Sunday, April 5, 2009

မြောက်ကိုးရီးယားမှ ယနေ့ မနက် tepondo 2ဒုံးကျည်ပစ်လွှတ်ခြင်း

ယနေ့ ဂျပန်စံတော်ချိန် မနက် ၁၁း၃၀ နာရီ တွင် မြောက်ကိုးရီးယားရီးယားဘက်မှ ပစ်လွှတ်လိုက်သောTepondo Missile (2) ဒုံးကျည်သည် ဂျပန်နိုင်ငံကို ကျော်ဖြတ်၍ Akita ဒေသ အနောက်ဖက် ၂၈၀ကီလိုမီတာ ဂျပန်pacific ပင်လယ်သို့ကျရောက်သွားကြောင်းသိရပါသည်။ မြောက်ကိုးရီးယားဘက်မှ satteliteဂြိုလ်တု ပစ်လွှတ်ရန် ၎င်းဒုံးကျည်ကို အသုံးချခဲ့ပြီး ဂြိုလ်တုပစ်လွှတ်မှု အောင်မြင်သည် မအောင်မြင်ဆိုသည်ကို ဂျပန်အစိုးရဘက်မှ သတိအနေအထားနှင့် စောင့်ကြည့်နေကြောင်းသိရပါသည်။ အကြောင်းတခုခုကြောင့် ဂျပန်နိုင်ငံသို့ ဒုံးကျည်သော်၎င်း ၊ ဂြိုလ်တုပျက်ကျမှုကို၎င်း ကာကွယ်ရန် နိုင်ငံအနှံ့ akita ။ iwate စသော မြို့များတွင် ဒုံးခွင်းဒုံးဖြင့် ဝေဟင်တွင်ဖြိုခွဲရန်ယခုအချိန်တွင် အသင့်စောင့်နေလျှက်ရှိပါသည်။ မနေ့က အာကာသထဲကို ဒုံးကျည်လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဆိုင်းငံ့လိုက်ရတာဟာ ဒုံးကျည်လွှတ်တင်မယ့်နေရာအနီးတ၀ိုက်မှာ တိမ်ထူပြီး လေပြင်းတိုက်ခတ်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ထပ်မံကြားသိရသောသတင်းအရ ညနေ(၅)နာရီခန့်မြောက်ကိုးရီးယားအသံလွှင့်ဌာနမှ ၎င်းတို့၏ အာကာသသို့ဂြိုလ်တုလွှင့်တင်မှု အောင်မြင်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် တာရို အာဆို မှ
သတင်း၊ နည်းပညာ နှင့် လုံခြုံရေးသည် အဓိကဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)