Sunday, May 31, 2009

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်ပါ.....

စွမ်းအားရှင်တွေ ၊ ကြံ့ဖွံ့တွေ သေသေချာချာဖတ်စေချင်ပါတယ်။ ကိုယ်ကလက်ရဲဇက်ရဲ ရာဇ၀တ်မှုတွေကျူးလွန်ရင်ဗိုလ်ချုပ်သန်းရွှေရဲ့စစ်အုပ်စုက သူကောင်းပြုသဘောကျနေတယ်ဆိုပြီး အူမြူးမနေစေချင်ပါ။ ဒီရာဇ၀တ်မှုကိုတချိန်မှာ စစ်ဗိုလ်ချုပ်တွေက ပြန်ကိုင်တွယ်ပြီး သူတို့နဲ့ဘာမှမဆိုင်သလို အပြစ်တွေကိုထိုးချကြလိမ့်မယ်။ ကျူးလွန်ခဲ့သူတွေရဲ့ ဘ၀ကိုအဆုံးသတ်မြုတ်နှံပစ်လိုက်ပါလိမ့်မယ်။ ရှပ်ညိုမုန်တိုင်းတပ်တွေရဲ့ ဇာတ်သိမ်းခန်းကို သင်ခန်းစာယူစေချင်ပါတယ် 



လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ၏ ထုတ်ပြန်ကြေငြာချက်

မြန်မာရုပ်ရှင်မင်းသမီး ဟန်နီထွန်းလည်း ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်အတူပူးပေါင်းပါဝင်ဆန္ဒပြ




မြန်မာရုပ်ရှင်မင်းသမီး ဟန်နီထွန်းလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်အတူ မေလ(၂၄)ရက်နေ့က ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြောင်း ဓာတ်ပုံသတင်းရရှိပါသည်။

ဂျပန်နိုင်ငံရှိ နအဖအခွန်ရုံးရှေ့တွင် မေ ၃၀ ဒီပဲယင်းလုပ်ကြံမှု ကြီး (၆)နှစ်ပြည့် အခမ်းအနားပြုလုပ်

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Saturday, May 30, 2009

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားမှု့ လာမည့်သောကြာနေ့ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အင်းလျားကန်ဘက်မှ ၀င်ရောက်လာပုံကို ယမန်နေ့က ပြသနေသော မစ္စတာ ယက်ထော။
(photo: SPDC)

မေလ (၃၀) ရက်နေ့  - ဒီပဲယင်းအရေးအခင်းနေ့  (၆) နှစ်ပြည့်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ်သရုပ်ဆောင်သူ တူလွန်း၍ ဆန္ဒပြသူအမျိုးသမီးတဦးမှ ရိုက်နှက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ်သရုပ်ဆောင်သူ တူလွန်း၍ ဆန္ဒပြသူအမျိုးသမီးတဦးမှ ရိုက်နှက်
ပြီးခဲ့သည့်မေလ(၂၄)ရက်နေ့က ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်ဂျပန်လူမျိုးများစုပေါင်း၍ လမ်းလျှောက်ဆန္ဒပြတောင်းဆိုကြစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ် သရုပ်ဆောင်သော
ရှင်ဘုရင်မကိုဋ်ဆောင်းထားသည့် ကိုသောင်းလှိုင်မှ''အမှန်တကယ်ပြောရရင် ကျနော်ဒီလူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)ကို အင်မတန်မှကိုရွံမုန်းပါတယ်၊ သို့သော်သူဘယ်လိုလူလဲဆိုတာရယ်၊ သူဘယ်လိုမဟုတ်တာတွေလုပ်နေတာလဲဆိုတာကို အများသိအောင်ပြချင်တာနဲ့ဒီနေရာက နေဝင်ပြီးသရုပ်ဆောင်တာပါ''ဟုပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့အမေရိကန်နိုင်ငံသား ဝီလီယံယက်တောဝင်ရောက်ခဲ့ခြင်းကို လုံခြံရေးတာဝန်ယူထားသူများက သိရှိကြသော်လည်း မသိဟန်ဆောင်ထားပြီး ပြန်အထွက်တွင်မှဟန်ပြဖမ်းဆီးပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ ယက်တောနှင့်အစောင့်စစ်သားများအောင်ပွဲခံသည့် ပုံသဏ္ဍန်ဖြင့် သရုပ်ဖော်ချီတက်ခဲ့ကြသည်။

Friday, May 29, 2009

စီးပွါးရေးအရ အရေးယူပိတ်ဆို့ဟူသည်…

လေးစားတယ်ဗျာ…….

ကမ္ဘာပေါ်မှာ လူကအခွင့်အရေးစံချိန်စံနှုံးတွေနဲ့ပတ်သက်လာရင် အမေရိကန်၊ အီးယူ စတဲ့နိုင်ငံတွေဟာ စံယူရလောက်အောင် အတုယူရလောက်အောင် ဖြစ်ရပါတယ်။

သို့ပေမယ့် အောက်ပါစကားလုံးတွေကြောင့် အတော်စဉ်းစားစရာတွေဖြစ်ရပါတယ်။

“၂၀၀၈ တိဘက်အရေးမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ်ကို မီဒီယာက မေးပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် ဘယ်လို အရေးယူမှာလဲ ဆိုတော့ ကုန်သွယ်မှု များများလုပ်လေလေ၊ ဒီလိုချိုးဖောက်နိုင်မှုတွေ လျော့လာလေလေ ဖြစ်လာမှာပါ ” လို့ ဆိုပါတယ်။(http://khinmamamyo.blogspot.com/)

ဒီစကားကို ဗြိတိသျှနန်းရင်းဝန် ဂါဒွန်ဘရောင်းက ပြောခဲ့တဲ့စကားပါ။ သူပြောတဲ့စကားမှန်လား/မှားလား ကျနော် မဝေဖန်လိုပါ။ နိုင်ငံအကြီးအကဲတယောက်ပြောတဲ့စကား အကြောင်းတော့ရှိလိမ့်မယ်ဟူ၍သာ သဘောထားလိုက်ပါသည်။ စိတ်ထဲတွင်တော့နဲနဲလေးမှ မကျေနပ်ပါ။

စီးပွါးရေးအရ အရေးယူပိတ်ဆို့ဟူသည်….Burma Digest Information Web Site မှာ စာရေးသူခင်မမမျိုးက အောက်ပါအတိုင်း ဖေါ်ပြထားတာတွေ့ရပါတယ်။

(စီးပွားရေး ပိတ်ဆို့( Economic Sanctions ) မှုဆိုတာကို Rutledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံနိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာအခြားနိုင်ငံတခုကဖြစ်စေ၊ နိုင်ငံအများစုက ဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေး ယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။)

(ရည်ညွှန်းချက်။ http://burmadigest.info/2009/05/10/book-economic-sanctions-burmese/)

ကျနော့အနေဖြင့် Economic Sanctions နည်းဖြင့် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးစနစ်၊ မူဝါဒပေါ်လစီတွေပြောင်းဖို့ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အချိန်ကာလ တခုသတ်မှတ်၍ ကျင့်သုံးသင့်သည်ဟုသာ ယုံကြည်ယူဆပါသည်။ အချိန်ကာလ ကြာရှည်စွာထားခြင်းသည် တိုးတတ်မှုအရိပ်အရောင်မပြခဲ့သော် တနည်းအားဖြင့် ဤနည်းလမ်းဖြင့် စစ်တပ်အာဏာရှင်မျိုး တွေအပေါ် ကျင့်သုံးရာမှာ ပို၍ သတိထားဖို့လိုအပ်ပါလိမ့်မည်။ ဤအချက်နှင့်ပတ်သက်၍ စာရေးသူတို့ မြန်မာနိုငံသည် အထင်ရှားဆုံးဥပမာဖြစ်ပါတယ်။

၁/ မြန်မာနိုင်ငံသည် ယခင်ကတည်းက ဆိုရှယ်လစ်စနစ်အောက်၌ တခါးပိတ်စီးပွါးရေးစနစ် ကျင့်သုံးခဲ့ခြင်း ဖြစ်သောကြာင့် ယခင်ကတည်းက အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုအလွန်နည်းပါသည်။

ဤကာလအတွင်း မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ခြင်းမရှိပါ။

၂/ ၁၉၈၈ နောက်ပိုင်း စစ်တပ်မှအုပ်ချုပ်ခဲ့သည့် ကာလာအတွင်း မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်း၊ ရေနံ/သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း စသည့်ကဏ္ဍများ၌ အနောက်နိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံခဲ့ကြပါသည်။

ဤကာလအတွင်း မြန်မာနိုင်ငံအပေါ်သို့ အမေရိကန်၊ အီးယူတို့မှ စီးပွါးရေးပိတ်ဆို့ခြင်းစတင်ပြုလုပ်ခဲ့ပါသည်။

အဘယ့်ကြောင့်နည်း…..နိုင်ငံတနိုင်ငံအပေါ် စီးပွါးရေးအရ အရေးယူပိတ်ဆို့ခြင်းဖြင့် ရည်မှန်းချက်ရောက်သည့်ဖြစ်ရပ်သည် အလွန်နည်းပါးကြောင်း တနည်းအားဖြင့် အောင်မြင်ရန်ရာခိုင်နှုံးအလွန်နည်းပါကြောင်း အနောက်နိုင်ငံ အစိုးရများ ကောင်းကောင်းကြီး သိရှိထားပြီးဖြစ်ပါတယ်။

တိဘက်လူမျိုးတွေ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများ၊ ၁၉၈၈ ခုနှစ်ကဖြစ်ခဲ့သော တိရန်မင် အရေးအခင်း၌ ဖမ်းဆီးခံခဲ့ရသူတွေ တရုတ်ပြည်ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးချိုးဖေါက်ခံနေရမှုတွေဘက်က ရပ်တည်ပါတယ်ဆိုတဲ့ အနောက် က ပုဂ္ဂိုလ်ကြီးများ၏ အယူအဆဖြစ်သော ….

တရုတ်နိုင်ငံနှင့်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ များများလုပ်နိုင်ရင် တရုန်ပြည်မှာ လူ့အခွင့်အရေး တွေ၊ ဒီမိုကရေစီအရေးတွေ ရရှိလာမယ်ဆိုတဲ့ အယူအဆသည် မည်သည့်အချက်အပေါ်၌ အခြေခံနေပါသနည်း။

ကိုယ်နိုင်ငံအကျိုးစီးပွါးဖြစ်မယ်ဆိုရင် အာဏာရှင်ဖြစ်ပါစေ၊ လက်ဝဲတွေ/လက်ယာတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံ ရမှုတွေကို ကြည့်မနေနိုင်တော့ဘဲ ရေရှည် နှစ်နိုင်ငံအစိုးရများအကြား စီးပွါးရေးအအရရော နိုင်ငံရေး အရပါ ပေါင်းသင်းဆက်ဆံ အလုပ်လုပ်ကြတာရပါဘဲ။

တဖန် နိုင်ငံအတွက် အကျိုးမရှိသေးတဲ့ နိုင်ငံငယ်လေးတွေအပေါ်၌ကြတော့ လုံးဝ Economic Sanctions ပါဘဲ အဲဒီ့နိုင်ငံမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်သလဲ Economic Sanctions လုပ်ထားတဲ့ အချိန်ကာလတခုအတွင်း မည်သို့တိုးတတ်မှုတွေရှိလည်း စိတ်မ၀င်းစားဘူး ဆင်းရဲတဲ့ လူ့အခွင့်အရေးတွေချိုးဖေါက်ခ့နေရတဲ့ တိုင်းပြည်များက ပြည်သူတွေဘက်ကဘဲ ရပ်တည်နေသလိုလို၊ ကျေးဇူးရှင်ကြီးတွေလုပ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်ဆိုရင် မားမားမတ်မတ်ရှိကြောင်း ပြသနေတာတွေကို တော့……… လေးစားပါတယ်ဗျာ…..

တခြားမမြင်ချင်ယောင်ဆောင်ထားတဲ့ကိစ္စတွေလည်းရှိပါသေးတယ်။ ထားပါတော့ ဒီနေရာမှာ မပြောသေးဘူး..

Economic Sanctions ဆိုတာ စစ်အစိုးအရအပေါ် လုပ်တယ်ဆိုတာထက် တတိုင်းပြည်လုံး အပေါ်အကျိုးသက်ရောက်ပါတယ်။ စစ်အစိုးရအပေါ်အင်အားချည့်နဲ့သွားအောင်လုပ်တယ်ဆိုပေမယ့် စစ်အာဏာရှင်အစိုးရဟာ တဖြည်းဖြည်းအင်အားကောင်းလာတယ်ဆိုရင် ချမှတ်ထားတဲ့ လမ်းစဉ်ကို ပြန်သုံးသပ်ဖို့လိုပါတယ်။

မြန်မာပြည်သည် ကျွန်းနိုင်ငံမဟုတ်ပါဘူး နိုင်ငံ(၅)ခုနှင့် နယ်နမိတ်အလျား ၅၈၇၆ ကီလိုမီတာ ရှိပါတယ်၊ စစ်အစိုးရဟာ ကမ္ဘာ့စီးပွါးရေးမှာရော အာရှစီးပွါးရေးမှာပါ တနေ့တခြားအင်းအားကြီးမားလာတဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ နှစ်ရှည်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု တွေ ပြုပ်လုပ်နိုင်ခဲ့ပါတယ်။

သို့သော်လည်း အနောက်နိုင်ငံတွေကတော့ Economic Sanctions ဆက်လုပ်မယ်ဆိုတာပါဘဲ။ စစ်တပ်ကလည် Economic Sanctions ကိုဘဲဖယ်ခိုင်းနေပါတယ် သူအနေနဲ့ အနောက်ကကျင့်သုံးနေတဲ့ Economic Sanctions အပေါ်မှာ ဂရုမစိုက်ရင်၊ Economic Sanctions ဟာ မြန်မာပြည်အပေါ်မှာ ဘာမှအကျိုးသက်ရောက်မှု မရှိကြောင်း အနောက်က လက်ခံသွားရင် နောက်ထပ် ပိုမိုအင်အားကြီးတဲ့ အရေးယူပိတ်ဆို့မှုတွေကို ကြုံတွေ့ရနိုင်တယ်လို့ ယူဆနေပုံပါဘဲ၊ ဒါကြောင့် စစ်အစိုးရ Economic Sanctions ကို ကြောက်နေသယောင် အလူးအလဲနဲ့ပြူးတူးပြဲတဲ လုပ်ပြနေတယ်လို့ ယူဆစရာဖြစ်နေပါတယ်။

ရည်မှန်းချက်ရောက်ဖို့ဆိုရင် နည်းလမ်းအမျိုးမျိုးသုံးရမယ် တခုတည်းအပေါ်တသက်မတ်တည်း စွဲကိုင်မထားသင့်ဘူး။ ပြောင်းလဲသင့်တဲ့အချိန်ရောက်ရင် လိုအပ်ရင်လိုအပ်သလို ပြောင်းလဲလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ Economic Sanctions ဆိုတာ သံခင်းတမန်ခင်း အဆင့်တောင်မရောက်ခဲ့ပါဘူး။ နည်းလမ်းတွေအများထဲက ပြောရမယ်ဆိုရင် Economic Sanctions ဟာသမိုင်းကြောင်းအရ အောင်မြင်မှု အလွန်နည်းခဲ့ နည်းလမ်း တခုဘဲဖြစ်ပါတယ်။

ဗြိတိသျှနန်းရင်းဝန် ပြောသွားတဲ့စကားကို ကြည့်ရင် နည်းဗျူအရဘဲပြောပြော လုပ်နည်းလုပ်ဟန်အရဘဲပြောပြော အလွန်လှပပါတယ်။ ဒါမျိုးတွေကို မြန်မာ့နိုင်ငံရေးလောကမှလည်း လွန်ခဲတဲ့ ၅ နှစ်လောက်ကတည်းကဆွေးနွေးခဲ့ကြတာပါဘဲ။ သို့ပေမယ် အချင်းချင်းရန်သူတွေဘဲဖြစ်ခဲ့ရတာပါ။

ဗြိတိသျှနန်းရင်းဝန် ပြောသွားတဲ့ ရှေ့နောက်မညီတဲ့ စကားကိုတော့ ၀မ်းနည်းပါတယ်ဗျာ…လို့ဘဲ ဆိုချင်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး ကိုယ့်အချင်းချင်း ကိုယ်အားကိုယ်ကိုး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ။

ဝမ်းအိုဝမ်း

Thursday, May 28, 2009

၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ

ဓါတ်ပုံ -ကိုထွဏ်မြင့် သတင်း-လူငယ်နှင့်ကျောင်းသားရေးရာဌာန(ဂျပန်)

အခြေအနေများသီချင်း

ကျနော်တို့ Generation Wave ကရေးစပ်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် မျှဝေပေးလိုက်ပါတယ်။အသံဖမ်းယူမှု အခက်အခဲတချို့ကြောင့် အသံအရည်အသွေးပိုင်းမှာလိုအပ်ချက်များရှိနေခဲ့ရင်သည်းခံနားဆင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တတ်နိုင်သမျှလက်ဆင့်ကမ်း ဖြန့်ဖြူးပေးဖို့လည်း
တိုက်တွန်းလိုပါတယ်။



အခြေအနေများ

Artist Moethway

Produced by Generation Wave


စာသင်တဲ့ကျောင်းခေါင်းလောင်းလည်းကွဲအက်ပြီ ပညာအဆင့်ကလက်နှိုက်မမီ

ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်

ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်

ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ

ပြည်သူတွေလုံးရင်းပါးရင်းအမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်

ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်

ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့စဉ်းစားပြီ

ပရိတ်ထွက်ရွတ်တော့တုတ်နဲ့ရိုက်သတ်သည်

ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်

ဒါမြန်မာပြည်မှာတကယ်ကိုဖြစ်ခဲ့သည်

အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်

ငါတို့တခုခုတော့လုပ်မှဖြစ်တော့မည်

အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်

တခေါက်တော့ ထပ်လို့လမ်းမထွက်မှဖြစ်မည်

လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်

ကုလသမဂ္ဂစောက်ဂရုမစိုက်တော့ပြီ

မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများသိန်းသန်းချီ

road map အစုတ်အပြတ် အလုပ်မပျက်ရှေ့ဆက်သည်

အကူအညီတွေပေးဖို့ အဝေးကတကူးတကလာသူမောင်းထုတ်ပစ်လိုက်သည်

အားလုံးလက်မြှောက်အရှုံးပေးလိုက်ရသည်

Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကားတွေပေါ်မှ ဖြန့် ဝေကြဲချ

ကျနော်တို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယနေ့ တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းများပေါ်တွင် လက်ကမ်းစာစောင်များ ဖြန့်ချီဝေငှခဲ့ခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုပြုလုပ်နေသည့် ဓါတ်ပုံအချို့နှင့် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များ၏ ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။

ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ။


Why is Burma's junta afraid of Aung San Suu Kyi?

By Jonathan Head
BBC News, Bangkok
ဘာသာပြန်သူ-၀မ်းအိုဝမ်း

မြန်မာစစ်အစိုးရမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ကြိုပမ်းလျှက်ရှိပြီး လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံ၌ နာမည်ဆိုးဖြင့်အလွန်ကျော်ကြားသော အင်းစိန်ထောင်သို့ ပြောင်းရွှေ့ဖမ်းဆီးချုပ်နှောင်ထားခဲ့ ပါသည်။ စစ်အစိုးရ၏ လုပ်ရပ်ကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြသော မြန်မာ ပြည်သူ အပေါင်းတို့သည်လည်း စိတ်မသက်သာဝမ်းနည်းပူဆွေးကြရပါသည်။ ထို့နည်းတူ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့ အစည်းများသည်လည်း ဤလုပ်ရပ်အပေါ်ပြစ်တင်ရှုပ်ချပြီး ဒေါ်အောင်ဆတ်းစုကြည်အား အမြန်ဆုံးပြန်လည် လွတ်ပေးရန် ဖိအား ပေးတောင်းဆိုခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အင်းစိန်ထောင်သို့ စစ်အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြည်သူတွေသည် အင်းစိန်အကျဉ်းထောင်သို့ လိုက်၍ ထောင်၏အရှေ့၌ အခြေအနေကို လိုက်လံစောင့်ကြည်နေခဲ့ကြပါသည်။ သို့သော်လည်း ထောင့်အရှေ့၌ စစ်တပ်မှလုံခြုံရေးများထူထပ်စွာချထားပြီး လမ်းများ၌လည်း သံဆူးကြိုး အတားအဆီးအကာအရံများလည်း ချထားပြီး မည်သူမျှအနားပင်ကပ်၍မရအောင် ပိတ်ဆို့မှုများ ပြုလုပ်ထားပါသည်။ ထို့ပြင် နိုင်ငံခြားသံတမန်တွေလည်း သတင်းကြားကြားချင်း အင်းစိန်ထောင်သို့လိုက်သွားပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း စစ်အာဏာပိုင်များမှ တွေ့ဆုံခွင့် မပေးခဲ့ပေ။
ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ပြည်သူတွေသည် အတားအဆီးအကာအရံတွေကြားမှဘဲ တိတ်ဆိတ်စွာဖြင့် စစ်အာဏာ ပိုင်တွေ၏ တရားရုံးမှ ထွက်ပေါ်လာမည့်အသံကို မျော်လင့်တကြီးစောင့်ဆိုင်းနေခဲ့ကြပါသည်။ဒီအတောအတွင်းမှာဘဲ တရားရုံးမှ မည်သည့်သက်သေထွက်ဆိုချက်တွေကိုမျှ နောက်ထပ်မတင်သွင်းဖို့ မပြောဖို့ ညွှန်ကြားခဲ့ပါသည်။ ဤသဘောထားကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အလွန်ပင် အန္တရာယ်ကြီးနေပြီလို့ ပြသနေသည့်သဘောပင်ဖြစ်ပါသည်။
သို့သော်လည်း အသက် (၆၃) နှင့်ရှိပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သူမအေနဖြင့် သူမအားကူညီစောင့်ရှောက်နေသည့် အမျိုးသမီးနှစ်ဦးမှလွဲ၍ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံခြားမျှကိုမှ ဖိတ်ခေါ်ဧည့်ခံ လက်ခံခဲ့ခြင်းမရှိကြောင်း ဤအမေရိကန်လူမျိုးတဦးက အင်းယားကန်ကိုရေကူးပြီး သူမအိမ်သို့ရောက်စဉ် သူ့ကျမ်းမာရေးအခြေအနေက အလွန်မောဟိုက်နေသည့်အတွက် သက်သာသွားစေရန် ပြန်လည်ပြုစုပေးခဲ့သည်မှတပါး အခြားဘာမှမရှိပါဟု သူမရှေ့နေများမှ ပြန်လည်ချေပနိုင်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့သော (၆) နှစ်ခန့်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္က ဦးတင်ဦးနှင့်အတူ နေအိမ်အကျယ်ချုပ်ဖြင့် မတရားဖမ်းဆီးထားခဲ့ခငြ်းဖြစ်ပြီး သူမချစ်တဲ့ပြည်သူတွေရော ကမ္ဘာအသိုင်းအ၀န်းတခုလုံးနှင့်ပါ အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရပြီး အထီးကျန်စေအောင် စစ်အာဏာပိုင်တွေက ပြုလုပ်ခဲ့သည်။
သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း စစ်တပ်မှ အမျိုးမျိုးသောဖိအားပေးမှုတွေအကြားမှာ အားနည်းစွာဖြင့် ရုမ်းကန်ရပ်တည်နေရပါသည်။ ထို့ပြင်စစ်အစိုးက နိုင်ငံအသုံးစရိတ်စုစုပေါင်း၏ (၄၀) ရာခိုင်နှုံးခန့်ကိုအသုံးပြု၍ သူမ၏ပါတီအားပျက်ဆီးသွားအောင် ဒေသအသီးသီး၌ ၎င်းတို့၏ သြဇာခံအဖွဲ့အစည်းဖြစ်သော ကြံ/ဖွံ့ အဖွဲ့များကိုဖွဲ့စည်းစေပြီး ဆောင်ရွက်စေပါသည်။

အလွန်အင်အားကြီးသော ခေါင်းဆောင်
သူမအနေဖြင့်လည်း စစ်တပ်မှ သူမအပေါ်ပြုမှုဆောင်ရွက်တွေအပေါ် အမုန်းတရားဖြင့် မည်သို့မျှ ပြန်လည်တုန့်ပြန်မှုများ ပြုလုပ်ခဲ့ခြင်း မရှိသလို ၊ သဘောထားကြီးစွာဖြင့် ပြည်သူတွေ၏ ဆာလောင်မွတ်သိပ်မှုတွေကိုပြေပျောက်စေရန်နှင့် ပြုပြင်ပြောင်းလဲ ရေးနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေးအတွက်သာ သူမရဲ့ဘ၀တခုလုံးကို ပေးဆပ်ထားခဲ့ပါသည်။
ထို့ပြင် သူမ၏ ပါတီအတွင်း၌ သူမ၏သူမတုသော စွန့်လွှတ်အနစ်နာခံဆောင်ရွက်မှုနှင့်ခေါင်းဆောင်မှုအား ပျက်သွား အောင်နှင့် သူမလွတ်မြောက်လာပါက နုတ်ထွက်သွားအောင် နောက်ကွယ်မှ တိတ်တဆိတ် မြှောက်ထိုးပင့်ကော်မှုများကို လည်း စစ်တပ်မှ ဆောင်ရွက်နေပါသည်။
သူမ၏ သူမတူတဲ့ စွန့်လွှတ်အနစ်နာခံမှု၊ သူမတူတဲ့ လူထုခေါင်းဆောင်တယောက်အဖြစ် စစ်တပ်အာဏာပိုင်များ၏ အမျိုးမျိုးသော အနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်မှုတွေအကြားမှ ကမ္ဘာကျော် လူထုခေါင်းဆောင်တယာက်အဖြစ် ရပ်တည်နေဆဲဖြစ် ပါသည်။
ဤအတောအတွင်း အမေရိကန်လူမျိုး John Yettaw ၏မှားယွင်းတဲ့ လုပ်ရပ်ကြောင့် သူမ၌ ဒုက္ခအခက်အခဲဖြစ်စေပြီး စစ်တပ်အာဏာပိုင်တွေက နဂိုကတည်းက လွှတ်ပေးချင်တဲ့ ဆန္ဒမရှိသည့်အကြားမှာ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် အကွက် ကောင်းတခုအဖြစ် အသုံးချ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်ပါသည်။ ထို့ပြင် စစ်အစိုးရမှ လာမည့် ၂၀၁၀ ခုနှစ်၌ ပြုလုပ်မည့် ရွေးကောင်ပွဲ အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ လည်းဖြစ်ပါသည်။
မြန်မာစစ်အစိုးရဟာ ကမ္ဘာပေါ်မှာ အလွန်ရှက်စရာကောင်းတဲ့ အဖွဲ့အစည်းပါဘဲ။ ဗိုလ်သန်းရွှေဟာ သူဆက်လက်နေ ထိုင်ရာ မည့် ကျန်၇ှိသေးသော ဘ၀တိုတိုကာလအတွင်း သူ့နှင့်သူ့စစ်တပ်ကိုနိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်းမှာ ခိုင်ခိုင်မာမာ အာမခံချက် အပြည့်ဖြင့် ရပ်တည်လိုပြီး နိုင်ငံတော်အာဏာ အရပ်ရပ်ကိုလည်း ချုပ်ကိုင်ထားလိုပါသည်။ သို့မှသာ သမိုင်းမှာတင်နေတဲ့ သူတို့ရဲ့ အပြစ်တွေကို ရှောင်တိမ်းနိုင်မယ် လူတို့ပိုင်ဆိုင်တဲ့ အရာတွေအပေါ်၌လည်း လုံခြုံမှုရှိမယ်လို့ ယုံကြည်ထားပုံပါဘဲ။
ဒါတွေကိုတော့လက်ခံလို့မဖြစ်ပါဘူး၊ သူတို့လုပ်တာတွေကိုလက်ခံလိုက်ရင် တရားမ၀င်တာတွေက တရားဝင်ပြီး တရားဝင်တာ တွေက တရားမ၀င်တွေဖြစ်ကုန်မှာပေါ့ မတရားတွေကို လက်ခံရင် တရားတာတွေ ပျောက်ကုန်တော့မှာဖြစ်ပါသည်။
အချို့စစ်အစိုးရ၀န်ကြီးတွေရဲ့ အချို့ပြောဆိုတဲ့စကားကတော့ သူတို့ရဲ့ အဓိက ဦးတည်ရည်ရွယ်ချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရထားတဲ့ သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုကို ဖျက်သိမ်းချင် နေတာပါဘဲ၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ဖြစ်တာနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာလည်း အလိုလိုဖျက်သိမ်းပြီးဖြစ်သွားမယ်လို့ သူတို့ကယုံကြည်နေပုံရပါသည်။
ဒါတွေကိုကြည့်ရင် စစ်အစိုးရလုပ်ရပ်တွေဟာ အလွန်စိတ်ဆိုးစရာတွေပါဘဲ။ သူတို့ဟာ ရိုသားမှုမရှိကြောင်းပြသနေတာ ဘဲဖြစ်ပါသည်။ ဒါ့ကြောင့်သူတို့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကိုဦးဆောင်သွားမှာ အလွန် ကြောက်နေကြရတာဖြစ်ပါတယ်။
တနည်းအားဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ သူတို့အနာဂတ်ရဲ့ အခွင့်အရေးလို့ မြင်ရမှာပါ၊ သူတို့ရဲ့မိတ်ဆွေလို့မြင်ရမှာပါ ။ သူမသည်သာလျှင် သူတို့ကိုလုံခြုံမှုပေးနိုင်မှာပါ။ သည်လိုမှမဟုတ်ပဲ အတ္တအတွက် ကြောက်ရွံ့နေမယ်ဆိုရင်တော့….

Possibilities Free Burma Project 2009 အပိုင်း(၅)

Tuesday, May 26, 2009

၅.၅.၂၀၀၉ နအဖရဲ့ လုံခြုံရေး အခြေအနေအပြောင်းအလဲများ

အမျိုးသားဒီမိုကရေစီ အဖွဲ့ အနည်းဝင်းကျင်ကို ဒေါ်အောင်ဆန်းစု အိမ်းအရှေ့ လှည်းတန်းမီးပွိုင့်နားတွေမှာ တွေ့ရပါတယ်။ မနေ့ ကညနေတုန်းက လှိုင်သာယာမြို့နယ်က လူငယ်တွေကို စစ်အာဏာရှင်တွေက ခြိမ်းခြောက်ပြောကြောင်းသိရပါတယ် ..
မင်းတို့ဒီနေ့မနက်အင်စိန်းထောင်ဘက်ကိုသွား ဖမ်းစည်းမယ် ကြံဖွတ်စွမ်းအားရှင်တွေက ရပ်ကွက်က တက်ကြွတဲ့ လူငယ်တွေ လိုက်လံခြိမ်းခြောက်ပါနေ့ စစ်အာဏာရှင်တွေ ရန်ကုန်မြို့ရဲ့ အခြေနေတွေလည်း ပြောင်းထားပါတယ်။

စစ်အာဏာပိုင်တွေကို အထူးသတိထားပါ ရွှေဂုံတိုင် မီးပွိုင့် နဲ့ နီးတဲ့ တိုင်းရုံးရဲ့ အနီးဆုံးမှာ နအဖလက်ပါးစေတွေရဲ့ကားအချို့ရပ်ထားပါတယ်။လင့်လမ်းမှတ်တိုင်အနားကမူလတန်းကျောင်းထဲမှာလည်း (၁၀၅) ပါရမီ ကားလိုင်း ယာဉ်လိုင်းကား ဟာ ကြံဖွတ်ကား ဖြစ်ပါတယ်။ သတိထားပါ။

အင်းစိန်မှာ လုံခြုံရေး အယောင်ပြသာ ချထားပြီး ကျိုက္ကဆံကွင်းမှာ နအဖက လုံခြုံရေးတပ်တွေ ပိုမိုနေရာယူထားပါတယ်။မြို့တော်ခန်းမမှာလည်းရှိနေသလို့မြို့တော်ခမ်းမဘက်မှာလည်းရှိနေ့ပါတယ်။

မြို့တော်ခန်းမရှေ့ ရှိ အလယ်သစ်ပင်နားက မထသယာဉ်လိုင်းထိန်း ထိုင်ခုံနားက လူတစ်စုဟာအယောင်ဆောင်နေကြတဲ့ကြံ့ဖွတ်တွေဖြစ်ပါတယ်။ရဟန်းသံဃာကျောင်းသားကျောင်းသူတွေ ပြည်သူလူထုတွေ အမြဲသတိရှိပါ မြို့တော်ခန်းမရှေ့ က လူတွေဟာစစ်အာဏာရှင်တွေလူပါ.. ကိုယ့်လူမဟုတ် ကျောက်တံတားမြို့နယ်က အဖွဲ့တွေလို့သိရပါတယ်

ပြည်သူများအနေနဲ့  တစ်ကိုယ်တော် ဆန္ဒပြခြင်းထက် အခုအချိန်ဟာ ဦးဇင်းတို့အားလုံးဟာ တစ်ဦးတစ်ယောက်ထက် အားလုံးစုပေါင်းလုပ်ပါ လှုပ်ရှားပါ။ ပြည်သူ့အင်အားနဲ့  ရိုင်းစိုင်းယုတ်မာသူ စစ်အာဏာရှင် များကို တုန့် ပြန်ကြပါ ။အချိန်တန်ပြီ... အမြန်ဆုံး နည်းစပ်ရာများကို သတိပေးပါ တောင်းပန်အပ်ပါတယ် ။

ယနေ့လက်ရှိအင်းစိန်ရှေအခြေအနေမှာကျန်ခဲ့သည့်သောကြာနေ့ကထက်လာရောက်ကြသည့်အတွက်
လူအင်အားပိုများကြောင်းသိရှိရပါတယ်။အင်းစိန်ရှိ ရပ်ကွက်များ၏ လမ်းကြားများကိုပါ နအဖဘက်ကပိတ်ထားသည့်အတွက်ရပ်ကွက်နောက်များဘက်ကလှည့်လည်သွားကြရကြောင်း သိရှိရပါတယ်။ အင်းစိန်ရှေ့ ရောက် လူအင်အားများကတော့ ဆက်လက်စောင့်ဆိုင်း ရှိနေဆဲ ဖြစ်ပါတယ်

ဒီကနေ့ မေလ (၂၅) ရက် ကျောက်ပန်းတောင်းမြို့မှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက တတိယမြောက်နေ့အဖြစ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ငါးလွှတ်ပြီး ၀တ်ပြုဆုတောင်းဖို့လူငယ်တွေဟာ လူစုနေပါပြီ၊ အရင်နေ့ကလို အစောပိုင်းလုပ်ဖို့ပြင်ဆင်ထားပေမဲ့စစ်ကားနဲ့လည့်လည်နေတာတွေမဟာစေတီကြီးဘုရားပတ်လည်မှာ အရပ်ဝတ်ကြွက်တွေ ပိုချထားတယ်လို့သိရပါတယ်၊

ကျောက်ပန်းတောင်းမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေ ဆုတောင်းပွဲ လုပ်ဦးမည်။ ကြားသိရပါတယ်ရဟန်းသံဃာကျောင်းသားကျောင်းသူပြည်သူလူထုကြီးက၀ိုင်းရံပေးကြပါ လို့တိုက်တွန်းအပ်ပါသည်။

မြန်မာစံတော်ချိန် (၉) နာရီ ရှိပါပြီ။ နအဖမှဒေါ်အောင်ဆန်းစုကြည်အပေါ်မတရားအမှုဆင်ပြီး တရားစွဲဆိုစွပ်စွဲမှုအားယနေနံနက်တွင်နအဖမှမတရားထပ်မံစတင်ပါတော့မည်။အခြေအနေများအား ထူးခြားမှု ရှိလျှင် ရှိသလို ဆက်လက်တင်ပြပေးသွားပါမယ်။

ဘဘဦးဝင်းတင်က အင်းစိန်ကို မနက် (၁၀) နာရီလောက်က ရောက်ရှိခဲ့ပါတယ်။ ဘဘဦးဝင်းတင် သွားတဲ့နောက်ကို နအဖလက်ပါးစေစွမ်းအားရှင်တွေက တကောက်ကောက် လိုက်ကြည့်နေပါတယ်။ ယခုလည်း ဘဘဦးဝင်းတင် ရုံးချူပ်ဘက်သွားတာကိုလည်း နောက်ကနေ လိုက်ကြည့်နေပါတယ်။

ဦးဇင်းမြန်မာနိုင်ငံ စစ်အာဏာရှင်တွေ က သေနတ်ကိုခါးထိုး မီဒီယာယာကိုအပိုင်ဆီး၊ ပြည်သူကိုလိမ်သံဃာကိုသတ်ဖို.၀ံမလေးတဲ့ဒင်းတို.။အမှန်တရားကိုမြတ်နိုးတဲ့ ပြည်သူကိုချစ်တဲ့ပြည်သူကလဲချစ်တဲ့ လက်နက်မကိုင်တဲ့သုံးတောင်ဝတ် အမေစုကို ဒင်းတို.ကြောက်နေပြီ...

အရှင်ထေရ၀ံသ

Sunday, May 24, 2009

ကျောက်ပန်းတောင်းလူငယ်၄၀ကျော်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအတွက် ငါးလွှတ်ကာ ဆုတောင်းမေတ္တာပို့

ပြည်သူအမေ့အတွက် ကျောက်ပန်းတောင်းလူငယ်၄၀ကျော်ဟာ စုရပ်ကနေမဟာစေတီကြီးဘုရားဆီကို တူညီဝတ်စုံဝတ်ကာချီတက်ပြီးငါးလွှတ်ကာဆုတောင်းမေတ္တာပို့ခဲ့တယ်လို့ကြားသိရပါတယ်။

စွန့်စားခြင်း သူရဲကောင်းများကို ကာကွယ်ပေးကြပါ

လူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင်ငြိမ်းချမ်းရေးရဲ့မီးရှုးတန်ဆောင်၊မြန်မာ့ဒီမိုကရေစီအရေးရဲ့လမင်းကြီး ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေလွတ်မြောက်အောင်နှင့်နိုင်ငံရေးအကျဉ်သားများလွတ်မြှောက်ရေးအတွက် စတင်လှုပ်ရှားနေကြပါပြီ။ သူတို့တွေကို ရဟန်းသံဃာကျောင်းသားကျောင်းသူပြည်သူလူထုကြီး ၀ိုင်းရန်ပေးကြပါ ။

ဒီဆုတောင်းတဲ့ပွဲကို စစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ်တွေက စောင့်ကြည့်အင်အားပြပြီး မေးမြန်းတာရှိခဲ့ပေမဲ့ တစုံတရာတော့အနှောက်အယှက်မပေးဘူးလို့သိရပါတယ်၊ ကျေးဇူးကြီးပါပေ့၊ ပြည်သူချစ်တဲ့ခေါင်းဆောင်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဥပဒေဘောင်အတွင်းကလှုပ်ရှားမှုဖြစ်တာကြောင့်ပြည်သူတရပ်လုံး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆုတောင်းမေတ္တာပို့လမ်းလျှောက်တဲ့ပွဲတွေလုပ်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြပါစို့လို့တိုက်တွန်းရင်း...ဖြေးဖြေးချင်းတိုက်ပွဲအရှိန်မြှင့်တင်ကြဖို့ အချိန်တန်နေပါပြီ။ အားလုံးပါဝင်အောင်လုပ်ဆောင်ကျပါလို့ တောင်းပန်အပ်ပါသည် ။ အချိန်တိကျကျတင်ပေးပါမည် ။ဆက်သွယ်နေပါတယ် ။

မန်းမြေ အရှင်ယသ
ပေးပို့သူ။ ။ All Burma Monks Representative Committee

ပြည်တွင်းက မိဘ ညီကိုယ်မောင်နှမတွေကို သနားကြပါ


၂၀၀၇ခုနှစ် မေလ(၂၃)ရက်ကစီဒိုးနားမှာ ပြုလုပ်ခဲ့တဲ့ ကျပ်သိန်းထောင်ချီကုန်ကျသည့် မျောက်ကလေး၏ မွေးနေ့
ဒီစာကိုဖတ်ပြီး ကဗျာတို့တွေ စားဖို့သောက်ဖို့လောက်နဲ့ ဒေါ်လာရရုံလောက်နှင့် မကျေနပ်ပါနဲ့ ပြည်တွင်းက မိဘ ညီကိုယ်မောင်နှမတွေကို သနားကြပါ လို့ တိုက်တွန်းပါတယ်။

ဒီမနက်အိမ်ရာထတဲ့အချိန်မှာရဟန်သံတွေနှင့်ကျောင်းသားကျောင်းသားသူတွေပြည်သူလူထုတွေ မကျေနပ်တဲ့ အသံတွေကို ကြားလိုက်ပြန်ပါတယ် ..အဲဒါနဲ့ မျက်နှာတော်မသစ်အားဘူး တပည်ဖြစ်တဲ့ကိုရင်ကိုခေါ်ပြီးလုပ်စမ်းပါအုံး..မင်းတို့တွေဘာကိုမကျေနပ်နေတာလဲလို့ မေးလိုက်တော့ကိုရင်ဆရာတော်ကလဲမေးနေစရာလိုသေးလား..ဟိုအာဏာရှင်ကြီးရဲ့မြေးဖြစ် သူပြည်သူ့ချဉ်ဖတ်ဖိုးလပြည့် ဟိုခွေဆိုလား (ခ) နေရွှေသွေးအောင်ရဲ့ မွေးနေ့အား ရန်ကုန်မြို့ ကုန်းမြင့်သာယာဇေယျာသီရိဗိမ္မာန်မှာ၂၃၀၅၂၀၀၉ရက်နေ့ညနေ(၄)နာရီမှ(၆)နာရီအတွင်း ခမ်းနားကြီးကျယ်ခမ်းနားစွာကျင်းပသွားတယ်လို့သိရလို့ဘုရား...

ဦးဇင်းလဲကြားကြားခြင်းဒေါသဖြစ်ပြန်တယ်ဦးဇင်းမြန်မာနိုင်ငံမှာဒီရက်တွင်းကုန်းဈေးနူန်းတွေထပ်တတ်လိုက်လို့ ပြည်သူလူထုတွေ စိတ်ဆင်းရဲနေတဲ့အချိန်မှာ စစ်အာဏာရှင်မြေးက မွှေးနေ့ပွဲ့ကို ကျင်းပပြီး ပြည်သူလူထုငွေတွေကို ဖြုံးဖို့လုပ်လိုက်ပြန်ပြီ။ စစ်အာဏာရှင်၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အာဏာရူးသန်းရွှေဟာ ပြည်သူ့အချစ်တော် ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်(လ်) ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ အယုတ်ညံ့ဆုံး အရက်စက်ဆုံး၊ နာမည်ဆိုးတွေနဲ့ ကျော်ကြားလှတဲ့ အင်းစိန် အကျဉ်းထောင် အတွင်း မတရား ဖမ်းဆီး ချုပ်နှောင်ထားခါ၊ ကမ္ဘာက အံ့သြရလောက်အောင် အောက်တန်းကျတဲ့ ကလိမ်ကကျစ် နည်းတွေသုံး အမှုဆင်ပြီး ထောင်ဒဏ်ပေးဘို့စီစဉ်နေတာကြောင့်မြန်မာပြည်တွင်မကကမ္ဘာကပါဝိုင်းဝန်းပြစ်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်အားချက်ခြင်းလွှတ်ပေးရန်ဖိအားပေးတောင်းဆိုနေချိန်ဖြစ်ပါတယ်လို့ပြောဆိုတုန်း မြေးဖြစ်သူကပြည်သူတွေဆီးက မတရားရထားတဲ့ ပြည်သူငွေတွေကိုဖြုံးဖို့လုပ်လိုက်ပြန်ပြီ....
စစ်အာဏာရှင်တွေလုပ်ရက်ဟာ မြန်မာနိုင်ငံရှိ ရဟန်းသံဃာတွေကျောင်းသားကျောင်းသူတွေ ကိုစိန်ခေါ်ပြီးစိန်ခေါ်နေ့ပြီးဆိုတာခံစားရပါတယ်ဒါကြောင်းပြည်ပရှိမြန်မာနိုင်ငံရေးသမားတွေ ကို အပြောတွေကို လျှောပြီး မြန်မာပြည်ပတွေက စာနှာကြပါ ဒီအချိန်ဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့ အချိန်လဲဖြစ်နေ့ပါတယ် ကဗျာတို့တွေ စားဖို့သောက်ဖို့လောက်နဲ့ ဒေါ်လာရရုံလောက်နှင့် မကျေနပ်ပါနဲ့ ပြည်တွင်းက မိဘ ညီကိုယ်မောင်နှမတွေကို သနားကြပါ လို့ တိုက်တွန်းပါတယ်။

စစ်အာဏာရှင်ပေါ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုတွေအကြား ဒေါသဖြစ် ကြေကွဲနေချိန်မှာ စစ်အာဏာရူး သန်းရွှေရဲ့ မြေးဖြစ်သူ ပြည်သူ့ချဉ်ဖတ် ဖိုးလပြည့် (ခ) နေရွှေသွေးအောင်ရဲ့ မွေးနေ့အား ရန်ကုန်မြို့ ကုန်းမြင့်သာယာ ဇေယျာသီရိဗိမ္မာန်မှာ ၂၃-၀၅-၂၀၀၉ ရက်နေ့ ညနေ (၄) နာရီမှ (၆) နာရီအတွင်း ခမ်းနားကြီးကျယ်စွာကျင်းပဘို့၊စီစဉ်ဆောင်ရွက်နေကျင်းပသွားတာကရဟန်းသံဃာတွေ ကျောင်းသားကျောင်းသူတွေကိုဘာမထင်ဘူးဆိုတာကိုပြလိုက်တာပါ။ ဒါကြောင်းကဗျာတို့တွေစစ်အာဏာရှင်သားသမီးတွေကိုတိုက်ခိုက်ကြပါ. ငြိမ်းချမ်းရေးနှင့်ဘယ်နိုင်ငံမှာစစ်အောင်နိုင်ခဲ့တာမတွေခဲ့ပါဘူး ..ဦးဇင်းဟာ၁၉၈၈ခုနှစ်မွှေးဖွားပြီး ဒီနေ့အချိန်ထိ စစ်အာရှင်တွေကိုတိုက်ခိုက်ခဲ့တဲ့နိုင်တွေရဲ့အကြောင်းကိုစာအုပ်တွေရှာပြီးဖတ်ခဲ့ပါတယ်... စစ်အာဏာရှင်ကိုငြိမ်းချမ်းရေးနှင့်အောင်တာကိုမတွေရသေးပါဘူးဒါကြောင့် လက်နက်ကိုလက်နက်ခြင်းပြန်တိုက်ရမယ်ဆိုတာကိုကဗျာတို့အားလုံးသဘောပေါက်ဖို့လို့ပြီလို့အကြံပြုပါတယ်။
စစ်အာဏာရှင်ကြီးက အမိန့်ထုတ်ထားလိုက်ပြန်ပြီး ပြည်သူငွေတွေကို ဖြုံးဖို့၂၃-၅-၂၀၀၉ ရက်နေ့မှာ ကျင်းပမဲ့သူရဲ့မြေးမကောင်းမူအကုန်လုပ်တဲ့ (၁၈) နှစ်ပြည့် မွေးနေ့ အခမ်းအနားကို စစ်ဘက်ဆိုင်ရာအထက်တန်းနဲ့အရပ်ဘက်အထက်တန်းအရာရှိအားလုံးမိသားစုနဲ့တကွတက်ရောက်ရမယ်လို့ အတင်းအကျပ်အမိန့်ပေးထားကြောင်းသိရပါတယ်။
အဲဒီနေ့ ညနေ (၆း၃၀) မှ (၈း၀၀) နာရီ အထိ၊ သုဝဏ္ဏ အားကစားကွင်းမှာ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် အထက (၁) ဒဂုံ ဘော်လုံးအသင်းနဲ့ တီတီစီ ဘော်လုံးအသင်းတို့ ဘော်လုံးကစားရန် စီစဉ်ထားတာကြောင့်၊ ဘော်လုံးကွင်း အနီးတဝိုက်မှာ လုံခြုံရေး ထူထပ်စွာချရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

(မွေးနေ့က၂၂-၅-၂၀၀၉ဖြစ်ပေမဲ့ပျော်ရွှင်ပွဲကိုနောက်တနေ့မှလုပ်မှာပါ။)မွေးနေ့ဖိတ်စာအား မျက်နှာဖုံးမှာဘာစီလိုးနားအသင်းမှဘော်လုံးသမားမက်စီနဲ့မန်ယူဘော်လုံးအသင်းမှဘော်လုံးသမားရောနယ်ဒို တို့ပုံများရိုက်နှိပ်ထားပြီး ကျောဖက်အဖုံးမှာ Road to Rome လို့ ရေးသားထားတယ်လို့သိရှိရပါတယ်။
ဒီလို အချိန်အခါမှာ အာဏာရူး သန်းရွှေရဲ့မြေးအား လုပ်ကြံရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိတာကြောင့်ဖိတ်ကြားခံထားရသူတွေကြောက်လန့်နေကြတယ်လို့သိရှိရပါတယ်။
ဒါပင်မဲ့ဦးဇင်းတို့မြန်မာပြည်သူတွေဟာ အကြောက်တရားရဲ့နှောက်ကွယ်က အမှန်တရားကိုထုတ်ဖော်ရဲပါတယ် ဆိုတာကိုတင်ပြလိုက်ပါတယ်။
အရှင်ထေရ၀ံသ

Saturday, May 23, 2009

ခြောင်းကြည့်သူရဲ့ အမှား အမှတ်( ၁၆ )

ဒီတပတ်တော့ ရွှေပြည်တော်ကြီးကို ဟိုချောင်ဒီချောင်ကနေ ခြောင်းကြည့်နေသူ ကိုကြီးပေါ်ရဲ့ အင်တာနက် မှန်ပြောင်းက `ပဉ္စလက်မှန်ပြောင်း´ဘ၀ကို ချက်ချင်း ပြောင်းသွားပုံ ရတယ် ခင်ဗျ။ အကြောင်းကတော့ မြင် တွေ့ ကြား သိ ရသမျှတွေက ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်ဘဲ အလွန်ကို အဆန်းတကြယ် နိုင်လွန်းလို့ ဖြစ်ပါတယ်။ ရွှေပြည်တော်ကြီးမှာ ဆန်းဆန်းပြားပြားတွေ ဖြစ်တတ်တာ, ဖြစ်သမျှကိုလည်း ယုံကြည်တတ်တာ ဆိုတာမျိုးကတော့ သိပ်ထူးတဲ့ ကိစ္စ မဟုတ်ပါဘူး။ သို့သော်လည်း အစရှာတော့လည်း ဆန်းပြား၊ အဆုံးရှာတော့လည်း ရှုပ်ထွေး ဆိုတဲ့ ဒီဇာတ်လမ်းကတော့ … ပုဂံရာဇ၀င် တုတ်ထမ်းပြောရတဲ့ ကိန်းထက် ပိုသာနေပါတော့တယ်။

ယက်တောလုပ်ကြံမှု
အဟမ်း…။ မြန်မာအစကို တကောင်းက စရရင် ကောင်းမလား၊ ကျောက်ဆည်က စရရင် ကောင်းမလား၊ ကမ္ဘာဦးတည်စ မဟာသမ္မတမင်းက စရရင် ကောင်းမလား။ အဲသလိုပါပဲ ဒီဇာတ်လမ်းကိုလည်း ဘယ်က စရပါ့မလဲ။ မြန်မာအစက ရှာလို့ တွေ့နိုင်သေးရဲ့။ ယက်တော အစကတော့ ဘုရားသခင်တောင် မျက်စိလည်လောက်ပေရဲ့။
ကြည့်လေ။ ယက်တော ပေါ်လာပုံက ကောင်းကင်က ကျလာတဲ့ တမန်တော်လိုလို၊ ဟိမ၀န္တာက ကြွလာတဲ့ ၀ိဇ္ဇာဓိုရ်လိုလို ဘွားခနဲ ဥုံဖွဆို မဟုတ်လား။ မှန်တာ မမှန်တာ ခဏထား။ ဇာတ်လမ်းပေါ်ရုံ ကောက်ကြောင်းဆွဲ ကြည့်တော့ ဒီလို ရပါတယ်။ကာတွန်း ဟန်လေး၏ လက်ရာ
ဂျွန် ၀ီလျံ ယက်တော ဆိုသူ အမေရိကန် နိုင်ငံသားတဦး ရွှေပြည်တော်ကြီးကို ရောက်လာတယ်။ သူက မေလ ၃ ရက်နေ့ညမှာ အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို ခိုးဝင်တယ်။ သူ့ကို ဒေါ်စုတို့က တွေ့တော့ ပြန်ထွက်သွားဖို့ ပြောတယ်။ သူက မောနေလို့ ခဏနားပါရစေ ခွင့်တောင်းတယ်။ ဒေါ်စုက သူ့ကို နားခွင့်ပေးလိုက်တယ်။ ၄ ရက်နေ့ညမှာ သူ ပြန်မထွက်ဖြစ်ဘဲ ၅ ရက်နေ့ညမှာ ပြန်ထွက်သွားတယ်။ အဲဒီည ၆ ရက်နေ့ဖက် ရောက်ပြီး လင်းအားကြီးမှာ ရေကူးနေတဲ့ သူ့ကို နအဖက ဖမ်းမိတယ်။
ကာတွန်း ဟန်လေး၏ လက်ရာ
ဖြစ်စဉ်က ဒါပါပဲ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နအဖက ဒေါ်စုအပေါ် တရားစွဲတယ်။ စွဲပုံက ဒေါ်စုအပေါ် အရေးယူ ကန့်သတ်ထားတဲ့ ဥပဒေကို ဒေါ်စုက ချိုးဖောက်တယ်တဲ့။ `၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂´ အရ ဆိုပဲ။ ဒေါ်စုကို ကူညီစောင့်ရှောက်နေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်း နဲ့ သမီး မ၀င်းမမ တို့ကိုလည်း အားပေးမှုနဲ့ တရားစွဲတယ်။ ယက်တောကိုလည်း တရားစွဲတယ်။
ဒီကိစ္စ ဘွားခနဲ ဖြစ်လာတော့ ပြည်တွင်းပြည်ပ တကမ္ဘာလုံး အုံးခနဲ ဖြစ်ကြတော့တာပဲ။ ဒါ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ အကောက်ကြံတာလို့ အားလုံးက သတ်မှတ်လိုက်ကြပါတယ်။ ဖိအားဆိုတဲ့ စကားလုံးမုန်တိုင်းတွေလည်း နာဂစ်လောက်ကြီးကို တိုက်တော့တာပါပဲ။

ကိုကြီးပေါ်က ရှုပ်ရှုပ်ထွေးထွေး လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် စဉ်းစားတတ်သူ မဟုတ်တော့ ကလေးများ မုန့်ဝေသလို ပြဿနာကို သုံးပုံ ခွဲဝေကြည့်မိပါတယ်။ တစ်က - ယက်တောရဲ့ ဇနကပုံပြင်။ နှစ်က - တရားရုံး ပြဇာတ်။ သုံးက - နိုင်ငံရေး စီးချင်းထိုးပွဲ။

ကိုကြီးပေါ် အထင်ပြောရရင် ယက်တောက မြန်မာ့အကြောင်း စိတ်ဝင်တစား လေ့လာရာက မဟာဇနကဇာတ်ကို ဖတ်မိလိုက်ပုံ ရပါတယ်။ ပင်လယ်ပြင်မှာ လက်ပစ်ကူးတဲ့ ဇနကမင်းသားကို မဏိမေခလာ နတ်သမီးက ကယ်လိုက်တယ် မဟုတ်လား။ ခုလည်း အင်းလျားကန်ကို လက်ပစ်ကူးတဲ့ ဒီငနဲကို ဒေါ်စု ကယ်လိုက်ရပုံပါပဲ။ ဒေါ်စုက ပြောတယ်လေ။ သူ့ကြောင့် လူတယောက် ထောင်ကျတာ မမြင်ချင်ဘူးတဲ့။ အဲ မေခလာ မဟုတ်တဲ့ ဒေါ်စု ခမျာမှာတော့ ထောင်မကျစေချင်လို့ ကယ်မိကာမှ သူပါ တရားရင်ဆိုင်ရမယ့်ကိန်း ဆိုက်သွားပါတော့တယ်။ကာတွန်း ဟန်လေး၏ လက်ရာ

`အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသားတဦးသည် ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးခပ်နေကြောင်း…´ ဆိုတဲ့ နအဖ သတင်းစာပါ အရေးအသားကို တွေ့တော့ ကိုကြီးပေါ်ဖြင့် `အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိတ်ကျွန်းအား ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော် မူသောအခါ…´ ဆိုတဲ့ ရာဇ၀င်ထဲက အရေးအသားကို ပြေးမြင်မိပါရဲ့။

ယက်တော တယောက် ရေကူးတယ်ပဲ ဆိုဆို၊ ရေပေါ်က လမ်းလျှောက်လာတယ်ပဲ ပြောပြော၊ လှေနဲ့လာလာ၊ ခြေလျင်လာလာ၊ မြေလျှိုးလာလာ အဲဒီလုပ်ရပ်ဟာ ဘယ်တော့မှ အမှန်ပေါ်လာမယ်လို့ ကိုကြီးပေါ်တော့ မထင်မိပါဘူး။ တကယ် ရေကူးလာတာပါ ဆိုရင်လည်း ကိုကြီးပေါ်ကတော့ `ကူးပြပါ´လို့ပဲ တောင်းဆိုချင်ပါတယ်။ အမှုအခင်းတွေမှာ တရာခံက သူ ဘယ်လိုလုပ်ခဲ့ကြောင်း နမူနာ ပြန်လုပ်ပြရတာ ရှိတယ် မဟုတ်လား။ ခုလည်း ပြန်လုပ်ပြခိုင်းပေါ့။ အဲ တခုတော့ ရှိတယ်။ ခဏတော့ စောင့်ဦး။ တော်ကြာ ရေကူးရင်း သေသွားလို့ သက်သေ ပျောက်သွားမှ အခက်။

ဖြစ်စဉ်က ဆန်းဆန်း၊ ဇာတ်ကွက်ကလည်း မစုံသေးတော့ ယက်တောပုံပြင်ကို ဖတ်ရတာ ကုလားကား ကြားဖြတ် ကြည့်ရသလိုပါပဲ။ ထွက်ပေါ်လာတဲ့ ယက်တော အကြောင်းတွေကလည်း ၀ိုးတို့ဝါးတား။ ဇနီး နှစ်ယောက်ရဲ့ အပြောမှာကိုပဲ တယောက်တမျိုး။ ဇနီးဟောင်းက စိမ်းကားတတ်သူလို့ ဆိုတယ်။ လက်ရှိ ဇနီးက နူးညံ့သူလို့ ဆိုတယ်။ ဆီးချို ရှိတယ်လည်း ပြောတယ်။ ကျန်းမာရေး မဆိုးပါဘူးလို့လည်း ပြောတယ်။ မအေလုပ်သူကတော့ ဒီကောင် စိတ်သိပ်မမှန်ဘူးလို့ ပြောလိုက်သလားပဲ။

တရားခွင်မှာ ယက်တော ကိုယ်တိုင်ပြောတဲ့ စကားအရကတော့ … သူ့အာရုံထဲမှာ ဒေါ်အောင်ဆန်းစုကြည် အန္တရာယ် ကျရောက်မှာ မြင်လို့ လာသတိပေးတာ … ဆိုပဲ။ ဒီစကားသေချာရင် ယက်တောတော့ ပွတာပဲ။ ရွှေပြည်တော်ကြီးမှာ ဒီလို အာရုံရသူတွေကို ရှိခိုး ကိုးကွယ်ချင်သူတွေ မနည်းမနောရယ်။ ဒီစကားကို ဗိုလ်ချုပ်မင်းကြီးများ ကြားသိလို့ကတော့ ခုချက်ချင်း မင်းဆရာ ဘိုးတော်ဖြစ်ပြီသာ မှတ်။ တခုတော့ သတိထား။ သူတို့ အကြောင်းကိုတော့ အာရုံရတဲ့အတိုင်း မပြောလေနဲ့။

ချုပ်လိုက်ရင်တော့ ယက်တောရဲ့ ဇနကပုံပြင်က မောင်ပေါက်ကျိုင်းပုံပြင်ထက် စိတ်ဝင်စားဖွယ် ကောင်းမှာပါ။ တယောက်တပေါက် ဆိုသလို ဇာတ်ကွက်ဇာတ်လမ်း ဖြည့်လိုက ဖြည့်နိုင်သေးတယ်။ စိတ်ကြိုက်သာ ဖြည့်။ ဘယ်သူမှန်သလဲ အဖြေ မတိုက်နဲ့။ ဘယ်သူမှ မမှန်သလို ဘယ်တော့မှလည်း အမှန်ပေါ်မှာ မဟုတ်။ ရွှေပြည်တော်မှာ နိုင်ငံရေး လုပ်ကြံမှုတွေ ဖြစ်တိုင်း ဇာတ်လမ်းအမှန် ဘယ်တော့မှ မပေါ်တာလည်း သာဓကတွေ အပြည့်။
နောက်တခုကတော့ `တရားရုံးပြဇာတ်´ပါ။ ရွှေပြည်တော်မှာ ဥပဒေတို့ တရားရုံးတို့ ဆိုတာက ဆမူဆာနဲ့ ဘယာကြော်လိုပါပဲ။ အထဲမှာ ဘာအဆာထည့်ထည့် သုံးထောင့်ချွန်းရင် ဆမူဆာ။ ပဲကို ပြားကြော်ကြော် လုံးကြော်ကြော် ကျက်သွားရင် ဘယာကြော်ပဲ။ ဒေါ်စုကို အကျယ်ချုပ်ချထားတာကိုက ဥပဒေနဲ့ ညီတာ မဟုတ်။ ပြီးတော့ ဒီဥပဒေက တရားရုံး ကျင့်သုံးပိုင်ခွင့်ရှိတဲ့ ဥပဒေ ဟုတ်မဟုတ်လည်း မသေချာ။

ပြီးတော့ ယက်တောက ၂၀၀၈ နိုဝင်ဘာ ၃၀ မှာ ဒီလိုပဲ ခြံထဲဝင်ခဲ့တယ် ဆိုပဲ။ ဒီကိစ္စကို ဒေါ်စုက ဒေါက်တာ တင်မျိုးဝင်းကို ပြော၊ သူကတခါ နအဖကို ပြော၊ နအဖက သတင်းကို လက်စဖျောက်ပြီး သိမ်း။ အခုကျမှ အဲဒီတုန်းက ကိစ္စကိုပါ အမှုတွဲမှာ ပြန်ဖော်ပြ။ ဆိုတော့ အရင်တခါတုန်းက ဇာတ်ကွက်မှားသွားလို့ ခုတခါ ပြန်ကတာလို့ပဲ မှတ်ရတော့မှာပါပဲ။

ဒီကိစ္စမှာ ဒေါ်စုကို တရားစွဲမယ်ဆိုရင်၊ အရင် ဦးစွာ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူသင့်တာပေါ့။ ပြည်ထဲရေးဝန်ကြီး ကစပြီး လုံခြုံရေးဝန်ထမ်း အားလုံးကို ထောင်ထဲ အရင်ပို့သင့်တာပေါ့။ စည်းကို လုံအောင် မစောင့်သူတွေ မဟုတ်လား။ အရေးယူရမှာပေါ့။ အကယ်၍ ယက်တောက ဒေါ်စု ခြံထဲ မရောက်ဘဲ ဟိုတဖက်က ဒေါ်စန္ဒာဝင်းခြံထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။ ဗိုလ်ချုပ်မင်းကြီး ခြံထဲ ရောက်သွားခဲ့ရင်ကော။ အကယ်၍ ယက်တောက လုပ်ကြံသတ်ဖြတ်လိုက်လို့ ဒေါ်စု သေသွားခဲ့ပြီ ဆိုပါစို့။ ဘယ်သူ့ကို တရားစွဲမလဲ။ ကလေးတယောက်တောင် အလွယ်တကူ သိမြင်နိုင်တဲ့ ကိစ္စကတော့ စည်းပေါက်တဲ့ တာဝန်ဟာ နအဖမှာပဲ ရှိတယ် ဆိုတာပါ။
ခုတော့ဖြင့် နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်ကြီးက ရေကန်ကလေး တခု ခြံစည်းရိုးလေး တခုကိုတောင် လုံအောင် မကာကွယ်နိုင်ဘူး ဆိုတော့…။

ဒေါ်စုက ဥပဒေ ချိုးဖောက်တယ် ဆိုရင် အရေးယူရမှာ အတော်ကြာခဲ့ပါပြီ။ ဒေါ်စုကို အရေးယူထားပြီး မတွေ့ရဘူးလို့ ကန့်သတ်ထားတဲ့ နိုင်ငံရေးသမားတွေ, သံတမန်တွေနဲ့ အကြိမ်ကြိမ် တွေ့စဉ်ကတည်းက အရေးယူသင့်တာပေါ့။ ခြံပြင်ထွက်တာလည်း အကြိမ်ကြိမ်ပဲ။ အဲသည့်ကတည်းက အရေးယူပေါ့။ အဲဒါတွေကျတော့ ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူးတဲ့လား။

တရားရုံးပြဇာတ်ကတော့ ကြပ်ပြေးကလာတဲ့ ဇာတ်ညွှန်းအတိုင်း ဆက်လက် ကပြမှာပါ။ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားတော်မူကြပါ။ တစွန်းတစ ပေါ်လာတဲ့ ယက်တောရဲ့ စကားတွေအရ သူဟာ ရူးကြောင်မူးကြောင် တကောင် ဖြစ်ကြောင်း ပြသနေပါတယ်။ စာအုပ်တွေရော ၀တ်ရုံတွေရော အာရုံတွေရော အစုံပါပဲ။ ဒီတော့ ၀င်လာသူအတွက် လွတ်လမ်းဖော်ပြီးသား ဆိုတာ ထင်ရှားပါတယ်။

လောလောဆယ်မှာတော့ နအဖနဲ့ နိုင်ငံတကာနဲ့ နိုင်ငံရေး စီးချင်းထိုးပွဲ စတင်နေပါပြီ။ တကမ္ဘာလုံးနဲ့ တယောက် အပြိုင်ကြဲကြတဲ့ ပွဲကြီးပွဲကောင်းပါပဲ။ နိုင်ငံတကာက သံတမန်လေသံနဲ့ ပြောရာမှာ ဖြစ်စဉ်နဲ့ တရားရုံးကို အယုံအကြည် မရှိကြောင်း ပြသထားပါတယ်။

ဒီမိုသမားတွေက ဒီကိစ္စဟာ ယက်တောနဲ့ နအဖ ပူးပေါင်း ကြံစည်တာလို့ စွပ်စွဲကြပါတယ်။ နအဖက ကျတော့ ဒါဟာ ပြည်ပအတိုက်အခံတွေက ယက်တောကို ခိုင်းလိုက်တာလို့ ပြန်စွပ်စွဲပါတယ်။ ကဲ ဘယ်သူ မှန်သလဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်၊ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်စုကို နအဖက ထိန်းသိမ်းလိုက်တယ်။ နိုင်ငံတကာက ထုံးစံအတိုင်း ၀ိုင်းအော်ကြပေမယ့် ဖြစ်စဉ်ဖြစ်ရပ်ကို အတိအကျ ရုပ်လုံးပေါ်ဖို့ အချိန်ယူနေကြရတယ်။ တိုက်ခိုက်ခံရသူတွေဟာ ဒေါ်စုအပါအ၀င် လူအများ ဖြစ်နေတယ်။ တိုက်ခိုက်သူတွေကလည်း သောကောရောကော ဖြစ်နေတယ်။ အဖွဲ့ချုပ် တခုလုံးနဲ့လည်း ဆိုင်နေလေတော့ လူထုအတွက် ဇဝေဇ၀ါ ဖြစ်နေခဲ့ရတယ်။

ယက်တောလုပ်ကြံမှုမှာတော့ ဒီပဲယင်းနဲ့ အားလုံး ပြောင်းပြန်ပါပဲ။ ဒေါ်စု တဦးတည်းကို ဦးတည်တိုက်ခိုက်တာ ဖြစ်တယ်။ ဖြစ်စဉ်ကို အချိန်ကိုက် သိနေရတယ်။ အကျယ်ချုပ်ချထားသူကို တရားရုံးပေါ် ခေါ်တင်လာရတယ်။ ဒီပဲယင်းတုန်းက လူထုနဲ့ ဝေးရာကို ခေါ်သွားတာ။ အခုတော့ လူထုထဲကို ပြန်ခေါ်လာရတာ။ ဒေါ်စု မသေတာ ကံကောင်းခဲ့သလို လူထုရှေ့ရောက်လာတာလည်း ကံကောင်းတာပါပဲ။ အင်း… ဒီလိုဆိုပြန်တော့ ယက်တောကို ရွှေချထားရ မလိုလို။
အချို့က ပြောတယ်။ နအဖကြီးက ဒေါ်စုကို လူတွေ အာရုံစိုက်လာအောင် လုပ်ပေးတာ ကျေးဇူးတင်သင့်တယ် တဲ့။ တချို့ကတော့ ဒီကိစ္စ မဖြစ်လည်း ဒေါ်စုကို လုံးဝ ပြန်လွှတ်မှာ မဟုတ်ဘူးတဲ့။ ခြောက်နှစ်ပြည့်လည်း မလွှတ်ပါဘူးတဲ့။ ၂၀၁၀ ကို မဖြစ်ဖြစ်အောင် လုပ်မှာမို့ ဒေါ်စုကို ဖမ်းထားမှာပဲတဲ့။ ဒေါ်စုဟာ သူတို့အတွက် မြွေပွေးတဲ့။ ဗြဟ္မာဦးခေါင်းတဲ့။ အဲသလို နအဖထက်တောင် တာပေါ်ရေကျော်သူတွေကလည်း ရှိသေးသဗျ။

ကိုကြီးပေါ်ကတော့ နအဖကိုလည်း မင်းတို့လုပ်တာလို့ မစွပ်စွဲချင်ပါဘူး။ ဒေါ်စု အရေး တကမ္ဘာလုံး လှုပ်ခတ်လာလို့လည်း ကျေးဇူး မတင်ချင်ပါဘူး။
နအဖဟာ အခုဆိုရင် အတော် ဗျာများနေတာပါ။ လုံခြုံရေးလုပ်ရ, စည်းရုံးရေးလုပ်ရ, သတင်းထုတ်ပြန်ရ, ဉာဏ်နီဉာဏ်နက်ထုတ်ရ, ယတြာချေရနဲ့ အတော် ရှုပ်နေတာပါ။ ဖြစ်စဉ်ဖြစ်ရပ်တွေ အားလုံးက နောက်ဆုံး နိုင်ငံရေးမှာ နိဂုံးချုပ်မယ်ဆိုတာ နအဖလည်း သိထားပြီးသားပါ။ နိုင်ငံတကာက ဘယ်လောက် ဖိအားပေးပေး နအဖက ပြားသွားမှာ မဟုတ်ပါဘူး။ အကြောက်ဆုံးကတော့ လူထုအုံကြွလာမှာကိုပါ။ လူထုက ဘယ်လောက် အထိ ထကြွမယ်ဆိုတာလည်း ဘယ်သူမှ ခန့်မှန်းနိုင်တာ မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးက ဖြစ်လိုက်ရင် ၀ရုန်းသုန်းကားချည်းပါ။ ဘာပဲဖြစ်ဖြစ် စီးချင်းထိုးပွဲကတော့ စနေပါပြီ။

ယက်တော စကား ခဏငှားပြောရရင် … ကိုကြီးပေါ် အာရုံမှာတော့ ဒီပွဲမှာ အရူးနှစ်ကောင်ကို ရန်တိုက်ပေးလိုက် ချင်တာပါပဲ။ ယက်တောဆိုတဲ့ အရူးကို အသုံးချဖို့ ကြိုးစားတဲ့ နအဖအရူးကို ယက်တောနဲ့ပဲ ပြန်ရန်တိုက်ပေးမှ ဒီအရူးဇာတ်လည်း မြန်မြန်လက်စသတ်မယ် ထင်ပါကြောင်း။

ကိုကြီးပေါ်

အဘယ့်ကြောင့်နည်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်အာဏာပိုင်တွေက ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ရှေ့ဆက်ဘာတွေဖြစ်နိုင်မလဲ လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ပါသည်။

ကြောင်းကျိုးဆက်စပ်မှုဟူသည် အရာရာတိုင်း၌ရှိပါသည်။ မျက်မှောက်ဖြစ်ပေါ်နေသောကိစ္စနှင့် ပတ်သက်ပြီး စဉ်းစားရမည့်အချက်တွေရှိပါသည်။ ဖြစ်ရပ်တခုတည်းအပေါ် ကွပ်ကြည့်လို့တော့မရနိုင်ပါဘူး ဖြစ်စဉ်ကိုပြန်လည်သုံးသပ်ကြည့်ရန်လိုအပ်လိမ့်မည်။

ယခုဖြစ်စဉ်၌ အချိန်၏ ဒိုင်မန်းရှင်း သုံးဘက်စလုံးကို ပြန်ကြည့် လေ့လာကြည့်မည်ဆိုပါက..

ပထမအနေနဲ့ ဒီဖြစ်ရပ်မတိုင်ခင် အခြေအနေကို လေ့လာကြည့်ရအောင်ပါ..

1. ပထမ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အင်ဒိုနီးရှားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ (Policy) ပြောင်း မယ့် အရိပ်အရောင်တွေပြသခဲ့ပါသည်။

2. အဲဒီ့နောက်၌ စစ်တပ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနီးရှားသွားခဲ့ပါသည်။
3. အဲဒီ့နောက်၌ အမေရိကန် (Diplomats) တွေနဲ့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆွေးနွေးလက်စတွေရှိ နေ ခဲ့ပါသည်။
4. အဲဒီ့နောက်၌ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးမှာ အစည်းအဝေး လွတ်လွတ်လပ်လပ်ပေးလုပ်ထားပါသည်။
5. ဒီ/ချုပ်မှ ရွှေဂုံတိုင် Statement ထွက်ပေါ်လာပါသည်။

ဒီငါးချက်က အမေရိကန်သမ္မတ ဘာရက် အိုဘားမား တတ်လာပြီးနောက်မှာ ဖြစ်လာတဲ့ အကြောင်း တွေ ဖြစ်ပါသည်။ တနည်းအားဖြင့် ယခုဖြစ်စဉ်မတိုင်ခင်အချိန်ထိ ဖြစ်စဉ်တခုပါ။ ဒီဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ ဖြစ်စဉ် (1) မှနေ (5) အထိမှာ ထူးခြားတဲ့ ပြဿနာ ဘာမှ မရှိခဲ့ဘူးဆိုတာတွေ့ ရမှာဖြစ်ပါသည်။ှ ရွှေဂုံတိုင် Statement ထွက်ပေါ်လာပြီးနောက် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာသည် (သို့) အသွင်သဏ္ဍာန် တမျိုးသို့ ရုပ်ချည်းပြောင်းသွားခဲ့ပြီဟု ဆိုနိုင်ပါသည်။

ဤနေရာ၌ စဉ်းစားစရာအချက် (၂)ချက် ရှိပါတယ်

1. စစ်တပ်က အဘယ့်ကြောင့် ဒီ/ချုပ် အစည်းအဝေးလုပ်တာကို ဘာမှ အနှောက်အယှက်မပေးဘဲ ကြည့် နေခဲ့တာလဲ။
2. ဒီ/ချုပ်မှ ထုတ်ပြန်လိုက်တဲ့ ရွှေဂုံတိုင် Statement အပေါ် ကုလအပါအ၀င် အမေရိကန်၊ အီးယူ စတဲ့ အနောက်နိုင်ငံတွေမှ အဘယ့်ကြောင့် မှတ်ချက် တစုံတရာ မပေးခဲ့တာလဲ။

ဒီအချက် (၂)ချက် အပေါ်မှ နံပါတ်(၁) အချက်ကို အဖြေထုတ်ကြည့်ရအောင်ပါ …..

1. စစ်တပ်က ဒီ/ချုပ်ဆီက ထွက်ပေါ်လာမယ့် အသံကို စောင့်နေခဲ့တာလား။
2. ဒါမှမဟုတ် အမေရိကန် (Diplomats) တွေ ရောက်နေတဲ့ အချိန်ဖြစ်နေလို့လား။
3. ဒါမှမဟုတ် ဒီ/ ချုပ်အတွင်း၌ ဖြစ်နေတဲ့ ပြဿနာတွေကို သိလို့ (သို့) ဒီ/ ချုပ်ဘာမှ မလုပ်နိုင် ဘူးဆိုတာကို သိလို့ တမင်လွှတ်ပေးခဲ့တာလား။

ဒီအတောအတွင်းမှာဘဲ အမေရိကန်(ပေါ်လစီ)ပြောင်းမယ့်အရိပ်အရောင်တွေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အင်ဒိုနီးရှားသမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့မှ ဖိတ်ကြားလို့ အင်ဒိုနီးရှားနိုင်ငံ ကိုရုတ်တရက် ခရီးထွက်သွားခဲ့ပြီး၊ ပြန်လာပြီးသိပ်မကြာဘူး အမေရိကန် (Diplomats) တွေ နေပြည်တော် ရောက်လာခဲ့တယ်။ ဒီအခြေအနေကဘာကိုပြနေသလဲဆိုရင် အမေရိကန်(ပေါ်လစီ) ပြောင်းမဲ့ အစီအစဉ် ဟာ (၅၀ %) သေချာနေပြီလို့ ယူဆလို့ ရပါသည်။

သို့သော် အမေရိကန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအနာဂတ် ကိုထည့်မတွက်ဘဲ တနည်းအားဖြင့် တစုံတရာညှိနှိုင်းမှု မလုပ်ဘဲ Sanctions ကို ဖယ်ပေးမှာမဟုတ်ဘူးလို့ယူဆပါသည်။ သို့ဆိုလျှင် အမေရိကန် (Diplomats) တွေ အနေနဲ့ ဒီ/ချုပ်ကို ဘာလို့ မတွေ့တာလဲဆိုတာလည်း စဉ်းစားစရာဖြစ်လာပြန်ပါသည်။

အကယ်၍ တွေ့ခဲ့ရင်အမေရိကန်ရဲ့ အစီအစဉ်ဟာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုဘဲ ဖြစ်အောင် ကြားဝင်ညှိနှိုင်းပေးမယ့် အစီအစဉ်ဖြစ်သွားပါလိမ့်မည်။ ဒါဆို အခြေအနေကောင်းတွေဖြစ်လာနိုင်မယ်လို့ မျော်လင့်ယူဆလို့ရနိုင်ပါသည်။

အမေရိကန် (Diplomats) တွေ ဒီ/ချုပ်နဲ့မတွေတာ အကြောင်း(၂)ချက်ဖြစ်နိုင်ပါ၏..

1. ဒီ/ ချုပ်အနေနဲ့ အခြေအနေကို ရိပ်စားမိလိမ့်မည်ဟု အမေရိကန် (Diplomats) တွေ ယူဆထား နိုင်ပါသည်။
2. မလိုအပ်သေးလို့လည်းလဲဖြစ်နိုင်ပါသည်။

ဒီအခြေအနေအတွင်းမှာဘဲ ဒီ/ချုပ်က ရွှေဂုံတိုင် Statement ကြီးထွက်ပေါ်လာခဲ့ပါသည်။ ဒီ/ချုပ်အနေနဲ့ အခြေအနေ အားရိပ်စားမိခဲ့ပါက အောက်ပါအချက်တွေကို စဉ်းစားပြီး Statement ကိုထုတ် သင့်သည်ဟု ယူဆပါသည်။

1. အမေရိကန်ပေါ်လစီ ပြောင်းချင်နေတဲ့သဘောက ဘာကိုကိုဆိုလိုတာလဲ။
2. ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်နီးလာနေပြီဖြစ်တဲ့အတွက် Statement ကို နောက်ဆုတ်ထား လို့ မရ ဘူးလား။
3. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးမှ Statement ထုတ်လျှင်ကော မဖြစ်ဘူးလား။
4. ခုချိန်တင်းမာမှုပြလို့ ဘာအကျိုးထူးမလဲ။
5. ဘာ့ကြောင့် ဒီအစည်းအဝေးကို စစ်တပ်က အသာတကြည် လွှတ်ပေးခဲ့တာလဲ။
6. စစ်တပ်က ကိုယ်ထုတ်ပြန့်လိုက်မယ့် Statement အပေါ်လက်ခံမယ် မဟုတ်ဘူးဆိုတာ မသိလို့ လား။
7. သိရင် အဘယ့်ကြောင့် ဒီလို Statement မျိုး ထုတ်ခဲ့သလဲ။
8. သိသိနဲ့ထုတ်လိုက်တဲ့အကျိုးရလဒ်က တင်းမာမှုဆက်ဖြစ်ပွါးမယ်ဆိုရင် နောက်အဆင့်က ဘာလဲ။

စတဲ့အချက်တွေကို စဉ်းစားပြီးမှ ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။

သို့သော် နောက်အဆင့် မဆိုထားနှင့် ကိုယ့်အချင်းချင်းတောင် ညီညွတ်မှု မရှိသေးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာသောအချိန်ထိ စောင့်ပြီး ဖြစ်ပေါ်နေတဲ့ ပါတီတွင်းအခြေ အနေတွေကို ထိန်းသိမ်းသွားခြင်းက ပိုမသင့်တော်ပေဘူးလားဟု စဉ်းစားစရာစရာရှိပါသည်။

တနည်းအားဖြင့် သံတမန်လှုပ်ရှားမှုလည်းရှိနေချိန်လည်းဖြစ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ အရိပ်အရောင်လည်းရှိနေသော ကာလအတွင်း၌ အကယ်၍ ဖြစ်ပေါ်လာသော အခြေအနေများမှာ….

1. ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်လာမည့် အချိန်အား စောင့်ခြင်း
2. သံတမန်လမ်းကြောင်း ပိုမို၍ ပွင့်သွားအောင် ပြုလုပ်ခြင်း တို့သာဖြစ်ခဲ့လျှင် …..

အကျိုးအားဖြင့်…….

1. တင်းမာမှုလျော့ချနိုင်မည်။
2. စစ်တပ်အနေဖြင့် ပျော့ပြောင်းမည့် အသွင်သဏ္ဍာန်တရပ် ဆက်လက်ဖေါ်ဆောင်လာပေမည်။
3. မပျော့ပြောင်းသည့်တိုင် မိမိတို့အဖွဲ့အတွင်း ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အရေးတွေက တော့ ရလာမည်။
4. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်အောင် ပံ့ပိုးပေးနိုင်မည်ဟု ယူဆမိပါသည်။

ဆက်လက်၍ နံပါတ်(၂) အချက်အား စဉ်းစားကြည့်မည်ဆိုပါက ယခင်က ပုံမှန်အားဖြင့် ဒီ/ချုပ်၏ Statement တွေအပေါ် ကုလအပါအ၀င် အနောက်နိုင်ငံများမှ ထောက်ခံရပ်တည်ပေးခဲ့ကြပါသည်။ သို့သော် ယခုတကြိမ်၌ မည်သည့် မှတ်ချက်မျှ ထွက်မလာခဲ့သေးကြောင်းတွေ့ရမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်နည်း……ဖြစ်နိုင်ချေရှိ အချက်များမှာ…

1. သဘောတရားအားဖြင့် ယခင်နှင့်မခြားသော Statement ဖြစ်နေခြင်း။
2. သံတမန် လမ်းကြောင်းပိတ်နေခြင်း။
3. စစ်တပ်၏သဘောထားအား နားလည်ပြီးဖြစ်ခြင်း။
4. အမေရိကန် သံတမန်လမ်းကြောင်း ဖြစ်ပေါ်နေခြင်း။ စသည်တို့ကြောင့် မှတ်ချက်ပေးရန် (သို့) အခြေအနေအား စောင့်ကြည့်နေခြင်းဖြစ်မည်ဟု ယူဆနိုင်ပါသည်။

ဒီ/ချုပ်မှ Statement ထွက်ပေါ်လာသောအခါ စစ်တပ်မှ မည်သို့ တုန့်ပြန်နိုင်မည်နည်း..

1. မည်သို့မျှတုန်ပြန်မှု မလုပ်ခြင်း။
2. ဆက်လက်တင်းမာခြင်း။ စသည့် မူလအခြေအနေသို့ ပြန်ရောက်သွားနိုင်ပါသည်။

သို့ဆိုလျှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးခဲ့ပါက ၎င်းတို့ရင်ဆိုင်ရမည့် အခြေအနေနှင့် အကျယ်ချုပ်ဖမ်းဆီးထားသော အခြေအနေအား နှိုင်းယှဉ်သုံး သပ်တော့မည်ဖြစ်ပါသည်။

အကယ်၍ စစ်တပ်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထားလိုသော ဆန္ဒရှိမည်ဆိုလျှင် ဥပဒေကြောင်းအရ ဘောင်မ၀င် ၀င်အောင် နည်းလမ်းရှာဖွေတော့မည်ဖြစ်ပါသည်။

ဤအတောအတွင်း Mr. Yettaw ကိစ္စပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းကိုအကြောင်းပြ၍ စစ်တပ်မှ ဆက်လက်ဖမ်းဆီးထိန်းသိမ်းရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ယူဆပါသည်။

ဤနေရာ၌ Mr. Yettaw ၏အခန်းကဏ္ဍသည် စဉ်းစားစရာရှိပါသည်

1. ပညာတတ်ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး နိုင်ငံရေးအခြေအနေ၏ အတိမ်အနက် မသိ၍လော။
2. အလွန်အရေးပါနေသော ပုဂ္ဂိုလ်တယောက်လော။
3. ရေကဘဲလာလာ ကုန်းကဘဲလာလာ လာသင့်/မလာသင့် အချိန်အား စဉ်းစားရန်လိုပေမည်။
4. မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ထိ အဘယ့် ကြောင့် မစောင့်နိုင်ရပါသလဲ။

အကယ်၍ စစ်တပ်ဘက်မှလူဆိုပါက

1. ပြစ်ဒဏ်နည်းမည်။
2. အချိန်တိုတိုဖြင့် လွတ်မည်။
3. ငွေကြေးများစွာရမည်။
4. ၎င်း၏ သတင်းအစအန ဖျောက်သွားပေလိမ့်မည်။

သို့ဆိုပါလျှင် (ရက်တော) ၏ အခြေအနေသည် ဖြစ်စဉ်တခု၌ အခန်းကဏ္ဍအားဖြင့် မယ်မယ်ရရ ထူးခြားသည့် အသွင်မတွေ့ရပါ။ စစ်တပ်ဘက်မှ ရပ်တည်သောသူ ဟုတ်သည်ဖြစ်စေ/ မဟုတ်သည်ဖြစ်စေ စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းနိုင်အောင် ဖြစ်လာသော အကြောင်းပြချက် တခုအတွင်း၌သာ အကျုံးဝင်ပါသည်။

အကယ်၍ စစ်တပ်မှ မူလကတည်းက ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိပါက အခြားသောနည်းလမ်းများအားလည်း ကျင့်သုံးနိုင်ပါသေးသည်။

ဥပမာအားဖြင့်…..

1. ကြိုတင်ပြင်ဆင်ချိန်ရပြီးဖြစ်ခြင်း။
2. အသွားအလာ ကန့်သတ်ခြင်း။
3. ရုန်းရင်ဆန်ခတ်ဖြစ်သည့်နှင့် ဖမ်းဆီးခြင်း။
4. ၂၀၀၈ ခုနှစ်၌ ၎င်းတို့တဘက်သက်ပြုလုပ်သည့် ညောင်နှစ်ပင် အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် လုံးဝပါဝင်ခွင့် မရှိခြင်း။
5. ဗိုလ်ချုပ်ခင်ညွှန့် ရှိစဉ်အတွင်း နယ်လှည့်ခရီးအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ် အစ နားလည်မှုယူ၍ လှုပ်ရှားသွားနိုင်ပေမည့်၊ ယခုအခါ၌ ၎င်းအခွင့်အရေးမျိုး မရှိနိုင်တော့ခြင်း။

စသည့်အချက်များအားလည်း စဉ်းစားစရာရှိပါသည်။

ဖြစ်စဉ်တခုလုံးအားခြုံ၍ လေ့လာကြည့်သောအခါ နောက်ဆုံးထုတ်လိုက်သော ရွှေဂုံတိုင် Statement သည့် ပြဿနာ၏ အကြောင်းရင်းဖြစ်နေပါလိမ့်မည်။

နှစ်ဦးနှစ်ဘက်စလုံးသည် (Diplomacy) အလွန်အားနည်းနေခြင်းပင်ဖြစ်ပါသည်။ နှစ်ဘက်စလုံး သည် နီးနေပါလျှက် အပြန်အလှန်အားဖြင့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အလွန်အားနည်းသည်ဟုဆိုရပါမည်။

တိုင်းပြည်သည် မဆလအောက်၌ (၂၆) နှစ် ယခုတဖန် စစ်တပ်အောက်၌ နှစ်ပေါင်း (၂၀) စုစုပေါင်း ၄၆ နှစ်တာကာလသည် စစ်တပ်/တပါတီအာဏာရှင်စနစ်အောက်၌ ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ကြပါသည်။ ကျန် (၁၄) နှစ်တာကလ တချိန်ကမြန်မာပြည်ဒီမိုကရေစီ ကျင့်သုံးခဲ့စဉ် ကလည်း ပြည်သူတွေမှာ အမျိုးမျိုးနှိပ်စက်ခံခဲ့ရ၊ စစ်ဒဏ်တွေခံခဲ့ရပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၆၁) နှစ်တာ ကာလအတွင်း၌ ပြည်သူတွေဘ၀ကတော့ နင်းပြားဘ၀တွေပါဘဲ။ သူများကအနိုင်ကျင့် တာထက် ကိုယ့်အချင်းချင်း အနိုင်ကျင့် ခံနေရတာ ပိုရင်နာစရာကောင်းပါသည်။

ထို့ကြောင့် အားလုံးသောနိုင်ငံသူ/နိုင်ငံသားတို့သည် သမိုင်းထဲမှ သင်ခန်းစာတွေယူ၍ အနာဂတ် ငြိမ်းရေးအတွက် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့။

ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၌ နိုင်ငံရေးအခြေအနေတင်းမာလာမှုများ ပိုမိုဖြစ်လာဖွယ် ရှိနေသောကြောင့်၎င်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အား နည်းဗျူဟာအရ ဆက်လက်ကျင့်သုံး ရမည်ဖြစ် သောကြောင့်၎င်း၊ မူဝါဒအပြောင်းအလဲ မရှိသေးသောကြောင့်၎င်း အားလုံးသော မြန်မာပြည်သူများသည် ဇွဲမလျော့ဘဲ ညီညွတ်စွာ ဆက်လက် အရေးဆိုလှုပ်ရှားသွားနိုင်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ဝမ်းအိုဝမ်း

ဂျပန်ရှိ မျိုးချစ်မြန်မာများ၏ စီတန်းလှည့်လည်ဆန္ဒပြပွဲ

လန်ဒန်မြို့မှ မျိုးချစ်မြန်မာတို့၏ပြောင်မြောက်တဲ့ ကြွေးကြော်သံများ

Friday, May 22, 2009

Possibilities Free Burma Project 2009-2010 (စတ္ထုတပိုင်း)

ဒို့ ခေါင်းဆောင်ကိုချက်ခြင်းလွှတ်..

(ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှဦးစီး၍)

ဒို့ ခေါင်းဆောင်ကိုချက်ခြင်းလွှတ်...... စစ်အာဏာရှင်ကိုတော်လှန်ကြ.... စီတန်းလှည့်လည်ဆန္နပွဲ....

(၃၁.မေ.၂၀၀၉) ဂျပန်နိုင်ငံ (နာဂိုယာမြို့ ) SAKAE - ပန်းခြံ -(Chanel One TV station ဘေး) စုရပ်-နေ့ လည်(၁၂း၀၀)..

(မျိုးချစ်မြန်မာများအားကြိုဆိုပါသည်။ ။) ဆက်သွယ်ရန်။ ။ ကိုအောင်အေးဝင်း(၀၉၀-၅၁၀၆-၆၃၉၃) ကိုရဲတင် (၀၈၀-၃၆၂၈-၉၉၇၉) ကိုမျိုးသီဟန် (၀၉၀-၄၁၆၂-၁၉၇၀)..

မေလ (၂၀) ရက်နေ့ က မြင်တွေ့ ရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

Thursday, May 21, 2009

အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို

(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..

မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်

အတွင်းဘက်မှာ ပွက်လောညံလို့..

ပါးစပ်တွေ ပိတ်ထားရပေမယ့်

လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…

အကြောင်းမဲ့ အာဃာတ တရားတွေနဲ့

မိုက်ရူးရဲနေတဲ့ ကောင်တွေ

ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့

စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..

ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..

ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်

အဲ့ဒိတံတိုင်းတွေက..

ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..

(၀မ်းနည်းပါတယ်….)

ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး

အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်

အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..

အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..

ညက မှောင်ပိန်းနေတာတောင်

ငါတို့ ခရီးဆက်ရဲကြပြီ…

ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့

နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ

ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ

ငါတို့ ညှပ်ဖိနပ်သံတွေဟာ…

မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..

ခွေးလေခွေးလွင့်တွေရေ..

ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..

ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။



မင်းရဲသွေး

“ရဲရဲသာဝင်သွား ... ဘယ်သူမှမသိဘူး”

“ရဲရဲသာဝင်သွား ... ဘယ်သူမှမသိဘူး” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

Possibilities Free Burma Project 2009-2010 (တတိယပိုင်း)

Human Resource Development Program မှ ကိုစည်သူ ရေးသားတည်းဖြတ်ပြုစုထားတဲ့ Free Burma Project 2009 (တတိယပိုင်း)အဆုံးသတ် ကို ဆက်လက်တင်ဆက်လိုက်ပါတယ်။

Wednesday, May 20, 2009

မေလ(၁၉)့၇က် အင်းစိန်ထောင်ေ၇ှ့အခြေအနေများ





ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
မေလ ၁၈ရက် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဘောက်ထော်မြို့နယ် မှတ်တမ်းရုံး
အနီးရှိ နေရာများ၊ဘောလုံးကွင်းအနီးနှင့်ဂျပန်သံရုံးအနီးတို့တွင် ဒေါ်အောင်ဆန်းစုကြည်အား
ချက်ချင်းလွှတ်ပေးရန် ဆေးမှုတ်၍တောင်းဆိုသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်အား
မတရားထောင်ချရန် လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့်
ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ဒီနေ့မနက်၁၁နာရီဝန်းကျင် အင်းစိန်ထောင်အနီးတ၀ိုက်အခြေအနေတွေကတော့
အင်းစိန်ဈေးကို ဖွင့်ထားပါတယ်။ ရွှေဆိုင်တွေကိုတော့ အာဏာပိုင်တွေက ပိတ်ခိုင်း
ထားတယ်လို့သိရပါတယ်။ လမ်းဘေးဈေးသည်တွေကို ရောင်းချခွင့်ပြုထားပြီး
ထူးခြားချက်အနေနဲ့ ဒီနေ့အတွက်အခွန်ကောက်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။
နောက်ထပ်ထူးခြားချက်တခုကတော့ မြို့နယ်အစုံက စွမ်းအားရှင်တွေ အများအပြား
ချထားတယ်လို့သိရပါတယ်။ ရဲတွေကို လူမြင်ကွင်းမှာမထားပဲ အင်းစိန်ဘူတာထဲမှ
တပ်ချထားတယ်လို့သိရပါတယ်။ အဘဦးဝင်းတင်လည်းရောက်လာတာ မတွေ့ရသေးပါဘူး။
ပြည်သူလူထုအင်အားကတော့ မနေ့ကနဲ့စာရင်ပြန့်ကျဲနေပြီး ခန့်မှန်းရနည်းနည်းခက်နေပါတယ်။

သုံးသပ်အကြံပြုချက်

၁။ အင်းစိန်ဈေးဖွင့်ထားခြင်း
၂။ လမ်းဘေးဈေးသည်များကို လိုက်လိုက်လျောလျောဆက်ဆံနေခြင်း
၃။ စွမ်းအားရှင်အမြောက်အမြားရောက်ရှိနေခြင်း
၎။ ရဲတွေကို ရှောင်ခိုင်းထားခြင်းတွေကို ကြည့်ခြင်းအားဖြင့်

စွမ်းအားရှင်တွေကို ရပ်ကွက်နေပြည်သူလူထု အသွင်ဖန်တီးပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြနေသူတွေနဲ့ရန်တိုက်ပေးလိမ့်မယ်လို့ယူဆရပါတယ်။
အဓိကရုဏ်းဖြစ်ခဲ့ရင် ဈေးသည်တွေဈေးဝယ်သူတွေနဲ့ရောနှောနေတဲ့အတွက်
ဈေးသည်တွေက အရောင်းအ၀ယ် ထိခိုက်လို့ ဆန္ဒပြသူတွေနဲ့ ပြသနာတက်ရပါတယ်လို့
လုပ်ကြံဇာတ်လမ်းထွင်ပြီး လှုပ်ရှားမှုကို ဖျက်ဆီးမယ့်သဘောရှိပါတယ်။
အင်းစိန်ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုကိုထောက်ခံသူ ပြည်သူလူထုအင်အားပိုများလာဖို့လိုအပ်ပါတယ်။
အခုရှိနေသူတွေအနေနဲ့လည်း အစစအရာရာ သတိထားဖို့လိုပါတယ်။
နီးစပ်ရာ အင်အားစုများ ပြည်သူများကို ဒီသတင်းမျှဝေပေးပြီး
အင်းစိန်ထောင်ဝန်းကျင်ကို အားဖြည့်ပေးဖို့ တိုက်တွန်းပေးစေလိုပါတယ်။
အဓိကရုဏ်းဖြစ်လာခဲ့ရင် စုပေါင်းကာကွယ်နိုင်ကြဖို့လည်း သတိပေးနှိုးဆော်ပေးကြပါ။

ပေးပို့လာသော Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အားအထူးကျေးဇူးတင်ရှိပါသည်။

Possibilities Free Burma Project 2009-2010 (ဒုတိယပိုင်း)

Tuesday, May 19, 2009

ဆန္ဒပြ ပြည်သူ၁၀၀၀ခန့်အနက် ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။ (ခောတ်ပြိုင်) 

ကောက်ရိုးမီးတောက်ကို ကျော်လွန်၍ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့

အင်းစိန်ထောင်ရှေ့ ဓါတ်ပုံများ။

သတင်းဓါတ်ပုံ။ ။ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation Wave

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်လူမျိုးများပါဆန္ဒပြ

"ကမ္ဘာပေါ်မှာ သက်ဆိုးအရှည်ဆုံးသော မြန်မာပြည်ရှိ စစ်အာဏာရှင်စံနစ် ကို တကမ္ဘာလုံးက လက်မခံကြတော့"



မတရားအမှုဆင်ပြီး အင်းစိန်ထောင်ထဲတွင်ဖမ်းဆီးထားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ တိုကျိုမြို့ရှိ နအဖအခွန်ရုံးရှေ့တွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ မြန်မာလူမျိုးများသာမက ဂျပန်ဘုန်းတော်ကြီးများ၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့များ၊ ဂျပန်အန်ဂျီအိုများ၊ ဂျပန်နိုင်ငံအခြေစိုက် Human Rightနိုင်ငံတကာလွှတ်ငြိမ်းချမ်းသားရေးအဖွဲ့၊ People Forum of Burmaနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံကူညီအားပေးနေကြသည့်ဂျပန်လူမျိုးများပါ အတူတကွပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသည်။
နံနက် ၁ဝ နာရီမှစတင်ခဲ့သောဆန္ဒပြပွဲတွင် လူအင်အား ၅ဝဝ ကျော်ရှိပြီး ဂျပန်ဘုန်းတော်ကြီးများမှ မြန်မာပြည်သူ/သားများ ဘေးအန္တရာယ်ကင်းဝေးစေဖို့နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းများလွှတ်မြောက်ရန်အတွက် ဆုတောင်းမေတ္တာပို့ပေးခဲ့ကြသည်။ ထို့နောက် ဥပဒေမဲ့စွာ ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် နအဖစစ်အုပ်စု၏လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ Don't Kill. No More Warဆိုသည့်စာတမ်းကိုကိုင်ဆောင်ပြီး နအဖအခွန်ရုံးသို့တောင်းဆိုသွားခဲ့ကြသည်။

ဂျပန်ဘုန်းတော်ကြီးများမှ ဆုတောင်းမေတ္တာပို့သနေစဉ်

ဂျပန်နိုင်ငံရှိ အင်အားအကြီးမားဆုံးဖြစ်သော အလုပ်သမားသမဂ္ဂအဖွဲ့(RENGO)မှ ဥက္ကဌဖြစ်သူ Mr. Kobayashiကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့်စီရင်ချက်ချမည်ဆိုသည့်ကိစ္စကို ကန့်ကွက်ကြောင်းနှင့်၊ ဂျပန်အစိုးရကိုလည်း နအဖစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးပြီး ကူညီထောက်ပံ့နေမှုများကိုလုံးဝရပ်တန့်သွားဖို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
နိုင်ငံတကာစားသောက်ကုန်အလုပ်သမားသမဂ္ဂအဖွဲ့(IUF)မှဥက္ကဌဖြစ်သူ Mr. Misatoကလည်း မြန်မာ့ဒီမိုကရေစီအရေးကို အပြည့်အဝထောက်ခံအာပေးကြောင်းနှင့် နအဖစစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုများနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိသည့်လုပ်ရပ်များကို ILO သို့တင်ပြကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။


RENGOနှင့် IUF အလုပ်သမားသမဂ္ဂဥက္ကဌများမှ ပြောကြားနေစဉ်

ယနေ့ဆန္ဒပြပွဲကိုဦးဆောင်သူတဦးဖြစ်သူ ကိုသန်းဆွေမှလည်း ''နအဖစစ်အုပ်စုရဲ့ အရှက်မရှိတဲ့လုပ်ရပ်ကို ဂျပန်လူမျိုးတွေတောင် နားလည်သဘောပေါက်နေကြပြီ။ ယခုလည်း ကျနော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးချင်လို့ အောက်တန်းကျတဲ့လုပ်ရပ်တွေနဲ့ မတရားအမှုဆင်ရင်ဖို့ကြိုးစားနေတယ်။ ဒါကို ဂျပန်အစိုးရအနေနဲ့ မသိကျိုးကျွံပြုပြီး ဆက်လက်ကူညီထောက်ပံ့နေဦးမယ်ဆိုရင်တော့ အဆိပ်ပင်ရေလောင်းသလိုဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် အရှက်မရှိတဲ့ နအဖကို ဂျပန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့တောင်းဆိုပါတယ်။ ဆက်လက်ပြီး ကျနော်တို့ခေါင်းဆောင် မလွှတ်မချင်း ဒီအခွန်ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြသွားမယ်..။ ဒီနေ့ရောက်လာကြတဲ့သူတွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ခေါင်းဆောင်လွှတ်မြောက်ဖို့အတွက် မလျော့သောဇွဲ၊ လုံ့လတွေမွေးပြီး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးစားသွားချင်ပါတယ်...''ဟု တိုက်တွန်းပြောဆိုသည်။
ဆန္ဒပြကြသူများက နအဖအခွန်ရုံးအဝင်အဝတံခါးရှေ့တွင် ''ယနေ့ အဓမ္မ မတရားစီရင်မှုရှိပါသဖြင့် အခွန်ရုံးပိတ်သည်''ဆိုသည့် စာတမ်းကိုချိတ်ဆွဲခဲ့ကြပြီး 'လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ခြင်းလွှတ်'၊ Free Free Daw Aung San Suu Kyiကြွေးကြော်သံများကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

A.Iနှင့် Human Watch တာဝန်ခံများမှ အမှာစကားပြောကြားနေပုံ

မြန်မာ့ဒီမိုကရေစီအရေးထောက်ပံ့ကူညီအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များကလည်း ဒေါ်အောင်ဆန်းကြည်ကို ချက်ခြင်းလွှတ်ဖို့နှင့်၊ နအဖကျင်းပမည်ဆိုသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ အသိပြုလက်ခံစေဖိုရ အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးရန်တောင်းဆိုချက်ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း NCUB၏ဂျပန်ဌာနေကိုယ်စားလှယ်ဖြစ်သော ဒေါက်တာမင်းညို၏ပြောပြချက်အရသိရှိရသည်။


သတင်းနှင့် မှတ်တမ်းဓါတ်ပုံပေးပို့သူ-နန်းအိမွန်ချစ်(မိုးသောက်ကြယ်)

Sunday, May 17, 2009

Free Burma Project 2009

Human Resource Development Program မှ ကိုစည်သူ ရေးသားတည်းဖြတ်ပြုစုထားတဲ့ Free Burma Project 2009 ကိုတင်ဆက်လိုက်ပါတယ်။

ဒေါ်စုအောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သတ်၍ စိတ်ဝင်စားဘွယ်ရာ Blog comments

အိမ်ထဲကအိမ်ပြင်မထွက်ရအောင်တားဆီးခံထားရသူကို သူစိမ်းအိမ်ထဲ ခိုးဝင်လာတာ အစိုးရကို သတင်းမပို့လို့ အပြစ်ရှိပါတယ်ဆိုပြီး မဖြစ်စလောက်ကိစ္စကို အပိုင်ကွက်အနေနဲ့သုံးချပြီး တရားစွဲ ဦးမယ်ဆိုတော့ နအဖရည်ရွယ်ချက်က ဘာလဲဆိုတာ လူတိုင်းနားလည် ကြပါတယ်။

kojew

လွတ်ရက်စေ့တာတနှစ်ကျော်နေလို့ ဆက်လက်ချုပ်နှောင်ထားတာ ဥပဒေနဲ့မညီညွတ်တော့ဘူး၊ ပြန်လည် စဉ်းစားပေးပါလို့ တင်သွင်းတဲ့ သူမရဲ့ရှေ့နေထံက အယူခံလွှာကို နအဖ အစိုးရ အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလကုန် လွတ်ရက်နဲ့ ၂၇ရက်အလိုမှာ ပယ်ချလိုက်တယ်ဆိုကထဲက လွတ်ရက်ရောက်လဲ တနည်းနည်းနဲ့ ဒေါ်စုကို ထပ်ဖမ်းထားလိမ့် ဦးမယ်၊ လွှတ်မပေးသေးဘူး ဆိုတာကို လူတွေက မှန်းဆလို့ရနေပါပြီ။

ဒီလုပ်ဆောင်ချက်ဟာ အမျှော်အမြင်ရှိတဲ့လုပ်ရပ်လား၊ မိုက်မဲတဲ့လုပ်ရပ်လား၊ မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေးကို အထောက် အကူဖြစ်စေသလား၊ အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေသလား၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက် အကူဖြစ်စေသလား၊ မြန်မာနအဖအစိုးရနဲ့ မြန်မာ့တပ်မတော် အပါအ၀င် မြန်မာလူမျိုးများအတွက် ဂုဏ်သိက္ခာ မြင့်မားတိုးတက်လာစေသလား၊ ၂၀၁၀ရွေးကောက်ပွဲအတွက် အထောက်အကူပြုသလား စသည်ဖြင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက နိုင်ငံရေးရှုထောင့် အမျိုးမျိုးကနေ စဉ်းစား မှတ်ချက်ပြုကြတာကြားရပါတယ်။
အပြုသဘောဆောင်တဲ့ရလဒ် တစ်ခုမှမရှိဘဲ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အဖက်ဖက်ကနစ်နာသွားတာဘဲ တွေ့ကြရပါတယ်။ အပြည်အပြည်ဆိုင်ရာငွေကြေးအကူအညီတွေ၊ လူသားခြင်းစာနာတဲ့အထောက်အပံ့တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေရရှိဖို့ အခွင့်အရေး တွေ မျှော်လင့်စရာမရှိတော့ပါဘူး၊ မလာတော့ပါဘူး၊ မြန်မာပြည် ထွက်ကုန်ပစ္စည်းတွေကို ၀ယ်ယူတင်သွင်းမှု စီးပွားရေး ပိတ်ဆို့ထားတဲ့ Sanction တွေ၊ လက်နက် မရောင်းတာတွေ၊ နအဖအဆက်အနွယ်တွေကို ပြည်ဝင်ခွင့် ဗီဇာတင်းကျပ်ထား တာတွေ ရုပ်သိမ်းပေးဘို့လဲ ဝေးသထက် ပိုဝေးသွားပါတယ်။ နအဖ ရဲ့လုပ်ရပ်ဟာ ပြည်သူတွေ ပိုမို ကျပ်တည်းအောင် မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲ နစ်သည်ထက်နစ်အောင် တွန်းချလိုက်တာပါဘဲ လို့ မှတ်ချက် ပေးကြပါတယ်၊

လုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားတဲ့ နေအိမ်ဝင်းထဲကို လွယ်လွယ်ကူကူ ခိုးဝင်လာနိုင် တယ်ဆိုတာကိုလဲ မယုံကြည်ကြသူအများအပြားရှိသလို လုံခြုံရေးတာဝန်ယူထားသူ နအဖ တာဝန်မကြေလို့သာ ဒီလိုဖြစ်ရတာ၊ နအဖ သာ သူ့တာဝန်သူ ကျေပွန်ရင် လူစိမ်းဝင်လာစရာအကြောင်းမရှိပါဘူး၊ ဒီအမှုဖြစ်စရာအကြောင်းမရှိဘူး၊ ဒါကြောင့်နအဖသာ အဓိကတရားခံဖြစ်တယ်။ တာဝန်ယူ ရမယ်၊ ဘယ်သူ့ကိုမှ လွှဲချ လက်ညိုးထိုးအပြစ်မတင်သင့်ဘူးလို့လဲ ပြောကြဆွေးနွေးကြ ပါတယ်။ နအဖ ကဘဲ ဒီလိုလုပ်ချင်လို့ တမင်အိမ်ထဲ လူစိမ်းသွင်းလိုက်တာလားဆိုတဲ့ အငြင်းပွားစရာမေးခွန်းတွေလဲ ထွက်ပေါ်လာပါတယ်။ ဒီအမှုနဲ့ပါတ်သက်ပြီး တရားစီရင်ရာမှာလဲ မြန်မာနအဖ တရားစီရင်ရေးစနစ်က ဘယ်လောက်လွတ်လပ်သလဲ၊ အစိုးရအလိုကျ စီရင်အမိန့်ချပေးရုံ ပေးရတဲ့စနစ်လား၊ အတိုက်အခံ ဒေါ်စုကို ခုခံကာကွယ်ပိုင်ခွင့် ဘယ်လောက်ပေးမှာလဲ ဆိုတာက စဉ်းစား စရာဖြစ်လာပါတယ်၊ ပြည်သူ့ရှေ့မှောက် လွတ်လပ်တဲ့တရားစီရင်ရေးဖြစ်မှာလား၊ နအဖ လုပ်နေကြအတိုင်း မိမိနိုင်ငံသား တစ်ယောက်ကို လုံလောက်တဲ့ခုခံကာကွယ်ပိုင်ခွင့် မပေးဘဲ အကျဉ်းရုံးစစ်ဆေးပြီး ထောင်ချပြစ်လိုက်မှာလား၊ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်ကို နှိပ်ကွက်ချင်လို့ ဥပဒေကို ခုတုန်းလုပ်တာလား၊ ညစ်ပတ်တာလား။ ဒီမေးခွန်းတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ဒီအမှုနဲ့ သိက္ခာချ ပြီး တရားစီရင်မယ်ဆိုရင်တော့ တရားမျှတ မှန်ကန်တဲ့ စီရင်ချက်ဖြစ်မလာဘဲ အပြစ်မဲ့ပြည်သူ တစ်ယောက်ကို နစ်နာစေမဲ့ ညစ်ပတ်တဲ့ စီရင်ဆုံးဖြတ်ချက်သာဖြစ်လာမှာဘဲ လို့လဲ ဥပဒေနားလည်သူတွေက မှတ်ချက်ပြု ကြပါတယ်။

နေအိမ်ထဲ ၀င်ရောက်လာသူကို ဒေါ်စုက ဖိတ်ခေါ်တာလဲမဟုတ်၊ ပြန်ထွက်သွားဘို့ ပြောတာကို ပြန်မထွက်ဘဲ အတင်းပေကပ်နေနေသူ ဆိုတော့လဲ တော်တော်စဉ်းစားစရာပါဘဲ။ ဒါပေမဲ့ နအဖ အစိုးရက တယ်လီဖုန်းလိုင်းဖြတ်တောက် ထားပြီး လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရအောင်တားဆီးခံထားရသူကို သူစိမ်းအိမ်ထဲ ခိုးဝင်လာတာ အစိုးရကို သတင်းမပို့လို့ အပြစ်ရှိပါတယ်ဆိုပြီး မဖြစ်စလောက်ကိစ္စကို အပိုင်ကွက်အနေနဲ့သုံးချပြီး တရားစွဲ ဦးမယ်ဆိုတော့ နအဖရည်ရွယ်ချက်က ဘာလဲဆိုတာ လူတိုင်းနားလည် ကြပါတယ်။

" Yattaw ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်အားလုံးကို အစဉ်တစ်စိုက်လေ့လာခဲ့ပါသည်။ လက်လှမ်းမှီသမျှ သတင်းများ၊ အင်တာဗျူးများ၊ တစ်ဆင့်စကားများအပေါ်အခြေခံ၍ ဖြစ်နိုင်ချေ တို့ကိုတွေးထုတ်ကြည့်မိပါသည်။
ယခုအမှုတွင် အရေးကြီးဆုံးမှာ ဒေါက်တာတင်မျိုးဝင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းပင်ဖြစ်ပါတယ်။ ဒေါက်တာဟာ တကယ်ဆို အမှုနှင့်တိုက်ရိုက်ပတ်သက်သူလဲမဟုတ်ပါ။ ဒေါ်စုအိမ်မှာနေထိုင်သူလဲမဟုတ်ပါ။ ဘာဖြစ်လို့သူ့ကိုဖမ်းထားပါသလဲ? သတင်းများနှင့် J.W. Yattaw၏ ဇနီးဟောင်းပြောပြချက်များအရ သူသည် ၂၀၀၈ကလဲ ဒေါ်စုအိမ်သို့ ယခုလို ရေကူးခိုးဝင်ခဲ့ဖူးသူဖြစ်ပါသည်။ ထိုစဉ်က ဒေါ်စုက အတွေ့မခံခဲ့ပါ။ ဒေါ်ခင်ခင်ဝင်းတို့မှ ဒေါ်စုက မတွေ့လိုကြောင်း ပြောပြီးပြန်ခိုင်းသဖြင့် ပြန်သွားခဲ့သည်။ ဆိုပါသည်။ ထိုအကြောင်းကို ဒေါက်တာတင်မျိုးဝင်းမှတဆင့် လုံခြုံရေးအဖွဲ့ကို အသိပေးခဲ့ပါသည်။ သို့သော် ထိုစဉ်က မည်သို့မျှ အရေးတစ်စုံတစ်ရာ မယူခဲ့ပါ။ ဘာမျှအကြောင်းမပြန်ခဲ့ပါ။
ယခုလတ်တလောဖြစ်ရပ် ဖြစ်လာချိန်တွင်မူ သေချာပေါက် ခွင်မိနေသဖြင့် အမှုလုပ်ပြီး ထောင်ချဖို့စီစဉ်ပါတော့သည်။ ယခင်အခေါက်က ကိစ္စအကြောင်း အပြင်လောကအား၊ မီဒီယာအားပြောပြနိုင်သူမှာ ဒေါက်တာတင်မျိုးဝင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကိစ္စမပေါက်ကြားစေရန် လက်ဦးမှုယူ၍ ဒေါက်တာအားအရင်ထိန်းသိမ်းလိုက်ပါတော့သည်။ သို့ပေသော်လည်း နအဖ တစ်ခုသတိလစ်သွားသည်မှာ ၂၀၀၈ခုနှစ်မှကိစ္စအား ပြန်ပြောပြနိုင်သူသက်သေမှာ ဒေါက်တာတင်မျိုးဝင်းတစ်ဦးတည်းမဟုတ်ပါ။ Yattaw ၏ ဇနီး Betty Yattaw မှလဲ ယခင်အခေါက် ယခုကဲ့သို့ သွားဖူးကြောင်းကိုပြောပါသည်။ ထို့ကြောင့် စစ်အစိုးရသည် ယခင်ကိစ္စကတည်းက သိသိနှင့်လွှတ်ပေးခဲ့ကြောင်းထင်ရှားလှပါသည်။ ဒေါက်တာတင်မျိုးဝင်းကိုထိန်းထားရုံနှင့် ထိုအမှန်တရားပေါ်မလာနိုင်ဟု စစ်အစိုးရမှထင်ထားပုံရသည်။ ဒေါ်စုတို့ဖက်မှ တာဝန်ကျေခဲ့ပါသည်။ ယခင်အခေါက်ကလည်း ဒေါ်စုမှလုံးဝ လက်ခံမတွေ့ခဲ့သလို အာဏာပိုင်များအားလဲ အကြောင်းကြားခဲ့ပါသည်။ သူခိုးမိသလို ပုဆိုးစကိုဆွဲပြီး ရဲကိုအော်ခေါ်သလိုတော့ လုပ်စရာလိုမည်မဟုတ်ပါ။ ယခုအခေါက်တွင်လဲ Yattaw ကိုဖမ်းမိသော နေ့သည် ဒေါက်တာတင်မျိုးဝင်းလာမည့်နေပင်ဖြစ်ပါသည်။ ဒေါက်တာတင်မျိုးဝင်းရောက်လာပါက ဒေါ်စုမှ ထိုကိစ္စကို သေချာပေါက် လုံခြုံရေးအားအကြောင်းကြားခိုင်းပေလိမ့်မည်။ လူသားမဆန်စွာဖြင့် ရဲလက်ထဲသို့ Yattaw အားအပ်မည်မဟုတ်ပါ။ လူဝင်သဖြင့် လုံခြုံရေးပိုမိုသတိထားပါရန်ပဲ ပြောပါလိမ့်မည်။ ယခုတော့ Yattaw ကိုမိသည်နှင့် တခါတည်း ဒေါက်တာတင်မျိုးဝင်းကိုပါ ဒေါ်စုအိမ်အတွင်း လုံးဝမ၀င်စေတော့ပါ။ ဒေါ်စုနှင့်ပေးမတွေ့တော့ပါ။
ပိုပြီးသေချာနေသည်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့ ရုံးထုတ်စဉ်က ဒေါ်စုတို့အမှုတွဲတွင် ဒေါက်တာတင်မျိုးဝင်းပါမလာပါ။ ဒေါ်စုတို့ ၃ယောက်နှင့် J.W Yattaw ပဲပါ ပါသည်။ Yattaw ကိုယ်တိုင်မှာလဲ ဒီလောက်ထိဖြစ်လာမည်ဟုတ် ထင်ထားပုံမပေါ်ပါ။ သူဟာ သူလုပ်နေတဲ့ Psycological research အတွက် ဒေါ်စုကို စကားပြောဖို့ အလွန်ပင် စိတ်အားထက်သန်နေသူ၊ ပညာလိုလားသူ၊ မိမိလုပ်ချင်ရာကိုသာလုပ်တတ်သူ၊ ခပ်ကြောင်ကြောင် ပညာတတ်တစ်ယောက်သာဖြစ်ပါသည်။ သူရေးနေတဲ့ စာအုပ်ထဲတွင် ဘ၀နှင့်အသက်အန္တရယ်ကိုအကြီးအကျယ်ခြိမ်းခြောက်ခံရပြီးနောက်တွင်ပင် မည်ကဲ့သို့တရားဖြင့် ခွင့်လွှတ်နိုင်သလဲ၊ မည်သို့ စိတ်ဓါတ်ခိုင်ခိုင်မာမာဖြင့် ဆက်နေနိုင်သလဲဆိုတာကို ဒေါ်စုအားကိုယ်တိုင်တွေ့မေးလို၍ဖြစ်သည်ဟု Betty Yattaw ကပြောပြပါသည်။ ထောက်လှမ်းရေးဟောင်း ဗိုလ်မှုးအောင်လင်းထွတ် အပြောအရဆိုလျှင် Yattaw ကိုယ်တိုင်ပင်လျှင် သူ့ကို အသုံးချခံလိုက်ရခြင်းကို နားလည်သိရှိလိုက်ပေမည်မဟုတ်ဟု ဆိုပါသည်။ ဒါကတော့ တိုင်းရေးပြည်ရေးတိုးတက်အောင်သာ မလုပ်နိုင်ရင်နေမယ်၊ ညစ်ပတ်စုတ်ပဲ့တာမှန်သမျှ အကွက်ကျကျလုပ်တတ်တဲ့ နအဖလုပ်ရပ်တွေကို လက်လှမ်းမီသလောက် ဆက်စပ်တွေးထားခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ရဲဘော်ကြီးသတိ စွပ်စွဲတာတွေကို တုံ့ပြန်ပြောပါအုံးမယ်။ ဘာပုဒ်မနဲ့စွဲမယ်၊ ဘာလုပ်မယ်ဆိုတာ ကိုစတင်သတင်းလွှင့်နေတာ NLD ကရှေ့နေတွေမဟုတ်မှန်း သတိ ဆိုသူ ကောင်းကောင်းသိပါတယ်။ ဘာလို့ဆို သူဟာ ကျေးစေတမန် နဲ့ သာကီနွယ်တို့ရဲ့ပင်တိုင်ပရိသတ်ဖြစ်နေလို့ပါပဲ။ သတိနဲ့ကျုပ်ဟာ ကြုံရင်ကြုံသလိုငြင်းခုန်နေကြ ငြင်းဖက်တွေပါ။ မကြုံတာလဲကြာပြီ၊ ကြာဆို ကျုပ်လဲသူရှိရာ အဲဒီဘလော့တွေကို ရွံ့ရှာလို့ မသွားသလို၊ သူကလဲ အလားတူနေမှာပေါ့လေ။
“နိုင်ငံရဲ့ အထင်ကရခေါင်းဆောင် တစ်ယောက်ဟာ ဒီဖြစ်ရပ်မျိုးမှာ အဲဒီခိုးကြောင်ခိုးဝှက် လက်ခံပီး ဖုံးဖိပေးခဲ့တဲ့ လူတစ်ယောက်ကို အပြစ်မရှိပါဘူးလို့ ခံယူမြင်နိုင်ခဲ့တဲ့ ဒေါ်စုရဲ့စိတ်ကိုတော့ ကျွန်တော်အံ့သြောပါတယ်.” သတိရဲ့ ဒီကွန်မန့်ကို လုံးဝကန့်ကွက်ပါတယ်။ ဒေါ်စုဟာ အဲဒီလူရှိနေတာကို လက်ခံဖုံးဖိပေးခဲ့တာမဟုတ်ပါဘူး။ အဲဒီလူအဲလိုခိုးဝင်တာ အပြစ်ရှိတယ်ဆိုတာ ခံယူလို့လဲ ပထမအကြိမ်သူခိုးဝင်တုံးက လက်ခံမတွေ့ခဲ့တာပေါ့။ ဒါပေမယ့် ကျုပ်အပေါ်မှာရေးခဲ့သလိုပဲ.. အဲဒီလူဝင်နေပါတယ် ဒီမှာရှိတယ် လာဖမ်းကြပါလို့ ရဲကိုပြောစရာ ဒေါ်စုမှာ ဥပဒေအရလဲ တာဝန်မရှိပါ။ သူ့ပယောဂနဲ့ လူတစ်ယောက် အဖမ်းမခံရစေလိုခြင်းက သူ့ရဲ့လူသားချင်းစာနာတဲ့စိတ်ထားပါ။ ဒါပေမယ့် သူ့မှာဥပဒေကို လူတစ်ယောက် ဒုက္ခမရောက်စေရပဲ လိုက်နာဖို့ အကောင်းဆုံးလို့ သူထင်တဲ့နည်းကိုရွေးခွင့်ရှိပါတယ်။ ကျုပ်အပေါ်မှာပြောခဲ့သလို..ဒေါက်တာတင်မျိုးဝင်းဝင်လာတာနဲ့ သူအသိပေးခိုင်းမှာပါပဲ။ ဘာလို့ ကိုယ်တိုင် ဂုတ်ဆွဲပြီးရဲလက် မအပ်လဲ မမေးနဲ့လေ..သူဟာသတိနဲ့ သတိရဲ့ ဆရာကြီးတွေလို အကြင်နာခေါင်းပါးသူမဟုတ်သလို၊ ဥပဒေထဲမှာလဲ ခိုးဝင်ပြီးအတင်းနေသူကို မဖြစ်မနေ ရဲလက်အပ်ရမယ် မပါဘူး။ သေချာတာ အခုကိစ္စမှာ ဒေါ်စု ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အချက်လုံးဝကိုမရှိတာပါပဲ။ ကိုယ်လက်မခံပဲ သူ့ဖာသာ ခိုးဝင်နေတဲ့သူအတွက် ကိုယ်က အသားလွတ်ထောင်ချခံရစရာ အကြောင်းလုံးဝမရှိ။ သူ့ဖာသာ ခိုးဝင်နေတဲ့သူအတွက် ကိုယ်က ထောင်ကျခံရမယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ . SB, စရဖ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးပါ ထောင်ထဲထည့်ပါမှ တရားပါလိမ့်မယ်။

အမှတ်တရားအတွက်
အောင်ဆန်းမန်း "


ဖြစ်ပုံလေး ထူးဆန်းလို့စွန့်စားပြီးရေး လိုက်ပါသည်။ သူငယ်ချင်း တယောက်က သူ့အဖေဆီက သိရတာ ကို ကျွန်တော်က တဆင့်ပြန်ပြောခြင်း ဖြစ်ပါတယ်။
အမေရိကန်ကြီး ကိုဖမ်းမိခဲ့သူက စစ်ဒေသကတဲ့ဗျ။ စစ်ဒေသက စက်တွေထဲ မှာအချင်းချင်း ပြောတာလည်း ကြားရော စရဖ တွေ အက်ဘီ တွေ အားလုံးပြာ ကုန်ရောဆိုဘဲ။ ပြသနာက ထောက်လှမ်းရေးတွေဗျ။ စရဖ တွေ အက်ဘီတွေကလဲ အချင်းချင်း လုံးဝမတဲ့ဘူးတဲ့။ အားလုံး ပြာကုန်ရတဲ့ အကြောင်းက အရင်တခေါက်ဟာကို နှစ်ဖွဲ့ ပေါင်းပြီး ဖုံးထားတာကိုး။ အခုတကြိမ် ကျတော့ ကကကြည်း ကိုသတင်းက အရင်ရောက် သွားတာကိုး။ စရဖ တွေ အက်ဘီ တွေ ဒေါ်စုအိမ် အပြေးအလွှား သွားနေတုံး လမ်းမှာ ကကကြည်း က အမိန့်လာနေပြီတဲ့။ ကကကြည်း က တပ်ချုပ်ကြီး ကို သတင်းပို့လို့ အမိန့်က ဥပဒေအတိုင်း လုပ်ပါလို့ လာနေသတဲ့။ စရဖ တွေ အက်ဘီ တွေ ဒေါ်စုအိမ် ရောက်တော့ ဘုမသိဘမသိ စောင့်နေတဲ့ ဒေါက်တာ တင်မျိုးဝင်းကို တွေ့လိုက်ကြရတယ် ဆိုဘဲ။ မတိုင်ခင်တရက်က ပြည်ထဲရေး ဝန်ကြီး အမိန့်တောင်းပေးလို့ အက်ဘီကခွင့်ပြုခဲ့တာတဲ့။ ဒီမှာတင်စရဖတွေ အက်ဘီတွေ အရင်တခေါက် ဒေါက်တာကြီး သတင်းပို့တဲ့ဟာကို ဝိုင်းဖုံး ထားကြတာသွား သတိရကြပြီး ဒေါက်တာကြီး ကိုဖမ်းထိန်းထားလိုက်လို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုပါတယ်။ တပ်ချုပ်ကြီး အမိန့်ကိုပြင်မရတော့ ပြင်လို့ရသလို ပြင်လိုက်ကြတဲ့ သဘောပါတဲ့။ တပ်ချုပ်ငတုံးကြီးက အင်တာနက်လဲ မကြည့်တတ်တော့ ပေါ်စရာ မရှိဘူးလို့အားလုံးက ယုံထားကြတယ်ဆိုဘဲ။ အရင်တခေါက်ဟာ ကိုဖုံးထားတာ ပေါ်သွားရင်တော့ တပ်ချုပ်ကြီး သူစောက်ပေါ ဖြစ်ပြီ ဆိုတာသိတော့မှာပါ။ ဒါပေမဲ့ ဒေါ်စု ထွက်ချက်တွေကို ပြင်ဆင် ဆင်ဆာဖြတ်ပြီးမှ ပို့မှာသေချာပါတယ်။

ကိုယ့်ရှုထောင့်နဲ့ကိုယ် မှန်နေကြတာပါပဲ။

ဒီကိစ္စက ရှင်းပါတယ်။ ဒေါ်စုကို လွတ်မပေးချင်လို့ ၂၀၁၀ ကို အနှောက်ယှက်မယ်ထင်လို့ လုပ်တဲ့ ကိစ္စပဲ။ ဖိုးသူတော် ပုံပြင်လိုပေါ့။ နင် အကောင်ကြီးတယ် ၂ ခါလျောက်ဆိုပြီး လုပ်တဲ့ကိစ္စပဲ။

ပြဿနာရဲ့ ဇစ်မြစ်က အယူအဆတွေကွဲ ဂိုဏ်းဂဏတွေကွဲပြီး သူတင်းကိုယ်တင်းလုပ်ကြရင်း အရှိန်မြင့်လာတဲ့အခါ တဘက်နဲ့တဘက် ရန်သူတွေလို သဘောထားလာ။ အဲဒီတော့ ခေါင်းဆောင်လုပ်သူတွေအတွက်ကတော့ သူပလ္လင်ပေါ်ရောက်ရင် ငါထောင်နန်းစံ။ ငါပလ္လင်ပေါ်ရောက်ရင် သူထောင်နန်းစံ။

အချို့ကပြောမယ် ဒေါ်စုက အဲစိတ်မရှိဘူး ဦးသန်ရွှေကသာ ဖြစ်နေတာ ထင်ကြမယ်။
ဒေါ်စုသာအာဏာရခဲ့ရင် ဒေါ်စုက ကျမကတော့ မလုပ်ချင်ပေမဲ့ (စစ်ခုံရုံးတင်ချင်နေသော နောက်လိုက်များရဲ့ တောင်းဆိုချက်ကို မပယ်ရှားချင်လို့) သူလုပ်ခဲ့တဲ့ အလုပ်တွေ အတွက် (ပုဒ်မပေါင်း တစ်သိန်းလောက်နဲ့) ဦးသန်းရွှေ ဆတ်ဒမ်နောက်လိုက်ရမှာပါပဲ။

ဒီချုပ်က အမျိုးသားပြန်လည် သင့်မြတ်ရေးလိုလားတယ်။ စစ်အုပ်စုက ခေါင်းမာတယ်ပြောတယ်။ အစက ဒီလိုပဲထင်ခဲ့တယ်။
ဟိုတလောက ကျေညာချက်ထွက်တော့ ပြန်စဉ်စားကြည့်တယ်။ သင့်မြတ်ရေးလိုလားတယ်ပြောပြီး
၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမို မကျတာတွေ ပြန်ပြင်ပေးပါဆိုတဲ့ ကမ်းလှမ်းချက်က မလိုက်လျောနိုင်မှန်းသိသိနဲ့ ကမ်းလှမ်းတာပဲ။ စစ်သားတမတ်သား လွတ်တော်က ထွက်ပေးပါဆိုတာနဲ့ တူတူပဲပေါ့။ စစ်အုပ်စုဘက်ကကြည့်ရင် ဒီကျေညာချက်တွေက လက်ကမ်းတာလို့ ဘယ်မြင်မလဲ။ ဓါးကမ်းတာလို့ မြင်မယ်လေ။ ဘာလို့လဲဆိုတော့ ဒီအချက်ထည့်ချင်လို့ နာမည်ပျက်ခံပြိး အမျိုးသားညီလာခံ သူတို့လုပ်ခဲ့တာ မဟုတ်လား။
ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကို မျော်လင့်တာကိုက စိတ်ကူးယဉ်ဆန်နေပြီဆိုတာ သာမန်နိုင်ငံရေး မလုပ်တဲ့သူတောင် သိနိုင်ပါတယ်။ လွတ်တော်မှာ စစ်တပ်ပါတယ်ဆိုတာ သဘာဝ မကျဘူး လူတိုင်းသိတာပဲ။ သို့သော် ဒီတချက် အသိအမှတ်ပြုလိုက်ရင် ဒီချုပ်အပေါ် သဘောထား ပြောင်းချင်ပြောင်းသွားနိုင်တယ်။ ဒီချုပ်ဘက်က ၀န်လေးနေတာကြည့်ရင် ၂ ဘက်လုံး အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ လူကြားကောင်းအောင် ပြောနေကြတာ၊ ဘယ်သူကမှ မလျော့ချင်ဘူးလို့ပဲ တွေးမိပါတယ်။

အခုကိစ္စလည်း ၂၀၁၀ မတိုင်မီ ခေါင်းဆောင်ကို လွတ်ပေးရင် ပွဲဖျက်မှာ သေချာတယ်လို့တွေးပြီ။ ရိုက်ဖို့ တုတ်ရှာ။ လူဖြူကြီးလာတော့ တုတ်ရသွားတာပေါ့။
ဒါပါပဲ။

နှစ်ဘက်လုံး တင်းခံနေတော့ တိုင်းပြည် ပိုနာတာပေါ့ဗျာ။ နိုင်ငံတကာမှာ နအဖ ပွကြီး ဖြစ်လဲ နာစရာရှိရင် နအဖက ဒီလောက် မဟုတ်ဘူး။ grass root တွေပိုနာတယ်။ ။
kyaw

Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ NLD ၏ ထုတ်ပြန် ကြေညာချက်


ပိုပြီးစိတ်ချရအောင်လို့ ... (ကာတွန်း ဟန်လေး၊ ဧရာဝတီဝက်ဘ်ဆိုက်)

“ကျမ ပြစ်မှု မကျူးလွန်ဘူး”

ဒေါ်စု၏နေအိမ်သို့ ၀င်ရောက်မှုဖြင့် အဖမ်းခံထားရသူ ဂျွန်ဝီလျံယက်တော
ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန် ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံ ထားရသည့် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ စစ်အစိုးရက ယနေ့ စွဲတင် လိုက်သည့် အမှုကို မကျူး လွန်ကြောင်း သူ၏ ရှေ့နေ မှတဆင့် ပြောကြား လိုက်သည်။ အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ သူက ဆက် ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေထိုင်ကာ ကူညီစောင့်ရှောက်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် နေအိမ်အတွင်း တိတ် တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ယနေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရား ရုံးတွင် အတူတကွ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။ ( ဆက်ဖတ်ရန် ) ရှေ့နေဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေနှင့် ယနေ့ တရား ရုံးသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ရှေ့နေ ဦးလှမျိုးမြင့်က “အမှုနံပါတ် ၄၇/၂၀၀၉ ။ သူတို့ ၄ ယောက် တပြိုင်ထဲ ရုံး ထုတ် တယ်” ဟု မဇ္ဈိမကို ပြော သည်။ ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား တက္ကသိုလ် ရိပ်သာ လမ်း နေအိမ်မှ အင်းစိန် ထောင်သို့ လုံခြုံရေးအစောင့်အကြပ်များဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီး ကန့်သတ် ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။

ယင်း ဥပဒေ ပြဌာန်း ချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။ ပါတီပြော ခွင့်ရပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဟို .. ရေကူးတဲ့ လူက သူ့ဘာသာ သူလာ တာ။ လူသားချင်း စာနာထောက်ထားမှုနဲ့ ခဏ နေရာပေးတယ်ဆိုတာပဲ ရှိတာ။ ဒီဟာက သူတို့ စည်းကမ်းချက်မှာ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလေ။ ဒါကို စည်းကမ်း ချမှတ်ထားတာမှ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖောက်ဖျက်ရမှာလဲ။ အဲဒါကြောင့် ပြစ်မှု မကျူးလွန်ဘူးလို့ ပြောတာပါ” ဟု ပြောဆိုသည်။ နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးပါတီများ နှင့်ဆက်နွယ် သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် လုံးဝ မပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ပိတ်ပင်ထားသည်။

ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမ ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု - ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲသည်။ နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော အား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူကို ကူညီမှု၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် တရားစွဲလိုက်သည်။

ဂျွန်ဝီလီယံ ယက်တောကိုမူ ပုဒ်မ ၂၂/၁၀၉၊ လူဝင်မှုကြီးကြပ်ရေးမှု ပုဒ်မ ၁၃(၁)၊ မြူနီစီပယ် ဥပဒေ ပုဒ်မ ၂၈ အမှုနံပတ်က ၄၉/၂၀၀၉ တို့ဖြင့် တရားစွဲဆို လိုက်သည်။ မြူနီစပယ် ဥပဒေမှာ အင်္ဂလိပ်ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကန့်သတ်နေရာများသို့ ဝင်ရောက်ပါက အရေးယူနိုင်သည့် ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်ခဲ့ သည်။ ယနေ့ တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး ရမန်ဖြင့် ယခုအခါ အင်းစိန်ထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားကာ၊ ယခုလ ၁၈ ရက်နေ့တွင် တရားရုံးထုတ်မည်ဖြစ်ပြီး၊ ဒ်ါအောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဦီးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးလှမျိုးမြင့်က လိုက်ပါဆောင်ရွက်သွားမည်။ သတင်း မဇ္ဈိမသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်

An appeal to the UN Security Council

An appeal to the UN Security Council Call for the immediate and unconditional release of Daw Aung San Suu Kyi , U Tin Oo and all political prisoners in Burma now.

http://www.petitiononline.com/b3c5j1p8/petition.html

To: Member Nations of the United Nations Security Council


The Secretary-General of United Nations
His Excellency Ban Ki-Moon
Secretary-General of the United Nations
New York, New York 10017 .

Subject: An appeal to the UN Security Council Call for the immediate and unconditional release of Daw Aung San Suu Kyi , U Tin Oo and all political prisoners in Burma now !!!!

Dear Secretary General and Member Nations of the United Nations Security Council ,

We, the undersigned, are writing to respectfully urge you to put the situation in Burma on the formal agenda of the United Nations Security Council and to use your good offices to support the passage of a binding resolution requiring the restoration of democracy to Burma.
We warmly welcome the first United Nations Security Council briefing on Burma conducted by your office in December of 2005. However, the briefing was only a first step to bringing resolution to the current crisis in Burma. We believe the increasingly unstable situation in Burma represents a threat, not only to the people of Burma, but to international peace and security. As a result, the United Nations Security Council has an obligation to intervene.
There is great urgency in this request because the situation in Burma continues to deteriorate. As numerous reports make clear, Burma is ruled by one of the world's most brutal military juntas. Abuses being committed by the military regime include:
According to reports by BBC News, Monday, October 1, 2007 at least 4,000 or more monks have been arrested and questioned by government authorities in their recent crackdown on protests favoring democracy for the nation. It is reported that they are being held at the Government Technological Institute, the Kyaikkasan racing track and in a prison called Insein Prison. From these locations, they will be transported to prisons located in the extreme northern part of Burma. The monks have not been allowed to wear their robes and are in shackles, and some of them have been beaten. Many have also initiated a hunger strike, refusing to eat.
Although the Burmese government reports only 10 monks to have been killed, other reports from activists and media agencies say that the death toll is in the thousands.

1. The continuing detention of the world's only imprisoned Nobel Peace Prize recipient, Aung San Suu Kyi.
2. Imprisoning and torturing opponents, including more than 1,100 political prisoners, thirteen of whom are fellow members of Parliament.
3. Using rape as a weapon of war.
4. Forcibly recruiting up to 70,000 child soldiers, far more than any other army in the world.
5. Causing at least 700,000 refugees, with more to come, to flee across Burma's borders into neighboring countries.
6. The SPDC Army has forced over 500,000 villagers from their land. These people remain in Burma as internal refugees. They live and barely survive in the jungles and mountains of eastern Burma. Their only desire is to return home and live in peace.
7. Burning or otherwise destroying 2,700 villages.
8. Forcing humanitarian aid organizations such as Doctors without Borders (France) and the UN's Global Fund on HIV/AIDS, Malaria, and Tuberculosis, to leave Burma because the junta refuses to permit them to carry out their work.
9. Maintaining Burmafs status as the largest producer of illegal methamphetamines in Southeast Asia, causing devastation of individuals and families throughout the region.
10. Conducting a new military and brutal offensive against Burmafs ethnic Karen minority. The acts of aggression against the Karen include the shooting of unarmed civilians and children, burning villages, rape, torture, and mutilation.
Aung San Suu Kyi Refuses to Accept Food In a developing move, detained pro-democracy leader Aung San Suu Kyi refused to accept a food delivery to her home one week ago, according to the exiled National League for Democracy - Liberated Area. The exiled group released a statement on Monday saying that Suu Kyi has refused to accept food from members of her party for nine days.
Last week, Aung San Suu Kyi cancelled two scheduled meetings with United Nations Special Envoy Ibrahim Gambari during his visit to Rangoon. Observers said that Suu Kyi’s refusal to meet with the UN envoy showed her disappointment with his failed attempts to broker a solution to the country’s decades-old political standoff. Aung San Suu Kyi has been under house arrest for 13 of the past 19 years. During most of this time, her food has been supplied exclusively by her colleagues.

Daw Suu Kyi's the Nobel Peace Prize laureate on a hunger strike to protest the military-run government's refusal to hold talks on democratic reforms. Tuesday she has failed to retrieve food for nearly two weeks.
This resolution should:
(1) Require the government of Burma to work with the UN Secretary General in implementing a plan for national reconciliation.
(2) Request the UN Secretary General remain involved in the reconciliation process and require him to report back to the Council on a regular basis.
(3) Urge the Government of Burma to ensure the immediate, safe, and unhindered access to all parts of the country for the United Nations and international humanitarian organizations to provide humanitarian assistance to the most vulnerable groups of the population, including internally displaced people.
(4) Call for the immediate and unconditional release of Daw Aung San Suu Kyi U Tin Oo and all political prisoners in Burma.

Thank you for your attention to this most serious matter.





Sincerely,

The Undersigned

View Current Signatures

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)