Saturday, November 22, 2008

နအဖတရားသူကြီးတချို့ ICCပို့ဖို့တောင်းဆို

မြန်မာနိုင်ငံမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့မှုမှာ သူတို့ရဲ့အမှုကို အများပြည်သူကြည့်ရူနိုင်တဲ့ တရားရုံးတွေမှာပြန်စစ်ဆေးသင့်တယ်လို့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး တာဝန်ခံတွေက ပြောလိုက်ပါတယ်။

ခုလိုပြောလိုက်တဲ့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးတာဝန်ခံတွေထဲမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ ကင်တားနားလဲပါဝင်ပါတယ်။

တခါ ကမ္ဘာ့တရားရေးဌာနကလဲ နအဖဟာ တရားရေးစီရင်ရေးစံနစ်ကို သုံးပြီး ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်နေတယ်လို့ ပြောလိုက်ပါတယ်။ဒါကြောင့် နအဖရဲ့ တရားစီရင်ရေးစံနစ်ထဲက တရားသူကြီးတချို့ကို ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးကို ပို့သင့်တယ်လို့ဆိုပါတယ်။

တရားသူကြီးချုပ်ဦးအောင်တိုးအပါအ၀င် ရန်ကုန်တိုင်းထဲကမြို့နယ်တရားသူကြီးအချို့ကိုအိုင်စီစီပို့သင့်တယ်လို့ ကမ္ဘာ့တရားရေးဌာနကပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကိစ္စကိုICC ကိုလွှဲသင့်တယ်လို့ GJCက အင်ဒရီယာဖရီးမင်းက ပြောပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)