Saturday, July 4, 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးတင်တရားစွဲဆိုခံနေရသူ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်ထားပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ စစ်အစိုးရဘက်က တုန့်ပြန်ချက်ကို စောင့်နေတယ်လို့ ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ထောင်ထဲမှာ ချုပ်နှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော် တွေ့ဆုံချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲခံနေဆဲလို့ ပြောပါတယ်။ ကျနော်က ဒါဟာ ကျနော့ဘက်က အဆိုပြုချက်ဖြစ်တယ်။ ဒီကိစ္စ အရေးကြီးတယ် ဆိုတာ ပြောခဲ့ပါတယ်။ အခုသူတို့ဘက်က ဘယ်လို စဉ်းစား တုန့်ပြန်မလဲဆိုတာ ကျနော်စောင့်နေပါတယ်လို့ ပြောဆိုသွားပါတယ်။ (voa)

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)