Saturday, June 20, 2009

ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဆုပေးအပ်ခြင်း

ဓာတ်ပုံ။....။ဦးသောင်းမြင့်ဦး အတွင်းရေးမှုး NLD

(LA)မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီနေကြသော ဂျပန်လွှတ်တော်များသမဂ္ဂမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(Democracy and Peace)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိပါတယ်။ ဆုချီးမြှင့်တဲ့သူကတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ (Liberal Democratic Party)ရဲ့ ပါလီမာန်ရေးရာကော်မတီဥက္ကဌတာဝန်ထမ်းဆောင်နေသူတဦးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော ဂျပန်လွှတ်တော်များသမဂ္ဂရဲ့ဥက္ကဌတဦးလည်း ဖြစ်သူ Mr. Tadamori Oshima က ပေးအပ်ပါတယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)ဥက္ကဌဖြစ်သူ ကိုသန့်ဇင်ဦးက လက်ခံရယူပါတယ်။ှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လှုပ်ရှားမှု ဆိုင်ရာ ဓာတ်ပုံများကို ပေးအပ်ရာ ဥက္ကဋ္ဌ မစ္စတာ TADAMORI OSHIMAမှ ဝမ်းမြောက်စွာ လက်ခံရယူပါသည်။သူက(Mr. Tadamori Oshima) အခုလိုပေးအပ်ချိးမြှင့်ရခြင်းအကြောင်းက အနှစ်(၂ဝ)လုံးလုံး မြန်မာ့ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ်တဲ့ ဇွဲ၊ လုံလနဲ့ အရာရာကိုပေးဆပ်စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ အာရှတိုက်ရဲ့ ဒီမိုကရေစီသူရဲကောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အတွက် ချီးမြှင့်ဂုဏ်ပြုရခြင်းဖြစ်ပါတယ်လို့ပြောကြားသွားပါတယ်။ ။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)