Thursday, November 27, 2008

ထိုင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ပိတ်လိုက်ရပြီ


ကိုမိုးသီး

ထိုင်းနိုင်ငံ၏ အဓိကအချက်အချာကျတဲ့ ဘန်ကောက်မြို့ရှိ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုဒ္ဓဟူးနေ့ နံနက် (၅:၀၀) ၌ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး လူ ၄ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ လည်း နံနက် (၆:၄၀) ၌ ပေါက်ကွဲမှုတခု ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းရဲအဖွဲ့က အတည်ပြု ပြောကြား ခဲ့ပါတယ်။ ကျွန်နော်တို့ဆီကို နောက်ထပ် ၀င်ရောက်လာတဲ့ သတင်းတွေ အရ၊ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုံးသုံးလုံး၊ ဒွန်မောင်း အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းမှာ လေးလုံး ဆက်လက် ဗုံး ပေါက်ကွဲ သံတွေ ကြားနေရတယ် လို့ဆိုတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင် က သူဟာ ထိုင်းနိုင်ငံပြန်လာပြီး၊ ထိုင်းနိုင်ငံရေးလောက ကိုပြန်လည်ခြေချဖို့ မနေ့က တရားဝင် ကြေညာခဲ့ပြီးနောက်၊လက်ရှိ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ နှင့် အတိုက်အခံတွေပါတီတွေ ဟာ တော်တော်ကို အမျက်ဒေါသ ဖြစ်နေကြတယ်။ အတိုက်အခံ ပီအေဒီ ကို ထောက်ခံဆန္ဒပြသူတွေက ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို သွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထား မှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ ဟာ လေဆိပ်အတွင်းထိဆီကိုတောင် အလုံးအရင်နဲ့ ၀င်ရောက် လာပြီး၊၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်၏လေယာဉ်ကိုမဆင်းသက်နိုင်အောင် ကျိုးစားမှုတွေရှိနေကြတယ်။ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက်မှု ဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် သေနတ်တွေ လောက်လေးခွတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြ ပါတယ်။ လောလော ဆယ် မှာတော့ အ၀င်၊ အထွက် လေယာဉ်တွေကို ထိမ်းချုပ်ကွပ်ကဲ သူတွေဟာ အလုပ်တာဝန်ထမ်းဆောင်နိုင်မှုမရှိတော့ တာကြောင့်၊ လေဆိပ်တွေ ကို ပိတ်ပြစ် လိုက်ရပါပြီ။

တိုင်းပြည်ရဲ့ အချက်အချာကျတဲ့လေယာဉ်ကွင်းကြီးတွေမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေခြင်း ဟာ လက်ရှိဝန်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်နှင့် သူ့အစိုးရကို ဖျက်သိမ်းဖို့၊ နုတ်ထွက်ဖို့ တွန်းအားဖြစ်စေတဲ့ အတိုက်အခံတို့ရဲ့ အကြီးအကျယ် စိန်ခေါ်မှုကြီး ဖြစ်တယ်။ လေဆိပ်တွေကိုပိတ်လုပ်ရတာဟာ လက်ရှိထိုင်းအစိုးရ အဖို့ အတော့်ကို အကျပ်အတည်း တွေ့စေပြီး၊ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်နုတ်ထွက်ပေးရဖို့ထိတောင် ဖြစ်ပေါ်လာ နိုင်လိမ့်မယ် လို့၊ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ တချို့ ကလည်း ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် က လက်ခံမှာ မဟုတ်ဘူးလို့ တွက်ဆနေကြတယ်။

လက်ရှိ ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နှင့် ယောက်ဖတော်စပ်သလို၊ ထိုင်းဝန်ကြီးချုပ် ဟောင်းတပ်စင်ရဲ့ ရုပ်သေးအစိုးရတရပ်လို့၊ အတိုက်အခံတွေ နဲ့ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူတွေက ဝေဖန် ပြောဆို နေကြပါတယ်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)