Wednesday, December 3, 2008

ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ

ထိုင်းနိုင်ငံ တရားရုံးချုပ်က လက်ရှိ ထိုင်းဝန်ကြီးချုပ်၏ ပြည်သူ့စွမ်းအား (ပီပီပီ) ပါတီ အပါအဝင် ပါတီသုံးခုကို ဖျက်သိမ်းလိုက်ပြီး ဝန်းကြီးချုပ် ဆုံချိုင်းဝမ်စဝတ်နှင့် ၎င်းပါတီ၏ ခေါင်းဆောင်များကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်လိုက်ကြောင်း ယခု မွန်းလွဲပိုင်းတွင် စီရင်ချက်ချမှတ်လိုက်သည်။

ပီပီပီ ပါတီနှင့်အတူ အရေးယူခံရသော ပါတီ ၂ ခုမှာ မတ်ချီမတ်ထီပတ္တရားနှင့် ချာ့ထိုင်း ပါတီတို့ ဖြစ်ကြပြီး မတ်ချီမတ်ထီပတ္တရားပါတီ ခေါင်းဆောင် စီလာပါအာချာ နှင့် ချာ့ထိုင်း ခေါင်းဆောင် အနွန်ဝမ် သပ်ဆုထင် အပါအဝင် ၎င်းပါတီ ၂ ခုစလုံးမှ အမှုဆောင် အရာရှိများ ကိုလည်း နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲလိမ်ခဲ့မှုကို စစ်ဆေး တွေ့ရှိပြီးနောက် ထိုင်းအာဏာရ ပါတီကြီး အပါအ၀င် နိုင်ငံရေးပါတီ သုံးခုကို ဖျက်သိမ်းလိုက်ပြီး ပါတီအကြီးအကဲများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ကန့်သတ်လိုက်ကြောင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများဖြစ်သော ပြည်သူ့စွမ်းအားပါတီ၊ မတ်ချဏိမားထိပတိုင်းပါတီနှင့် ချတ်ထိုင်းပါတီတို့ကို ဖျက်သိမ်းလိုက်ပြီး ပါတီ အကြီးအကဲများ ဖြစ်ကြသော ပြည်သူ့စွမ်းအားမှ Yongyuth Tiyapairat၊ ချတ်ထိုင်းမှ Monthien Songpracha နှင့် မတ်ချဏိမားထိပတိုင်း မှ Sunthorn Wilawan တို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ငါးနှစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ကိုးဦးပါဝင်သော တရားစီရင်ရေးအဖွဲ့က ပြည်သူ့စွမ်းအားနှင့် မတ်ချဏိမားထိပတိုင်း ပါတီတို့အပေါ်တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး ချတ်ထိုင်းအရေးတွင်မူ ရှစ်မဲ-တမဲဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

မဇ္ဈိမ. ဧရာဝတီ သတင်းဌာန

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)