Sunday, July 5, 2009

ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက ပြောခဲ့တာက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ငြင်းပယ်လိုက်တဲ့အတွက် သူ့အနေနဲ့ အလွန်အမင်း ကို စိတ်ပျက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုတာဟာ အစိုးရက ကျင်းပမယ်လို့ စီစဉ်ထားတဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အများယုံကြည် လက်ခံမှု ရှိဖို့ဆိုရင် အစိုးရက အဓိပ္ပါယ် ရှိတဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတယ်၊ ဒီလိုလုပ်ချင်ပါတယ် ဆိုတာကို ပြသတဲ့ အရေးကြီးတဲ့ လက္ခဏာတခု ဖြစ်ပါလိမ့်မယ်တဲ့။ နိုင်ငံရေးအရ ပွင့်လင်းမှုရှိတဲ့ ခေတ်သစ်တခုကို သွားနေတယ် ဆိုတဲ့ အစိုးရရဲ့ သန္နိဌာန် ခိုင်မာမှုကို ပြသဖို့ မြန်မာအစိုးရဟာ အခွင့်အလမ်းကောင်းတခု ယူဖို့ လက်လွတ်သွားတယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီ သူ့ရဲ့ ခရီးစဉ်ကနေ တဆင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်တွေကို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သူ တိုက်ရိုက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့လည်း သူက ပြောသွားပါတယ်

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)