
မက္ကဆီကိုနိုင်ငံက စလိုက်တဲ့ ၀က်တုပ်ကွေးဟာ တစ်ကမ္ဘာလုံးကို နေ့ စဉ်နှင့်အမျှကူးစက် ပြန့်ပွားလျက်ရှိပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော CDC အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ ၀က်တုပ်ကွေး ဗိုင်းရပ်သစ်
ကာကွယ်ဆေး အတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ကုသနိုင်တဲ့ဆေးကိုတော့ ယနေ့အထိ ရှာဖွေမတွေ့ရှိသေးပါဘူး။ ဒီဗိုင်းရပ် ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအ ဖွဲ့အ စည်းက Kathy Nauzilကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခုတွေ့ရတဲ့ ၀က်တုပ်ကွေး ဗိုင်းရပ်ရဲ့
မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အ ခု တွေ့နေရတဲ့ ဗိုင်းရပ်ကတမျိုးတည်းပဲ ဖြစ်နေတာပါတဲ့…
အဲ့ဒီလို ကာကွယ်ဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးဟာ ဥရောပကနေ အာရှကိုလည်းကူးစက်လာပါပြီ။ အာရှနိုင်ငံများအနက် ၀က်တုပ်ကွေးရောဂါစတင် ဖြစ်ပွားတဲ့နိုင်ငံများကတော့ တရုတ်နဲ့ ယိုးဒယားနိုင်ငံပါ။ မြန်မာနိုင်ငံဟာ တရုတ်၊ ယိုးဒယား နဲ့  အိမ်နီးချင်းနိုင်ငံဖြစ်ပြီး စီးပွားရေးအရ ဆက်ဆံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ယိုးဒယားမှာဝက်တုပ်ကွေးစတင်ဖြစ်ပွား လာလို့ နယ်စပ်တွင်နေထိုင်သူများအဖို့ ၀က်တုပ်ကွေးရောဂါယိုးဒယားက တဆင့်ကူးစက်လာမှာကို အလွန်စိုးရိမ်ထိတ်လန့် နေကြပါတယ်မြန်မာစစ်အစိုးရ ကလည်းနယ်စပ်ဂိတ်တွေကို တင်းကြပ်ထားပါတယ်။
နယ်စပ်မှာ နေထိုင်တဲ့အ လုပ်သမားတစ်ဦးကတော့ “ ဒီမှာတော့ဝက်တုပ်ကွေးကူးမှာကို အရမ်းလန့်နေကြတာ။ ဂိတ်ကလည်း အခုတစ်လောအရမ်းတင်းကြပ်နေတော့ ပြန်လို့လဲမရဘူး။ သူများတွေပြောလို့ mask
တော့ဝယ်ထားတယ်။ ဒါပေမဲ့ အလုပ်ထဲမှာဆိုတော့ မစွတ်ထားနိုင်ပါဘူး။ မရှိလို့ဒီမှာ အလုပ်လာလုပ်ပါတယ် ရောဂါရနေမှာလည်း စိုးရသေးတယ်” ဟုပြောပါတယ်။မဟာချိုင် ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးကတော့ `` ဒီမှာအလုပ်လုပ်တာတော့ မကြာသေးပါဘူး။ အကိုနဲ့ နှစ်ယောက်အတူလာ
တာ။ အကိုက ခဏပြန်သွားတယ်။ အခုထိပြန်မလာသေးဘူး။ ၀က်တုပ်ကွေးကြောက်လို့လားတော့မသိဘူး။ ဒီမှာ အကိုအတွက် ဘတ်ရိုက်ပေးဖို့လည်းရှိသေးတယ်။စာရင်းတော့ပေးထားတယ်။ ဂိတ်ကလည်း အခုအ ၀င်အထွက်တွေကို ပိတ်ထားတယ်။´´ဟုပြောပါတယ်။
မဟာချိုင်မှာတော့ ၀က်တုပ်ကွေးကြောင့် မြန်မာအလုပ်သမားတွေပြန်မှာကိုစိုးရိမ်နေပြီး အလုပ်သမားကဒ်ထုတ်ပေးမယ်ကြောင်းပြကာ ဆွဲဆောင်ထားရတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင် နဲ့  ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကတော့နယ်စပ် ဂိတ်တွေမှာ စစ်ဆေးပိတ်ပင်မှုတွေ လုပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို
ထိခိုက်မှာ အထူးစိုးရိမ်လျက်ရှိပါတယ်။ မြန်မာစစ်အစိုးရကတော့ ၀က်တုပ်ကွေးကိုအကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်။
သတင်းပေးပို့သူ။ ။007gwburmese@gmail.com
Monday, May 4, 2009
ဝက်တုပ်ကွေး အကြောင်းပြပြီး နယ်စပ်ဂိတ်တင်းကြပ်
Subscribe to:
Post Comments (Atom)
| Current world times | ||||
| Burma (Rangoon) | USA (Los Angeles) | Australia (Canberra) | Japan (Tokyo) | Russia (Moscow) |



No comments:
Post a Comment