Saturday, May 30, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ်သရုပ်ဆောင်သူ တူလွန်း၍ ဆန္ဒပြသူအမျိုးသမီးတဦးမှ ရိုက်နှက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ်သရုပ်ဆောင်သူ တူလွန်း၍ ဆန္ဒပြသူအမျိုးသမီးတဦးမှ ရိုက်နှက်
ပြီးခဲ့သည့်မေလ(၂၄)ရက်နေ့က ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်ဂျပန်လူမျိုးများစုပေါင်း၍ လမ်းလျှောက်ဆန္ဒပြတောင်းဆိုကြစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ် သရုပ်ဆောင်သော
ရှင်ဘုရင်မကိုဋ်ဆောင်းထားသည့် ကိုသောင်းလှိုင်မှ''အမှန်တကယ်ပြောရရင် ကျနော်ဒီလူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ကို အင်မတန်မှကိုရွံမုန်းပါတယ်၊ သို့သော်သူဘယ်လိုလူလဲဆိုတာရယ်၊ သူဘယ်လိုမဟုတ်တာတွေလုပ်နေတာလဲဆိုတာကို အများသိအောင်ပြချင်တာနဲ့ဒီနေရာက နေဝင်ပြီးသရုပ်ဆောင်တာပါ''ဟုပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့အမေရိကန်နိုင်ငံသား ဝီလီယံယက်တောဝင်ရောက်ခဲ့ခြင်းကို လုံခြံရေးတာဝန်ယူထားသူများက သိရှိကြသော်လည်း မသိဟန်ဆောင်ထားပြီး ပြန်အထွက်တွင်မှဟန်ပြဖမ်းဆီးပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ ယက်တောနှင့်အစောင့်စစ်သားများအောင်ပွဲခံသည့် ပုံသဏ္ဍန်ဖြင့် သရုပ်ဖော်ချီတက်ခဲ့ကြသည်။

3 comments:

Unknown said...

ခွေးဝဲစားကို သူတောင်းစားမရိုက်တာဘာဆန်းလဲ
ဗိုလ်ချုပ်ကြီးနဲ.ဘာမှမဆိုင်ဘူး အေးဆေးပဲ

အလင်းရောင် said...

ခွေးအိုကြီးသန်းရွှေနားကပ်ပြီးမှီစားနေတဲ့
လမ်းဘေးကခွေးဝဲစားတွေကတော့ ဘယ်ဖြစ်မလဲ လူတွေကတော့ခွေးကိုက်ခံရတာ
နာတယ်လေ

ronny said...

ဟုတ်တယ် ခွေးအိုကြီးသန်းရွှေနား က လဒတွေ။ နေပြည်တော်ကအနှိပ်သည် ဗိုလ်တွေက ကပ်စားရက်ဖားလုပ်နေတော့ဟုတ်နေတာပေါ့။ ပြည်သူတွေ က ခွေးကိုက်ခံနေရတော့ နာကျဉ်းနေပြီလေ။

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)