ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီး နှောပင်ရေနံမှော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတွေ မကွေးတိုင်းမှူး ဗိုလ်မှူးကြီး ဘုန်းမော်ရွှေရဲ့ အစ်မပိုင် ကောင်းဇော်ဟိန်း ကုမ္ပဏီက နယ်မြေခံ ရေနံတွင်းတူးသူတွေအပေါ် လက်ဝါးကြီးအုပ် ခြယ်လှယ်တဲ့သတင်းကို ဇန်နဝါရီ ၇ ရက်နေ့ည အစီအစဉ်မှာ RFAက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက မတရား ဈေးနှိမ်ဝယ်တာတွေ အခွန်ကောက်ခံမှု များတာတွေကို ညှိနှိုင်းမပေးတဲ့အတွက် မနေ့က ဇန်နဝါရီ ၈ရက်နေ့ညက ဒေသခံ ရေနံတွင်းတူး လုပ်သား ၂၀၀ ကျော်က ကုမ္ပဏီပိုင် အကောက်ခွန်ဂိတ်နဲ့ ရုံးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ရေနံလုပ်သားများ ဆန္ဒပြ မီးရှို့မှု ဖြစ်ပွားသော မြိုင်မြို့နယ်သည် ဧရာဝတီမြစ် အနောက်ဖက်ကမ်း ပခုက္ကူမြို့၏ အနောက်မြောက်ယွန်းတွင် တည်ရှိပါသည်။ ဒီမီးရှို့တဲ့သူတွေကို ခလရ ၂၅၇ တပ်ရင်းက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူတဦး ဒဏ်ရာရခဲ့တယ်လို့ RFAက သတင်းရရှိခဲ့ပါတယ်။ သိရှိနိုင်ဖို့ နှောပင် ရေနံမှော်က ရေနံတွင်းပိုင် တဦးကို မေးကြည့်ခဲ့ပါတယ်။
ရေနံတွင်းပိုင်။ ။ “ ဒီမီးရှို့တဲ့အခါကျတော့ ၂၅၇ တပ်ရင်းက သေနတ်တွေနဲ့ ပစ်တယ်။ ရှမ်းတုံးက လှည်းသမား အဖွားကြီးတယောက် သေနတ်မှန်တယ်လို့ ကြားသိရတယ်။ ဖြစ်တာကတော့ ညနေ ၇နာရီခွဲအချိန် ဖြစ်တယ်။ ဂိတ် ၁ကို မီးရှို့တယ်။ နောက်၈နာရီ ပတ်ဝန်းကျင်လောက်မှာ ရုံးချုပ်ကို မီိးရှို့တယ်။ သေနတ် ၁၆ ချက်လောက် ကြားတယ်။ ”
ဒီကုမ္ပဏီရဲ့ လုံခြုံရေးအတွက် ခလရ ၂၅၇ ရေစကြို ဖူလုံတပ်ရင်းက ဗိုလ်မှူး မျိုးခိုင်ဆွေ ဦးဆောင်တဲ့ တပ်စိပ် တစိပ်က စောင့်ကြပ်နေတာ ရှိတယ်လို့ သိရပါတယ်။ အခု အဲဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရသူမှာ အသက်၃၄ နှစ်ရှိ ဒေါ်ဝင်းမာဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကောင်းဇော်ဟိန်း ကုမ္ပဏီရှင် ပိုင်ရှင် ဒေါ်သီတာရွှေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီးဒေါ်ကြိုင်ကြိုင်ကို လာဘ်ငွေ အမြောက်အမြားပေးပြီး ဒီရေနံမှော်ကို ရယူထားတာဖြစ်တယ်လို့ ခုနက တွင်းပိုင်ကပဲ ဆက်ပြောပါတယ်။
ရေနံတွင်းပိုင်။ ။ “ ကောင်းဇော်ဟိန်းကုမ္ပဏီက ဦးသန်းရွှေကတော် ဒေါ်ကြိုင်ကြိုင်ကို ငွေကျပ် သိန်းသုံးထောင်ပေးပြီး ဒီဒေသကို အမိအရယူတဲ့ သဘောရှိတယ်။ ဦးသန်းရွှေရဲ့ မြေးလေးကို သူတို့က ဒီမှာလုပ်ချင်တယ်ဆိုရင် သူ့မြေးအတွက်ကို သိန်း ၁ထောင်လောက် သရေစာဖိုး ပေးရတာလို့ သူတို့ကဖွင့်ပြောတာပါ ခင်ဗျား။ ” ဒေသခံတွင်းပိုင်တဦး ပြောပြသွားတာပါ။ ဒီရေနံမှော်က တခြား ရေနံတွင်းပိုင် အမျိုးသမီးကလည်း မီးရှို့မှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
ရေနံတွင်းပိုင်အမျိုးသမီး။ ။ “ ဟုတ်တယ်၊ ကားတွေ ပါသွားတယ်။ မီးရှို့ခံရတဲ့ထဲ ဟုတ်ကဲ့ ကုမ္ပဏီက ကားတွေတဲ့ လုပ်သားတွေက ပါတယ်မကြားဘူး။ ကားတွေပဲ ရှို့ခံရတယ်လို့ ပြောတယ် ဘောက်ဆာတွေ မဟုတ်ဘူး ၆ ဘီးတွေတဲ့ ။ ” တွင်းပိုင်အမျိုးသမီးတဦးက သူသိသမျှကို ပြောပြတာပါ။ နောက်ထပ်တွင်း
ပိုင်တဦးကို မေးကြည့်တဲ့အခါမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ လူငယ် ၄ဦးကို အနီးစပ်ဆုံး ရဲစခန်းဖြစ်တဲ့ ဗဟင်းရွာ ရဲစခန်း မှာ ဖမ်းထားတယ်လို့ သိရပါတယ်။ မီးလောင်သွားတဲ့ကားက ကုမ္ပဏီပိုင်ကားမဟုတ်ပဲ ကုမ္ပဏီမှာ ရေနံအငှားသယ်နေတဲ့ ဒေသခံတဦးပိုင် ကားဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီကားတွေ ဝန်ထမ်းတွေကတော့ ညတွင်းချင်း ထွက်ပြေးလွတ် သွားတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေကတော့ ကိုမျိုးအောင်၊ ကိုရဲထွဋ်ဝင်း၊ ကိုရာဇာ၊ ကိုသန်းဆွေ တို့ ၄ဦးဖြစ်တယ် လို့ပြောပြပါတယ်။RFAက ဗဟင်းရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဗဟင်းရဲစခန်းမှာ ဆက်သွယ်ဖို့ ဖုန်းမရှိတဲ့အတွက် ဗဟင်းရဲစခန်းမှူး ဦးဇော်လင်းနိုင် နဲ့ နီးစပ်သူတယောက်ကတော့ မြို့နယ်မှူးရော စစ်တပ်ကတာဝန်ရှိသူတွေရောဗဟင်းမှာရောက်ရှိနေကြောင်းမနေ့ကလည်း ပခုက္ကူခရိုင်အေးချမ်းသာယာရေး
နဲ့ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေ လာသွားတယ်လို့ပြောပြပါတယ်။ ။ အခုဒဏ်ရာ ရသူမှာ ရှမ်းတုံးပြင်သံကိုင်း ရွာက လှည့်းသမားရဲ့ ဇနီးဖြစ်တယ်လို့သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုဟာ ကာလတန်ကြေး သိန်း ၃၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
ဒီဒေသခံလူထုဟာ ရေနံမထွက်ခင်က ထင်းခုတ် ဝါးကပ်ယက်ပြီး အသက်မွေးဝမ်းကျောင်းသူ အများစုဖြစ်ပြီးံ၁၉၉၈ နောက်ပိုင်းမှာ တွင်းတိမ် ရေနံလုပ်ငန်းက ရေနံရရှိလာတဲ့အတွက် စီးပွားရေး အဆင်ပြေလာတာ ဖြစ်ပါတယ်။ ဒီဒေသမှာ ၂၀၀၈ခုနှစ် နိုဝင်ဘာ ၄ရက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် သိန်းပေါင်း သောင်းချီ နစ်နာခဲ့ရပါတယ်။ အခုလို ကောင်းဇော်ဟိန်း ကုမ္ပဏီက လက်ဝါးကြီးအုပ် ခြယ်လှယ်ခံရတာကြောင့် လုပ်ပိုင်ခွင့်
တွေ ဆုံးရှုံးနေရတဲ့အတွက် ဆက်လက် သည်းမခံနိုင်ကြတော့ပဲ ဒေါသပေါက်ကွဲကာ မီးရှို့မှုတွေထိ ဖြစ်လာရတာလို့ သိရပါတယ်။ (RFA)
Sunday, January 11, 2009
ရေနံလုပ်သားများ မီးရှို့ဆန္ဒပြမှုကို စစ်တပ်က ပစ်ခတ်နှိမ်နင်း
Subscribe to:
Post Comments (Atom)
| Current world times | ||||
| Burma (Rangoon) | USA (Los Angeles) | Australia (Canberra) | Japan (Tokyo) | Russia (Moscow) |



No comments:
Post a Comment