Tuesday, May 5, 2009

မြန်မာလက်ဝှေ့ကျော်များ ရှုံးပွဲမရှိ ဂျပန်ကိုအနိုင်ရ




မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားပြိုင်ကွင်းတွင် မြန်မာ-ဂျပန် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ကျငိးပခဲ့ရာ မြန်မာများရှုံးပွဲမရှိ အနိုင်ရခဲ့သည်။ စောငမန်းက ဂျပန်ကို ဒိုင်ပွဲရပ်နဲ့ နိုင်ပြီး၊ လုံးချောက သရေဖြစ်သွားပါတယ်။ စောငမန်းနဲ့ထိုးတဲ့ ဂျပန်က ညံ့ပေမယ့် လုံးချောနဲ့ ထိုးတဲ့ ဂျပန်ကတော့ အတော်ကောင်းတာကို တွေ့ရပါတယ်။လုံးချောနှင့် ပွဲစဉ်တွင် ၅ ချီအထိ ကစားကာ Samukawa နှင့် သရေကျခဲ့ပြီး၊ စောငမန်းနှင့် ပွဲမှာမူ အမှတ်စဉ် ၃ ခါ ရေတွက်ပြီးနောက် မြန်မာရိုးရာ လက်ဝှေ့စည်းကမ်းအရ ဒိုင်ပွဲရပ်ဖြင့် Takawa Hiroki က ရှုံးနိမ့်သွားသည်။ ဘောင်းဘီ အဖြူနဲ့က လုံးချောပါ။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)