Saturday, April 11, 2009

မြန်မာသင်္ကြန် ရှိုးပွဲ ( ရန်အောင်၊ ချောစုခင် ... ) ထိုင်ဝမ်း

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဒီနေ့ ဝှာရှင်း လို့ အမည်ရတဲ့ မြန်မာလမ်းကလေးမှာ သင်္ကြန်အကြို ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား ရန်အောင်၊ အဆိုတော်ချောစုခင် တို့ အပါအဝင် အဆိုတော်တွေက သင်္ကြန်သီချင်း မြူးမြူးကြွကြွ လေးတွေ သီဆိုဖျော်ဖြေ သွားပါတယ်။ လမ်းမပေါ်မှာပဲ စတေ့ခ်ျစင် ဆောက်ပြီး တင်ဆက်သွားတာပါ။ မနေ့ညနေကလဲ ရန်အောင်တို့တစ်တွေ အခပေး စတေ့ခ်ျရှိုးပွဲ တစ်ပွဲ ရှိပါတယ်။ ရန်အောင်က လာမဲ့ ၈ ရက်နေ့၊ ချောစုခင်က ၇ ရက်နေ့ ရန်ကုန်ပြန်ကြမှာဆိုတော့ မပြန်ခင် မြန်မာလမ်းကလေးမှာ သီဆိုဖျော်ဖြေသွားကြတာပါ။ သီချင်းသီဆိုမှုအပြင် မီးသတ်ကားကြီးတွေ၊ ရေပုံးကြီးငယ်တွေနဲ့လဲ ရေပက်ကစားကြပါသေးတယ်။


နေလင်း

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)