Sunday, June 28, 2009

ပြေးပေါက်ရှာနေတာလား

ကိုယ့်လူတို့ -- သင်တို့ ဖင်တနေရာမြဲဖို့
စစ်အာဏာကိုင်စွဲပြီး
လူသတ်ပွဲကြီး ဆင်နွှဲခဲ့ကြတယ်။

ကိုယ့်လူတို့ -- သင်တို့ရဲ့မတရားမှုကို
အများစုက တအားလုပြောတာကို
သင်တို့က အမှောင်ခန်း
ထောင်နန်းသို့ ပို့ခဲ့တယ်။

သင်တို့ဖမ်းချင်တဲ့သူကို
တသီတတန်း ပုဒ်မဆန်းတွေထုတ်ပြီး
အဟုတ်တကယ် ချုပ်ချယ်ခဲ့တယ်။

သင်တို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်
သင်တို့လဲ အလိုလိုကြောက်နေရပြီး
လူထုအလယ်မှာ စံမပယ်ရဲ
အန္တရာယ် ရန်စွယ် အမှန်တကယ်
တွေးတွေးပြီးကြောက်နေရတယ်။

ကိုယ့်လူတို့ -- လူတကာအားလုံး
ကိုယ့်ကိုမုန်းပြီး လုံးလုံးဆန့်ကျင်
တိုက်ပွဲဝင်ကြ
ဆန္ဒပြကြတာ ဘာကြောင့်လဲ။

တကမ္ဘာလုံးရှိ လူများက
စေတနာထား မေတ္တာပွားပြီး
ဝင့်ကြွားစွာနဲ့ ဒေါ်စုရဲ့မွေးနေ့ကို
ချိမ့်ချိမ့် သဲ ညံမစဲဘဲ မွေးနေ့ပွဲ
ကျင်းပပေးခဲ့ကြတယ်။
ဘာကြောင့်များ ငသန်းရွှေရဲ့
မွေးနေ့ပွဲ မကျင်းပပေးကြရတာလဲ။

သင်တို့ရဲ့ လုပ်ရပ်
သင်တို့ပြန်သုံးသပ်ကြည့်ပါ။

ဖြူသူဖြူ မဲသူမဲ
သဲကွဲစွာမြင်ရ ပါလိမ့်မယ်။

ကြောက်နေလို့ ပြေးပေါက်ရှာ
လိုဏ်ဂူပါ အမြန်တူး
ပြေးမလွှတ်နိုင်ဘူး။

ကိုယ့်လူတို့ရေ --
တူးရင်းတူးရင်းနဲ့ အဝီစိတွင်း
ပက်ပင်း သက်ဆင်းကျရောက်သွားပါလိမ့်မယ်။

ပန်းချီဟန်လေးရဲ့ ကာတွန်းကို ထောက်ခံရေးသားပါကြောင်း။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဝ၆-၂၇-ဝ၉

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)