စစ်အစိုးရဘက်က ဝန်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ကနေ တရားစီရင်ဆုံးဖြတ်နေတယ်။ သူက တရားသူကြီး မဟုတ်ဘူးဗျ။ ဒီလိုပုဂ္ဂိုလ်က ဘာမှမှ မပြီးသေးဘူး တရားခံမှာ အပြစ်ရှိတယ်လို့ပြောနေရင် တရားသူကြီးက ဘယ်လိုပြောမလဲ။ ဝန်ကြီးပြောနေတော့ အပြစ်ရှိတယ်လို့ပဲ မှတ်ထားမှာ။ ဒါဆိုရင် မျှတတဲ့ တရားစီရင်မှုဆိုတာ ဘယ်မှာလဲလို့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာမယ်လို့ ပြောချင်ပါတယ်။
ခင်နှင်းထက် ၁ ဇွန် ၂၀ဝ၉ - (dvb)ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတာဟာ ပြည်တွင်းရေး သက်သက်ဖြစ်လို့ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်စရာမလိုကြောင်းနဲ့ ဝင်ရောက် စွက်ဖက်ရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ နအဖ ဒု-ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်းလုံòခံရေး အစည်းအဝေးမှာ နအဖ ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောဆိုလိုက်တာပါ။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကို အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဉီးဝင်တင်က ပြောပါတယ်။ “သူ့စကားက တော်တော်မှန်တယ်လို့ပဲ ကျနော် ပြောချင်တယ်။ ထိခိုက်လာမယ့် လုံခြုံရေးဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက်၊ တိုင်းသူပြည်သားအတွက် မဟုတ်ဘူး။ သူတို့အတွက်ဗျ။ နိုင်ငံတကာဖိအားတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်တွင်းမှာ သူတို့ရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မယ်။
ဒါကို သူပြောတာပဲလို့ အဓိပါယ်ဖွင့်ချင်တယ်။ ဒီစစ်အစိုးရဟာ ဒေါ်စုရဲ့ အမှုကို အကြောင်းပြုပြီး နိုင်ငံတကာရဲ့ ဖိအားတွေ ပြင်းထန်လာတာနဲ့အမျှ သူတို့လုံခြုံမှုဟာလည်း အများကြီး ထိခိုက်လာတော့မယ်။ ဒါကို သူတို့သိနေလို့ ဟိုမှာသွားပြီး အော်ကြီးဟစ်ကျယ် ပြောနေတာပဲလို့ ယူဆတယ်။” နအဖစစ်ခေါင်းဆောင်တွေ အရဆကသအိးက စိုးရိမ်တာက နိုင်ငံတကာဖိအားတွေရဲ့ နောက်မှာ လူထုအင်အား ပါလာမှာကို စိုးရိမ်တာဖြစ်တယ်လို့ ဉီးဝင်းတင်က ပြောပါတယ်။ “နိုင်ငံတကာက ခုလို ပြစ်တင်ရူတ်ချလာမှုတွေကို တိုင်းပြည်မှာ တော်တော့်ကို အားရတယ်။ တိုင်းပြည်မှာက ဒီအစစ်အစိုးရ လုပ်ချင်တာ လုပ်နေတာကို တိုင်းသူပြည်သားတွေက ပြစ်တင်ရူတ်ချတာတွေက မရှိသလို ဖြစ်လာပြီ။
ခုလို ဒေါ်စုအမှုကို အကြောင်းပြုပြီး နိုင်ငံတကာက ဖိအားပေးတာတွေ ပြင်းပြင်းထန်ထန် ပေါ်လာတဲ့အခါ ပြည်သူတွေ အများကြီး အားတက်လာတယ်။ ဒီအတိုင်းသာ သွားရင် စစ်အစိုးရဆိုတာ ငုံ့ခံစရာမလိုဘူး၊ တို့ပြန်ခံပြောတဲ့အတွက် နိုင်ငံတကာရဲ့ ဝိုင်းဝန်းမှုတွေ ရှိတယ်ဆိုတဲ့ အသိပေါ်လာရင် ပြည်သူတွေက ဒီစစ်အစိုးရကို အံတုဖို့ အသင့်ဖြစ်လာမယ်။ ပိုပြီး နိုးကြားတက်ကြွလာမယ်လို့ ကျနော်ထင်တယ်။ အဲဒါက သူတို့လုံခြုံရေးကို ထိခိုက်လာခြင်းပဲလို့ ပြောချင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးပြီး တရားစွဲတဲ့ကိစ္စဟာ ပြည်တွင်းရေးဖြစ်တယ်၊ တရားမဝင် ရောက်လာတဲ့ မစ္စတာဂျွန်ဝီလျံယတ်ထောကို လက်ခံခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတယ်လို့ နအဖ ခေါင်းဆောင်တွေက ပြောဆိုနေတာနဲ့ ပတ်သက်လို့လည်း ဉီးဝင်းတင်က ဝေဖန်ပြောဆိုပါတယ်။ “ကမ္ဘာမှာ အာတူးကေ ဆိုတဲ့ကိစ္စက ပေါ်နေပြီ။ လူသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးရမယ့်တာဝန်ဟာ နိုင်ငံတိုင်းမှာရှိတယ်ဆိုတာပဲ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုမှာ တရားမျှတမှု လုံးဝ မရှိဘဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး လုပ်လာတဲ့အခါကျတော့ လူတွေဟာ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ ကိစ္စတွေကို ကာကွယ်ဖို့ ဝတ္တရားရှိတယ်ဆိုတာကို ကမ္ဘာက ပြောလာတယ်။ ပြည်တွင်းရေးလို့ သူတို့ ဘယ်လောက်ပဲ ပြောနေနေ၊ ကမ္ဘာက အဲလို သဘောမထားနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဗမာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအကျင့်ကြီးက အလွန်ကို ဆိုးဝါးနေတယ်။ ဒါကြောင့် ကမ္ဘာက ပြောလာတာဖြစ်တယ်။ “နောက်တခုက အကျိုးဘယ်လိုသက်ရောက်မလဲဆိုတော့ ဒီအမှုက လျှောက်လဲချက်တောင် မပေးရသေးပါဘူး။ တရားလိုဘက်ကလည်း လျှောက်လဲချက်မပေးရသေးသလို ကျနော်တို့ဘက်ကလည်း လျှောက်လဲချက် မပေးရသေးဘူး။ တရားစီရင်ဆုံးဖြတ်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။
အဲဒီလိုအခြေအနေမျိုးမှာ စစ်အစိုးရဘက်က ဝန်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ကနေ တရားစီရင်ဆုံးဖြတ်နေတယ်။ သူက တရားသူကြီး မဟုတ်ဘူးဗျ။ ဒီလိုပုဂ္ဂိုလ်က ဘာမှမှ မပြီးသေးဘူး တရားခံမှာ အပြစ်ရှိတယ်လို့ပြောနေရင် တရားသူကြီးက ဘယ်လိုပြောမလဲ။ ဝန်ကြီးပြောနေတော့ အပြစ်ရှိတယ်လို့ပဲ မှတ်ထားမှာ။ ဒါဆိုရင် မျှတတဲ့ တရားစီရင်မှုဆိုတာ ဘယ်မှာလဲလို့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာမယ်လို့ ပြောချင်ပါတယ်။
No comments:
Post a Comment