Sunday, June 7, 2009

The Pacific Conflict Zone ပစိဖိတ်သမုဒ္ဒရာထဲက ပဋိပက္ခရပ်ဝန်း


ကမ္ဘာပေါ်မှာ နူကလီယား ပိုင်ဆိုင်ခွင့် ပတ်သက်၍ အငြင်းပွါးမှုများဖြစ်ပေါ်လျှက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လျှက်ရှိပေသည်။

`ကမ္ဘာပေါ်၌ နူကလီးယားလက်နက်များနှင့်ပတ်သက်၍ မည်သည်နိုင်ငံကတော့ပိုင်ဆိုင်နိုင်သည် မည်သည့်နိုင်ငံ ကတော့ ပိုင်ဆိုင်ခွင့်မရှိဟူသော နိုင်ငံတကာဥပဒေမျိုးမရှိသေးပေ။ သို့သော် နူးကလီးယားလက်နက်များနှင့်ပတ်သက်၍ ကျယ်ပြန့်စွာပြန်ပွါးသွားခြင်းမရှိအောင် ထိန်းချုပ်ထားပါသည်။

စွမ်းအင်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အသုံးပြုခွင့် ရှိသည်ဖြစ်ခြင်းကြောင့် အချို့သောနိုင်ငံများသည် စွမ်းအင်လိုအပ်မှု ပြဿနာအပေါ်မူတည်၍ နူကလီးယား ဓါတ်အားပေးစက်ရုံများတည်ဆောက်၍ နူကလီးယားလက်နက်များကိုပါ ထုတ်လုပ် နိုင်ရန် ကြိုးစားလာကြပေသည်။

ကမ္ဘာပေါ်၌ နူကလီးယားလက်နက်များအား အမေရိကန်နှင့်ရုရှားတို့ ၁၉၄၅ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် Alamogordo, New Mexico ပြည်နယ်၌ “Trinity” အမည်ရှိ ကမ္ဘာ့ပထမဦးဆုံး နူကလီးယားစမ်းသပ်မှုဖြင့်၎င်း၊ ရုရှားသည် ၁၉၄၉ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် Semipalatinsk, Kazakhstan ၌ “ Joe 1” (Refer: Joseph Stalin) ပ

ထမဦးဆုံးနူကလီးယားစမ်းသပ်မှုဖြင့်၎င်း စတင်၍ နူကလီးယားနည်းပညာ နှင့် လက်နက်များအား ပထမဆုံးအသီးသီး ပိုင်ဆိုင်လာကြပေသည်။

ထို့နောက် ဗြိတိန်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့တွင် Monte Bello, Off Trimouille Island ၌ “Hurricane” အမည်ရှိ နူကလီးယားစမ်းသပ်မှုဖြင့်၎င်း၊ ပြင်သစ်သည် ၁၉၆၀ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် အယ်လ်ဂျီးရီးယ

ားပြည်တွင်းစစ် (၁၉၅၄-၁၉၆၂) အတွင်း ဆာဟာရသဲကန္တာရအတွင်း၌ “Gerboise Bleue”(Blue Jerboa) အမည်ရှိ နူကလီးယားစမ်းသပ်မှုအပြီး၌၎င်း၊ တရုတ်နိုင်ငံသည် ၁၉၆၄ အောက်တိုဘာ (၁၆) ရက်နေ့တွင် အာရှအလယ်ပိုင်း Xinjiang Uygur Autonomous Regin (Taklamakan and Kuruktag) သဲကန္တာရအတွင်းရှိ Lop Nur ရေအိုင်၌ ပထမဆုံး နူကလီးယားစမ်းသပ်မှုအား ပြုလုပ်၍ ကမ္ဘာ့ ပဉ္စမမြောက်နူကလီးယား လက်နက်နိုင်ငံအဖြစ်သို့ အသီးသီးရောက်ရှိခဲ့ကြ ပါသည်။


ဤသို့ဖြင့် ဤ ငါးနိုင်ငံကမ္ဘာ့ ကြီးငါးကြီးအဖြစ်၎င်း၊ ၁၉၄၅ ခုနှစ် ယော်တာကွန်ဖရန့်(Yalta Conference) မှစတင် ၍ အရှေ့အနောက် လက်ဝဲ - လက်ယာ ကွဲထွက်ပြီး အ

မေရိကန်ဦးဆောင်သော နေတိုး (North Atlantic Treaty Organization – NATO) အား ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၁၉၄၉ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖွဲ့စည်း၍၎င်း၊ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သော ၀ါဆောစစ်အုပ်စု (Warsaw Treaty Organization)အား ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ၁၉၅၅ မေလ (၁

၎) ရက်နေ့တွင်၎င်း အသီးသီးတို့သည် စစ်အုပ်စုများအပြိုင်ဖွဲ့၍ ကမ္ဘာ့လက်နက်ပြိုင်ပွဲကြီးအား စစ်အေးအသွင် အားပြိုင်၍

နူကလီးယားလက်နက်များအား အပြိုင်အဆိုင် စမ်းသပ်ထုတ်လုပ်ခဲ့ကြရာ ၁၉၉၁ သြဂုတ်လ၌ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားချိန်အထိ တနည်းအားဖြင့် စစ်အေးတိုက်ပွဲကာလဟုခေါ်သော နှစ်ပေါင်း(၄၆) နှစ်ကြာ တိုင်ကာလအတွင်း စစ်လက်နက်များအားပြိုင်အဆိုင် ထုတ်လုပ် ရောင်းချခဲ့ကြပေသည်။ တနည်းအားဖြင့်လည်း ဤကြီးငါးကြီးနိုင်ငံများသည် ကမ္ဘာ့ထိပ်တန်းအဆင့်

စစ်လက်နက်ထုတ်လုပ်တင်ပို့ရောင်းချနေသော နိုင်ငံများလည်းဖြစ် ပေသည်။

သို့သော် စစ်အေးကာလအတွင်း အိုင်စလန်နှင့်ဖင်လန်နိုင်ငံတို့မှ ငြိမ်းချမ်းရေးကို ရည်မှန်း၍ ရှေးဦးစွာ နူကလီးယား မပြန့်ပွါးရေးနှင့်ပတ်သက်၍ စတင်အဆိုပြုခဲ့ရာ ၁၉

၆၈ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့၌ ကြီးငါးကြီးနိုင်ငံများသည် နူကလီးလက်နက်များ မပြန့်ပွါးရေးသဘောတူစာချုပ် (Nuclear Non-Proliferation Treaty – NNPT or NPT) အား လက်မှတ်ရေး ထိုးနိုင်ခဲ့ကြပါသည်။ ၎င်းစာချုပ်၌ အဓိကအားဖြင့် (၁. လက်နက်/နည်းပညာမပြန့်ပွါးရေး၊ ၂. လက်နက်များလျော့ချရေး၊ ၃.နူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာအသုံးချခွင့်) စသည့် အချက်သုံးချက်အ

ပေါ်၌ အခိုင်အမာသဘောတူညီမှု အား ကြီးငါးကြီးနိုင်ငံအများအပါအ၀င် နိုင်ငံပေါင်း (၁၈၉) တို့လက်မှတ်ရေးထိုးနိုင်ခြဲ့

ကပေသည်။

သို့သော် အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး၊ မြောက်ကိုရီးယား စသည့်လေးနိုင်ငံသည် အဆိုပါ (Nuclear Non-Proliferation Treaty) စာချုပ်အဖွဲ့ဝင်များမဟုတ်ကြပေ။

သို့သော်လည်း ကြ

ီးငါးကြီးနိုင်ငံများသည် လျို့ဝှက်စွာဖြင့် နူကလီးယားလက်နက်များကို ထုတ်လုပ်ခဲ့ကြပြီး မဟာဗျူဟာလက်နက်ကြီးများအား သက်ဆိုင်ရာစစ်အုပ်စုများဖြစ်ကြသော နေတိုးနှင့် ၀ါဆောအဖွဲ့ဝင်နိုင်ငံအသီးသီးတို့၌ အပြိုင်အဆိုင် ဖြန့်ချက်ချထား၍ ချိန်ရွယ်ထားခဲ့ကြပါသည်။ ထို့အပြင် အာကာသစိုးမိုးရေးနှင့် စစ်ဘက်ဆိုင်ရာ သူလျှိုဂြိုလ်တုများ၊ ဒုံးခွင်းဒုံးအစီအစဉ်များကိုပါ အပြိုင်အဆိုင် လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။


စစ်အေးကာလပြီးလုပြီးခင် ၁၉၈၅ခုနှစ်၌ သမ္မတ ရော်နယ်ရေဂင် နှင့် သမ္မတ ဂေါ်ဘာချက် တို့တွေ့ဆုံ၍ နူကလီးယား မပြန့်ပွါးရေး၊ နူကလီးယားလက်နက်များထုတ်လုပ်မှုလျော့ချကန့်သတ်ရေး၊ မဟာဗျူယာလက်နက်များလျော့ ချရေး၊ ဖျက်သိမ်းရေး၊ ဒုံးခွင်းဒုံးအစိအစဉ်များ စသည် အားဖြင့် ဆွေးနွေးမှုများပြန်လည်စတင်ဆောင်ရွက်လာခဲ့ကြပါသည်။


ဤသို့အားဖြင့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာသည် သမိုင်းတလျောက် နိုင်ငံတနိုင်ငံ၏ စစ်အင်အားအပေါ်မူတည်၍ ထိန်းညှိခဲ့ကြသည်ဟု ယူဆရပါမည်။ နူကလီးယားလက်နက်ပိုင်ဆိုင်မှုသည် နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပါ မည်လောဟု စဉ်းစားစရာ ဖြစ်လာရပါသည်။ နိုင်ငံငယ်လေးများသည်လည်း အင်အားကြီးနိုင်ငံများကဲ့သို့ နူကလီးယား လက်နက

်များပိုင်ဆိုင်လိုခြင်းမှာလဲ အဓိကအားဖြင့်......

၁. မိမိတို့၏ အချုပ်အခြာအာဏာအား ကာကွယ်လိုခြင်း

၂. နိုင်ငံကြီးများ၏ ဖိအားပေးမှုအမျိုးမျိုးအား တန်းတူညီတူ အပြိုင်အံတုလိုခြင်း


၃. စစ်လက်နက်နည်းပညာ ပိုမိုဖွံ့ဖြိုးလိုခြင်း/ စီးပွါးရေးအရ ကြီးငါးကြီးနိုင်ငံများနည်းတူ ထုတ်လုပ်ရောင်းချလိုခြင်း

၎. နူကလီးယားစွမ်းအင်အား လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုး

တတ်ရေးဘက်၌ အသုံးချလိုခြင်း

စသည့်အချက်များအပေါ် အခြေခံ၍ နိုင်ငံငယ် (အထူးသဖြင့် အမေရိကန် သြဇာအာဏာလွှမ်းမိုးမှုအား ဆန့်ကျင်သော နိုင်ငံ) များသည် နူကလီးယားလက်နက်ထုတ်လုပ်နိုင်သော နည်းပညာများကို အထူးကြိုးပမ်းရှာဖွေခဲ့ကြပါသည်။


၎င်းတို့၏ နူကလီးယားနည်းပညာပိုင်ဆိုင်လိုခြင်း၏ အကြောင်းပြချက်မှာ စွမ်းအင်လိုအပ်ချက်ကြောင့်နှင့် ဆေးဘက် ဆိုင်ရာ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတတ်လိုခြင်းတို့ကို အကြောင်းပြူ၍ နူကလီးယားဓါတ်ပေါင်းဖိုများ တည်ဆောက်ပြီး နူကလီးယားသုတေသနလုပ်ငန်းစဉ်များအား အထူးလျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြလေသည်။


နူကလီးယား လက်နက်များ ထုတ်လုပ်နိုင်သော ယူရေနီယံ (၂၃၅) ၊ ပလူတိုနီယံ(၂၃၉) အဆင့်ထိရရှိအောင် လျှို့ဝှက်စွာဆောင်ရွက်၍ ဗုံးအဆင့်ဖြစ်လာသောအခါ စမ်းသပ်ဖေါက်ခွဲခဲ့ကြပါသည်။ ဤကဲ့သို့ စမ်းသပ်အောင်မြင်မှု အဆင့် ထိဖြစ်လာသောအခါ ကြီးငါးကြီးနိုင်ငံများအပါအ၀င် နူကလီးယားလက်နက်နိုင်ငံများသည် အမျိုးသားအောင်ပွဲရရှိသည့်ပမာ နိုင်ငံတော်အဆင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မီဒီယာ အသီးသီးမှ ထုတ်ဖေါ်ပြသ၍ ၀မ်းသာအားရဖြစ်ကြသည်ကို တွေ့မြင်ကြ ပေလိမ့်မည်။

ကမ္ဘာ့ နူကလီးယားလက်နက်နိုင်ငံများ

Country

Warheads active/total

Year of first test

Five nuclear weapons states from the Non Proliferation Treaty NPT

United States

4,075 / 5,400

1945 ("Trinity") 20 KT

Russia

5,162 / 14,000

1949 (Joe 1) ("RDS-1") 22 KT

United Kingdom

160 / 185

1952 ("Hurricane") 25 KT

France

300 / 300

1960 ("Gerboise Bleue") 70 KT

China

180 / 240

1964 ("596") 22 KT

NATO (7 States) Members

Not Clear

Not Clear

No Sign NPT

India

60 / 60

1974 ("Smiling Buddha")

Pakistan

60 / 60

1998 ("Chagai-I")

North Korea

<10>

2006 Since 2006 Test/2009-5-25 Test

Israel

80/80

Undeclared State

Undeclared nuclear weapons states

Iran

unknown


Syria

unknown

unknown

South Africa

Not Declare

Not Declare


NATO Nuclear Sharing States , (7 States) Members: Belgium,Germany, Italy, Nether land, Turkey, Canada, Greece

နူကလီးယားလက်နက်နှင့်ပတ်သက်၍ မည်မျှအထိအဖျက်စွမ်းအား ကြီးမားသည်၊ မည်မျှထိ အန္တရာယ်ကြီးသည်ကို မျက်မှောက်လက်နက်ထုတ်လုပ်တင်ပို့ရောင်းချနေသော (G – 7) Gums 7 States နိုင်ငံများမှပြည်သူတွေ၊ ကမ္ဘာ့ပြည်သူတွေ အားလုံးသိကြပါသည်။ အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံတည်း၌ပင် အနုမြူထိပ်ဖူး (၂၀၀၀၀) ခန့်ရှိပေသည်၊ ဤမျှများပြားလှ သော လက်နက်များဖြင့် တိုက်ခိုက်ရလောက်သော ရန်သူသည် ဤကမ္ဘာ၌ ရှိနေပါသလား ဆိုသည်မှာ စဉ်းစားစရာဖြစ်ပါသည်

ထိုလက်နက်များဖြင့် ကမ္ဘာ့နိုင်ငံရေးအား ထိန်းညှိနိုင်ပါသလား၊ ကမ္ဘာ့စီးပွါးရေးအခြေအနေတွေကိုရော ထိန်းညှိနိုင်ပါ သလော၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မည်မျှအထောက်အပံ့ဖြစ်ပါသနည်း၊ အမေရိကန်၏ ပထမဆုံးနူကလီးယား စီမံကိန်းဖြစ်သည့် မတ်ဟန်တန်စီးမံကိန်းဒါရိုက်တာလည်းဖြစ်၊ ကမ္ဘာ့နူကလီးယားဗုံးဖခင်ကြီးလည်းဖြစ်သော ရူပဗေဒသိပ္ပံ ပညာရှင် ပရော်ဖက်ဆာ ရောဘတ်အိုပင်ဟမ်းမား (Professor Mr. Robert Oppenheimer) ကတော့ Trinity Nuclear Test ပြီးနောက်မှာပြောသွားခဲ့သော စကားလေးနှစ်ခွန်းကိုတော့ အမှတ်ရမိပါသည် “ ကျုပ်တို့အားလုံး ခွေးတွေဖြစ်ကုန်ပြီဗျ” “ ကျုပ်သေ သွားခဲ့ရင်တော့ သမိုင်းမှာ ကမ္ဘာကြီးကို ဖျက်ဆီးတဲ့သူတယောက်အဖြစ် အမည်တွင်ကျန်ရစ်တော့မှာဘဲ” လို့ ၎င်းတို့ ဘ၀တလျောက်လုံး ယူကျုံးမရဖြစ်ကြရမည်မှာမလွဲပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းစမ်းသပ်မှုအပြီး (၂၁)ရက် အကြာ၌ ယူရေနီယံအနုမြူဗုံး ( Little Boy) အား ဟီရိုရှီးမားမြို့ပေါ်သို့ ၎င်း ထို့နောက် သုံးရက်အကြာ၌ ပလူတိုနီယံ အနုမြူဗုံး ( Fat Man)အား နာဂါဆာကီ မြို့ပေါ်သို့၎င်း ကြဲချခဲ့လေသည်။

မည်သို့ပင်ဆိုစေ အနုမြူဗုံးကြဲချပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပါသည်။ မျက်မှောက်ခေတ် ကာလ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား၌ နူကလီးယားလက်နက်ထိပ်ဖူးပေါင်း အနည်းဆုံး (၂၅၀၀၀) လောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထို့ပြင်ကမ္ဘာပေါ်၌ နူကလီးယားလက်နက်ပိုင်ပြီးအုပ်စု၊ ပိုင်ဆိုင်ရန်ကြိုးပမ်းနေသော အုပ်စုများအကြား၌ လည်း အမေရိကန်ဦးဆောင်သော နေတိုးစစ်အုပ်စု၊ ရုရှားဖက်ဒရေးရှင်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အမေရိကန် ဆန့်ကျင်သော အုပ်စုများဟူ၍ အစုအဖွဲ့ပုံသဏ္ဍာန်အားဖြင့် (၆) ခုရှိနေပါသည်။ ယနေ့ကာလ၌ ထိုနိုင်ငံများ၏ ကာကွယ်ရေး တပ်ဖွဲ့အသီးသီး၌လည်း အနာဂတ်၌ဖြစ်ပေါ်လာမည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့်အလား နောက်ဆုံးပေါ် ထူးထွေ ဆန်းပြားသော စစ်လက်နက်ကိရိယာများတပ်ဆင်၍ မိမိတို့နိုင်ငံ(သို့) မိမိတို့မဟာမိတ်အဖွဲ့ဝင်နိုင်ငံများအကြား စစ်အင်အား အသုံးစရိတ်တွေပိုမိုချဲ့ထွင်သုံးစွဲလာနေသည်ကိုလည်း သတိပြုမိပါသည်။


နူကလီးယားလက်နက် နိုင်ငံများနှင့် G -8 ၏ စစ်ဘက်အသုံးစရိတ် ပြဇယား


No

Country Name

Military Spending 2008 Billion Dollar

Year

2007 Billion Dollar

1

ကမ္ဘာ့စစ်အသုံးစရိတ်

.၄၇ ထရီလီယံ

၁၃၃၉

ဘီလီယံ

2

နေတိုးစစ်အုပ်စု

.၀၄၉ ထရီလီယံ


3

အမေရိကန်

၆၅၁.၁၆၃ ဘီလီယံ (2009)

၅၄၇ ဘီလီယံ

4

ဥရောပသမဂ္ဂ

၃၁၂.၂၅၉ ဘီလီယံ (2008~2009)


5

တရုတ်

၇၀.၁၃၂ဘီလီယံ (2009)

၅၈.၃ ဘီလီယံ

6

ပြင်သစ်

၆၈.၁၃၅ ဘီလီယံ (2008~2009)

၅၃.၆ ဘီလီယံ

7

ဗြိတိန်

၆၃.၄၇၉ ဘီလီယံ (2009~2010)

၅၉.၇ ဘီလီယံ

8

ဂျပန်

၄၈.၈၆ ဘီလီယံ (2008)

၄၃.၆ ဘီလီယံ

9

ဂျာမဏီ

၄၅.၉၃၀ ဘီလီယံ (2008)

၃၆.၉ ဘီလီယံ

10

အီတလီ

၄၀.၀၅ ဘီလီယံ (2008)

၃၃.၁ ဘီလီယံ

11

ရုရှား

၃၉.၆ ဘီလီယံ (2009)

၃၅.၄ ဘီလီယံ

12

အိန္ဒိယ

၃၂.၇ ဘီလီယံ (2009~2010)

၂၄.၂ ဘီလီယံ

13

တောင်ကိုရီးယား

၂၈.၅ ဘီလီယံ (2008)

၂၂.၆ ဘီလီယံ

14

ကနေဒါ

၁၆.၀၆ ဘီလီယံ (2009~2010)

၁၅.၂ ဘီလီယံ

14

အစ္စရေး

၁၃.၃ ဘီလီယံ (2009)


15

ပါကစ္စတန်

.၈ ဘီလီယံ (2008)


16

အီရန်

.၃ ဘီလီယံ (2005)


16

မြောက်ကိုရီးယား

.၅ ဘီလီယံ (2005)


Source: Wikipedia Encyclopedia , Stockholm International Peace Institute.

အထူးသဖြင့် အာရှ ပစိပစ်ဒေသအတွင်း စစ်ရေးတည်ဆောက်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်း လောက်အောင်ပင် သိမ်မွေ့လှပေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးဟူသောစကား၊ ဒေသဆိုင်ရာတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေး ဟူသော စကားလုံး တွေဖြင့် လက်နက်များတင်ပို့နေသော ကမ္ဘာ့လက်နက် (Major Arms Exporters) နိုင်ငံများအား ဤသို့အား ဖြင့်လည်း တွေ့ရှိရပြန်ပါသည်။


လက်နက်နိုင်ငံများမှ ထုတ်လုပ်သော ကြည်း. ရေ. လေ သုံးနောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများအား အများဆုံး ၀ယ်ယူသောနိုင်ငံများမှာ အာရှတိုက်မှ နိုင်ငံဖြစ်ကြပြီး အများဆုံးမှာ အိန္ဒိယ၊ တရုတ်၊ အာရပ်စော်ဘွားများနိုင်ငံ(UAE)၊ အစ္စရေး၊ အီဂျစ်နိုင်ငံများဖြစ်ကြသည်။ အိန္ဒိယသည် ရုရှ နှင့် ဗြိတိန်နိုင်ငံတို့မှ အဓိကတင်သွင်းခဲ့ပြီး၊ တရုတ်နိုင်ငံမှာ ရုရှားမှတင်သွင်း၍ ကမ္ဘာ့လက်နက်ထုတ်လုပ်မှု၏ (၁၂) ရာခိုင်နှုံးရှိပြီး စုစုပေါင်းလက်နက်တင်သွင်းမှု၏ (၄၅) ရာခိုင်နှုံးအား ရုရှမှတင်သွင်းခဲ့ပေသည်။




မျက်မှောက် ပစိဖိတ်ဒသအတွင်း စစ်ရေးတင်မာမှုများဖြစ်ပေါ်လာခြင်း၏ အဓိကအကြောင်းရင်းများအား လေ့လာ ကြည့်သောအခါ …

၁. မည်သည့်နိုင်ငံများသည် ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်သနည်း။

၂. မည်သည့်နိုင်ငံများသည် စစ်ဘက်အသုံးစရိတ်များကို မြောက်မြားစွာ သုံးစွဲနေပါသနည်း။

၃. စစ်အင်အားသည် ကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် အထောက်အပံ့ဖြစ်ပါသလား။

၎. အထောက်အပံ့ဖြစ်သည်ဆိုလျှင် အာရှနိုင်ငံများ စစ်အင်အားအပြိုင်အဆိုင်တည်ဆောက်ခြင်းအား ငြင်းစရာမရှိပေ။

၅. သို့မဟုတ် နိုင်ငံတနိုင်ငံတည်းကသာ တဖက်သတ်အင်အားကြီးထွားအောင်လုပ်စေခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည်လော။

ကမ္ဘာ့အရှေ့အနောက် အင်အားကြီးနိုင်ငံများ စစ်အင်အားချိန်ခွင်လျှာအား ညှိခြင်းဖြင့်ရရှိလာသော အဖြေတခုမှာ ဆင်းရဲသောနိုင်ငံများ၊ ပြည်သူများအတွက် ရတတ်မအေးဖွယ် ဆင်းရဲတွင်းအတွင်းသို့ တွန်းပို့နေသည်အခြေအနေများသာ ဖြစ်ပေါ်စေပါသည်။

တနည်းအားဖြင့် ဆင်းရဲသော အင်အားသေးငယ်သည့်နိုင်ငံများ၏ အစိုးရများအနေဖြင့် ၎င်းတို့၏ အချုပ်အခြာအာ ဏာအား ထိပါးနိုင်မည့်အခြေအနေများအပေါ် သုံးသပ်၍ တိုင်းပြည်ဘဏ္ဍာငွေထဲမှ စစ်ဘက်အသုံးစရိတ်များ ပိုမိုသုံးစွဲလာစေ ခြင်း၊ တဖန် မျိုးချစ်ကြီးများပမာ ၎င်းတို့မရှိလျှင် တိုင်းပြည်သည်သူများလက်အောက် ကျရောက်စေနိုင်ကြောင်းအား ၀ါဒဖြန့်ချီ ၍ ၎င်းတို့၏ အာဏာတည်မြဲရေးအား နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ဒေသအတွင်း၌ အာဏာရှင်များကို မွေးဖွါး လာစေခြင်း စသော အကျိုးသက်ရောက်မှုများအား ဆက်လက်ဖြစ်ပေါ်စေနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားအပေါ်၌ အမျိုးမျိုးသော ဖိအားပေးမှုတွေကို အသုံးပြု၍ ဆက်ဆံ ခဲ့ပါသည်။ သို့သော် မည်သို့ပင်ဖိအအားပေးပေး၊ မည်သို့ပင် စီးပွါးရေး ပိတ်ဆို့မှုတွေလုပ်လုပ် အရာမရောက်ခဲ့ပေ။ ခြောက်နိုင်ငံဆွေးနွေးပွဲအစီအစဉ်မှာလည်း နှစ်တွေသာကြာလာခဲ့ပေမယ့် မည်သည့်တိုးတတ်မှုမျှမရခဲ့၊ သမ္မတ ဘွတ်ရှ် သက်တမ်းကုန်ခါနီး မြောက်ကိုရီးယားနိုင်ငံအား အမေရိကန်ရဲ့ ရန်သူစာရင်းမှ ပယ်ဖျက်ပေးမည်၊ အမေရိကန်၏ အကြမ်းဖက် နိုင်ငံများစာရင်းမှ ပယ်ဖျက်ပေးမည့် အထိ ဆွေးနွေးမှုများ၊ မြောက်ကိုရီးယားဘက်မှ ဆောက်လက်စ နူကလီးယား ဓါတ်ပေါင်း ဖိုအား ဖြိုချဖျက်ဆီးပေးခဲ့သည့်အထိ သဘောတူညီမှုများရှိခဲ့သော်လည်း နောက်ဆုံးမှာတာ့ အမေရိကန်ဘက်မှ သဘော တူညီမှု တွေကို အကောင်အထည်မဖေါ်ခဲ့သည်လား၊ မြောက်ကိုရီးယားဘက်မှ မည်သည့်အချက်တွေချိုးဖေါက်ခဲ့သနည်း ဆိုသည်မှာတော့ ကာယကံရှင်များသာ သေချာသိပေလိမ့်မည်။

သို့သော် အမေရိကန်တွေဘက်မှ မြောက်ကိုရီးယားလိုနိုင်ငံငယ်လေးကို ၎င်းတို့သဘောအတိုင်း လိုက်လျှောပေးရ မည့်ဆိုသည့် အချက်ကိုတော့ အမေရိကန်မျိုးချစ်တွေကြားမှ လက်ခံခဲ့ခြင်းမရှိနိုင်ပါဘူး၊ ထို့ကြောင့်သာ နောက်ပိုင်း ဖြစ်ပေါ်လာသော တင်မားမှုသည် ယခင်ကထက်ပိုမိုပြင်းထန်လာခဲ့ပြီး နူကလီးယားစမ်းသပ်ဖေါက်ခွဲမှု၊ တာဝေး/တာလတ်/ တာတိုပစ် ဒုံးပျံတွေကို တပြိုင်နက်တည်းမှာဘဲ စမ်းသပ်ပစ်ပြခဲ့ပါသည်။

တဆက်တည်းမှာဘဲ မြောက်ကိုရီးယားအပေါ် ကုလအပါအ၀င် အနောက်နိုင်ငံများက စီးပွါးရေးအရေးယူပိတ်ဆို့မှု တွေပြုလုပ်ခဲ့ကြပြီး စစ်ရေးအရပါ ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြပါသည်။

ဤသို့အရေးယူဆောင်ရွက်မှုမျိုးသည် ယခင်ကလည်းနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး အောင်မြင်မှုလည်း မရှိခဲ့ပါဘူး၊ ထို့ကြောင့် Stick and Carrot နည်းဗျူဟာဖြင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ အဆိုပြုခဲ့ သည့် အတိုင်းအကောင်အထည်ဖေါ်ခဲခြင်းဖြစ်ပေသည်။

ဤတွေ့ဆုံဆွေးနွေးရေးသည် အထိုက်အလျောက်အားဖြင့် ဒီပလိုမေစီလမ်းကြောင်းကောင်းကောင်းရှိခဲ့ပါသည်။ သို့သော် ဒီပလိုမေစီနောက်မှ ပါလာမည့် သဘောတူညီချက်များကို တဖြည်းဖြည်းချင်း ရယူပြီး ယုံကြည်မှုတည်ဆောက်သော အခြေအနေများကို မကျင့်သုံးခဲ့ဘဲ နှစ်ဘက်စလုံးမှ ချက်ချင်းအကောင်အထည်ဖေါ် အမှန်တကယ် မဆောင်ရွက်နိုင်သော စာရွက်ပေါ်၌သာ အကျုံးဝင်သော သဘောတူညီမ၍များကိုသာ ရယူနိုင်ခဲ့ကြပေသည်။ တနည်းအားဖြင့် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံနှင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအကြား ရယူသောသဘောတူညီချက်များ၌ ဂုဏ်သိက္ခာပိုင်းတွေကို ကြိုတင် ထည့်သွင်း စဉ်းစားဆောင်ရွက်နိုင်လျှင်အောင်မြင်မှုများပိုမိုကောင်းမွန်နိုင်ပါသည်။ ထို့ကြောင့် သဘောတူညီချက်တွေကို အရင်စလိုအလောတကြီးမလုပ်ဘဲ နှစ်နိုင်ငံအကြား၌ အမေရိကန်ပြည်သူတွေ၏ မြောက်ကိုရီးယား ပြည်သူတွေအပေါ် ထားသော မေတ္တာစေတနာကို ပိုမိုမြင်သာအောင်ဆောင်ရွက်သင့်ပါသည်။

အမေရိကန်ပြည်သူတွေ၏ စေတနာသည် မြောက်ကိုရီးယားပြည်သူတွေအပေါ် စာနာထောက်ထားမှုအား ခြောက်နိုင်ငံ စကားဝိုင်းမှ အကောင်းဆုံးမြင်သာအောင်ဆောင်ရွက်၍ ရပါသည်။ ဤနည်းလမ်းသည်သာ နှစ်နိုင်ငံအကြား ယုံကြည်မှုတွေ ရရှိနိုင်ပါလိမ့်မည်။

ယနေ့မျက်မှောက် အခြေအနေအရ ကမ္ဘာလိုင်းဆိုင်ရာ ဆက်စပ်မှုကာလအတွင်းသက်ရောက်မှုကြောင့် ယဉ်ကျေးမှု များပေါင်းစုံလာမည့် အခြေအနေ၌ ကမ္ဘာ့ပြည်သူအချင်းချင်း ဖွံ့ဖြိုးတိုးတတ်မှုများအား ဒေသအလိုက် ထိန်းညှိနိုင်သော အခြေအနေများဖြစ်ပေါ်နိုင်ပါလျှက်၊ အနာဂတ်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပညာပေးမှုအစီအစဉ်အများ ပိုမိုဆောင်ရွက်စေခြင်း ဖြင့်၎င်း သုံးစွဲနေသည့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်များကို ကမ္ဘာပေါ်၌ ငြိမ်းချမ်းရေးလိုလားသော ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော အင်အားစုအား ပိုမိုကြီးထွားလာအောင် ပြုလုပ်မည့် အစီအစဉ်များ၌ နိုင်ငံတကာခေါင်းဆောင်များ၊ မျိုးဆက်သစ်နိုင်ငံတကာခေါင်းဆောင်များ၊ ပညာရှင်များဖြင့် ပူးတွဲဆောင်ရွက်စေခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအား ဒေသအသီးသီးရှိ ပြည်သူများပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းညှိနိုင်ပေသည်။

သို့သော် အရှေ့အနောက် အင်အားကြီးနိုင်ငံများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးထက် ၎င်းတို့အကျိုးကျေးဇူးတခုတည်း အပေါ်ဆောင်ရွက်ခြင်းကြောင့် မလိုလားအပ်သော စစ်ရေးအပြိုင်တည်ဆောက်မှုများ၊ နိုင်ငံရေးတင်းမားမှုများ၊ စီးပွါးရေး ဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေပြီး ကမ္ဘာ့ပြည်သူများအကြား၌ အမျိုးသားရေးဝါဒများ၊ ဒေသအစွဲ၊ လူမျိုးအစွဲများ သာဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများပေါင်းစုံခြင်းမရှိတော့ဘဲအရှေ့အနောက် နိုင်ငံများအကြား၌ နိုင်ငံရေးသြဇာ၊ စီးပွါးရေးသြဇာလွှမ်းမိုးနိုင်အောင် စစ်ရေးအင်အားကြီးမားမှုအပေါ်မူတည်၍ လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေ လိမ့်မည်သာဖြစ်ပေသည်။




ထို့ကြောင့် ယေဘူယျအားဖြင့် ပစိဖိတ်ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေးတင်မားမာမှုဖြစ်ပေါ်လာခြင်းမှာ ..

၁. ဆင်းရဲ ချမ်းသာကွာဟမှု

၂. ကုန်သွယ်ရေးမညီမျှမှု

၃. အင်အားကြီးနိုင်ငံများ၏ ဆင်းရဲသောနိုင်ငံများအပေါ် အကူအညီပေးရာ၌ အားနည်းမှု

၎. အင်အားကြီးနိုင်ငံများ၏ ကိုယ်ကျိုးစီးပွါးတဘက်တည်းကိုသာ ရှေးရှုမှု

၅. ကမ္ဘာလုံးဆိုင်ရာပေါင်းစပ်လာမှုအား မိမိတို့၏ အမျိုးသားအကျိုးစီးပွါးအမြင်တခုတည်းအပေါ်၌သာ အသုံးချမှု

စသည်တို့ကြောင့် မလိုလားအပ်သော တင်းမာမှုများကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။

ဆင်းရဲသောပြည်သူများ၏ တိုင်းပြည်ငယ်လေးတခုမှ ကမ္ဘာ့ငြိမ်းချမ်းရေးကို ငြိမ်းခြောက်နေသည်ဟူသော အယူအဆ မှာ ယေဘူယျအားဖြင့်ကြောင်းကျိုး ဆီလျှော်ခြင်းမရှိပါ။ စားစရာတောင်မှ လောက်ငမှုမရှိသော တိုင်းပြည်မှ စစ်ရေးအရ ခြိမ်းခြောက်မှု ရှိသည့်တိုင် အဘယ့်ကြောင့်နည်းဟူသော မေးခွန်းသည် မေးစရာရှိနေပါသည်။

ဤမေးခွန်အား လူသားချင်းစာနာသော ထောင့်မှကြည့်လျှင် မြင်နိုင်ပါလိမ့်မည်။ ကမ္ဘာ့လူသားများအချင်းချင်းအကြား ၌ အမုန်းတွေဖယ်ရှားပြီး လူလူချင်းကူညီရိုင်းပင်းမှုများကသာ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ပေးနိုင်ပါလိမ့်မည်။ လူသားတွေငြိမ်းချမ်းရေးလုပ်ငန်းတွေများများ လုပ်နိုင်အောင် နိုင်ငံကြီးများအနေဖြင့် ၀ိုင်းဝန်းအားပေးဆောင်ရွက်ခြင်းသည် ကသာ ကမ္ဘာ့ငြိမ်းချမ်းရေးအား အာမခံချက်ပေးနိုင်ပါလိမ့်မည်။

ထို့ကြာင့် အာရှပစိဖိတ်ဒေသ အတွင်းနိုင်ငံများအနေဖြင့်၎င်း၊ ပြည်သူများအနေဖြင့်၎င်း ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်နိုင်သော နည်းလမ်းအများအား နိုင်ငံတကာ ခေါင်းဆောင်များအဆင့်လှုပ်ရှားမှု၊ မျိုးဆက်သစ်လူငယ်များ ပြည်သူများမှ ပူးပေါင်း၍ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းအားဖြင့် တင်းမာမှုများအားလျှော့ပါးသွားအောင် ဆောင်ရွက်နိုင် ပါသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံကဲ့သို့ ဆင်းရဲသော၊ အာဏာရှင်နိုင်ငံများအား ဖိအားပေးရာ၌လည်း ကမ္ဘာ့လူ့အဖွဲ့ အစည်းအတွင်းမှ ပစ်ပယ်မထားဘဲ ၎င်းတို့ပြည်သူလူထုအတွင်း၌ စီးပွါးရေး/ပညာရေး/ ကျမ်းအမာရေး စသော အကူ အညီများရရှိအောင် ချဉ်းကပ်ဆောင်ရွက်သင့်ပေသည်။

သို့ပေသည့် ဤကမ္ဘာလောက၌ ငြိမ်းချမ်းရေးအမြင်ရှိသော အင်အားစုသည် အလွန်ကြီးမားမှသာ ဤကဲ့သို့သော လုပ်ငန်းမျိုးတွေကို ဆောင်ရွက်နိုင်ပေမည်။

အာရှပစိဖိတ်ဒေသအတွင်းပြည်သူများနှင့် ကမ္ဘာ့အရပ်ရပ်၌ နေထိုင်ကြသော ပြည်သူတွေအားလုံး ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်အောင် အစိုးရမဟုတ်သော အခြေခံလူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းအားဖြင့် စစ်ကို သော် လည်းကောင်း၊ ဆင်းရဲမှုကိုသော်လည်းကောင်း ဟန့်တား တားဆီးနိုင်ပါသည်။

ကျွနုပ်တို့ ပြည်သူတွေသာ အားရှိပါက ကမ္ဘာပေါ်က မည်သည့်အခက်အခဲ မဆိုဖြတ်ကျော်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။


ဝမ်းအိုဝမ်း

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)