ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် pieero Fassino က မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြေလည်တိုးတက်မှုရအောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Bankimoon ကိုယ်တိုင်တိုက်ရိုက်ပါဝင်ကိုင်တွယ်သင့်ပြီလို့ ပြောလိုက်ပါတယ်။
Mr. Fassino ကို ဘီဘီစီက တွေ့ဆုံမေးမြန်းတဲ့အခါ သူက မေလ နာဂစ်မုန်တိုင်းအပြီးမှာ Bankimoon ကိုယ်တိုင် မြန်မာပြည်သွားပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ နိုင်ငံတကာကပေးနိုင်အောင် ကူညီဆောင်ရွတ်ပေးနိုင်ခဲ့တယ်။ အခုအခါမြန်မာအစိုးရက ၂၀၁၀ ရွေးကောက်ပွဲတွေလုပ်ဖို့ ကြေငြာထားတာမို့ အဲဒီအတွက် ပြင်ဆင်ချက်တွေ နောက်ဆုံးအဆင့် အပြီးမသတ်ခင် မြန်မာပြည်ကို သွားသင့်ပါတယ်လို့ ပြောကြားသွားပါတယ်။
Bankimoon ကိုယ်တိုင်သွားနိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အဖမ်းခံရသူတွေ လွတ်မြောက်လာမယ်လို့ သူမျှော်လင့်ကြောင်းပြောပါတယ်။
အနောက်နိုင်ငံတွေသာမကပဲတရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှားနဲ့ အာဆီယံလို အာရှနိုင်ငံတွေရဲ့ကဏ္ဍကလည်း အရေးကြီးကြောင်းနဲ့ Bankimoon ရဲ့ခရီးစဉ်ဖြစ်မြောက်အောင်မြင်လာအောင် သူတို့တွေကလည်းအတူတကွတာဝန်ယူသင့်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်အောင်အတင်းလုပ်ရင် ဒေသတွင်းတည်ငြိမ်မှု ထိခိုက်လာမယ်ဆိုပြီး အာရှနိုင်ငံခေါင်းဆောင်တချို့ကစိုးရိမ်နေပါတယ်။ အဲဒီတော့ တည်ငြိမ်မှုကို မထိခိုက်စေဘဲ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် အစိုးရ အတိုက်အခံ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နောက်အရေးပါတဲ့လူတွေပါ စုပြီးတွေ့ဆုံဆွေးနွေးရေး ဖြစ်အောင် EU ဘက်ကကြိုးစားနေပါတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာနိုင်ငံရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ အပြောင်းအလဲလုပ်ငန်းစဉ်တခုရှိခြင်းသည်သာ သူတို့အတွက်အကောင်းဆုံးဖြစ်တယ်ဆိုတာကိုစစ်အစိုးရ နားလည်သဘောပေါက်လာအောင် သူ့အနေနဲ့ပိုပြီးကြိုးစားရမှာပါဆိုပြီး ပြောကြားသွားပါတယ်။
(ဘီဘီစီ)
Sunday, December 7, 2008
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး တိုက်ရိုက်လုပ်သင့်ပြီ
Subscribe to:
Post Comments (Atom)
| Current world times | ||||
| Burma (Rangoon) | USA (Los Angeles) | Australia (Canberra) | Japan (Tokyo) | Russia (Moscow) |



No comments:
Post a Comment