Saturday, November 22, 2008

ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ၊ ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်


ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။

ကျနော့်ကို I (အိုင်) သုံးအိုင်နဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာက အပြုံးမပျက်ဟာသပြောသွားခဲ့ပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)