Sunday, June 21, 2009

KANNAM1မြောက်ကိုးရီးယားသင်္ဘော မြန်မာပြည်(သို့) စင်္ကာပူသို့ဦးတည်နေ


KAN NAM 1 လို့အမည်ရတဲ့ မင်္သကာဘွယ်ရာ မြောက်ကိုးရီးယားကုန်တင်သဘောင်္တစီးဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ပြီးထွက်ခွာနေတယ်လို့ တောင်ကိုးရီးယားCable tvသတင်းဌာနမှ (၂၁)ရက်နေ့ကကြေငြာလိုက်ပါသည်။

အမေရိကန်စစ်တပ်မှလည်းအဲဒီမြောက်ကိုးရီးယားသဘောင်္ဟာနျူကလီးယားနဲ့ပတ်သတ်တဲ့ပစ္စည်းတွေ။ ဒုံးကျည်တွေ ပါလာနိုင်တယ်လို့သံသယနဲ့စောင့်ကြည့်နေပါတယ်။

FOXအမေ၇ိကန်သတင်းဌာနမှ၎င်းသဘောင်္ဟာဘာနေရာအထိ သွားရောက်မယ်ဆိုတာမပြောနိုင်သောလည်း (၁၇)ရက်နေ့က မြောက်ကိုးရီးယားဆိပ်ကမ်းမှထွက်ခွာပြီး စင်္ကာပူသို့သာဦးတည်၍သွားနေပြီး၊ ဒီသင်္ဘောဟာ နျူကလီးယားနဲ့ပတ်သတ်တဲ့ပစ္စည်းတွေ။ ဒုံးကျည်တွေသယ်ဆောင်ရာမှာသုံးလေ့ရှိတဲ့သင်္ဘောလို့ ပြောပါတယ်။

(၂၀၀၆)ခုနှစ် (၁၀လပိုင်းတုန်းက KANNAM1ကုန်တင်သင်္ဘောနဲ့အလားတူသင်္ဘောတစီးဖြစ်တဲ့
KANNAM 5ဟာ ဟောင်ကောင်ဆိပ်ကမ်းကိုဝင်လာစဉ် နိုင်ငံလုံခြုံရေးအကြောင်းပြချက်ဖြင့် ၀င်ရောက်ဆိုက်နားခွင့်ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

KANNAM1ကုန်တင်သင်္ဘောဟာ မြန်မာနိုင်ငံကို ၂၀၀၇ ခုနှစ် ၅လပိုင်းက ဆိပ်ကမ်းသို့ဆိုက်ကပ်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသို့စစ်လက်နက်ပစ္စည်များ။ နျူကလီးယားနဲ့ပတ်သတ်တဲ့ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်လို့ယူဆနေကြပါတယ်။ အဲဒီသင်္ဘော ဆိုက်ကပ်ရောက်ရှိတာဟာ မြန်မာ- မြောက်ကိုးရီးယား (၂)နိုင်ငံ သံတမန်ပြန်လည်ဆက်သွယ်ခဲ့တဲ့ ၂၀၀၇ခုနှစ် (၄)လပိုင်းနောက်ဖြစ်ပါတယ်။

1 comment:

HRmyanmar said...

May I link this post please! http://phyowai-mmp.blogspot.com/

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)