Saturday, April 25, 2009

အိုင်စီအဖွဲ့ ဂျပန်ရောက်ပြီ၊ Live Showပွဲကို ကြေငြာထားသည့်နေရက်နှင့် အချိန်အတိုင်းအတိအကျကျင်းပမည်ဟုပြောဆို



မြန်မာပြည်၏ အထင်ရှား အကျော်ကြားဆုံး ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် အိုင်စီ(Iron Cross burmese rock band)အဖွဲ့သည် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဧပြီလ ၂၅ ရက်(စနေနေ့)နံနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
အိုင်စီ၏ ပင်တိုင်အဆိုတော်များသည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့နှင့်အတူ ကြိုးကြာနှင့် မေစံပယ်ညိုတို့လည်း ပါဝင်သီဆိုမှာဖြစ်ပြီး Live Showပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပြီး အိုင်စီအဖွဲ့၏မူအတိုင်း အချိန်အတိအကျ ဖျော်ဖြေမည်ဟုလည်းသိရသည်။

ကျင်းပမည့်နေ့- ဧပြီ ၂၆ ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်- ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ
ကျင်းပမည့်နေရာ- Oji Sakura Hall, Ojiဘူတာမြောက်ဖက်ထွက်ပေါက်မှ လမ်းလျှောက် ၂ မိနစ်ခန့်

moethaukkye

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)