Saturday, March 14, 2009

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှု စတင်


၂၁ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာပြည်တွင်း အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလိုက်သဘောတူလက်မှတ်စုဆောင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(Mr. Ban Ki-moon) ထံ ပေးပို့တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံအခြေစိုက်AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နဲ့FDB ခေါ်
မြန်မာ့ဒီမိုကရေစီအင်အားစုတို့က ဒီနေ့ စတင်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
မေလ ၂၄ ရက်မတိုင်ခင် လက်မှတ်ပေါင်း ၈၈၈,၈၈၈ စုဆောင်းဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ရမယ့်နေ့လည်း ဖြစ်ပါတယ်၊
ဒီနေရာမှာhttp://www.fbppn.net/?page_id=5
signထိုးပေးကြပါ။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)