Sunday, February 1, 2009

(၂၀၁၀)ရွေးကောက်ပွဲကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန ပြစ်တင်ပြောကြား

၂၀၁၀ခုမှာကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အရပ်သားအစိုးရကို မျက်နှာဗန်းပြပြီး နောက်ကွယ်မှာ စစ်အုပ်ချုပ်ရေးကို အခိုင်အမာရှိအောင် ရေးဆွဲထားတာပဲလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး Bill Rammell က မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်ပါတယ်။ အဲဒီကြေညာချက်ကို ဗြိတိန်အခြေစိုက် Burma Campaign UK မြန်မာ့အရေး ဆောင်ရွက်မှုအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

၂၀၁၀ခုနှစ် ရွေးကောက်ပွဲဟာ ကမ္ဘာမှာ အလွတ်လပ်ဆုံးနဲ့ တရားအမျှတဆုံး ရွေးကောက်ပွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာဏာရှင်ကို အာဏာ ဆက်လက်ပေးထားတာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ ထူးခြားစရာ အကြောင်းနည်းနည်းလေးပဲ ရှိပါတယ်လို့ Burma Campaign UK ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

သူကပဲဆက်ပြီး ဗြိတိန်အစိုးရက မြန်မာစစ်အစိုးရကို အပြစ်တင်ခွင့် ရှိတဲ့အကြောင်းနဲ့ စစ်မှန်တဲ့ စေ့စပ်ဆွေးနွေးရေးနဲ့ ဒီမိုကရေစီရေး ပြောင်းလဲရေးအတွက် ပထမခြေလှမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို ကုလသမဂ္ဂက ဦးစားပေးသင့်တဲ့အကြောင်း ပြေါပါတယ်။ ဒါကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ က ထိပ်တန်းဦးစားပေးလိမ့်မယ်၊ စစ်အစိုးရရဲ့ ၂၀၁၀-ခု ရွေးကောက်ပွဲ လှည့်ကွက်ထဲဝင်မသွားဘူးလို့ မျှော်လင့်ပါတယ်လို့ Mr Farmaner က ပြောပါတယ်။
ဗြိတိန်ပါလီမန်မှာ ပါလီမန်အမတ် Jim Cunningham က ဇန်နါရီ ၁၂ရက်နေ့က မေးမြန်းခဲ့တာကို ဗြိတိန်နိုင်ငံခြားရေး ဒုတိယ၀န်ကြီးက စာနဲ့ရေးသား အကြောင်းပြန်ရာမှာ စောစောက ပြောခဲ့တဲ့အတိုင်း မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်လိုက်တာပါ။

မြန်မာနိုင်ငံက လက်ရှိလိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေကနေ ကျော်လွှားနိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကြိုးပမ်းချက်တွေကိုလည်း ဆက်လက်ပြီး အပြည့်အ၀ထောက်ခံတယ်လို့ ဒုတိယ၀န်ကြီးက ဆိုပါတယ်။(RFA)

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)