကိုသွားတာက တစ်သောင်းတောင် ပြည့်မယ် မထင်ပါဘူး၊ ဒီတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ အခုလို သတိပေးပိုစတာတွေ ဒီလို ရုံးကြီးမှာ ကပ်ထားကြပါလဲ၊ ကျွန်တော့် အတွေးတွေ လက်လှမ်းမမှီပါဘူး၊ ဘော်ဒါတို့ဆက်တွေးပေးကြပါ၊

ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ အောက်ဆုံးက ဆက်သွယ်ဖို့ အရေးပေါ်ဖုံးနံပတ် ကျန်ခဲ့ပါတယ်၊ အဲဒီအတွက် ဒီမှာ ရေးပေးလိုက်ပါတယ်၊ ဆက်သွယ်ချင်ပါက--၁၁၇၈ ပါတဲ့၊ လူကုန်ကူးတာတွေ၊ မတရားဖိနှိပ်ခံရတာတွေ အတွက် တိုင်ကြားဆက်သွယ်ချင်တယ်ဆိုယင်ပေါ့၊

ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့လူမျိုးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ညှင်းပန်းခံရ၊ အဖိနှိပ်ခံရ၊ မတရားပြုမူခံရတာ တွေ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်၊ ဟိုတလောကဆိုယင် အဖမ်းခံရတဲ့ စက်ရုံတစ်ရုံမှာ အလုပ်သမားတွေ အများကြီးစုရုံးစေပါတယ်၊ ပြီး ပုလိပ်တွေပြောတာက "ကမ္ဘောဒီယားတွေ လာအိုတွေမလိုဘူး၊ သွား၊ ဗမာပြည်သား တွေပဲ လိုတယ်" တဲ့၊ ကျွန်တော် ဘာပြောရမှန်း မသိအောင် ဆွံ့အခဲ့ရပါတယ်၊ အဲဒါကို နားနဲ့ဆတ်ဆတ်ကြားခဲ့တဲ့ သူငယ်ချင်းက ပြန်ပြောပြတာပါ၊

ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ???

http://www.newbosom.co.cc/2009/01/blog-post_30.html မှ

နှစ်(၆၀)ပြည့် ကရင်အမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုသ၀ဏ်လွှာ

ဗမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက်အသစ် ဝယ်ယူအသုံးပြုနေ

သျှမ်းသံတော်ဆင့်

ဗမာစစ်အစိုးရသည် ရုရှားနိုင်ငံထုတ် အိုင်ဂျီအယ်လ်အေ ခေါ် လေယာဉ်ပစ်အမြောက်စနစ်(လူအားဖြင့် သယ်ယူ ပို့ဆောင် နိုင်သောလက်နက်) တရပ်ကို နေပြည်တော်တွင် သင်တန်းပေးလေ့ကျင့်နေကြောင်း ၀ါရင့်နယ်ခြားစောင့်ကြည့်သူများက ပြောသည်။

ထိုသင်တန်းကို ကြီးကြပ်လေ့ကျင့်ပေးသူမှာ လေကြောင်းကာကွယ်ရေးဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင် ယခင်လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း ဒေသကွပ်ကဲရေးဌာနချုပ်၏ တိုင်းမှူးဟောင်းကြီးဖြစ်ကြောင်း သိရသည်။

“ဒီဥစ္စာက နောက်ဆုံးပေါ်စနစ်အသစ်လား စနစ်အဟောင်းလားဆိုတာ ကျနော်တို့ စုံစမ်းထောက်လှမ်းနေပါတယ်” ဟု အသက် ၅၈ နှစ်အရွယ်အရာရှိတဦးကပြောသည်။

၎င်းအိုင်ဂျီအယ်လ်အေလက်နက်ကို ၁၉၇၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုလာခဲ့သည်။ နောက်ဆုံးပေါ် စနစ်ဖြစ်သည့် အိုင်ဂျီအယ်လ်အေ-အက်စ် သည် ယူအက်စ် (US) ထုတ် လူဖြင့်သယ်ယူပြောင်းရွှေ့ နိုင်သော စတင်းဂျား စနစ်ထက် ပိုမို ယုံကြည်စိတ်ချရကြောင်း ၀ီကီပီးဒီးယား (wikipedia) မှလေ့လာသိရှိရသည်။ ထိုစနစ်ကိုဝယ်ယူ အသုံးပြု သည့်နိုင်ငံများထဲတွင် အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုးရီးယား နှင့်ဗီယက်နမ် စသည့်နိုင်ငံများ လည်းပါဝင်သည်။

ဇယားကွက်မီတာများမှတဆင့် ရန်သူတပ်များ၏ တည်ရှိရာနေရာများကို အလွန်တိကျမှန်ကန်စွာ ဖေါ်ထုတ်နိုင်စွမ်း ရှိသော ယူတီအမ်မ် UTM ခေါ် မြေပုံအညွန်းပြ စနစ်တရပ်ကိုလည်း နအဖက စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းသံတော်ဆင့်သတင်းစဉ်မှ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

Friday, January 30, 2009

ရာဇ၀င်ထဲက ဇာဂနာ

ကိုမောင်ရစ် ( မိုးမခ) ထံမှရယူပါသည်

Change Burma

Thursday, January 29, 2009

စစ်အစိုးရအကြီးအကဲများကို ကြိုဆိုနေရသဖြင့် ကလေးများကောင်းစွာ စာမသင်ရဖြစ်နေ

ရိုးမ ၃
တိုင်းမှူးခရီးစဉ်ကို ကြိုဆိုနေရ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာကောင်းကောင်းမသင်ရသဖြင့် ကျောင်းသားမိဘများက ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ လာရောက်မည်ဆိုသည့်အတွက် မကြာခဏ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခိုင်းနေကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

"ဒီလ (၁၅) ရက်နေ့တုန်းကလဲ လွတ်လပ်ရေးရပ်ကွက်ထဲက ဗိသုကာလမ်းဖွင့်ပွဲကို ကြိုရမယ်ဆိုပြီး အထက (၁) က ဆရာမ ၅၀၊ အထက ၂ က ဆရာမ အယောက် ၂၀ ကို အမျိုးသမီးရေးရာ ဝတ်စုံရယ် မိခင်နှင့်ကလေးဝတ်စုံတွေ ဝတ်ပြီး ကြိုခိုင်းတာ၊ ကလေးတွေလည်း ပါတယ်၊ အဲလိုခဏခဏဆိုတော့ စာသင်ချိန်မရှိတော့ဘူး၊ စာမေးပွဲကလဲ နီးနေပြီ" ဟု ပြောသည်။

ထိုကဲ့သို့ကြိုဆိုရာတွင် စစ်တပ်အကြီးအကဲများအနေဖြင့် ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှသာ ရောက်လာကြသည့်အတွက် စောင့်နေရသည့်ကလေးငယ်များမှာ နေပူထဲတွင်နေရပြီး ဖျားနာခြင်းများပင်ဖြစ်ရကြောင်း အဆိုပါကျောင်းသားမိဘက ပြောသည်။

"ကျောင်းစာသင်ချိန်မှာ ဆရာမတွေ အယောက် ၇၀ လောက် အဲလိုတွေ သွားကြိုနေရတော့ ကျောင်းသားတွေအတွက် စာသင်ချိန်က မရှိတော့ဘူး၊ ပြီးတော့ တခြားအခမ်းအနားတွေဆိုလဲ ဆရာမတွေက သွားနေရတော့ ကျမတို့ကလေးတွေက ဘယ်လိုလုပ် စာသင်ရတော့မှာလဲ၊ ပညာရေးထက် အဲလိုဟာတွေက ပိုအရေးကြီးတယ်ဆိုရင် ကလေးတွေပညာရေးက မတွေးရဲတော့ဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရအကြီးအကဲများ အကြောင်းတခုခုဖြင့် လာရောက်မည်ဆိုပါက သက်ဆိုင်ရာဒေသအတွင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာသင်ချိန်များဖျက်ကာ သွားရောက်စောင့်ဆိုင်း ကြိုဆိုနေကြရသည်။

အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်

အယ်လ်ကေးဒါး အကြမ်းဖက်သမားများက ဗြိတိန်နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားသော Video Fileတစ်ခုကို YouTube၀က်ဘ်ဆိုက်တွင် Uploadတင်ခဲ့ကြောင်း သိရှိရသည်။ ဇန်န၀ါရီလ (၂၅)ရက်နေ့က YouTubeတွင် တွေ့ရှိခဲ့ရသည့် ဗြိတိသျှအလံတော်အား ပစ်မှတ်အဖြစ် ထားရှိကာ သေနတ်ဖြင့် အချက်များစွာ ပစ်ခတ်ထားသည့် Videoကြောင့်ဗြိတိန်အာဏာပိုင်များ ခေါင်းစားလျက်ရှိကြသည်။ သဲကန္တာရတစ်နေရာတွင် အယ်လ်ကေဒါတို့က သေနတ်ပစ်လေ့ကျင့်နေသည်ကို ပြသထားသည့် အဆိုပါ ဗီဒီယိုတွင် ဗြိတိသျှအလံကဲ့သို့ အစ္စရေးအလံကိုလည်း ပစ်ခတ်နေသည့်ကို တွေ့ရှိခဲ့ရသေးကြောင်း YouTubeက ကြေညာခဲ့သည်။
ကမ္ဘာကျော် အကြမ်းဖက်သမားကြီး အိုစမာဘင်လာဒင် ဦးဆောင်သော အယ်လ်ကေးဒါးတို့ လွှင့်တင်ထားသည့် အဆိုပါ Videoကို တစ်နေ့လျင် လူသန်းတစ်ရာမျှ ၀င်ရောက်ကြည့်ရှုနေကြသည်။ ထို့အပြင် Videoကိုလည်း Downloadလုပ်ပြီး အခြားသော Video Sharing၀က်ဘ်ဆိုက် ရာပေါင်းများစွာသို့ Uploadပြန်တင်နေသဖြင့် အင်တာနက်တွင် ထိုVideoမှာ ပိုမိုလျင်မြန်စွာ လူသိများလာနေသည်။ ထိုVideoတွင် အယ်လ်ကေးဒါးတို့အနေနှင့် ဂါဇာကျူးကျော်စစ်အတွက် အစ္စရေးကိုသာမက ဗြိတိန်ကိုပါ လက်စားချေရန် ပြင်ဆင်ထားကြောင်း အတိအလင်း ကြေညာထားသည်။
ဗြိတိန်၏ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ အကြီးအကဲ ခရစ်ဒေါ့ဘ်ဆန်က အယ်လ်ကေးဒါးတို့သည် ဗြိတိန်ကို ပစ်မှတ်ထားနေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ ယခုအခါတွင် ဗြိတိန်နိုင်ငံသည်လည်း အမေရိကန်နှင့် အစ္စရေးတို့နည်းတူ မွတ်ဆလင် အကြမ်းဖက်သမားများ၏ အမုန်းတီးဆုံး ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။ ထို့အပြင် Onlineအကြမ်းဖက်မှု ထောက်လှမ်းရေးအရာရှိ နီးလ်ဒွိုင်းကလည်း Chatterများအနေနှင့် ဗြိတိန်တွင် အကြမ်းဖက်ခံရမည်ဆိုသော အကြောင်းအရာကို ဆွေးနွေးမှု အလွန်များပြားလာနေခြင်းမှာ သတိထားသင့်သည့် အခြေအနေတစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုသွားသည်။
http://www.planet.com.mm/news/read.cfm/id/11741

မစ္စတာ ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကိုထွန်းအောင်ကျော်၏ သုံးသပ်ချက်

Get this widget | Track details | eSnips Social DNA

Wednesday, January 28, 2009

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။
ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။
ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို
ကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို........တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့
ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်
ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို
တခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်
ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ
ပုံတွေကြည့်ပြီး
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းက
ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး
ဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ
ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ
ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။
ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။
နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား
မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်း
အင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ
အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး
လုပ်စားနေတဲ့ကောင်တွေ ရှိတယ်

အစ်မကမေးတယ်
ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်
အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ
ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်
ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး
နှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့
ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့
မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနြေ

ကပြီး ကိုယ်ချင်းစာတရား နဲ
့မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း
ကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်း
ကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါလို
့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်

Tuesday, January 27, 2009

တိုက်ပွဲဝင် ရဲဘော်တဦး၏ ပေးစာ

ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ

NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉-

တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။

ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန်အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။

မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖထိပ်တန်းအရာရှိအချို့နှင့် တိတ်တဆိတ်လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။

မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေးတောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။

အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။

Sunday, January 25, 2009

မြစမ်းမျက်ရည်


ကိုယ့်နေရာ ..
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

တင်မိုး

ဦးသန့် အမှတ်တရ


မျိုးချစ်မြန်မာ

ဦးဝင်းတင်ပြောတဲ့ ဦးသန့်

Thursday, 22 January 2009 19:53 ဧရာဝတီ
http://www..irrawaddy.org/bur/index.php?option=com_content&view=article&id=633:2009-01-22-12-55-14&catid=9:special&Itemid=16

ကမ္ဘာ့ ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေးမှူးချုပ် ဦးသန့်နှင့် သတင်းစာ သမား တဦး အနေဖြင့် တွေ့ကြုံ ခဲ့ဖူးသည့် (ယခု NLD ခေါင်းဆောင်) ဦးဝင်းတင်အား ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်း အမှတ် အဖြစ် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်း ထားချက် ဖြစ်သည်။

အလုပ်စားပွဲက ဦးသန့် (ဓာတ်ပုံ - UN Photo/Grunbaum)
သူက နိုင်ငံ့ အကျိုး တွေလည်း အတတ် နိုင်ဆုံး ထမ်းဆောင် ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ အဖွဲ့ အစည်း ကြီးမှာ အမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်အနေနဲ့ အလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။ကမ္ဘာ့နိုင်ငံတကာအရေးမှာပဲ ကျူးဘားအရေးအခင်းကိစ္စတို့၊ ဒုံးပျံကိစ္စတို့၊ အရှေ့အလယ်ပိုင်းကိစ္စ၊ ဗီယက်နမ်ကိစ္စတို့ကိုကြည့်။ ဒီကိစ္စတွေကိုဆောင်ရွက်ရာမှာ သူဟာ အလွန်ကိုတည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့တာတွေအတွက် ကျနော်တို့ အလွန်ကို ဂုဏ်ယူစရာ ကောင်းတယ်ဗျ။ သူ့ဟာသူ ရာထူးရတာက တပိုင်းပေါ့ဗျ။ လူတယောက် ရာထူးရပြီး ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်တာတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် အများကြီးရှိတယ်ဗျ။

နောက်တခုက ဦးသန့်ဟာ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ် ဆိုတာကိုတွေ့ရတယ်။ ဘယ်အလုပ် လုပ်လုပ် စကားနည်း နည်းပဲပြောပြီး တိတိကျကျ ဆောင်ရွက်တတ်တယ်ဗျ။ ဒါက ကုကသမဂ္ဂလို နေရာမျိုးရောက်မှ မဟုတ်ဘူး မြန်မာပြည်တွင်းမှာ နေစဉ်က တည်းကလည်း ဒီတိုင်းပဲ။ ဥပမာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ အတွင်းဝန်လုပ်တော့ သတင်းစာဌာနတွေဘာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တိတိကျကျ တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရွက်တာ တွေ့ရတယ်။

တည်တည်ငြိမ်ငြိမ်ဆိုတာ တော်တော်လေး အရေးကြီးတယ်ဗျ။ စကားသိပ်မပြောဘူး။ ကျနော်ဆုံဖူးတာလေး တခုဆိုရင် ၁၉၆၀ ကျော် လောက်ကပေါ့ ဗမာပြည်မှာလာပြီး ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက် ဖူးတယ်။ ဗီယက်နမ်အရေးကို ကုလသမဂ္ဂရယ် ဗီယက်နမ် တောင်ပိုင်း၊ မြောက်ပိုင်း အလယ်ပိုင်းတွေ ဆွေးနွေး ရာမှာ ဗမာပြည်က နေရာပေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာသူက အလုပ်လုပ်တာမှာ အကုန်လုံး သင့်သင့်မြတ် မြတ် ဖြစ်အောင် လုပ်တတ်တယ်။

ဒီကိစ္စက လျှို့ဝှက်ကိစ္စဗျ။ ဒါပေမယ့် လူတွေက သိချင်တယ်လေ။ အဲဒီမှာ လျှို့ဝှက်ကိစ္စကိုလည်း မငြင်း ရှောင် ဘူး၊ သိသင့်တာကိုလည်းသိရအောင်မီဒီယာရဲ့သိခွင့်ကိုလည်း မလျော့ပါးအောင်လုပ်တတ်တယ်ဗျ။ ကျနော် မှတ် မိ တာလေး တခုဆိုရင် သူ သတင်းထောက်တွေ နဲ့တွေ့တော့ ကျနော်တို့ထဲက သတင်းထောက် တ ယောက်က စကားနည်းနည်းလေး ထစ်တယ်။ အဲဒီတုန်းကလည်း သတင်းထောက် နည်းနည်းပဲရှိတာပါ။ ဒါ တောင် တယောက်ကို တမိနစ်ပဲ ပေးမယ်ပေါ့ဗျာ။ မေးတာကော ဖြေတာကောနော်။ အဲဒီထစ်တဲ့သူက စကား ထစ် ပြီး ဗီ ဗီ ဗီ ဗီ ဆိုပြီး ဗီယက်နမ် ဆိုတာတောင် မရောက်ဘဲ ဖြစ်တယ်ဗျ။ အဲဒီမှာ သူက ပြောလိုက်တယ် ခင်ဗျားဗျာ မေးတာနဲ့ မိနစ်ပြည့်နေပြီ ကျနော့်အဖြေမပေးနိုင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်။ တိတိကျကျ လုပ်တာပေါ့ဗျာ။ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား လုပ်တတ်တာ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ တခုပေါ့ဗျာ။

နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများကြီး မပြော ချင်တော့ဘူး။ တခု ပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ် တော့ပဲဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ အပြုအမူမျိုးကိုလုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှားရှား ပြလိုက် တာပဲ။

ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်၊ နောက်ပြီး အလွန်ကိုထိုက်ထိုက် တန်တန် နဲ့ ကမ္ဘာ့အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြော ဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးကသူ့ရဲ့ စိတ်သ ဘောကိုသိပြီ။ အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။

နောက်ဆုံးပိတ်ကျတော့ ပညာရေး ဒုဝန်ကြီးဦးအောင်ထွန်း ဆိုတာ ကျနော့်သူငယ်ချင်းပါပဲ၊ သူ့ကို တာဝန်ပေး လိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံ တွေ ဘာတွေဝတ်ပြီး နက္ကတိုင် နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေမယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ် ရောဗျ။ အဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ် ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူအများက ဦးသန့်အလောင်းကြီးကိုအတင်း ကျိုက္ကဆံကွင်း ကနေ လုကြတာ။

ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစဉ်ထားတာလို့ ကြားတာပဲ။ ဟုတ်မဟုတ် တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ်ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင် တယ်။ ခုလိုဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ်ချင်တယ်။ အလေးမ ထား ချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင် တယ်။ အဲဒီအတွက် ကြီးစွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။

ဆိုပါတော့ဗျာ ကျနော်စကား ဆက်ပြီးပြောရရင် ဒေါ်ခင်ကြည်ဈာပနတုန်းကလည်း ဒေါ်ခင်ကြည်ကို ကြံတော မှာမြှုပ်ဖို့လုပ်တယ်ဗျ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကကော ကျန်တဲ့ ကျောင်းသား၊ သံဃာ၊ လူထုက လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်တော့ မြို့တော်ခန်းမကိုသယ်ပြီး ပြည်သူ့ဈာပနလုပ်ဖို့အထိ လုပ်မလို့ဗျ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဈာပနလုပ်တာတော့ မကြိုက်ဘူး ဆိုပြီး ပြောတော့မှ သတိရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြိုက်ပါတယ် ဆိုပြီးဖြစ်တာဗျ။ မိသားစုဈာပဏပဲပေါ့ဗျာ။ အဲဒီမှာမှ ဦးသန့်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကြား မြေကွက်ကိုပေးလိုက်တာဗျ။ မဟုတ်ရင် အောက်ခြေ မှာ ပြည်သူလူထုက ဆူပူတော့မှာ။ ဒေါ်ခင်ကြည်တုန်းကလည်း ဦးသန့်အရေးအခင်းလိုကို ဖြစ်တော့မှာ။

ချုပ်လိုက်ရင် မြန်မာလူမျိုးအတွက်သာမက ကမ္ဘာအတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့သူ ကျူးဘား အရေး အခင်းလို ကမ္ဘာမှာ နျူးကလီးယားစစ်ကြီးတောင် ဖြစ်တော့မယ့် အနေအထားကို တားနိုင်ခဲ့တဲ့သူ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်တဲ့အတွက် ဂုဏ်ယူရမယ်။ တိုင်းပြည်မှာ ဂုဏ်ယူ အလေးထားရမယ့် ပုဂ္ဂိုလ်မျိုးကို အမြဲတမ်းစစ်အစိုးရက သေးသိမ်အောင် မဖွယ်မရာ သဘောထားနဲ့ ပြုမူ ချုပ်ကိုင်တတ်တဲ့ သဘောထားမျိုးရှိတယ်ဆိုတာ ဦးသန့်အရေးအခင်းက သက်သေပြနေတယ်လို့ပဲ ပြောချင်တယ်။

ဦးနေဝင်းက ပုဂ္ဂိုလ်ရေးအာဃာတ ထားတဲ့ပြဿနာတခု .. အဲဒါကတော့ ဦးနေဝင်းပြဿနာဗျ။ ဦးသန့်ပြဿနာ မဟုတ်ဘူး။ ဦးသန့်ဟာ လူတွေနဲ့ဆက်ဆံရာမှာ အလွန်ကို တည်ကြည်မှန်ကန်တဲ့ပုဂ္ဂိုလ်ဗျ။ စကားပြောရာမှာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ အေးဆေးတယ်။ ဘယ်သူ့ဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံတယ်။ ဒီတော့ ဒီကိစ္စဖြစ်တာဟာ ဦးသန့်နဲ့ မဆိုင်ဘူးဗျ။ ဦးနုနဲ့ ဦးနေဝင်းဖြစ်တဲ့ကိစ္စ။ ဦးနုက အာဏာသိမ်းခံရတော့ ကမ္ဘာ လှည့်ပြီးနိုင်ငံတွေကို ထောက်ခံချက် တောင်းရင်း ကုလသမဂ္ဂကိုရောက်တော့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်း ပွဲ အခန်းမှာ နိုင်ငံတကာသတင်းထောက်တွေ ရှေ့မှာ ပြောတယ်။

အဲဒီအချိန်က ဦးနေဝင်းက ဦးနုကို ဒေါသဖြစ်နေတာဗျ။ ဦးနေဝင်းအနေနဲ့က သူ့ရဲ့စစ်အစိုးရနဲ့ တိုင်းပြည်ကို ငြိမ် အောင်ကြိုးစားနေရတဲ့ အချိန်မှာ ဦးနုက ကုလသမဂ္ဂလို နေရာမျိုးမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ကမ္ဘာသိကြေညာ၊ စစ်အစိုးရရဲ့ ချွတ်ယွင်း ချက်တွေ ထောက်ပြ၊ သူ့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တောင်းဆို တာမျိုးတွေလုပ်တော့ ဦးနေဝင်းက ဒေါသထွက် တုန်လှုပ်တယ်။ ဒါက အစိုးရကို ဖြိုဖျက်နိုင် လောက်အောင် ဖြစ်တယ်လေ။

ဒါပေမယ့် ဦးနေဝင်းရဲ့ဒေါသက ဦးနုထက် ဦသန့်ဆီ ရောက်သွားတယ်။ အဲဒီအချိန်မှာ ဦးသန့်နဲ့ဦးနုကလည်း အလွန်ရင်းနှီးကြတာကိုး။ ငယ်သူငယ်ချင်းတွေကိုး။ ဒါဟာဦးသန့်ဟာ ဦးနုကို အထူးအခွင့်အရေးပေးတာပဲ လို့ထင်တယ်ဗျ။ တကယ်က မဟုတ်ဘူးဗျ။ ဒီအခန်းကို ကုလသမဂ္ဂရောက်တဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို သုံးခွင့်ရှိတယ်ဗျ။ သူကလည်း နိုင်ငံ့ခေါင်းဆောင်တဦးပဲကိုး။ အပြင်လူ အနေနဲ့ ဆိုရင်တော့ ဦးနုဟာ ပြုတ်ကျနေတဲ့ ခေါင်းဆောင်ဟောင်း လို့ပြောမယ်။ ဒါပေမယ့် ခေါင်းဆောင်ဟောင်း မဟုတ်ဘူးဗျ။ အာဏာ သိမ်းခံထားရတဲ့ ခေါင်းဆောင်ဗျ။ အဲဒီမှာ ဦးနေဝင်းရဲ့ ဒေါသတွေဟာ ဦးနုဆီကနေ ဦးသန့်ဆီကို ရောက်သွား တော့တာပဲ။

ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ်ပဲ။ အဲဒါလည်း ကျနော်တို့ သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်းက ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက်နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။ အဲဒီတော့ ဦးနေဝင်းနဲ့ ဦးသန့်နဲ့ ကြားမှာ မညီညွှတ်တဲ့သဘောထားတွေ ဖြစ်ပေါ်လာတာ ဦးသန့်ကြောင့်မဟုတ်ဘူး။ ဦးနုကနေ ဆက်စပ်ပြီး ပေါ်လာတဲ့ သဘောထား။ အဲဒီကနေ တဖြည်းဖြည်းကွာသွားပြီး နောက်ဆုံး ဈာပန အခမ်းအနား မှာတောင် ရုပ်အလောင်းကို ကြိုမိတဲ့ ဒုဝန်ကြီးတယောက်တောင် ပြုတ်ရတဲ့အထိ မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့တာပေါ့ဗျာ။

ဦးနေဝင်းအစိုးရက မထောက်ခံတာကြောင့် ဦးသန့်ရဲ့ တတိယသက်တမ်း ပြယ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဦးနေဝင်းမထောက်ခံရုံနဲ့ ဒီလိုမဖြစ်ပါဘူးဗျ။ ဦးသန့်ကိုယ်တိုင်ကိုက အဲဒီမှာ ကျန်းမာရေးက မကောင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆေးပြင်းလိပ်သောက်ခဲ့တာဆိုတော့ သူ့မှာ ကင်ဆာဖြစ်လာတဲ့ အနေအထားတွေ သူသိမယ်ဗျ။ မိခင်နိုင်ငံကကန့်ကွက်တာနဲ့ လူတယောက် အလုပ်မလုပ် နိုင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ နိုင်ငံအများစုက ထောက်ခံရင်ကို လုပ်နိုင်တာပဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံရင်ကိုပြီးတာပဲ။ သူကိုယ်တိုင်ကိုက ကျန်းမာရေးကြောင့် ဆုတ်သွားတာဖြစ်မယ်ဗျ။ အဲဒီနောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်းမှာ ဒီရောဂါကဆိုးရွားခဲ့တာကိုးဗျ။

ပြောစမှတ်ပြုစရာကတော့ အများကြီးတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆို အဲဒီတုန်းက ကျနော်က ငယ် သေးတာကိုး။ နောက်ပြီး ကျနော်က သိပ်ပြီးအရေးပါတဲ့သူလည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တခု မှတ်မိ တာက တော့ ကျနော် သတင်းစာအသင်း အတွင်းရေးမှူး လုပ်စဉ်ကပေါ့ အဲဒီတုန်းက ဥက္ကဌက ဂါးဒီးယန်း ဦးစိန်ဝင်း။ ဦးသန့်ကရန်ကုန်ရောက်နေတယ် နှစ်တော့သေချာမမှတ်မိဘူး ၁၉၆၄ ဝန်းကျင်ဖြစ်မယ်ဗျ။ အဲဒီမှာ သတင်းစာ အသင်းက ဦးသန့်ကို ဂုဏ်ပြုပွဲလေးလုပ်တယ်ဗျ။

အဲဒီမှာ ကျနော်တို့က ဦးသန့်ကိုလက်ဆောင်ပေးဖို့ စီမံတယ်။ အဲဒီမှာ သူ့ရဲ့ဆန္ဒလေးလည်းယူတယ်။ ဒါက လူ ၁ ယောက် ၂ ယောက်ပဲ သိတဲ့ကိစ္စပေါ့။ အဲဒီမှာ ဦးသန့်က ဒီလိုလုပ်ဗျာတဲ့ ကုလသမဂ္ဂမှာ အခန်းတွေ အများကြီး ရှိတာဆိုတော့ ပန်းချီကားတွေ ထားတယ်။ အဲဒီမှာ ဗမာပန်းချီကားလည်း ချိတ်ဆွဲချင်တယ်လို့ပြောတယ်ဗျ။ အဲဒီမှာ ကျနော်တို့က ပန်းချီကားစီစဉ်တယ်။ ပေါ်ဦးသက်ရဲ့ကားဗျ။ ပေါ်ဦးသက်ကလည်း ဆွဲလိုက်တာ ဆင်ပုံကြီးဗျ။ ဆင်နဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ပေါ့။ ဆင်ကလည်း ရိုးရိုး ငုတ်တုတ်နေတဲ့ ဆင်ကြီး မဟုတ်ဘဲ ကခုန်နေတဲ့ ဆင်ပေါ့ဗျာ။ နောက်တခု ပုဏ္ဏားတွေက အဖြူတွေ ဝတ်လို့ ဆင်ကြီးကအမည်းဗျ။ ဆန့်ကျင်ဘက်အရောင်နှစ်ခုနဲ့ ဆွဲထားတာ။ ပုဏ္ဏားတွေက တချို့က ဆင်ကိုစမ်း၊ တချို့က ကခုန်လို့ အဲလိုပုံဗျ။ ကျနော့်မျက်စိထဲမှာ မြင်ယောင် နေသေးတယ်။

အဲဒီကားက ၆ ပေ ၃ ပေလောက်ရှိမယ်။ သူ့ရဲ့ဘောင်က ကနုတ်ထွင်းထားတဲ့ ခေါင်းပွကြီး။ ပန်းခက်တွေနဲ့ ဝန်းရံနေတဲ့ သစ်လုံးကြီးလိုပဲ။ အဲဒီပန်းချီကားကို အကြောင်းကြောင်းကြောင့် ဘောင်ကြီးနဲ့ မသယ်နိုင်ဘူး။ ဒါနဲ့ ဘောင်ကြီးကိုဦးစိန်ဝင်းဆီမှာ ထားခဲ့တယ်။ ဒီကားကတော့ ကုလသမဂ္ဂမှာ ဘယ်ပုံနဲ့ ရှိနေလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဘောင်ကြီးကတော့ ဦးစိန်ဝင်းက ဓမ္မိကဦးဘသန်းတို့ကနေတဆင့် လှူလိုက်တော့ ခု လောကနတ် ပန်းချီပြခန်းမှာ ရှေးဟောင်းကားတခုဖြစ်တဲ့ ဆရာခြုံရဲ့လက်ရာ ခပ်သေးသေးပဲ အဲဒီကားကို ထည့်ထားတယ်။ ဘောင်ကတော့ ဗမာပြည်မှာ ရှိနေတယ်။ လောကနတ်မှာရှိသေးလားတော့ မသိဘူး။

ဒါကဘာကိုပြလဲဆိုတော့ ဦးသန့်ရဲ့ အနုပညာမြတ်နိုးမှုရယ်၊ မြန်မာပြည်ကို အလေးထားတဲ့စိတ် ရှိတာရယ်ပေါ့ ဗျာ။ သူရှိစဉ်က မြန်မာတွေကို ရာထူးပေးတာမျိုးရှိတယ်။ ဒါက ဘက်လိုက်ပေးတာ မဟုတ်ဘူး။ ထူးချွန်တဲ့ သူခြင်းတူရင် ဗမာတွေကို အလုပ်အခွင့်အလမ်း ဖော်ထုတ်ပေးခဲ့တယ်။ မှတ်မှတ်သားသား မပြောနိုင်ပေမယ့် ဒါမျိုးရှိတယ်ဗျ။ ဦးတင်အောင်ဆိုတဲ့ သတင်းစာဆရာတဦးဆို ကုလသမဂ္ဂမှာ လုပ်ခဲ့တာပဲ။ ဦးသန့်ဟာ မထိုက်မတန်ဘဲ ကိုယ့်လူပဲဆိုပြီးဆွဲသွင်းတာမျိုးမဟုတ်ဘူး။ မြန်မာ့အနုပညာကို ဂုဏ်တင် မြတ်နိုးတယ်၊ ကမ္ဘာ့အလယ်မှာတင့်တယ်စေချင်တဲ့သဘောပေါ့။ အဲဒီကိစ္စလေးကတော့ ကျနော့်ရဲ့စိတ်ထဲ စွဲနေတဲ့ အကြောင်းအရာပေါ့ဗျာ။

အမှတ်တရ ဒီနေ့အတွက်ပြောချင်တာကတော့ ဦးသန့်အနှစ် ၁၀၀ ပြည့်တဲ့အချိန်က သာမန်လူပဲဖြစ်ဖြစ် ကမ္ဘာသိပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မှတ်မှတ်သားသား ရှိဖို့ကောင်းတဲ့အချိန်ပေါ့။ ဦးသန့်လိုကမ္ဘာ့အကျိုး၊ မြန်မာ့အကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးကတော့ ပိုပြီး မှတ်မှတ်သားသား လုပ်သင့်တာပေါ့ဗျာ။ ခုလိုချိန်မှာ ကျနော်ပြောချင် တာကတော့ ကျနော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ဒုက္ခမျိုးစုံကြုံခဲ့ရတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရတွေ ပေါ့ဗျာ။ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရက အုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ လောက်က ပြည်တွင်းစစ်တွေ ကြုံရတယ်။ အဲဒီမှာ နွံအိုင်ထဲမှာ ပွင့်တဲ့ကြာတပွင့်လိုပဲ ဦးသန့်လိုပုဂ္ဂိုလ်မျိုးပေါ်ထွက်ခဲ့တာဟာ မီးလျှံထဲကနေ ပန်းတပွင့်ပွင့်ခဲ့တာပဲဗျ။ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အားထုတ်မှုတွေ၊ နမူနာတွေ၊ ထူးချွန်မှုတွေမျိုး ကျနော်တို့ ဗမာတွေရဲ့ စိတ်ထဲမှာရှိသင့်တယ်။ ကျနော်တို့ ဗမာတယောက်စီတိုင်းဟာ ဦးသန့်လိုပဲကြိုးစားသင့်တယ်၊ အားထုတ် သင့်တယ်။ ကြိုးစားကြပါ၊ အားထုတ်ကြပါလို့ပဲ ပြောချင်တယ်ဗျာ။ ။

Saturday, January 24, 2009

အဘ သိန်းစိန် သို့

အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် (၁)

ဆရာမနှင်းပန်းအိမ် (RFA အသံလွှင့်အစီအစဉ်မှ)

လေးစားရတဲ့သောတရှင်များရှင် -
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အကျဉ်းထောင်တွေထဲမှာ ကဗျာတွေ အများကြီး ရေးစပ် ခဲ့ဖူးပါတယ်။ ထောင်ထဲမှာ ကဗျာဆရာက ပါးစပ်နဲ့ရေးပြီး ပရိတ်သတ်က နားနဲ့ဖတ်ပါတယ်။ ဒီတော့ ကဗျာတွေ က အပြည့်အစုံမဟုတ်တော့ပဲ မှတ်မိသလောက်ကိုပဲ ပြန်ပြောနိုင်ကြပါတော့တယ်။

အဲဒီကဗျာတွေထဲက "မောင်ရုပ်ဆိုး" ကဗျာလေးက ကရုဏာသက်စရာပါ။ ခေတ်နဲ့ယှဉ်တဲ့ လူ့ဘ၀ကိုပေါ်လွင် တဲ့ ကဗျာလေးပါပဲ။ ကဗျာထဲက အကြောင်းက "မိခင်နဲ့နှမတွေ သားနဲ့မောင် အတွက် သတို့သမီး ရှာတဲ့အခါ မိန်းကလေးမိဘတွေက ယောကျာင်္းလေးရှင်ကို မေးပါတယ်၊ သတို့သားလောင်းက ရုပ်ချောရဲ့ လား၊ပညာတတ်ရဲ့လား၊အလုပ်ကောင်းကောင်းရှိရဲ့လား၊ ငွေရှာကောင်းရဲ့လားတဲ့။ ဒီတော့ အမေနဲ့နှမတွေက သတို့သားက ရုပ်ရေက ရွက်ကြမ်းရေကျို၊ ကျောင်းပြီးအောင်တောင်မတက်ခဲ့ရဘူး၊ အလုပ်လက်မဲ့ ထောင်ထွက် ဆိုတော့ သတိုးသမီးဘက်က ခါးခါးသီးသီး၊ ငြင်းလွှတ်လိုက်တဲ့ အကြောင်းပါ။

၂၀၀၅ ခုနှစ်မှာ ကိုမင်းကိုနိုင်ပြန်လွတ်လာတော့ အဲဒီ့ကဗျာကြောင်း ကျမမေးခဲ့ပါတယ်။ ဒီကဗျာက နိုင်ငံရေး သမားလူငယ်တွေကို ကိုယ်စားပြုထားတာပါ အမရယ်လို့ သူဟန်အတိုင်း ပြုံးစစနဲ့ အရွှန်းဖောက်ပါတယ်။ နိုင်ငံရေး သမားလူငယ်တွေရဲ့ အချစ်ရေးကလဲ တိုင်းရေးပြည်ရေးနဲ့ ဆက်စပ်နေတယ်မဟုတ်လား။

နိုင်ငံရေးသမားတွေကို နားလည်ပေးနိုင်တဲ့ ဇနီးမယားတွေ အများကြီးရှိသလို၊ ဇနီးမယားရဲ့ငြင်းပယ်ခံရပြီး၊ သဲတိုင် တွေနောက် ကွာရှင်း စာချူပ်တွေ ရောက်ခဲ့တာလဲရှိပါတယ်။
ထောင်ထဲက နိုင်ငံရေး အကျဉ်းသမား ဘယ်လောက်ခံစားရတယ်၊ဘယ်လောက်ကြေကွဲခဲ့ရ တယ်ဆိုတဲ့ အဖြစ် အပျက်တွေ ကျွန်မတို့ နာနာ၊ကြင်ကြင်နဲ့ နားထောင်ခဲ့ရဘူးပါတယ်။

မွန်သူရဲကောင်း လဂွန်းအိမ် က ရှေတန်းထွက်မှ သူရဲကောင်း မဟုတ်ပါဘူး၊နောက်တန်းကနေ သူရဲကောင်း အတွက် ပါရမီ ဖြည့်နေတဲ့ သူကလဲ သူရဲကောင်းပါပဲ လို့ပြောခဲ့တဲ့စကား စာထဲမှာ ကျွန်မ ဖတ်ခဲ့ဘူးပါတယ်။ ခင်ပွန်းသည်ကို အရိပ်လို အတူလိုက်၊ နောက်တန်း ကနေ အင်အားဖြည့်မေတ္တာအပြည့်နဲ့ ကူညီသူ အမျိုးသမီး တွေကို ပြောတာ ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ဖက် ဇနီးမောင်နှံ ဆိုတာ၊ ဘ၀ခရီးဖော်ပါပဲ။ လူ့ဘ၀ ခရိး ရှည်ကြီးကို အတူတကွ ဖြတ်သန်းရတဲ့ ရဲဘော်၊ရဲဘက် နှစ်ဦးပါ။ သေအတူ၊ရှင်မကွာ၊လောကဓံကို ရင်ဆိုင်မယ်။ ဆင်းရဲ အတူ၊ ချမ်းသာအတူ၊ အေးအတူ၊ပူအမျှ၊ စဉ်းစားဆုံးဖြတ်ပြီး၊ ဘ၀ခရီးကို အတူလျှောက် ခဲ့ကြတာပါ၊

ဒီထဲကမှ အုပ်ချုပ်သူရဲ့ ဖိနှိပ်မှုကြောင့် မိမိတိုင်းပြည် လူထုအတွက် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးသမားရဲ့ လော ကဓံလှိုင်းက မိသားစုကိုပဲ ရိုက်ခတ်ပါတော့တယ်။ လှိုင်းဆိုတာ ဂယက်ထတက်ပါတယ်၊ လှိုင်းရဲ့အားပေါ်တည် ပြီးတော့ ဂယက်အရှိန်ဆိုတာပါလာပါပြီ။ ဒီ လှိုင်းဂယက်ကိုမျှဝေခံနိုင်သူ ဇနီးသည်ကြောင့် သေတပန် သက်တဆုံး၊မြဲသူမြဲသလို၊မျှဝေမခံစားနိုင်တဲ့ ဇနီးသည်ကြောင့် ကွဲသူတွေကွဲသွား ဘူးပါတယ်။ ထောင်ဝင်စာမှာ ကွာရှင်းစာချူပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့ပြီး အခန်းအပြန်မှာ သက်ပြင်းချ၊ တောက်ခေါက်လို့ငိုကြွေး၊ အပြစ် မမြင်ပဲ၊ ဒါစနစ်ရဲ့သားကောင်လို့ ကြုံးဝါးသူတွေရဲ့ ကြေကွဲ နာကျင်ခံစားရတဲ့၊ ထောင်တွင်းပုံပြင်တွေလဲ အများ ကြီးပါ။
ဒီထဲကမှ ယနေ့ ကျွန်မတို့မြန်မာနိုင်မှာ နိုင်ငံရေးသမားတွေကို မတရား ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်၊ နယ်စွန်နယ်ဖျား ထောင်တွေဆီပိုနေတဲ့ ကြားထဲက အမိန့်ချမဲ့ တရားခွင်မှာ နိုင်ငံရေးသမား ကိုခင်မောင်ဝင်းနဲ့ သူ့ချစ်သူ မပန်းဝါတို့ ရုံးတော်မှာ နှစ်ဦး သဘောတူ အကြင်လင်မရားအဖြစ် လက်မှတ်ထိုးသတဲ့၊ တရားရုံးတော်က အမိန့်ချမဲ့တရားခွင်မှာ၊ဒီအဖြစ်က ကြားမကောင်းပါဘူး လို့တောင်းပန်ရတဲ့အထိ။ ဒီအဖြစ်အပျက်ကိုကြားလို့ ရုံးတော်နားရောက်လာတဲ့ လူထုကို သတို့သားက တရားခွင်ကနေ လှမ်းပြီး ဧည့်ခံပါ တယ်။ အသစ်စက်စက် ဇနီးသည်ကို အခုလက်မှတ်ထိုး၊ အခုခွဲပြီးအချုပ်ကားနဲ့ ပဲခူးထောင်ပြန်သွားရတဲ့ အဖြစ် က စိတ်ကူးမြင်ကွင်းထဲမှာ ပြန်ကြည့်ရင်တောင် သိတ်ကို ကြေကွဲစရာကောင်းလှပါတယ်။ မျက်ရည်စနဲ့ အချုပ်ကားကိုကြည့်ပြီး ကျန်ခဲ့တဲ့ ဇနီးသည် အသစ်စက်စက်က " ဘယ်နေရာရောက်ရောက် ထောင်ဝင်စာ လိုက်တွေ့မယ်" လို့ ခင်ပွန်းသည်ကို မှာလိုက်တဲ့အသံက အားမာန်အပြည်နဲ့ အုပ်စိုးသူကို စိန်ခေါ်လိုက်သလိုပါပဲ။

ဒီလိုမျိုး အမျိုးသမီးငယ်တွေ ရှိတဲ့ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီ အရေးအတွက် အင်အားတရပ် အဖြစ် တည်ရှိ နေခြင်းဟာလဲ ၀မ်း မြောက် စရာပါ။ပြည်သူလူထုက သူတို့ဇနီးမောင်နှံကိုမင်္ဂလာ လက်ဖွဲ့ အဖြစ် အားပေး ချီး မြှောက်လိုက်တဲ့ လက်ခုပ်သံတွေ တော်တော်နဲ့ စဲမသွား တော့ပါဘူး။ အချုပ်ကားပေါ်က သတို့သားက ပြည်သူ လူထုကို နှုတ်ဆက်သွားပါသေးတယ်၊ ကိုမင်းကိုနိုင်ရဲ့ ကဗျာတပုဒ် နဲ့ပါ၊
"ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံ စိုက်တဲ့နေ့ ငါပြန်လာခဲ့မယ်တဲ့" သူရဲကောင်းတွေရှိတဲ့ တိုင်းပြည်မှာ အမှောင်လှိုင်းတွေ ဘယ်လောက်ပဲ ထန်ထန် ၊ ရိုက်ချိုးမှောက်လှန် အောင်ပွဲခံနိုင်မှာပါ။ အမှန်တရားကို သတ္တိနဲ့ ရှာဖွေဖော်ထုထ်မှုနဲ့ တန်ဖိုးထားတတ်တဲ့ လူသားတိုင်းခံစားနိုင်ကြပါစေ။

မြန်မာမျိုး

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု

ဒေါက်တာ သောင်းထွန်း

(နိုဝင်ဘာ ၁၁ ရက်ထုတ် ဂါးဒီးယန်းသတင်းစာမှ ကေသီစကော့ကလပ် နှင့် အဒြီယန်လဗီ ဆိုသူတို့ ရေးသော 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက် သူရဲကောင်းကြီး မဟုတ်ပါ' ဆောင်းပါးသို့ ချေပချက်)

ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာ၏ နိုဝင်ဘာ (၁၁) ရက်မှ 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ' ဆိုသည့်ဆောင်းပါးတွင် နားလည်မှု လွဲမှားချက်များနှင့် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ဤအထဲမှ အထင်ရှားဆုံး အမှားများကို ထောက်ပြပါမည်။ ယင်းဆောင်းပါးရှင်များက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့လှုပ်ရှားမှုကို မိမိတို့ဖာသာမိမိ ပြန်လည် ဝေဖန်ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်ဟု လွဲမှားစွာယူဆထားသည်။

၎င်းတို့က လူအများအပြား၏ပြောစကားများ ကို ကိုးကားဖော်ပြထားရာ ကိုးကားချက်တခု၌ 'ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦး' က 'ကျနော်တို့ စွန့်လွှတ်အနစ်နာ ခံတာတွေ သက်သက်နဲ့ဘဲ အောင်ပွဲတကယ်ရနိုင် မရနိုင်ကို... အလေးအနက်စဉ်းစားဖို့လိုပြီ' ဟုပြောကြောင်း၊ နောက် တယောက်ကလည်း 'လူကြိုက်များခဲ့တဲ့ အန်အယ်လ်ဒီပါတီ လမ်းပျောက်သွားပြီ' ဟုပြောကြောင်း ရေးထားသည်။ အမှန်အားဖြင့် ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်းလက္ခဏာကို ပြရာမရောက်ဘဲ သဘောကွဲလွဲမှု များကို ဖော်ထုတ်နိုင်စွမ်း၊ လွတ်လပ်ပွင့်လင်းစွာ ငြင်းခုံဆွေးနွေးနိုင်စွမ်းတည်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏

ခွန်အားကိုသာ သက်သေပြခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဓလေ့မျက်နှာစာပေါင်းစုံနှင့် သဘောထားအမြင်မြောက်မြားစွာ သိုက်သိုက်ဝန်းဝန်း ရှိသည့်နိုင်ငံဖြစ်သည်။ ဤသည်မှာ မိမိတို့လို ဒီမိုကရေစီမြတ်နိုးသည့် အခြားလူမျိုးများနှယ်ပင်ဖြစ်သည်။ လူထုများ၏ ကျယ်ကျယ်လောင်လောင်ဆူညံသံမှာ ပြိုကျပျက်သုဉ်းမှုကို မဖော်ဆောင်ကြောင်း မြန်မာပြည်သူတို့က သက်သေပြခဲ့ ပြီးဖြစ်သည်။ ဤသို့ အန္တရာယ်ကြီးလှသော ပြိုကျမှုအလားအလာမှာ ကြမ်းကြုတ်ဆိုးဝါးသည့် တခုလုံးအနေအထား၏ ဖော်ပြချက်လက္ခဏာရပ်သာဖြစ်ပါသည်။ လောလောဆယ်တွင် ဒေါ်စု တိတ်ဆိတ်နေမှုကို သုံးသပ်ဆန်းစစ်ရာ၌ ဆောင်းပါးရှင်များက မြန်မာစစ်အစိုးရ၏ ဆိုးသွမ်းယုတ်ညံ့မှုအားလုံးမှာ သူမကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ဖို့ကြိုးစားထားသည်။

သူမသည် 'ပျော့ပြောင်း လိုက်လျောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်'၊ 'အဖမ်းခံရပြီးနောက် ငြိမ်သွားသည်'၊ သူမ၏ 'တိုက်ပွဲမှာ တရားထိုင် ကမ္မဋ္ဌာန်းတိုက်ပွဲအဖြစ်သို့ လွှဲပြောင်းသွားပုံရသည်'၊ သူမ၌ 'နိုင်ငံရေး နလဗိန်း တုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း' ဟူသောချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များက ဆိုသည်။ 'အဖွဲ့ချုပ်က မည်သည့်ပေါ်လစီသစ်များ ဖော်ထုတ်ခဲ့ပါသနည်း' ဟုလည်း မေးထားသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဒေါ်စုမှ ညစ်ကပ်ကပ်ပုံစံမျိုးဖြင့် မလှုပ်မခြောက်နေ,နေခြင်းမှာ သူမကိုယ်တိုင်၏ရွေးချယ်မှုဖြစ်သည်၊ သူမ ဖန်တီးလိုက်သည့် 'လေဟာနယ်'ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အားနည်းချိနဲ့သွားပြီး ဦးတည်ရာမဲ့ ဖြစ်သွား သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ဒေါ်စု၏အချုပ်အနှောင်ခံဘဝတွင် ပိုမိုကျယ်ပြောသည့်ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ပြုနိုင်ရန်အတွက် အဆင့်အနိမ့်ဆုံးသောနည်းလမ်းများကိုပင် ကျင့်သုံးခွင့်မရရှာပေ။ စစ်အစိုးရ၏

သံမဏိအုပ်ချုပ်ရေး အောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျကိုယ်စားပြုထားသူတို့နှင့်ပင်လည်း ကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ ယင်းသို့သောအနေအထားတွင် ခိုင်မာတာရှည်ခံသောပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်းနှင့် ဖော်ထုတ်ရသည့်ပေါ်လစီသာဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ (သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သောညှိနှိုင်းတိုင်ပင်မှု မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပာယ်အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့်ပေါ်လစီသာ ဖြစ်ပါလိမ့်မည်။ ကျနော်တို့ရင်ဆိုင်နေရသော ကိစ္စရပ်များကို ဉာဏ်ပညာရှိစွာကိုင်တွယ်ထိတွေ့ရန် ကျနော်တို့လှုပ်ရှားမှုက အားပေး ထောက်ခံပါသည်။ စကားအခြေအတင်ငြင်းခုံပွဲ ကောင်းကောင်းလုပ်ရေးကို ဒေါ်စု တခါမျှ ရှောင်လွဲခဲ့ခြင်းမရှိပါ။ အသိအမြင်ကြွယ်ကြွယ်ဝဝဖြင့် ဝေဖန်ခြင်းသည် အပြုသဘောဆောင်ပြီး အဆုံးစွန်ထိကြည့်လျှင် အကျိုးရှိလှပါသည်။

သို့ရာတွင် အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေးရည်မှန်းချက်ဖြင့် အသိအမြင်ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီး သုတ်ရမ်းခြင်းမှာမူ ခိုင်မာသည့်စကားစစ်ထိုးခြင်း မဟုတ်ဘဲ လှုပ်လှုပ်ရွရွဖြစ်အောင်ဖွရေးအတွက်သာ အကျိုးရှိပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်ရပ်သည် ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် အင်မတန့်ကို ထူးခြားလှပါသည်။ နိုဘယ်ငြိမ်းချမ်း ရေးဆု ရရှိထားသူတဦးကို ဆုရပြီးနောက် ဤမျှကာလရှည်ကြာစွာ အကျဉ်းချထားခြင်းမျိုး ယခင်က တခါမှမရှိခဲ့ဖူးပါ။ ကျနော်တို့ နှစ်ငါးဆယ်နီးနီး ကြုံတွေ့နေရသော ထူးခြားလွန်းလှသည့်အခက်အခဲများကို ကျနော်တို့လိုကြုံရသည့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသောအစိုးရများလည်း ရှိလိမ့်မည်မဟုတ်ပါ။ (၁၁)ရက်နေ့ထုတ်ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင်ဆိုစေကာမူ ကျနော်တို့အနေဖြင့် ကိုယ့်လမ်း ကိုယ် ဆက်လျှောက်မည်သာဖြစ်ပါသည်။

ကျနော်တို့ပြည်သူများ အလွန်မြတ်နိုးတန်ဖိုးထားသည့် အမျိုးသမီးကြီး၏ သံဓိ ဋ္ဌာန်နှင့် ရပ်တည်ချက်အပေါ် ယင်းဆောင်းပါးကဲ့သို့ အနှစ်မဲ့တိုက်ခိုက်မှုများက သူမ၏စိတ်ဓာတ်ကိုသော်လည်း ကောင်း၊ မိမိတို့တိုင်းပြည်လွတ်လပ်ရေးအတွက် အစစအရာရာစွန့်လွှတ် အနစ်နာခံနေသော မြန်မာပြည်သူတို့၏ စိတ်ဓာတ်ကိုသော်လည်းကောင်း ယိမ်းယိုင်စေမည်မဟုတ်ကြောင်း ကျနော်တို့ယုံကြည်နေပါသည်။

(ဒေါက်တာသောင်းထွန်း-အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂကိုယ်စားလှယ်-၏ ဂါးဒီးယန်းသတင်းစာ၊ နိုဝင်ဘာ ၂၅ ရက်၊ ၂ဝဝ၈ ခုပါဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။)

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး ...

ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။

အနှစ်သာရ - ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။

ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...

ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း “ကြောက်လို့လား” လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။

အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။

ဒီတစ်ခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။

အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို စမ်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။

ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။

အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။

အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။

ကျနော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။

ယုန်နဲ့လိပ် ပုံပြင်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ...

* ခပ်သွက်သွက်၊ ခပ်မြန်မြန်ဖြင့် ပြီးမြောက်အောင် လုပ်ခြင်းသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်ခြင်းထက် သာလွန်မြဲ ဖြစ်၏။
* မိမိ၏ ယှဉ်နိုင်စွမ်းရှိသော အားသာချက်ဖြင့် အလုပ်လုပ်ပါ။
* အဖွဲ့တစ်ဖွဲ့အနေဖြင့် ရှိပြီး အရင်းအမြစ်များအား ခွဲဝေအသုံးချတတ်လျှင် တစ်ကိုယ်တည်း စွမ်းဆောင်မြင့်သူထက် သာလွန်သည်သာ ဖြစ်၏။
* ဆုံးရှုံးမှုများ တွေ့ကြုံလာသော်လည်း မည်သည့်အခါမျှ အရှုံးမပေးအပ်။
* နောက်ဆုံးအနေဖြင့် တခြားသူနှင့် ယှဉ်ပြိုင်နေခြင်းထက် လက်ရှိအခြေအနေကို စိန်ခေါ်အံတု နိုင်ပါစေ။
http://www.mysuboo.com/index.php?option=com_blog&name=futurenation&task=view&pid=19031&Itemid=

Wednesday, January 21, 2009

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ

ပေးပို့သူကိုမိုးသွေး အား ကျေးဇုးတင်ပါသည်။
အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊

Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။

ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။

Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။

လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။

ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။

၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။

MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။

ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။

Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။

တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။

ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။

ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။

အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။

ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကို ကိုက်လို့။

နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။

သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။

စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။

Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။

Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။

ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)

moethway
Generation Wave

Sunday, January 18, 2009

တိုက်ပွဲ ၀င် အစိုးရပေါ်ပေါက်ရေး အကြံပြုချက်


မျိုးချစ်မြန်မာ

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်


မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။

VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)

8888 People Power Vol 2

မြောကိုးရီးယား လက်နက်ပညာရှင် မိထ္ထှီလာတွင် တစ်ဦးသေဆုံး


အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။



မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက ထောင်ဝင်စာသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အပြင် ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားလိုက်ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဘာကြောင့်လဲဆိုတာတော့ မသိသေးဘူး၊ မိသားစုနဲ့ တွေ့ခွင့်မရတာဘဲလား၊ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကြောင့်လားတော့မသိဘူး၊ (၁၄) ရက်နေ့မတိုင်ခင်တုန်းကတော့ နေပြည်တော်က လူကြီးတွေလာတယ်လို့ ပြောတယ်၊ အဲဒါတွေနဲ့များ ပတ်သက်နေသလားတော့ မသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အရှင်ဂမ္ဘီရ၏ အခြေအနေသေးစိတ်ကို သိရှိရန်အတွက် မယ်တော်ဖြစ်သူက လာမည့်တနင်္လာနေ့တွင် ထောင်ဝင်စာတွေ့ရန် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလအတွင်းက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

Saturday, January 17, 2009

ယှဉ်ပြိုင်အစိုးရသစ်အပေါ် တတိယအင်အားစု (မြန်မာနိုင်ငံ) ၏ သဘောထား ထုတ်ပြန်ချက် (၁/၂၀၀၉)


ဒေါက်တာလွမ်းဆွေ

ဒဂုံဝင်းအောင်နှင့် Max ဇော်ဇော်တို့ကို USက ဒဏ်ခတ်

သမ္မတ သက်တမ်း လေးရက်သာ ကျန်တော့သည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက မြန်မာ ဗိုလ်ချုပ် ကြီးများနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး နှစ်ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ယမန်နေ့က ထည့်သွင်းလိုက်သည်။

၎င်းတို့ နှစ်ဦးမှာ စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့သည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်၊ Max Myanmar ကုမ္ပဏီအကြီးအကဲ ဦးဇော်ဇော်တို့ ဖြစ်သည်။

အဆိုပါစာရင်းထဲတွင် ကနေဒါ-မြန်မာ ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီလည်း ပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးအဖွဲ့ (OFAC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှိပ်ကွပ်နေသမျှကာလပတ်လုံး မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် ဒဏ်ခတ်မှုများကို ချမှတ်ရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ထားပြီးဖြစ်သည်” ဟု OFAC ညွှန်ကြားရေးမှူး Adam J Szubin က ကြေညာချက်တွင် ပြောကြားထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချထားခြင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝန်း၏ အလေးအနက်ထားမှုကို လိုလားမှုမရှိကြောင်း ပြသနေသည်၊ လူ့အခွင့်အရေး ချိုးဖောက်ရာတွင် အဆိုးဝါးဆုံးဖြစ်သော အစိုးရကို ဆက်လက်ဖိအားပေးရမည်ဟူသည်ကိုလည်း ပြသနေကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတသစ် မစ္စတာ အိုဘားမား၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဖြစ်လာတော့မည့် Susan Rice ကလည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူ ပိတ်ဆို့မှု မျိုးစုံ ပြုလုပ်ရေးကို ထောက်ခံပါကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် ပြောကြားလိုက်သည်။ ဤကြေညာချက် ထွက်သည့်နေ့တွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတဘုရှ်၏ သက်တမ်းတွင် အမေရိကန် အစိုးရက အနောက်နိုင်ငံများကို ဦးဆောင်ပြီး မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။ စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့်နီးစပ်သူများ၊ အဓိကကျသည့် နိုင်ငံပိုင် လုပ်ငန်းများ စသဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁ဝဝ ခန့်ကို ဒဏ်ခတ် အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်သည်။

ဦးဇော်ဇော်သည် Max Myanmar ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ကျောက်မျက်၊ ကျွန်းသစ်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

ကြေညာချက်တွင် ဖော်ပြထားချက်အရ Max Myanmar ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေသည်ဟု ဆိုသည်။ အရေးယူသည့်စာရင်းတွင် Max Myanmar ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီ ၈ ခု ပါဝင်သည်။

ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်သည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေပြီး၊ စစ်အစိုးရကို ငွေကြေးအမြောက်အများ လှူဒါန်းလျက်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

ယခု ဖြည့်စွက်လိုက်သည့် စာရင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သော ဦးတေဇ၏ ဟိုတယ်လုပ်ငန်းတခု နှင့် စင်္ကာပူနိုင်ငံသူ Cecilia Ng ၏ လုပ်ငန်းများ ပါဝင်သည်။

ဤအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာတော့မည့် Susan Rice က နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အရေးတွင် ပိုမို ဆောင်ရွက်ရန် လိုအပ်သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

Susan Rice သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မည့် မစ္စတာ အိုဘားမား၏ နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်ပြီး အဓိက အကြံပေးသူတဦးအဖြစ် အများကယူဆကြသည်။

သူက မြန်မာပြည်ကို အပြစ်မဲ့ပြည်သူများကို ဖိနှိပ်သည့် ကမ္ဘာပေါ်မှ နိုင်ငံတခုအဖြစ် သတ်မှတ်ထားသည်။

“စစ်အစိုးရကို နည်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့ရမှာပဲ” ဟု သူက ဆိုသည်။

Friday, January 16, 2009

ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရ သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီဖြစ်သည့်အတွက် အဆိုပါ စင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။

မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။သက်တမ်းမရှိတော့သည့် ဒေါက်တာ စိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစိုးရမှ တဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။
( ဒေါက်တာစိန်ဝင်း - NCGUB)
ဒပ်ဗလင်မြို့တွင်ညီလာခံကျင်းပမည့်ကိစ္စ၊ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအားတိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က အောက်ပါအတိုင်းဆက်သွယ် မေးမြန်းခဲ့သည်။






















(မူရင်း- ခေတ်ပြိုင် သတင်းစာမှ)

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။ http://www.voanews.com/burmese/2009-01-14-voa4.cfm

ဆန္ဒပြ အန်အယ်လ်ဒီလူငယ် (၆) ဦး ပြန်လွတ် (၃) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ

မင်းနိုင်သူ/ ၁၅ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို ဆန္ဒပြခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော အန်အယ်လ်ဒီလူငယ် (၉) ဦးအနက် (၆) ဦး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီး (၃) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ခေတ်ပြိုင်သို့ ပြောသည်။

အာဏာပိုင်များ ပြန်လွှတ်ပေးခဲ့သူများမှာ ကိုထွန်းလင်း၊ ကိုပြည့်ပြည့်၊ ကိုအောင်ဖြိုးဝေ၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုသက်မောင်ထွန်းတို့ဖြစ်ကာ ကိုထွန်းထွန်းဝင်း၊ မထက်ထက်ဦးဝေနှင့် ကိုဝင်းမြင့်မောင်(ခ) ပဲပြုတ်တို့ကို ဆက်လက်ဖမ်းဆီးထားသည်။

လူငယ် (၆) ဦးကို ယမန်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် အင်းစိန်ထောင်မှ ကျိုက္ကဆံကွင်းသို့ ပို့ဆောင်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပြီး စမ်းချောင်း မယက ရုံးတွင် မိဘများကိုလည်း ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ကြောင်း သိရသည်။

၎င်းတို့ (၉) ဦးသည် ၂၀၀၈ ဒီဇင်ဘာ (၃၀) ရက် မွန်းလွဲ (၂) နာရီခန့်တွင် အဖွဲ့ချုပ်ရုံးရှေ့မှ စမ်းချောင်းမြို့နယ်ရှိ လွှတ်တော်အဆောက်အဦအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ယင်းအဆောက်အဦရှေ့၌ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြရာ ယင်းနေ့တွင်ပင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

နအဖစစ်အစိုးရကလည်း အဆိုပါ ဆန္ဒပြမှုကို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက်မြှောက်ပင့် ပေးမှုကြောင့်ဟု တိုက်ရိုက်စွပ်စွဲ သတင်းရေးသားကာ ပုဂ္ဂလိက ဂျာနယ်အချို့တွင် အဓမ္မထည့်သွင်းဖော်ပြခဲ့သည်။

Thursday, January 15, 2009

အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်ရတော့မည်

ကြည်ဝေ

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် များတွင် အလုပ် လုပ်ကိုင် လျက်ရှိသော အထွေထွေ လုပ်သားများ အနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်ရဖွယ် ရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ တဦးက သုံးသပ် ပြောဆိုလိုက်သည်။

ကမ္ဘာ့စီးပွားရေး အကြပ် အတည်းသည် မြန်မာနိုင်ငံ အပေါ်သို့လည်း ကုန်သွယ်ဖက် နိုင်ငံများမှ တဆင့် သက်ရောက်လျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ပြည်တွင်းရှိ အရောင်းအ၀ယ်များ ကျဆင်းကာ စက်ရုံများတွင် ထုတ်လုပ်မှုအပိုင်း၊ အလုပ်ချိန်နှင့် အလုပ်သမားလျှော့ချ ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

လက်ရှိ ပြည်တွင်း စက်ရုံများ၏ အနေအထားမှာ ကုန်သွယ်ဖက် နိုင်ငံများ၏ စီးပွားရေး အကြပ်အတည်း များကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနေရသော လုပ်ငန်းများ အားလုံး လိုလို ရပ်ဆိုင်းလျက်ရှိပြီး ပြည်တွင်း ဈေးကွက်ကို မှီခိုနေကြသော စက်ရုံများ သည်လည်း ရောင်းအား ထက်ဝက်ခန့် ကျဆင်းလျက်ရှိသော အနေအထားကြောင့် ရပ်တည်ရန် ခက်ခဲလာ သည်ကို တွေ့မြင်ရကြောင်း အဆိုပါ စီးပွားရေးပညာ ပါမောက္ခက ပြောဆိုသည်။

“ခုချိန်မှာတော့ ထုတ်လုပ်မှုတွေလျှော့၊ အလုပ်ချိန်တွေ လျှော့တာပေါ့လေ။ ရေရှည် ကျရင်တော့ အလုပ်သမား လျှော့တာမျိုး လုပ်လာကြလိမ့်မယ်၊ အဲဒီ အတွက်လည်း အလုပ်သမားတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်လာလိမ့်မယ်” ဟု ၎င်းကလည်း သုံးသပ်သည်။

စက်ရုံများ အနေနှင့် ကျွမ်းကျင် လုပ်သားများမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ကျွမ်းကျင် လုပ်သားများက လွဲ၍ ကျန်အလုပ်သမား များမှာမူ အလုပ်လက်မဲ့ဖြစ်ရန် ပိုမိုနီးစပ်လျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်တိုင်း အတွင်း စက်မှုဇုန် ၁၈ ဇုန်ရှိပြီး ထို ၁၈ ဇုန်အတွင်း အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမား များအနက် ၁၃၄၉၀၀ ဦးကသာ မှတ်ပုံတင်ထားသူများဖြစ်ကြောင်း အလုပ်သမားရေး ၀န်ကြီးဌာနမှ စာရင်းများ အရ သိရှိရသည်။

ထိုမှတ်ပုံတင်ထားသော အလုပ်သမားများမှာ အမှန်တကယ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ သုံးပုံ တပုံခန့်သာရှိကြောင်း သိရပြီး အများစုမှာ မှတ်ပုံတင်မထားဘဲ ယာယီလုပ်သားများ အနေဖြင့် ၀င်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း စက်မှုဇုန် အလုပ်သမားရေးရာ ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းစားသုံးသူ ဈေးကွက်၏ ၀ယ်လိုအား တခုတည်းကိုသာ မှီခို ထုတ်လုပ်လျှက် ရှိသော စားသောက်ကုန်ထုတ် စက်ရုံများသည် ရောင်းအား ထက်ဝက် နီးပါး ကျဆင်းလာမှုကြောင့် ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏကို ယခင်ကထက် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သကဲ့သို့ ဖြစ်ကာ လူသုံးကုန်ထုတ် စက်ရုံ များသည်လည်း ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ထုတ်လာ သည်ကို တွေ့ရကြောင်း ညောင်ပင်လေးဈေး နှင့် မင်္ဂလာဈေးရှိ ကုန်သည်ကြီးများထံမှ ကြားသိရသည်။

လက်ရှိ ပြည်တွင်းစက်ရုံများ အနေနှင့် ထုတ်လုပ်မှု အပိုင်းကို လျှော့ချလိုက်သည့်အပြင် ကုန်ဈေးနှုန်းများကိုပါ လျှော့ချလိုက်ရကာ နောက်ပိုင်းတွင် မည်သို့ မည်ပုံ ဖြစ်မည်ဆိုသည်ကို မပြောနိုင်သေးကြောင်း လှိုင်သာယာ စက်မှုဇုန် ၂ မှ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်တဦးက ဆိုသည်။

“ကျနော့် စက်ရုံက အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်တွေ လျော့သွားတဲ့အတွက် လုပ်ခတွေတော့ နည်းသွားတာ အမှန်ပဲ။ ခုချိန်ထိတော့ ကျနော့် စက်ရုံကနေ အလုပ်ထုတ် လိုက်တဲ့ အလုပ်သမားမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုအခြေအနေကို ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာလည်း မပြောတတ်သေးဘူး” ဟု သူက ပြောသည်။

၂၀၀၈၊့ ဒီဇင်ဘာလတွင် နီဘန်း တီဗီအန်တာနာမှ အောက်ခြေ အလုပ်သမား ၄၉ ဦး လျှော့ချလိုက်ပြီး ပဲခူး ယန်စီးကျန်း အထည်ချုပ်လုပ်ငန်းမှ အလုပ်သမား ၃၀၀ ခန့် လျှော့ချလိုက်ကြောင်း ကြားသိရသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကတည်းက အထည်ချုပ် လုပ်ငန်းများ၏ သုံးပုံ နှစ်ပုံခန့်မှာ ရပ်ဆိုင်းကုန်ပြီး အလုပ်သမားပေါင်း ၁ သိန်း ၀န်းကျင်ခန့်တို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

ယခုအချိန်တွင် အစိုးရ၏ အခန်းကဏ္ဍသည်အရေး အပါဆုံးဖြစ်လာပြီး ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ ဘက်စုံထောင့်စုံမှ လေ့လာကာ စီးပွားရေးမူဝါဒများကို ကြိုတင်ပြင်ဆင်၍ စာရင်း အချက်အလက်များပြုစုခြင်း၊ စီးပွားရေးပညာ သီအိုရီများပြုစုခြင်း တို့ကို စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက် သင့်ပြီ ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခက အကြံပြု ပြောကြားသည်။ ။

ဗြိတိန်တောင်တက်သမားသေဆုံး


-ကို- (ကိုမိုးသီး)
ဧ၀ရတ်(Mount Everest ) တောင်ကိုတက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား နှင့် သူ့ အဖော်တောင်တက် သမားဟာ ပြင်သစ်(French Alps) မှာ မတော်တဆ သေဆုံးသွားခဲ့ပါတယ်။ Rob Gauntlett ဟာ ဧ၀ရတ် တောင်ထိပ်ကို သူ့ရဲ့အသက် ၁၉ နှစ် ၂၀၀၆ တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး ကမ္ဘာမှာ တောင်တက်ခြင်း နှဲ့ ပက်သက်ပြီး အလေးထားခံရဆုံးသူတွေထဲ မှာပါဝင်ခဲ့ပါတယ်။ သူဟာ ဗြိတိန် နိုင်ငံမှာ လူသိများပြီး၊ အလေးစားခံရဆုံး စံပြလူငယ်တဦးဖြစ်ပါတယ်။

သူ့အမေ Nicola Gauntlett ကတော့ သူဟာ အသက်၂၁ နှစ်ပဲ ရှိသေးတယ် ဒီဖြစ်ရပ်ဟာ ကျမတို့ တစ်မိသားစု လုံးကို အလွန်ကို တုန်လှုပ်ခြောက်ခြားစေတာပါလို့ ပြောခဲ့ပါတယ်။ သူမကဆက်ပြီး သူ့သားနဲ့ သူ့သားရဲ့ အမည်မသိတဲ့ တောင်တက်ဖော်သူငယ်ချင်းဟာ Chamonix က ဒီရေတံခွန်အကြီးကြီး ရှိတဲ့ ရေခဲတောင်ကို သွားတက်ခဲ့ကြပါတယ်။

သူတို့ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ လောလောဆယ် ကျမလည်း အတိအကျတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမှာ ရေတံခွန် အကြီးကြီး တစ်ခု ရှိတယ်ဆိုတာရယ် သူုတို့သေဆုံးသွားခဲ့ကြတယ် ဆိုတာကိုပဲ ကျမတို့ ပြောနိုင်ပါတယ်’ အခုသတင်း အနေနဲ့ကတော့ ကျမလည်း ဒါပဲပြောနိုင်ပါသေးတယ်လို့ သူမကဆိုပါတယ်။ သူတို့ဟာ အဲဒီကို ဇန်န၀ါရီလ ၂ ရက်နေ့က ရောက်ရှိခဲ့ကျပြီးတော့ အင်္ဂလန်ကို ဗုဒ္ဒဟူးနေ့ ကပြန်ရောက်လာ ဖို့ရှိတယ်။

ကျမနဲ့ David တို့ဟာ ပြင်သစ်ကို လာမဲ့ တနင်္ဂနွေမှာ လိုက်သွားကျပါမယ်လို့ သူမက ထပ်ပြောခဲ့ ပါသေးတယ်။ သူမက “ကျမတို့ဟာ အရမ်းကိုတုန်လှုပ်နေကျဆဲ ရှိသေးတယ်။ သူဟာ သေဖို့ သိပ်ကို ငယ်နေပါသေးတယ်။ ဒီလိုဖြစ်ရပ်ဟာ တစ်ခါတစ်ရံမှပဲဖြစ်လေ့ရှိတာမဟုတ်ဘူးလား”လို့ ပြောခဲ့ပါတယ်။

သူ ဟာ သူချစ်တဲ့ အလုပ်ကို လုပ်ရင်းနဲ့သေသွားရတာပဲ ဆိုတဲ့ အကြောင်းတစ်ခုပဲ ကျမတို့ နည်းနည်းဖြေသာ ပါတယ်လို့ သူမက ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ သူနဲ့အတူ သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားဟာ ဘယ်သူလဲဆိုတာ အတိအကျပြောဖို့ ကျမတို့ဘာမှ မသိပါဘူးလို့လဲဆို ပါတယ်။

နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ပြောခွင့် ရှိသူကတော့ “ ဗြိတိန်နိုင်ငံသား နှစ်ဦးဟာ French Alps မှာ မတော်တစ်ဆ သေဆုံးခဲ့တယ်ဆိုတာ သေချာကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြောခွင့်ရှိသူ အမျိုးသမီးက ဒီနှစ်ယောက်ဟာ မုန်တိုင်းကြောင့်ပဲသေဆုံးခဲ့တာလားဆိုတာကိုတော့ အသေအချာ အတိအကျတော့ မပြောနိုင်သေးပါဘူး လို့ဆိုပါတယ်။

၂၀၀၈ နိုဝင်ဘာလက Mr Gauntlett နဲ့ သူ့ သူငယ်ချင်း James Hooper တို့ ဟာ ၀ါရှင်တန်ဒီစီအခြေစိုက် အဖွဲ့အစည်းက ပေးတဲ့ ၂၀၀၈ ခုနှစ်အတွက် အမျိုးသားပထ၀ီဆိုင်ရာ စွန့်စားသူ ဆုကို ရရှိခဲ့ပါတယ်။

ဒီဆုကို ရဖို့ ဆိုရင် Rob Gauntlett နဲ့ သူ့အဖော် စွန့်စားသူဟာ Magnetic North ကနေ Magnetic South Poles အထိကျောက်ဖြစ်ရုပ်ကြွင်းတွေ ပြောင်းလဲမှုကို လေ့လာမှု အတွက် လူနဲ့သဘာဝ စွမ်းရည်ကို ပဲအသုံးပြုပြီးတော့ မိုင် ၂၂၀၀၀ ခရီးကို ဖြတ်ကျော်နိုင်ရပါမယ်။

ဒီခရီးစဉ်အတွင်းမှာ သူတို့နှစ်ယောက်ဟာ ခွေးတွေ ရွက်လှေတွေကို အသုံးပြုပြီး တော့ အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ဆယ့်သုံးနိုင်ငံကျော်ကို ဖြတ်ကျော်ခဲ့တာပါ။ ဒီခရီးစဉ်ပြီးတဲ့နောက် April လမှာသူတို့ဟာ မိုင်းပေါင်း ၁၈၀၀ ကျော်ဝေးတဲ့ Australia ကို ရွက်လွင့်ခဲ့ကျပါသေးတယ်။

၂၀၀၆ ခုနှစ်မှာ သူတို့ဟာ ဧ၀ရတ်တောင်ကို တက်ခဲ့တဲ့ အငယ်ဆုံးတောင်တက်သမား ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ထောက်ခံရေးအတွက် ဟောပြောပွဲပြုလုပ်

ပခုက္ကူမြို့ပေါ်တွင် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံမဲပေးရေးအတွက် ဟောပြောပွဲများ ပြုလုပ်စည်းရုံးသော်လည်း ပြည်သူများက စိတ်ဝင်စားခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက် အမျိုးသားခန်းမတွင် ခေတ်သစ်သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများအဖွဲ့က ယခုလ (၁၂) ရက်နေ့က ဟောပြောပွဲများ ပြုလုပ်စည်းရုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စည်းရုံးရေးဟောပြောပွဲတွင် အောင်မျိုးစံ၊ ထင်လင်းစံ၊ ရဲဘော်တင်ရွှေ၊ အောင်စေတနာ၊ ဦးကြည်ဝင်း (NLD မင်္ဂလာဒုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံ)၊ ဦးသိန်းကြည် (တောင်တွင်းကြီး) တို့က ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ပြီး အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ပခုက္ကူခရိုင်စည်းရုံးရေးကော်မတီ ခေတ်သစ် သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများက ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။

“ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် အမျိုးသားရေး စိတ်ဓါတ်ရှိသူတိုင်း မပျက်မကွက်တက်ရောက်ရန် ဆိုပြီး ဖိတ်တာ၊ သူတို့က ၂၀၁၀ မှာ မဲပေးလိုက်တာသာ အကောင်းဆုံးဖြစ်ပြီး ဒီမိုကရေစီအစိုးရ ပေါ်ပေါက်နိုင်တယ်ဆိုပြီး ပြောတာ၊ ယောက်တိုင်း ဒီအကြောင်းပဲ ပြောတာ၊ လူတွေက နားမထောင်တော့ပဲ ထထပြန်လာတာ၊ နောက်ဆုံး လူမရှိတော့ဘူးဖြစ်သွားတယ်” ဟု မြို့ခံက ပြောသည်။

ထိုကဲ့သို့ ဟောပြောစည်းရုံးမှုများ ပြုလုပ်သော်လည်း ပြည်သူလူထုမှာ စိတ်ဝင်စားခြင်းမရှိဘဲ သွားရောက်ခဲ့ကြသူများမှာလည်း ယခင် (NLD) အဖွဲ့ဝင်ဟောင်းများပါလာသည့်အတွက် မည်ကဲ့သို့ ပြောဆိုမည်ကို သိလိုသောကြောင့်သာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ပြည်သူတွေက ဘယ်သူ့မှ စိတ်မဝင်စားဘူး၊ ကိုယ့်ထမင်းစားဖို့တောင် အနိုင်နိုင်လုပ်နေရတာ၊ သူတို့ဖိတ်လို့ တက်တဲ့သူနဲ့ လာပြီး သတင်းယူတဲ့လူတွေလောက်ပဲ တက်တာ၊ ပြည်သူလူထုက ဒီကောင်တွေကို အရင် NLD ဟောင်းတွေ၊ သာကူးတွေလို့ပဲ သတ်မှတ်တာ” ဟု မြို့ခံက ပြောသည်။

ထို့အပြင် ပခုက္ကူမြို့ပေါ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) က ၂၀၀၉ ဇန်နဝါရီလထုတ် စာစောင်ကိုလဲ ဖြန့်ဝေမှုများပြုလုပ်နေပြီး အဆိုပါစာစောင်တွင် ၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင် ဖွဲ့ထားသည့် သဘောမျိုးပါဝင်သော စာများကို ရေးသားထားကြောင်း မြို့ခံက ဆက်ပြောသည်။

“အဖိုးကြီးတွေက တစညပါတီ နိုင်ရမည်ဆိုပြီး ကြွေးကြော်နေသေးတယ်၊ အဲဒီစာစောင်မှာ ရေးထားတာက ကမ္ဘာ့အရှေ့ဘက်ခြမ်းက လုပ်အားပေးဆိုတာ အတင်းအကြပ် ခိုင်းစေခြင်းမဟုတ်ဘဲ စေတနာနဲ့ လုပ်အားပေးတာ ဖြစ်တယ်ဆိုတာတွေ ရေးထားတော့ လူတွေက ဒါကိုဖတ်ပြီး ဒီကောင်တွေအာဏာရရင် ငါတို့ လုပ်အားပေးလုပ်နေရဦးမယ်ဆိုပြီး လှောင်နေကြတယ်” ဟု ပြောသည်။

ရိုးမ(၃)

Wednesday, January 14, 2009

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများကို ထောက်ခံဆန္ဒပြ၍ အဖမ်းခံရသည့် စင်္ကာပူနိုင်ငံသားနှစ်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ ဒလမြို့ နယ်လူငယ်အဖွဲ့ဝင်များကိုဖမ်းဆီး

http://freeforcountry.blogspot.com

ပြီးခဲ့သည့်ုတနင်္ဂနွေနေ့ ည၁နာရီကျော်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒလမြို့ နယ်လူငယ်အဖွဲ့ဝင်များကို အာဏာပိုင် ( ၂၀ ) ဦးခန့် က လာရောက် ဖမ်းဆီးသွားသည် ။

ဖမ်းဆီးခံရသောဒလမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုထက်စိုးလင်း၊(စည်းရုံးရေးနှင့်ဝါဒဖြန့်ချီရေးမှုး) ကိုသက်ပိုင်မင်း၎င်းတို့နှစ်ဦးအား တိုင်းရဲ အဖွဲ့မှလာရောက်ဖမ်းဆီးသွားသည် ဟုမိသားစုများ၏ ပြောကြားချက် အရ သိရှိရသည်။ ၎င်းတို့ နေထိုင်အိမ်တွင်လည်းအာဏာပိုင်များမှ နေအိမ်ပေါ်တွင်သာမကပဲ ခြံဝန်းအတွင်းရှိ မြေကြီးများ ကိုပါတူးဆွ၍ရှာဖွေသွားသည်ဟုလည်းသိရပါသည် ။ ၄င်းတို့နှစ်ဦုး၏မိဘများကိုလာရောက်ဖမ်းဆီးသည့်  တိုင်း ရဲအဖွဲ့ကပြောကြားသွားသည်မှာ သူတို့နှစ်ဦးမှာ ဆန္ဒပြရန် သတင်း အားကြိုတင် ရရှိထားသော ကြောင့် အခုလိုခေါ်ယူဖမ်းဆီးခြင်း ဖြစ်သည်ဟုပြောကာ သက်သေ အကြောင်းပြချက်မခိုင်လုံဘဲဖမ်းဆီးသွားသည် ။ ယခုအချိန်တွင် ဒလမြို့  နယ်ရှိအခြားသော လူငယ်အဖွဲ့ ဝင်များအား ဆက်လက် ဖမ်းဆီး ခြင်းရှိမရှိကို ဆက် လက် စုံစမ်းနေပါ သည် ။ ဖမ်းဆီး ခံ လိုက် ရ သော လူငယ်များကို လည်းမည်သည့်  နေရာ တွင် ဖမ်းဆီးထားသည် ကို မသိရသေး ပဲ ရှိသည် ။

နအဖ၏ ထပ်ဆင့် ယုတ်ကန်းတော့မည့်အကြံ

ယုတ်မာမှု့ အပေါင်းသဖူဆောင်းတဲ့ နအဖ ထပ်ဆင့် ယုတ်ကန်းတော့မည့်အကြံတစ်ခုကို ကြားသိထားရပါတယ်။အမည်မဖော်လိုသူ တပ်တွင်းမှ အရာရှိတစ်ယောက်မှ ကြားထားရသောသတင်းဖြစ်ပါတယ်။ နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံရသော ၈၈ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ ကို ရဲဘက်စခန်းသို့ပို့ပြီး မတော်တဆ ထိခိုက်၍ သေဆုံး သွားသော ပုံစံမျိုးနဲ့ သေကြောင်းကြံစည်ရန် စိုင်းပြင်းနေပါသည်။ ပြည်သူများခင်ဗျား အပြစ်မဲ့ ထောင်ဒဏ်ချမှတ်ခံရသော နိုင်ငံရေးအကျဉ်းသားကို နီးစပ်ရာ ကူညီပေးကျပါခင်ဗျား။


truemmnews@gmail.comမှ လက်ခံရရှိပါသည်။

Monday, January 12, 2009

စီးပွားရေးကျဆင်းမှု့ဒဏ် ဗမာစစ်တပ် မရူ့မလှခံနေရ

သျှမ်းသံတော်ဆင့်

မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြ သော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိုတားဆီးကာ ငွေတောင်းယူသည်ကိုတော့ ထူးဆန်းမှု့တစ်ခုအဖြစ် မြင်တွေ့ ကြရမည်ဖြစ်သည်၊၊

ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းတွင်ဖြစ်သည် ယခုရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နားရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃)နေရာ ဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီးယာဉ်ငယ်မှန်သမျကို တစ်စီးလျင် ကျပ်(၅၀၀) နူန်း ကောက်ခံ နေသည်၊၊

ဂိတ်ဖွင့်ထားသည့် လမ်းက အချက်အခြာကျသည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျားပိုင်းတနိုင်းနှင့် မိုးညှင်း မိုးကောင်း ဖားကန့် ရွေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျင်ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့်ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင်ကောက်ခံနေခြင်းဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊

ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယနœရားကြီးတစ်ခုလုံးအပေါ် ယခုဖြစ်စဉ်များသည် သာမန်မျှ သာဖြစ်သည်ဟု ယူဆမည် ဆိုပါကယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့များသည် ကိုယ့်ပြသနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒကတက်စရာရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ် အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ်ပေါ်နေသည့် ပြယုတ်တစ်ခုအဖြစ် ရူ့မြင်သူများလည်းရှိသည် ၊၊

မကြာသေးမှီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ်ဒေသများမှ တရားမ၀င် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့်ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘÀာကိုဖြည့်တင်း နေခြင်းက ၄င်းတို့၏ ငွေကြေးလိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊

ယခုအခါ ထိုငွေရေးကြေးရေးအကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေးကို ရိုက်ခတ်လာပြီ ဖြစ်ကာအခက်အခဲ ပိုမိုကြုံတွေ့ လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်းစည်းကမ်းနှင့်တာဝန်ဝတ္တရားများကို စိတ်ဝင်စား နိုင်ခြင်း မရှိကြတော့ပဲ ပြင်ပ၀င်ငွေရပေါက်ရလမ်းများကိုသာ ရှာကြံနေရသည်ဟု စစ်အရာရှိများနှင့်စီးပွားရေး အတူလုပ်နေသူ တစ်ဦးက ပြောသည်၊၊

တစ်လလျင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန်အထက်ဌာနများက အတင်းအကြပ်
ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်းများက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင် ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊

တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသူက
တစ်လလျင် ကျပ်(၃)သိန်းမှ(၅)သိန်းကြား တပ်ရင်းမှူးအားပေးသွင်းရပြီး တပ်ရင်းမှလည်း ရင်းရံပုံငွေထည့်ဝင်ရန် အာမခံချက် ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်းများလုပ်ပိုင်ခွင့် ပေးထားရသည်၊၊

တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ၄င်းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်းအချိုးကျဖြတ်တောက်ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိ တက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများကိုယ်တိုင်ရှာကြံကြရခြင်းဖြစ်သည် ၊၊ အဓိက ၀င်ငွေ ရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်ထင်းခုတ်ဝါးခုတ် စသည့် လုပ်ငန်းများ ကိုပါဝင်ငွေ ရရှိရန် အလို့ငှာ လုပ်ကိုင်ကြရသည် ၊၊

တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပ၀င်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း)အ၀တ်လျော်ခြင်း သန့်ရှင်းရေး လုပ်ခြင်း ဈေးရောင်းခြင်းများ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည် ၊၊ ထိုသို့ပင်ပန်းဆင်းရဲကြီးစွာလုပ်နေရသည့် တိုင်ဝမ်း မ၀ခါး မလှနိုင်ပဲ ဖြစ်နေကြရသည်၊၊

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံများ၏ ကျွဲနွားများကိုခိုးယူ သတ်ဖြတ် စားသောက်ကြကာ တချို့ကအသားခြောက်များလှမ်း၍ မြစ်ကြီးနားဈေးကြီးတွင် ဆတ်သားခြောက် ဟု လိမ်လည် ရောင်းချသည် အထိ သောင်းကျန်းလာကြသည် ၊၊

ယခုပို၍ သိသာလာသည်က တရားမ၀င်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှု့တွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်လုပ်ကိုင်လာကြ
သည် ထော်လာဂျီ ဆိုင်ကယ် ၀စ်သောက်ကား စက်ပစ္စည်းများအပြင် ကျောက်စိမ်း သစ်နှင့်အခြားကုန်ပစ္စည်းမျိုးစုံခိုးသွင်းခိုးထုတ် ရာတွင် ယခင်က အရပ်သားကိုယ်စားလှယ်များက လမ်းကြောတစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်း နေရာတွင် ယခုစစ်ဘက်အရာရှိများကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊

ဗိုလ်မှူးများ မှောင်ခိုလောကတွင်နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သားစီးပွားရေး လောကသားများ ဘုံပျောက်ဘ၀ရောက်သွားကြလေပြီ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်း အချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါဝါရှိသည်ကတစ်ကြောင်း ပို၍အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊

တရုတ်ထော်လာဂျီတစ်စီး မနœလေးထိသွားမည်ဆိုလျင် မြန်မာကျပ်ငွေသိန်း(၂၀)ခန့်ပေးကျွေးရကြောင်းလည်း စီးပွားရေးသမားများ က ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့်ထိစပ်လာသည့် စစ်ဗိုလ်စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘ၀တူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြသည် ဘီယာလေးတမျှမျှ မိုဘိုင်းဖုန်းတကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူများဖြစ်လာပြီး ရရှိသည့်ဝင်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက် စီးပွားရေးလုပ်ငန်းများ ထူထောင် ထားကြသည် ၊၊

အထက်ဌာနများနှင့် နားလည်မူ့ယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့်မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည် ၊၊သစ် နွား ဘိန်းမှောင်ခိုသမားများနှင့် ရွေကျင်းကျောက်ကျင်းများတွင် တရားမ၀င် အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့သည် ကျိကျိတက်ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ် နေကြတော့သည် ၊၊

နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ ထော်လာဂျီများ ဆိုင်ကယ် သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး နောက်မှတသွယ် လိုက်လံငွေတောင်းရမ်းကြရသည် ၊၊တပ်တွင်းတချို့မိသားစုများက
တော့ ဘော်လုံးပွဲ ၂လုံး ၃လုံးဟုခေါ်သော လောင်းကစားများတွင် ဒိုင်ခံခြင်း ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်၊၊


စစ်တပ်ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအ၀င် နအဖစစ်ကောင်စီဝင်ဆွေမျိုးမိသားစု အသိုင်း အ၀ိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်ဝါးမြိုထားသဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံး က မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရားရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည် ၊၊

စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေ တပ်သားထုနှင့်မိသားစုများမှာ စစ်သူတောင်းစားများဘ၀ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ်ကြီးများကတော့ တိုင်းပြည် စီးပွား ရေး တိုးတက်နေကြောင်း ဆက်လက်လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည် ၊၊

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)