Sunday, November 30, 2008

QR Code

ဂျပန်နိုင်ငံမှာ ယခုလက်ရှိ တွင်တွင်ကျယ်ကျယ်သုံးနေသော QR Code အသုံးပြုပုံအကြောင်း ကိုဖော်ပြလိုက်ပါတယ်။ QR Code ဟာ (1994)နှစ်မှာ DENSO Corporation( Denso-Wave )က စတင်တီထွင်လိုက်တဲ့ Code တစ်မျိုးဖြစ်ပါတယ်။

ကြေငြာစာရွက်မှာ၊ သတင်းစာမှာ၊ လက်ကိုင်ဖုန်းမှာ၊ လိပ်စာကဒ်ပြားမှာ၊ ပို့စကဒ်တွေမှာ၊ Phone Website တွေမှာ၊ လိပ်စာကို Mailပို့တဲ့နေရာမှာ၊ Blog Address နှင့် Website Address ကိုကြေငြာတဲ့အခါမှာ၊ DVDနှင့် CD Cover မှာ........စတိုးဆိုင်များ စသဖြင့် အမျိုးမျိုးသော နေရာတွေမှာ QR Code က ထင်ထင်ရှားရှား နေရာယူလာတာကို တွေ့ရပါသည်။

QR Codeက အရွယ်အစားသေးသေးလေးပေမယ့် လိုအပ်တဲ့အချက်အလက်ကို လျင်မြန်စွာ ရရှိနိုင်တာဖြစ်လို့ အသုံးပြုလာကြတာလို့ ထင်ပါသည်။အသုံးပြုပုံ ကြည့်နည်းကလည်း အတော်လွယ်ပါသည်။ Hand phoneမှာပါတဲ့ Bar Code Reader ကိုသွားပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ထဲမှာပါတဲ့ အချက်အလက်တွေကို အကုန်မြင်နိုင်ပါသည်။ Scanဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ရဲ့ လိပ်စာကို ကြည့်လို့ရတာဖြစ်လို့ လိပ်စာမမှတ်မိခဲ့ရင်တောင်မှ တော်တော်အဆင်ပြေပါသည်။ ဒါကြောင့်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာလို့ ထင်ပါသည်။

QR Code ရဲ့ ထူးခြားချက်က အလကားအသုံးပြုလို့ရခြင်းပါ။ QR Code လုပ်တဲ့ Website မှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်း၊ စာသား၊ လိပ်စာတွေကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါသည်။ အရောင်လည်း ရွေးလို့ ရပါသေးသည်။ စိတ်ဝင်စားရင် လုပ်ကြည့်လို့ ရအောင် QR Code လုပ်တဲ့ Websiteတွေ တင်ပြပေးလိုက်ပါသည်။
http://qrcode.jp/
http://www.cman.jp/QRcode/
http://qr.popdom.jp/
http://qr.quel.jp/
ဂျပန်ကတီထွင်ထားတာဖြစ်တဲ့အတွက် search engine ထဲမှာ နှိပ်ပြီးရှာလို့ရပါတယ်။ အဲဒီထဲမှာ အကောင်းဆုံးကတော့ http://www.cman.jp/QRcode/ ဖြစ်ပါတယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ bar code ဆိုဒ်အကြီးအသေး။ စာလုံးအရောင်။ နောက်ခံကာလာအရောင်။ မိမိရေးချင်တဲ့ နံမည်စာလုံးတွေရေးလို့ရပါတယ်။ နမူနာအနေနဲ့မိုးသောက်ကြယ်စာကြည့်တိုက်ဘလောက်ဖြစ်တဲ့http://www.moethaukkye.co.cc/ ကိုလုပ်ကြည့်ထားပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)