Saturday, June 27, 2009

ဒေါ်အောင်ဆန်းစုကြည်ပုံတူ

ပန်းချီပညာရှင် artist Shepard Faire၏ ဒေါ်အောင်ဆန်းစုကြည်ပုံတူ
အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး ဘာရက်အိုဘားမား၏ စံပြုဖွယ်ပုံတူ ပန်းချီကားရေးဆွဲသူ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှ ပန်းချီပညာရှင် ရှီးပါတ်ဖိုင်ရီသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကိုရေးဆွဲပြီးစီးသွားကြောင်းသိရပါသည်။

သမ္မတကြီး ဘာရက်အိုဘားမား၏ ပုံတူပန်းချီကားတွင် “Hope” စကားလုံးကို သရုပ်ဖေါ်ရေးဆွဲခဲ့ပြီး၊ ယခု ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွင် အနီရောင်အလင်းတန်းများ၏ ထိပ်တွင်သူမ၏အသဲနှလုံး အထက်၌ ဂျိုးငှက်တစ်ကောင်ဖြင့် သရုပ်ဖေါ်ထားပြီး “Freedom to Lead” စာသားကို ထည့်သွင်းထားပါသည်။

ပန်းချီဆရာ ဖိုင်ရီပြောသည်မှာ “ သူမရဲ့ နေအိမ်အကျယ်ချုပ် အကျဉ်းခံနေရမှုကို အမှတ်ရစေဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ထားမှုတွေကို ပေါ်လွင်စေဖို့ ဒီပန်းချီကားကို ဖန်တီးခဲ့တာပါ” လို့ပြောကြား ခဲ့ပါသည်။

လွန်ခဲ့သော (၁၉) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် (၁၃)နှစ်ကြာ နေအိမ်အကျယ်ချုပ် ချထားထြင်းခံခဲ့ရပြီး ယခုတဖန် အမေရိကန်နိုင်ငံသား တဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်ယားကန်မှတဆင့်ရေကူးဝင်ရောက်ခဲ့ခြင်းအကြောင်းပြု၍ ယုတ္တိမရှိသော စွဲချက်များဖြင့် တရားစွဲ ထားပြီးအင်းစိန်ထောင်အတွင်းသို့ ပို့ဆောင်ထားခြင်းခံနေရပါသည်။

ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် (၅) နှစ်အထိကျခံရဖွယ်ရှိပါသည်။

လွန်ခဲ့သောနှစ်က သမ္မတကြီး အိုဘားမား မဲဆွယ်စည်းရုံးရေးကာလအတွင်း ဖိုင်ရီ၏ အိုဘားမားပုံတူပန်းချီကားဖြင့် လူငယ်များကို လှုံဆော်စည်းရုံးနိုင်ခဲ့ပါသည်။

ဤအချင်းအရာကြောင့် အမေရိကန်ပြည်ထောင်စု၏ ထင်ရှားသော လု့အခွင့်အရေးလှုပ်ရှားသူ ဂျက်ဟီလီမှ ဖိုင်ရီအား ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူရေးဆွဲရန် တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။

ဟီလီသည် လူ့အခွင့်ရေးလှုပ်ရှားမှု ဌာန၏ ဥက္ကဌလည်း ဖြစ်၏ ။ ဟီလီက -

“အိုဘားမားအတွက် ပြည်တွင်းမဲဆွယ် စည်းရုံးရေးလှုပ်ရှာားမှုမှာ ကူညီနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း နိုင်ငံတကာ အတိုင်းအတာ အနေနဲ့ စံပြုဖွယ် ပုံတူပန်ချီကား တစ်ချပ် သူဖန်တီးပေးနိုင်မယ်လို့ ကျွန်တော် ထင်တယ်လေ။”

“ဒီလို ပျိုမြစ် အားရှိတဲ့ တုန့်ပြန်လှုပ်ရှားမှုးတွေမှာ ပါဝင်ရတာ ကျွန်တော် စိတ်ဝင်စားပါတယ်။ ဗမာပြည်ဘယ်မှာရှိတယ်ဆိုတာ လူအနည်းငယ်သာသိပ်တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ နံမည်ကိုလည်းမသိ

ကြဘူး။ အလွန်ဆုံး “ဒီအမျိုးသမီးပေါ့” လို့သာ သူတို့ပြောနိုင်ပ်ါတယ်”

၁၉၉၉ ခုနှစ်တွင် သူမ နှင့်တွေ့ဆုံစဉ်က ပေးခဲ့သော ကတိ က ဖြည့်ဆည်းပေးရမည်ဟုလည်း ဟီလီက ပြေဆိုခဲ့သည်။

“သူဟာ ကျွန်တော်စိတ်ထဲမှာ စကြာင်္ဝဌာလုံး ဆိုင်ရာ လူ့အခွင့်ရေးကြေငြာချက်ရဲ့ သင်္ကေသ တစ်ခု အဖြစ်ရှိနေနပါတယ်။ သူမသာ အာဏာရခဲ့ပြီးဆိုရင် ညှင်းပန်းနှိပ်စက်မှုတွေ ၊ ကလေးစစ်သားတွေ ၊ မူးယစ်ဆေးမှောင်ချုမှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်” ဟူ၍လည်း ပြောဆိုသည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓါတ်တက်ကြွဖွယ် ဓါတ်ပုံများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

ကုလကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ နှင့် တွေ့ဆုံစဉ်က ထွက်ပေါ်လာသော ဓါတ်ပုံများတွင် ညှိုးနွမ်းသော အမူအရာများ ရှိနေခဲ့သည်။ ယခု အပတ်အတွင်း ဂမ်ဘာရီ သွားရောက်ဦးမည်ဖြစ်၏။
အမေရိကန်သမတ အိုးဘားမား၏ ပုံတူရေးဆွဲသော ပန်းချီပညာရှင် American artist Shepard Fairey
ဖိုင်ရီ သည် အိုဘားမား ပိုစတာ ကို နီညိုရောင် ၊ အဖြူ အပြာ တို့ဖြင့် ထက်ကောင်းရှိ “Hope” ဆိုသော စကားလုံးကို မျှေိာကြည့်နေဟန် သရုပ်ဖော်ခဲ့သည်။

သို့သော် AP( Associated Press) သတင်းဌာနမှ ၎င်းတို့မူပိုင် ဓါတ်ပုံကို အခြေခံ၍ ရေးဆွဲခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖိုင်ရီ သည် တရားရင်ဆိုင်ရလျက်ရှိသည်။
သတင်း။ ။ ၀မ်းအိုဝမ်း

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)