Thursday, January 29, 2009

အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်

အယ်လ်ကေးဒါး အကြမ်းဖက်သမားများက ဗြိတိန်နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားသော Video Fileတစ်ခုကို YouTube၀က်ဘ်ဆိုက်တွင် Uploadတင်ခဲ့ကြောင်း သိရှိရသည်။ ဇန်န၀ါရီလ (၂၅)ရက်နေ့က YouTubeတွင် တွေ့ရှိခဲ့ရသည့် ဗြိတိသျှအလံတော်အား ပစ်မှတ်အဖြစ် ထားရှိကာ သေနတ်ဖြင့် အချက်များစွာ ပစ်ခတ်ထားသည့် Videoကြောင့်ဗြိတိန်အာဏာပိုင်များ ခေါင်းစားလျက်ရှိကြသည်။ သဲကန္တာရတစ်နေရာတွင် အယ်လ်ကေဒါတို့က သေနတ်ပစ်လေ့ကျင့်နေသည်ကို ပြသထားသည့် အဆိုပါ ဗီဒီယိုတွင် ဗြိတိသျှအလံကဲ့သို့ အစ္စရေးအလံကိုလည်း ပစ်ခတ်နေသည့်ကို တွေ့ရှိခဲ့ရသေးကြောင်း YouTubeက ကြေညာခဲ့သည်။
ကမ္ဘာကျော် အကြမ်းဖက်သမားကြီး အိုစမာဘင်လာဒင် ဦးဆောင်သော အယ်လ်ကေးဒါးတို့ လွှင့်တင်ထားသည့် အဆိုပါ Videoကို တစ်နေ့လျင် လူသန်းတစ်ရာမျှ ၀င်ရောက်ကြည့်ရှုနေကြသည်။ ထို့အပြင် Videoကိုလည်း Downloadလုပ်ပြီး အခြားသော Video Sharing၀က်ဘ်ဆိုက် ရာပေါင်းများစွာသို့ Uploadပြန်တင်နေသဖြင့် အင်တာနက်တွင် ထိုVideoမှာ ပိုမိုလျင်မြန်စွာ လူသိများလာနေသည်။ ထိုVideoတွင် အယ်လ်ကေးဒါးတို့အနေနှင့် ဂါဇာကျူးကျော်စစ်အတွက် အစ္စရေးကိုသာမက ဗြိတိန်ကိုပါ လက်စားချေရန် ပြင်ဆင်ထားကြောင်း အတိအလင်း ကြေညာထားသည်။
ဗြိတိန်၏ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ အကြီးအကဲ ခရစ်ဒေါ့ဘ်ဆန်က အယ်လ်ကေးဒါးတို့သည် ဗြိတိန်ကို ပစ်မှတ်ထားနေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ ယခုအခါတွင် ဗြိတိန်နိုင်ငံသည်လည်း အမေရိကန်နှင့် အစ္စရေးတို့နည်းတူ မွတ်ဆလင် အကြမ်းဖက်သမားများ၏ အမုန်းတီးဆုံး ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။ ထို့အပြင် Onlineအကြမ်းဖက်မှု ထောက်လှမ်းရေးအရာရှိ နီးလ်ဒွိုင်းကလည်း Chatterများအနေနှင့် ဗြိတိန်တွင် အကြမ်းဖက်ခံရမည်ဆိုသော အကြောင်းအရာကို ဆွေးနွေးမှု အလွန်များပြားလာနေခြင်းမှာ သတိထားသင့်သည့် အခြေအနေတစ်ခုဖြစ်ကြောင်း ထောက်ပြပြောဆိုသွားသည်။
http://www.planet.com.mm/news/read.cfm/id/11741

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)