ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်။
ကျွန်ုပ်တို့ သည် ရန်ကုန်မြို့လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်တွင် အပတ်စဉ် စနေနေ့ တိုင်း မြတ်စွာဘုရားရှင်အားအမှူထား၍ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းလျှက်ရှိပါသည်။သို့ ပါ၍ ကျွန်ုပ်တို့  နှင့်အတူ လုပ်အားဒါန ပါဝင်လိုသူများအနေနှင့် ကျွန်ုပ်တို့ ၏ ရွှေတိဂုံစေတီတော် စနေနေ့ အသင်းတွင် အသင်းဝင်အဖြစ်လျှောက်ထားပါဝင်ကုသိုတော်ယူနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
လုပ်အားဒါန ပါဝင်လှူဒါန်းလိုသူများအနေနှင့်ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်လက်မှတ်များနှင့်အတူအောက်ဖော်ပြပါစေတနာရှင်များထံတွင် ဆက်သွယ်၍စုံစမ်း ၀င်ရောက်ဒါန ပြုနိုင်ပါတယ်ခင်ဗျာ။
အသင်းဝင်ရောက်လိုသူများသည် တစ်လတွင်အပတ်စဉ် မလာရောက်နိုင်ပါကအနည်းဆုံး နှစ်ပတ်တွင် နှစ်ကြိမ်လာရောက်၍ လုပ်အားဒါန ပြုရမည်ဖြစ်ပြီး အသင်းဝင်ကြေးမှာ တစ်လလျှင် ၁၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။
ဆက်သွယ်ရန်
Lwanwai.myanmar@yahoo.co.uk
phoemyint@yahoo.co.uk
sharponetaw@gmail.com
chitlwanwai123@gmail.com
demon15891@gmail.com
မှတ်ချက်- ကျွန်ုပ်တို့သည် စေတနာရှင်လူငယ်များဖြစ်ပါသောကြောင့် ကုသိုလ်တော်ပါဝင်လိုသူများ(အသင်းဝင်ရောက်လိုသူများ) အနေနှင့်နိုင်ငံရေးနှင့် သက်ဆိုင်သော လှုပ်ရှားမှုမျိုး မပြုလုပ်ပါကြောင်းနှင့် ပြုလုပ်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
သာသနာတော်အရှည်တည်တံ့ခိုင်မြဲလိုသူများကိုယ်စား
လွမ်းဝေ



No comments:
Post a Comment