Sunday, December 7, 2008

နိုင်ငံကျော် GUN N' ROSESအဖွဲ့ မှ 'Chinese democracy' အယ်လ်ဘမ်အား တရုတ်အစိုးရမှပိတ်ပင် တားမြစ်ခြင်း

GUN N' ROSESတေးဂီတအဖွဲ့ဟာ ၎င်းတို့အဖွဲ့ရဲ့ 'Chinese democracy' လို့အမည်ရတဲ့ Albumအခွေသစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၄)ရက်နေ့က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။၎င်းအခွေ သစ်အား တရုတ်ပြည်တွင်းသို့ ရောင်းချခြင်းမပြုရန် တရုတ်အစိုးရမှ ပိတ်ပင်လိုက်ပါတယ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ သတင်းစာပါဆောင်းပါးမှာ ယခုAlbum ဟာ သူတို့နိုင်ငံအပေါ်ဆိုးရွားတဲ့ တိုက်ခိုက်မှု၊ ဒီအမေရိကန် တေးဂီတအဖွဲ့ဟာ ဒီ Alburmကို အကြံအစည်ရည်ရွယ်ချက်ရှိရှိ ဆိုးရွားတဲ့အတွေးနဲ့ ဈေးကွက်မှာ ဖြန့်ဝေပြီး တရုတ်အစိုးရကိုတိုက်ခိုက်တာဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခွေရဲ့ နံမည်ဟာ Chinese Democracy ဖြစ်နေလို့ပါဘဲ။ အထူးသဖြင့် တရုတ်အစိုးရဟာ Democracy ဆိုတဲ့ စကားလုံးကိုမကြိုက်ဘူး။ တရုတ်နိုင်ငံအတွင်း လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းတွေပေါ်မှာ democracy ဆိုတဲ့စကားလုံးကို keywords တွေနဲ့ ရှာလို့မရအောင် ပိတ်ပင်တဲ့နိုင်ငံဖြစ်နေပါတယ်လို့လည်း GUN N' ROSESအဖွဲ့ရဲ့ home pageမှာ ရေးသားထားတာတွေ့ရပါတယ် ။ တရုတ်နိုင်ငံတွင်းမှ အင်တာနက်မှလည်း GUN N' ROSESအဖွဲ့ရဲ့ home pageကို ကြည့်လို့မရအောင်လည်း တရုတ်အစိုးရမှ ပြုလုပ်လာဖွယ်ရှိကြောင်းလည်းသိရှိရပါတယ်။

GUN N' ROSESအဖွဲ့ဟာ မကြာသေးမှီနှစ်များကလည်း တေးဂီတဖျော်ဖြေရန် တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာမရခဲ့တဲ့ တေးဂီတအဖွဲ့ဖြစ်ပါတယ်။ GUN N' ROSESအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီအရေး ကိုအားပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တေးဂီတဖြင့် အထူးလှုံ့ဆော်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

တရုတ်အစိုးရပိတ်ပင်ခဲ့တဲ့ 'Chinese democracy' သီချင်း ဗီဒီယိုကို အောက်မှာကြည့်ရူနားထောင်နိုင်ပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)