မေလ (၁၂)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပဲခူးတိုင်းအရှေ›ဘက် မိုင်(၃ဝ)ခန့် ကွာဝေးသော သံတောင်မြို့ နယ်၊ ဘောဂလိကျေးရွာအုပ်စုတွင် စခန်းထိုင်သည့် နအဖ အမှတ်(၅) စစ်ကွပ် ကဲရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကောင်းမြတ်သည် မေလ (၁၁)ရက်နေ့က ကေအဲန်ယူနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည်ဟု ကေအဲန်ယူ တောင်ငူခ±ိုင်မှ လာသည့်သတင်းအရ သိရသည်။
ထိုနေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ်ကောင်းမြတ်ဦးစီးသည့် နည်းဗျူဟာ(၃)တပ်ရင်းနှင့်အတူ ဘောဂလိကြီးမှနေ၍ ဘူဆာခီး၊ နော ဆိုးရှိ လက်နက်ကြီးစခန်းများသို့သွားရာ လမ်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်မဟာ(၂)ဌာနချုပ်၏ လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ကျဆုံးသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တောင်ငူခရိုင်မှ တပ်ဖက်အရာရှိတဦးက ကရင်သတင်း စဉ်ကို အတည်ပြု သည်။
“ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ သူ့ကို လုံòခံရေးယူပေးတဲ့ နည်းဗျူဟာ (၃)တပ်တို့ ဘောဂလိကနေ ထွက်လာတာ။ ဘောဂလိအရှေ›နည်းနည်း မှာပဲ။ ဒီဘက်က ကေအဲန်အယ်လ်အေ တပ်မဟာ(၂) ဌာနချုပ်တပ်နဲ့ တပ်ရင်း(၆)ပူးပေါင်းအဖွဲ့နဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တာ သိပ်မ ကြာဘူး။ မိနစ်ပိုင်းလောက်ပဲ ရှိမယ်။ အဲဒီမှာ နအဖဘက်က ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံးသွားတယ်လို့ သိရတယ်”ဟု သူက ပြောသည်။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက်စလုံး၏ ထိခိုက်ကျဆုံးမှု အရေအတွက်ကို အတိအကျ မသိရှိရသေးသော်လည်း နအဖဘက်မှ ဗိုလ်မှူးချုပ်ကောင်း မြတ်၏အလောင်းကိုမူ ထိုနေ့ညတွင်းချင်းပင် နေပြည်တော်သို့ ပို့ဆောင်လိုက်သည်ဟု တောင်ငူဒေသခံများ၏ ပြောပြချက်အရ သိရသည်။
နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၅)တွင် လက်အောက်ခံတပ်ရင်း (၁ဝ)ရင်းရှိပြီး ကေအဲန်ယူ တပ်မဟာ (၂)၊ တောင်ငူခရိုင်အတွင်းသို့ ၂ဝဝ၈ခု နှစ်၊ ဒီဇင်ဘာလမှစတင်၍ ဝင်ရောက်လှုပ်ရှားကာ ထိုဒေသရှိ ပြည်သူများအား ည‡င်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို ဖျက်ဆီးခြင်း နှင့် အတင်းအဓမ္မ လုပ်အားခိုင်းစေခြင်း စသည့်လုပ်ရပ်များ လုပ်ဆောင်ရန် ဗိုလ်မှူးချုပ်ကောင်းမြတ်မှ အမိန့်ပေးညွန်ကြားနေကြောင်း ကေအဲန်ယူ တွဲ ဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြောသည်။
သူက “ကျနော်တို့ တပ်မဟာ(၂)နယ်မြေမှာ စကခ(၅)မှူး ကောင်းမြတ်ဟာ တပ်ကုန်းဆောက်ဖို့ လူထုကို အဓမ္မလုပ်အားပေး ခေါ်တယ်။ ရေ သိုးကြီး၊ ဘူဆာခီး စတဲ့ အိုင်ဒီပီ(ထွက်ပြေးတိမ်းရှောင်နေရသူများ)နေရာတွေမှာ လက်နက်ကြီးနဲ့ပစ်ချ။ လူထုရဲ့ကားတွေကို ချောဆွဲ၊ ရွာသားတွေရဲ့ ဒူး ရင်းခြံ၊ ဖာလာခြံတွေကို ဖျက်ဆီး၊ တပ်ဘူဒိုဇာကားရှေ့မှာ လူတွေကို လမ်းပြခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ လုပ်တယ်။ ဒါ့အပြင် လူထုကို ဆန်၊ ရိက္ခာ တွေ ဝယ်ယူစားသောက်လို့မရအောင် လမ်းပိတ်တားဆီးဖို့ ညွှန်ကြားလုပ်ဆောင်နေသူတဦးဖြစ်တယ်။ အဲဒီဂွင်မှာဆို လူထုအပေါ် နှိပ်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့သူပဲ”ဟု ဆိုသည်။
လည်ကောင်းအပြင် နယ်မြေချင်းထိစပ်နေသည့် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်း မြို့ နယ် ၌လည်း စကခ(၅) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၅၄၂)နှင့် ခမရ(၅၆၆)တပ်များက အခြေစိုက်လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

No comments:
Post a Comment