Tuesday, March 31, 2009

.ဘန်ကောက်မြို့ မြန်မာစတိတ်ရှိုး မြန်မာ၄၀၀ခန့်ထိုင်းပုလိပ်ဖမ်း

ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ ဈေးကွင်းတွင်ယမန်နေ့ညကဖြေဖျော်သည့် မြန်မာနိုင်ငံမှ
နာမည်ကြီးတီးဝိုင်းဖြစ်သော သံမဏိကြက်ခြေ(Iron Cross)စတိတ်ရှိုးပွဲတွင် ထိုင်းလ၀ကမှလာရောက်ဖမ်းဆီးသဖြင့်ပွဲလာ
ကြည့်သောမြန်မာအလုပ်သမားအမြောက်အများဖမ်းဆီးခံရသည်။

ထိုင်မြန်မာချစ်ကြည်ရေးရံပုံငွေအဖြစ်ဖြေဖျော်သည့်အဆိုပါစတိတ်ရှိုးပွဲတွင် အိုင်စီအဖွဲ့မှ လေးဖြူ၊အငဲ၊မျိုးကြီး၊၀ိုင်ဝိုင်း၊ဆုသင်းပါရ်နှင့်ကြိုးကြာ စသည့်နာမည်ကြီးတေးဂီတပညာရှင်များပါ
ဝင်သောပွဲဖြစ်သဖြင့်ဘန်ဘော်နှင့်ဘန်ကောက်မှမြန်မာပရိတ်သတ်ထောင်ချီပြီးလာရောက်ကြသောပွဲဖြစ်သည်။

ဘန်ဘော်နယ်မြေ အင်ဂျီအိုဆေးခန်းတွင်စေတနာ့ဝန်ထမ်းအလုပ်လုပ်နေသော ကိုအောင်မြင့်သိန်းက
“လူလေးရာကျော်လောက်ဖမ်းသွားပါတယ် ကျနော့်ရှေ့ မှာကားကြီးလေးစီးတင်သွားပြီးနောက်
လည်းတစ်စီးလူပြည့်တော့မယ်။ဘယ်လိုပြောမလဲ လယ်ကတွတ်ပေါက်က ထွက်လာတဲ့ငါးကို
ပိုက်ထောင်ထားသလိုပဲ။စိတ်မကောင်းစရာတစ်ခုက အလုပ်သမားကောင်လေးတစ်ယောက်
အလုပ်လုပ်ကိုင်နေထိုင်ခွင့်ဘတ်လည်းပါတယ်၊အဲဒါ ထိုင်းလိုမပြောတတ်တော့ ပုလိပ်တစ်
ယောက်က ခြေထောက်နဲ့ကန်လိုက်တာ ကောင်လေးနားခေါင်းကသွေးတွေထွက်သွားတယ်၊
ပွဲပြီးရင်လည်းနောက်ဖမ်းအုံးမယ့်သဘောတွေ့ရပါတယ်''ဟုပြောသည်။
အဆိုပါစင်တင်တေးဂီတသီဆိုပွဲလက်မှတ်ကို ပွဲစီစဉ်သူများက လက်မှတ်တစ်စောင်လျှင်ဘတ်
ငွေ ၄၅၀ ဖြင့်ရောင်းချခဲ့သော်လည်း နိုင်ငံကျော် အဆိုတော်များလာရောက်ဖြေဖျော်သည့်ပွဲဖြစ်
သဖြင့် ဘန်ကောက်မြို့ အတွင်းရှိ မြန်မာအလုပ်သမားထောင်ချီးပြီးလာရောက်အားပေးကြသည်။
ပွဲစီစဉ်သူများက နယ်မြေရဲစခန်းနှင့် ညှိနှိုင်းထားသည်ဆိုသော်လည်း တောမုန်း ဟုခေါ်သော
ထိုင်းလ၀ကမှလာရောက်ဖမ်းဆီးသဖြင့် ပွဲကန်ထရိုက်များလည်းမည်သို့မှဖြေရှင်းမပေးနိုင်ပေ။
ပွဲကြည့်လာသူမြန်မာအလုပ်သမားတစ်ဦးက
“အိမ်ဖေါ်လုပ်တဲ့ကောင်မလေးတွေကို အချို့ သူဌေးတွေကားနဲ့ကိုယ်တိုင်လာပို့တာ၊ လမ်းထိပ် ရောက်တာနဲ့ကိုယ့်အိမ်ကအလုပ်သမားကိုပုလိပ်လက်ထဲအပ်ပြီးပြန်သွားရသလိုပဲ၊ကျနော်တို့
ပျော်ချင်လို့လာတာ ခုတော့ ပျော်ချင်တဲ့စိတ်တွေလည်းပျောက်သွားပြီး ကျနော်တို့ ဘ၀တွေဟာ တကယ့်ကျီးလန့်စားဘ၀တွေပါဗျာ၊ကိုယ့်တိုင်းပြည်ကအဆိုတော်တွေကိုလာအားပေးတာတောင်
ပျော်ပျော်ရွှင်ရွှင်မဖြစ်ရဘူး''ဟုပြောသည်။
ဘတ်မရှိသောသူများနှင့် ဘတ်ရှိသူများကိုပါရောနှောဖမ်းဆီးသွားပြီး အိုင်ဒီစီဟုခေါ်သောထိုင်နိုင်
ငံဗဟိုလူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ရောက်ရှိသွားသောမြန်မာအလုပ်သ မားများကို ထိုင်မြန်
မာနယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်မှာသေချာနေသည်။

သတင်း..........ဦးကျော်သောင်း(ဘန်ကောက်)http://jacbaburma.blogspot.com/

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)