အမေရိကန်သမ္မတ ဂျော့ဘုရှ်က ဟားမတ်စ်တို့၏ အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်နေမှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုအနေနှင့် အစ္စရေးဘက်မှသာ ရပ်တည်မည်ဟူသော သဘောထားကို ထုတ်ဖော်ပြသလိုက်သည်။ ဂါဇာဒေသတွင် ဖြစ်ပျက်နေသော သွေးထွက်သံယို မြင်ကွင်းများအတွက် အမေရိကန်နိုင်ငံအနေနှင့် မရှုမြင်ရက်ပါကြောင်း၊ သို့သော်လည်း ဖြစ်ခဲ့သမျှ ကိစ္စအ၀၀အတွက် ဟားမတ်စ်တို့တွင်သာ တာဝန်ရှိကြောင်း ဂျော့ဘုရှ်က ကြေငြာခဲ့သည်။ ဇန်န၀ါရီလ (၂)ရက်နေ့က ပြောကြားခဲ့သော အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ မိန့်ခွန်းအတွင်း ဘုရှ်က အဆိုပါစကားကို ထည့်သွင်းကြေညာခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင်နိုင်ငံများတွင် ဘုရှ်အား မကျေမနပ် ဆန္ဒပြမှုများ တိုးတက်များပြားလာခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကို လိုလားပါကြောင်း၊ နိုင်ငံတောင်ပိုင်းဒေသ ပြည်သူများထံသို့ ဒုံးကျည်များနှင့် မော်တာများ ကျရောက်ပေါက်ကွဲနေမှုကို တုန့်ပြန်တွန်းလှန်နေသည့် အစ္စရေးတပ်မတော်၏ တရားသောစစ်ပွဲအတွက် တားဆီးနိုင်မည့် အခွင့်အာဏာ ၎င်းတွင်မရှိကြောင်း ဘုရှ်ကဆိုသည်။ ထိုသတင်းကြေငြာချက်ကို ဇန်န၀ါရီလ (၃)ရက်နေ့တွင် ကမ္ဘာတ၀ှမ်းသို့ ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် အာဏာသက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်သော ဘုရှ်အနေနှင့် ၎င်း၏အိမ်ဖြူတော် နောက်ဆုံးနေ့ရက်များအတွင်း ပြတ်သားသော ရပ်တည်မှုတစ်ခုကို ပြသခဲ့ခြင်းလည်းဖြစ်သည်။ မကြာမီအချိန်တွင် အိုဘားမားတစ်ယောက် အမေရိကန် သမ္မတအဖြစ် လွှဲပြောင်းယူရာတွင်လည်း အစ္စရေးနိုင်ငံဘက်မှသာ ရပ်တည်ရဖွယ်ရှိကြောင်း ကမ္ဘာ့အရေး အကဲခတ်များက သုံးသပ်ထားကြသည်။
ယခုအချိန်တွင် အကြမ်းဖက်သမား စစ်သွေးကြွများအပါအ၀င် ပါလက်စတိုင်းဦးရေ (၄၀၀)ကျော်မျှ အနည်းဆုံး သေဆုံးခဲ့ပြီးဖြစ်သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က သူမအနေနှင့် ဂါဇာဒေသသို့ အလျင်စလို သွားရောက်ရန် အစီအစဉ်မရှိကြောင်း ကြေငြာထားသည်။ ဂျော့ဘုရှ်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး ဝေဖန်ချက် တစုံတရာ မပေးခဲ့ဘဲ ကုလသမဂ္ဂအပါအ၀င် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကမှ အစ္စရေးအား စွက်ဖက်ခွင့် ရှိနိုင်မည်မဟုတ်ကြောင်း အရိပ်အမြွက်မျှ ပြောကြားသွားသည်။
http://www.planet.com.mm/news/index.cfm/linkpage/desc/id/11539
Saturday, January 3, 2009
ဟားမတ်စ်တို့၏တိုက်ခိုက်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဂျော့ဘုရှ်စွပ်စွဲ
Subscribe to:
Post Comments (Atom)
| Current world times | ||||
| Burma (Rangoon) | USA (Los Angeles) | Australia (Canberra) | Japan (Tokyo) | Russia (Moscow) |



No comments:
Post a Comment