Tuesday, March 31, 2009

.ဘန်ကောက်မြို့ မြန်မာစတိတ်ရှိုး မြန်မာ၄၀၀ခန့်ထိုင်းပုလိပ်ဖမ်း

ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ ဈေးကွင်းတွင်ယမန်နေ့ညကဖြေဖျော်သည့် မြန်မာနိုင်ငံမှ
နာမည်ကြီးတီးဝိုင်းဖြစ်သော သံမဏိကြက်ခြေ(Iron Cross)စတိတ်ရှိုးပွဲတွင် ထိုင်းလ၀ကမှလာရောက်ဖမ်းဆီးသဖြင့်ပွဲလာ
ကြည့်သောမြန်မာအလုပ်သမားအမြောက်အများဖမ်းဆီးခံရသည်။

ထိုင်မြန်မာချစ်ကြည်ရေးရံပုံငွေအဖြစ်ဖြေဖျော်သည့်အဆိုပါစတိတ်ရှိုးပွဲတွင် အိုင်စီအဖွဲ့မှ လေးဖြူ၊အငဲ၊မျိုးကြီး၊၀ိုင်ဝိုင်း၊ဆုသင်းပါရ်နှင့်ကြိုးကြာ စသည့်နာမည်ကြီးတေးဂီတပညာရှင်များပါ
ဝင်သောပွဲဖြစ်သဖြင့်ဘန်ဘော်နှင့်ဘန်ကောက်မှမြန်မာပရိတ်သတ်ထောင်ချီပြီးလာရောက်ကြသောပွဲဖြစ်သည်။

ဘန်ဘော်နယ်မြေ အင်ဂျီအိုဆေးခန်းတွင်စေတနာ့ဝန်ထမ်းအလုပ်လုပ်နေသော ကိုအောင်မြင့်သိန်းက
“လူလေးရာကျော်လောက်ဖမ်းသွားပါတယ် ကျနော့်ရှေ့ မှာကားကြီးလေးစီးတင်သွားပြီးနောက်
လည်းတစ်စီးလူပြည့်တော့မယ်။ဘယ်လိုပြောမလဲ လယ်ကတွတ်ပေါက်က ထွက်လာတဲ့ငါးကို
ပိုက်ထောင်ထားသလိုပဲ။စိတ်မကောင်းစရာတစ်ခုက အလုပ်သမားကောင်လေးတစ်ယောက်
အလုပ်လုပ်ကိုင်နေထိုင်ခွင့်ဘတ်လည်းပါတယ်၊အဲဒါ ထိုင်းလိုမပြောတတ်တော့ ပုလိပ်တစ်
ယောက်က ခြေထောက်နဲ့ကန်လိုက်တာ ကောင်လေးနားခေါင်းကသွေးတွေထွက်သွားတယ်၊
ပွဲပြီးရင်လည်းနောက်ဖမ်းအုံးမယ့်သဘောတွေ့ရပါတယ်''ဟုပြောသည်။
အဆိုပါစင်တင်တေးဂီတသီဆိုပွဲလက်မှတ်ကို ပွဲစီစဉ်သူများက လက်မှတ်တစ်စောင်လျှင်ဘတ်
ငွေ ၄၅၀ ဖြင့်ရောင်းချခဲ့သော်လည်း နိုင်ငံကျော် အဆိုတော်များလာရောက်ဖြေဖျော်သည့်ပွဲဖြစ်
သဖြင့် ဘန်ကောက်မြို့ အတွင်းရှိ မြန်မာအလုပ်သမားထောင်ချီးပြီးလာရောက်အားပေးကြသည်။
ပွဲစီစဉ်သူများက နယ်မြေရဲစခန်းနှင့် ညှိနှိုင်းထားသည်ဆိုသော်လည်း တောမုန်း ဟုခေါ်သော
ထိုင်းလ၀ကမှလာရောက်ဖမ်းဆီးသဖြင့် ပွဲကန်ထရိုက်များလည်းမည်သို့မှဖြေရှင်းမပေးနိုင်ပေ။
ပွဲကြည့်လာသူမြန်မာအလုပ်သမားတစ်ဦးက
“အိမ်ဖေါ်လုပ်တဲ့ကောင်မလေးတွေကို အချို့ သူဌေးတွေကားနဲ့ကိုယ်တိုင်လာပို့တာ၊ လမ်းထိပ် ရောက်တာနဲ့ကိုယ့်အိမ်ကအလုပ်သမားကိုပုလိပ်လက်ထဲအပ်ပြီးပြန်သွားရသလိုပဲ၊ကျနော်တို့
ပျော်ချင်လို့လာတာ ခုတော့ ပျော်ချင်တဲ့စိတ်တွေလည်းပျောက်သွားပြီး ကျနော်တို့ ဘ၀တွေဟာ တကယ့်ကျီးလန့်စားဘ၀တွေပါဗျာ၊ကိုယ့်တိုင်းပြည်ကအဆိုတော်တွေကိုလာအားပေးတာတောင်
ပျော်ပျော်ရွှင်ရွှင်မဖြစ်ရဘူး''ဟုပြောသည်။
ဘတ်မရှိသောသူများနှင့် ဘတ်ရှိသူများကိုပါရောနှောဖမ်းဆီးသွားပြီး အိုင်ဒီစီဟုခေါ်သောထိုင်နိုင်
ငံဗဟိုလူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ရောက်ရှိသွားသောမြန်မာအလုပ်သ မားများကို ထိုင်မြန်
မာနယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်မှာသေချာနေသည်။

သတင်း..........ဦးကျော်သောင်း(ဘန်ကောက်)http://jacbaburma.blogspot.com/

Sunday, March 29, 2009

မောင်စွမ်းရည်ရဲ့ ကြည်အောင်အမှတ်တရ

ဘားမားတူဒေးမှ ဖော်ပြပါသည်။

ဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရ သတင်းစာများတွင်ဖေါ်ပြ

မတ်လ ၂၆ ရက် ညနေ က ရန်ကုန်မြို့ မြောက်ဥက္ကလာ တည်းခိုခန်းတစ် ခုတွင် ဗုံးပေါက်ကွဲခဲ့မှုသည် ပြည်ပ အခြေစိုက် အဖွဲ့ အစည်းနှစ်ခု ဖြစ်သည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး(ABSDF) နှင့် Whole Burma United Revolutionary Front (WBURF)တို့ ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖေါ်ပြထားသည်။


ထိုနေ့ ကပေါက် ကွဲခဲ့ သော ဗုံးအမျိုးအစားသည် ချိန်ကိုက်ဗုံး အမျိုးအစားဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အသက် နှစ်ဆယ် အရွယ် ခန့် ရှိပြီး ထိုဗုံး ကို ဖေါက်ခွဲရန် အတွက် တပ်ဆင် နေစဉ်မှာပင် မတော် တဆ ဖြစ်ပြီး သေဆုံး သွားသည် ဟုဖေါ်ပြထားသည်။

သက်ဆိုင်ရာ တို့ ၏စစ်ဆေး ချက်အရ ထိုပေါက်ကွဲ မှုသည် ထိုင်း-မြန်မာ အခြေစိုက် အဖွဲ့ အစည်း နှစ်ခု၏ လက်ချက် ဖြစ်ကြောင်း နှင့် ထိုနေရာတစ် ၀ိုက် တွင် သိမ်းဆည်း ရမိသော ဒိုင်းနမိုက် ၊ဒီတို နေတာ နှင့် ဗုံးပြုလုပ်ရန် လိုအပ်သည့် ကိရိယာ များကိုလည်း သိမ်းဆည်း ရမိသည် ဟုဆိုသည်။

ထို အဖွဲ့ အစည်း နှစ်ခုသည် တိုင်းပြည် တည်ငြိမ် မှု နှင့် ပြည်သူများ အေးချမ်းသာယာမှု ကို ဖျက်ဆီးရန် ထိုသို့ ကြံစည်ကြောင်း စွပ်စွဲထားသည်။

ရန်ကုန် အခြေစိုက် ဒီမိုကရေစီ ရေးတက်ကြွသူ တစ်ဦး ကမူ “ပေါက်ကွဲ မှု ပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် စစ်အစိုးရက ပြည်တွင်း အတိုက် အခံကို ပဲ ဖြစ်ဖြစ် ပြည် ပ အတိုက် အခံကို ပဲ ဖြစ်ဖြစ် စွပ်ဆွဲ တာ ပြင်မရတဲ့ အကျင့် တစ်ခု ”လို ဖြစ်နေပြီဟု တုံ့ ပြန်သည်။

မတ် ၂၆ နေ့  ဗုံးပေါက်ကွဲ မှုသည် နောက် တစ်နေ့ တွင်ကျင်းပမည့် ၎င်းတို့ အခေါ် တပ်မတော်နေ့ ဟု ဆိုသည့် ဖက်ဆစ် တော်လှန်ရေးနေ့  ကို ကျင်းပရန် တစ်ရက် အလိုတွင် ဖြစ်သည်။

ဗုံးပေါက်ကွဲ မှုကြောင့် အမျိုးသမီး နှစ် ဦးဒဏ်ရာ ရရှိပြီး ဆယ်ငါး ဦးထက် မနည်း ကို ဖမ်းဆီး ထိန်းသိမ်း ထားသည်။

source : http://longwalktofreedom.wordpress.com/

Saturday, March 28, 2009

ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထုတ် လူ့အခွင့်အရေးသတင်းစဉ်

ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်

ရန်ကုန်သားတာတေ၊ဧရာဝတီ

“အေးစေ … သက်သာ … ဘယ်ကြည့် … ညာကြည့် …”

နေပြည်တော် စစ်ရေးပြကွင်းကြီးထဲမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။ ဤနေ့သည် မတ်လ ၂၇ ၇က်နေ့ ဖြစ်သောကြောင့် စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေပြည်တော်သို့ ဦးရုက္ခစိုး ရောက်ရှိနေခြင်းဖြစ်သည်။ စစ်ရေးပြ ကွင်းကြီးထဲတွင် လှံနှင့် ဓားများ ကိုင်ဆောင်ထားကြသော ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဧရာမ ရုပ်တုကြီးများက မတ်မတ်ရပ်နေကြသည်။ အားပါးတရ ချီတက် စစ်ရေးပြနေသော ရာထောင်ချီသည့် စစ်သား၊ ရဲ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များလည်း ရှိသည်။ ၎င်းတို့ကို ကြည့်ပြီး ဦးရုက္ခစိုး စိတ်ဓာတ် တက်ကြွလာသည်။
ထိုသို့ စိတ်ကြွနေစဉ် ဦးရုက္ခစိုး အနီးသို့ ကွမ်း တမြုံ့မြုံ့ ဝါးပြီး မျက်မှောင်ကုပ်ထားသည့် တပ်မတော်သားတဦး ရောက်လာသည်။

ရုက္ခစိုး။ ။ ဟေ့ … ရဲဘော်၊ နေကောင်းရဲ့လား၊ မျက်နှာလည်း မကောင်းဘူး။ စစ်ရေးပြတဲ့ထဲ မပါရလို့ မှိုင်နေတာလား။

ရဲဘော်။ ။ ဒီနေ့ နှစ်လုံးထီ မပေါက်ဘူးဗျ။ ဒါကြောင့် မှိုင်နေတာ။

ရုက္ခစိုး။ ။ ဒီနေ့ ထီမပေါက်ဘူး ဆိုတော့ မနေ့ကရော ပေါက်လို့လား။

ရဲဘော်။ ။ ဟဲဟဲ … ဒီလိုပဲပေါ့ ဦးလေးရာ။ ဦးလေးဆီမှာ နံပါတ်လေး ဘာလေး ရှိရင် ပေးပါဦး။

ရုက္ခစိုး။ ။ ရှိပါဘူးကွာ။ မင်းက … ဘယ်လို ဝတ်ထားတာလဲ၊ ဒီနေ့ တပ်မတော်နေ့လေကွာ။ ဒီနေ့မှာ တပ်မတော်သား တယောက်က ယူနီဖောင်းအသစ် ဝတ်သင့်တာပေါ့။ ခုတော့ …

ရဲဘော်။ ။ (အဖာအထေးများဖြင့် ပြည့်နေသော သူ၏ အင်္ကျီ နှင့် ဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီး) ဒါ … ကျနော့်ရဲ့ အသားနားဆုံး ယူနီဖောင်းဗျ။

ရုက္ခစိုး။ ။ ဘာလဲ … ယူနီဖောင်း အသစ်တွေက ထီထိုးဖို့ ရောင်းလိုက်ပြီပေါ့၊ ဟုတ်လား။

ရဲဘော်။ ။ ဘာယူနီဖောင်းအသစ်လဲ။ ကျနော်တို့မှာ ဘာမှ မရတာ ဘယ်လောက်ကြာပြီလဲ။

သူ့စကား မှားသွားသဖြင့် ဦးရုက္ခစိုးက ရဲဘော်လေးကို အားနာသွားသည်။ ထိုအခိုက် သူတို့အနားသို့ တပ်ကြပ် တဦး ရောက်လာသည်။ ရဲဘော်လေး၏ သူငယ်ချင်း ဖြစ်သည်။ တပ်ကြပ်၏ လက်ထဲတွင် ပုလင်းတလုံး၊ ခွက်တလုံး တွေ့ရသည်။

ရုက္ခစိုး။ ။ ဟာ … အာမီရမ် (Army Rum)တွေ ဘာတွေနဲ့ပါလားကွ။

ရဲဘော်။ ။ ဘာ အာမီရမ်လဲ၊ အာမီရမ်ကို ရာဇဝင်ထဲမှာ ထားခဲ့ပါ ဦးလေးရာ။ ဒီကောင် သောက်နေတာ ထန်းရည်တွေဗျ။ ကျနော်တို့ အာမီထဲမှာ အာမီရမ် မရတာ ကြာလှပြီ။

ရုက္ခစိုး။ ။ ဟာ … ဘယ်လိုဖြစ်တာလဲ မင်းတို့ဟာက။ ယူနီဖောင်းလည်းမရ၊ အာမီရမ်ဆိုရင်လည်း ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတော့မင်းတို့တပ်ထဲမှာ ပေါတာ ဘာရှိသေးလဲ။

တပ်ကြပ်။ ။ (ထန်းရည်ကို တကျိုက် သောက်လိုက်ပြီး) တပ်ထဲမှာ ပေါတာကတော့ အမိန့်တွေပေါ့ဗျာ။

ရဲဘော်။ ။ အမိန့်အကြောင်းတော့ ဒီကောင် ပိုသိတယ်။ ဒီကောင် ရှေ့တန်း သွားနေတုန်း နောက်တန်းက သူ့မိန်းမအတွက်တောင် အထက်က အမိန့် ရောက်လာတယ်၊ လုပ်အားပေး တဲ့။

ရဲဘော်လေးက ကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းသို့ ကွမ်းကို ပစ်ခနဲ ပစ်ခနဲ ထွေးထည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ကွမ်းယာ တရာကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့နှစ်ယောက်က သူငယ်ချင်း ဆိုပေမယ့် ရာထူးမတူကြပါလား။ မင်းက ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ စစ်တိုက်ခဲ့လို့ လက်မောင်းမှာ အရစ်တွေ ရသွားတာ ထင်တယ်။

တပ်ကြပ်။ ။ ဟီးဟီး … ဟုတ်ပါဘူးဗျာ။ တရစ်က ရှေ့တန်းမှာ မုဒိမ်းကျင့်လို့ ရခဲ့တာ။ နောက်တရစ်က ဘုန်းကြီး အရေးအခင်းတုန်းက ကျနော် “ရပ်ပစ်ရှစ်ပါး” လုပ်လိုက်လို့ ခေါင်းရိုက်ခွဲလိုက်လို့ ရတာလေ။ တပည့်တော် … အဲ … ကျနော်တို့က ဘုန်းကြီးတွေကို မရိုက်ချင် မပစ်ချင်ပါဘူး။ ပစ်ဆိုတော့လည်း ပစ်ရတာပေါ့။ အမိန့်က အမိန့်ပဲလေဗျာ။ နောက်တရစ်က ကျောင်းသားတွေကို ပစ်တုန်းက ရတာ။

ရုက္ခစိုး။ ။ အေး … မင်းတို့လိုကောင်တွေပဲ ရဲဘော်မသေ သေသော် ငရဲသွားပေါ့ကွာ။ ဒါကြောင့် မင်းတို့တပ်က ပြည်သူနဲ့ ဝေးပြီး ပြည်သူ့ချဉ်ဖတ်တပ် ဖြစ်နေတာကွ။

တပ်ကြပ်။ ။ မဝေးပါဘူးဗျာ။ ဒီကောင့်မိန်းမဆိုရင် လူထုနဲ့ နေ့စဉ်နေ့တိုင်း အရမ်း အရမ်းကို ရင်းရင်းနှီးနှီး ထိတွေ့ခွင့် ရနေတာ။

ရဲဘော်။ ။ ဟိတ်ကောင် … ငါ့လစာ တခုတည်းနဲ့မှ မစားလောက်လို့ သူ့ခမျာ ဖာဘဝ ရောက်ရတာပါကွာ။

ရုက္ခစိုး။ ။ ဟိုက် … ဗိုလ်ချုပ်အောင်ဆန်းပြောတာ မှန်လိုက်လေ။ ငါတို့နိုင်ငံလည်း အခုတော့ ဖာနိုင်ငံကြီး ဖြစ်နေပါပေါ့လား။ ကဲ … ကဲ … စကားကောင်းနေလိုက်ကြတာ တပ်ချုပ်ကြီး မိန့်ခွန်း ပြောတော့မယ်ဟေ့ နားထောင်ရအောင်။

စစ်ရေးပြကွင်းကြီးအတွင်းရှိ အလေးပြုခံသည့် စင်မြင့်ပေါ်တွင် တပ်ချုပ်ကြီးက စကားပြောရန် ပြင်ဆင်နေသည်။ မိုက်ကရိုဖုန်းကို လက်ဖြင့် သုံးလေးချက် လှမ်းတောက်လိုက်သည်။ ထို့နောက် မျက်မှန်ကို လက်ဖြင့် တချက် ပင့်တင်ကာ “အဟမ်း အဟမ်း” ဟု ချောင်းဟန့်ပြီး အသံစမ်းလိုက်ပြန်သည်။ ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ပြီးသကာလ တပ်ချုပ်ကြီး၏ တပ်မတော်နေ့ မိန့်ခွန်း စတင်လေသည်။

“ရဲဘော်တို့ … … ဒီနေ့ ဒီအချိန်မှာ ငါတို့ဟာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဖာနိုင်ငံကြီးကို တည်ဆောက်နေတာ ဖြစ်တယ် … …”

တပ်ချုပ်ကြီး၏ မိန့်ခွန်းအစပိုင်းမှာပင် ဦးရုက္ခစိုး၊ ရဲဘော်လေး၊ တပ်ကြပ်တို့ မျက်လုံး ပြူးသွားကြသည်။

တပ်ချုပ်ကြီး၏ မလှမ်းမကမ်းတွင် ရှိနေကြသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေပန်း၊ ဗိုလ်ချုပ်မြင့်ဆွေတို့က ခေါင်းဆောင်ကြီးများပီပီ အိနြေ္ဒ ဆည်ထားကြသော်လည်း အံကို တင်းတင်း ကြိတ်ထားလိုက်ကြသည်။

ဗိုလ်ချုပ်ရွှေပန်းက “ဒီဘဲနာကြီး ဘာတွေပြောနေပါလိမ့်။ င့ါကိုလည်း တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး ဆိုတဲ့ ရာထူးနဲ့ ချွေးသိပ်ထားတယ်။ ဒီရာထူးက မတက်တော့ဘူး။ ငါ့မိန်းမလည်း ဒီဘဲနာကြီးအိမ်မှာ ကြမ်းတိုက် အဝတ်လျှော်လုပ်ရတာ မောနေပြီ။ ဒီငနဲကြီးက တပ်ချုပ်ကြီး နေရာမှာ မရှိသင့်ဘူး။ တကယ်တော့ သူ့နေရာ ငါ ရသင့်နေပြီ။ ဒီမိန့်ခွန်းဟာ ငါပြောရမယ့် မိန့်ခွန်း” စသဖြင့် စိတ်ထဲမှ တကိုယ်တည်း ပြောဆိုနေသည်။

စင်ပေါ်တွင် တပ်ချုပ်ကြီးက မိန့်ခွန်း ဆက်လက် ချွေနေသည်။

“ရဲဘော်တို့ … ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ ချစ်ခင်၊ လေးစား၊ ကြည်ညို၊ ကိုးကွယ်မှုကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ရနေပါပြီ … …” ဟု တပ်ချုပ်ကြီးက ပြောသည်။ ပြောရင်းနှင့် အင်္ကျီ လက်မောင်း နှစ်ဘက်ကို ပင့်တင်လိုက်သည်။ (နေပူထဲတွင် တန်းစီနေသော ရဲဘော်များထံမှ လှောင်ပြောင်သံများကို စတင် ကြားနေရသည်။)

ရုက္ခစိုး။ ။ သူပြောနေတာတွေ မှန်ရဲ့လားကွ။

ရဲဘော်။ ။ (ကွမ်းတံတွေးကို ပစ်ခနဲ ထွေးလိုက်ရင်း) ပေါက်ကရတွေပါဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်နေဝင်း ခေတ်ကဆိုရင် ဖြစ်နိုင်သေးတယ်။ အဲဒီတုန်းကတော့ တပ်မတော်သားဆိုရင် ပြည်သူတွေက ပန်းကုံးစွပ်ပြီး ကြိုဆိုခဲ့ကြတာဗျ။

တပ်ကြပ်။ ။ အေး … ခုတော့ ပြည်သူတွေက တို့ကို ချေးထုပ် (ချီးထုပ်)နဲ့ ပေါက်ချင်နေကြတာ။

တပ်ချုပ်ကြီးက လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ကားလိုက်ပြီး “ရဲဘော်တို့ … ခေတ်မီတဲ့၊ ကြီးမားတဲ့ အဆောက်အဦးကြီးတွေ၊ တံတားကြီးတွေ၊ ဆည်ကြီးတွေဟာ နိုင်ငံတဝန်းလုံးမှာ တွေ့နေရပြီ … …” ဟု ပြောပြန်သည်။

ရဲဘော်။ ။ ဆောက်စရာ တခု ကျန်သေးတယ်။ တွင်းတူးပြီး သူတို့ကိုယ်သူတို့ မြှုပ်ရမှာ။

စစ်ရေးပြ စစ်ကြောင်းများတွင် ရှိသော စစ်သည် ရဲဘော်များလည်း သိသိသာသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တယောက်နှင့် တယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

တပ်ကြပ်။ ။ အဆောက်အဦးကြီးတွေကတော့ ဆောက်တယ်ဗျ။ အရာရှိကြီးတွေက အိမ် တလုံးပြီးတလုံး ဆောက်နေတာကို ပြောတာ ဖြစ်မယ်။

ရုက္ခစိုး။ ။ အေး … နန်းတော်ကြီးတွေ ဆောက်နေတယ်လို့ ကြားတာပဲ၊ ပထမ ရန်ကုန်မှာ ဆောက်တယ်၊ နောက်တော့ နေပြည်တော်မှာ အကြီးအကျယ် ဆောက်တယ်၊ အဲဒီကမှ မေမြို့မှာ ထပ်ဆောက်တယ်။ အခုနောက်ဆုံး မန္တလေး နန်းတွင်းထဲမှာ ဆောက်မယ်လို့ ဆိုတယ်။

ရဲဘော်။ ။ နန်းတွင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိတယ်လေ။ တပ်တွေက ဘယ်မှာ သွားနေရမှာလဲ။

တပ်ကြပ်။ ။ မန္တလေးတောင်ခြေက ဇရပ်တွေမှာ သွားနေပေါ့ကွာ။

ထိုအချိန်တွင် တပ်ချုပ်ကြီးက လက်သီး လက်မောင်း တန်းပြီး မိန့်ခွန်း အဆက်မပြတ် ပြောလျက်ပင် ရှိသေးသည်။

“ရဲဘော်တို့ … ငါတို့ တပ်မတော်ဟာ အနာဂတ် နိုင်ငံတော် အနာ ဂတ် … ဂတ် … ဂတ် … ဂတ် … ”

မိန့်ခွန်းက တဂတ်ဂတ်နှင့် ရပ်သွားသည်။ တပ်ချုပ်ကြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ စကားပြောစင်မြင့်ပေါ်မှ ခုံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မျက်လုံးနှစ်ဘက်လည်း ပြူးထွက်နေသည်။

မလှမ်းမကမ်းတွင် ရှိသော တပ်မတော်ခေါင်းဆောင်များထဲမှ ဗိုလ်ချုပ်ရွှေပန်းက ဦးစွာ မတ်တပ်ရပ်လိုက်ပြီး တပ်ချုပ်ကြီးဆီသို့ ပြေးသွားကာ မိုက်ကရိုဖုန်းကို လုယူရန် ကြိုးစားလိုက်သည်။

ဗိုလ်ချုပ်မောင်အေးက ရှောင်လင် တရုတ်သိုင်းကားထဲတွင် တွေ့ရတတ်သော လေကဲ့သို့ လျှင်မြန်ခြင်းမျိုးဖြင့် နောက်မှ ပြေးလိုက်ကာ ဗိုလ်ချုပ်ရွှေပန်း၏ အင်္ကျီကော်လာကို လှမ်းဆွဲပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။ “ငါအရင်ဦးတာကွ၊ ဘာရမလဲ…” ဟု ဆိုသည်။ ထို့နောက် မိုက်ကရိုဖုန်းကို ကိုင်ကာ အောင်မြင်သည့် လေသံကြီးဖြင့် ပြောဆိုလိုက်လေသည်။

“ရဲဘော်တို့ … အခုအချိန်က စတင်ပြီး အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်”

သို့သော် ဗိုလ်ချုပ်မောင်အေးသည်လည်း စကားဆုံးအောင် မပြောလိုက်နိုင်ပေ။ ဗိုလ်ချုပ်မြင့်ဆွေ ထလာပြီး ဝါယာကြိုးကို လှမ်းဆွဲလိုက်သဖြင့် မိုက်ကရိုဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ “ငါ့ဦးလေး တပ်ချုပ်ကြီးကို မထိနဲ့ကွ” ဟု အော်ပြောလိုက်သည်။

ဗိုလ်ချုပ်သိန်းစိန်က စင်ပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဘေးတွင် ရှိနေသော ရှစ်လုံးထိုး ဗိုလ်ချုပ်တင်အောင်မြင့်ဦးက ခြေထိုးလိုက်သဖြင့် ဗိုလ်ချုပ်သိန်းစိန် ဒလိမ့်ခေါက်ကွေး လဲကျသွားကာ သူ၏ pace maker ခေါ် နှလုံးခုန်စက် ပြုတ်ကျသွားပြီး အသက်ရှူ ရပ်သွားသည်။

စကားပြောစင်ပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဗိုလ်ချုပ်များဖြင့် ရှုပ်ထွေးနေသည်။ အချင်းချင်း ဆဲသံ အော်သံများလည်း မိုက်ကရိုဖုန်းမှတဆင့် ဆူညံစွာ ထွက်ပေါ်လာသည်။

“ငါ … … သား ”

“မအေ … … ”

“ခွေး … …” (မိမိ အဆင်ပြေသလို ဖြည့်စွက် ဖတ်ရှုကြပါရန်)

“တပ်ထိန်းခေါ်ဟေ့ … ၊ တပ်ထိန်းခေါ်ဟေ့ …” ဟု အရာရှိတယောက်က လှမ်းအော်လိုက်သည်။

ဦးရုက္ခစိုးနှင့် စကားပြောနေသော ရဲဘော်လေးက လက်ထဲတွင် ရှိသော ကွမ်းတံတွေးထုပ်ကို စင်ပေါ်သို့ ပစ် ပေါက်လိုက်သည်။ ထို့နောက် တပ်ကြပ်၏ လက်ထဲမှ ထန်းရည်ပုလင်းကို ခပ်သွက်သွက် လှမ်းဆွဲယူကာ စင်ပေါ်သို့ လှမ်းပစ်လိုက်ပြန်သည်။ တပ်ကြပ်ကလည်း ၎င်း၏ လက်ထဲတွင် ကျန်ရှိသော ထန်းရည်ခွက်ကို ရုန်းရင်း ဆန်ခတ် ဖြစ်နေသော စင်ပေါ်သို့ ဝှီးခနဲ လှမ်းပစ်လိုက်သည်။ ခွက်က တပ်ချုပ်ကြီး၏ နဖူးကို ထိမှန်သွားရာ တပ်ချုပ်ကြီးမှာ တွန့်လိမ်ပြီး လဲကျသွားသည်။

စစ်ရေးပြ ရဲဘော်များကလည်း စစ်ဖိနပ်များကို ချွတ်ပြီး ဗိုလ်ချုပ်များ ရှိရာသို့ လှမ်း၍ တခဲနက်၊ တပျော်တပါး ပစ်ပေါက်ကြ တော့သည်။ “ဘီလူးတွေကို တောထုတ်ကြဟေ့ … ၊ ဘုန်းကြီးတွေကို သတ်တဲ့ ဗာလနံ လူမိုက်တွေကို မောင်းထုတ်ကြဟေ့ …” ဟု အော်ဟစ်ကြသည်။

ဤသို့ဖြင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ အခမ်းအနားမှာ ရုန်းရင်းဆန်ခတ်ဖြင့် ပြီးဆုံးသွားလေသတည်း။ ။

Thursday, March 26, 2009

“ဂါရ၀တရားလေးတော့ထားပေးပါ”

“ဂါရ၀တရားလေးတော့ထားပေးပါ” “ငါ့တူရယ်နေကာမျက်မှန်ကြီးမတပ်ပေးချင်လဲနေပါ အဘတို့အိပ်တဲ့အိပ်ယာလေးပေါ်တော့ ဖိနပ်ကြီးနဲ့ မတက်ပါနဲ့လားကွယ်”

မရှင်းလင်းသောသူများနှင့် သေချာလေ့လာလိုသူများ
(20.3.2009)ရက်နေ့ထုတ် “မြန်မာ့အလင်းသတင်းစာ” စာမျက်နှာ (၅)နှင့်
“ကြေးမုံသတင်းစာ”စာမျက်နှာ(၄)တို့တွင်အထင်အရှား
လေ့လာကြည့်ရှုနိုင်ပါသည်။
မျက်စိခွဲထားသူလူနာအဘိုးအိုများအား
ရုပ်ပြသဘောနေကာမျက်မှန်များတပ်ပေးနေစဉ်
အဘိုးအိုများ၏ အိပ်စက်လဲလျောင်းရန် ခင်းကျင်းထားသော
စောင်များပေါ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းမှ
ယဉ်ကျေးမှုကင်းမဲ့စွာဖြင့် သူ၏ရှုးဖိနပ်ကို မချွတ်ဘဲ တက်နင်းထားသည်ကို တွေ့မြင်နိုင်ကြပါသည်။

Wednesday, March 25, 2009

အမျိုးသမီးများ အပေါ် စော်ကား မော်ကား ပြုလုပ်သော စစ်သား နှစ်ဦးကို ရဟန်းတော်များက ကြိုးနှင့် တုတ်ပြီး ဆုံးမ

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဒေသခံ ခမီးအမျိုးသမီးနှစ်ဦး အပေါ် စော်ကား မော်ကား ပြုမူ ဆက်ဆံခဲ့သော နအဖ စစ်သား (၂) ဦးကို ရဟန်းတော်များက လက်ကို ကြိုးနှင့် တုတ်ပြီး ဆုံးမခဲ့ကြသည်ဟု ရဟန်းတော် တပါးက ပြောသည်။

“ ဦးဇင်းတို့က စစ်သားဘဲ ဖြစ်ဖြစ် ဘယ်သူဘဲ ဖြစ်ဖြစ် မတရား လုပ်တာကို မကြိုက်ဘူး။ သူတို့က အရက်မူးပြီး အလှူပွဲမှာ ခုလို ခမီးအမျိုးသမီးငယ် နှစ်ဦးကို ဆွဲလား ရမ်းလား လုပ်တော့ ဦးဇင်းတို့လည်း မခံချင်တာနဲ့ နှစ်ဦးစလုံးကို ဖမ်းချုပ်ပြီး လက်တွေကို ကြိုးနဲ့ တုတ်ပြီး ရိုက်နှက် ဆုံးမလိုက်ရတယ်။ တညဉ့်တိတိ ဘုန်းတော်ကြီးကျောင်းမှာ ချည်နှောင်ထားလိုက်ပြီး နောက်တနေ့ကျမှ ဆရာတော် တပါးက အသနားခံတဲ့အတွက် သူတို့နှစ်ဦးကို လွှတ်ပေးလိုက်တယ်။” ဟု ပြောသည်။

ခမရ ၂၈၉ မှ စစ်သားနှစ်ဦးမှာ အရပ်ဝတ်နှင့် များမကြာမှီက ရွှေပြည်သိမ် ဓမ္မာရုံရေစက်ချပွဲသို့ ရောက်ရှိလာပြီး အရက်သောက်စားပြီး ခမီးအမျိုးသမီးငယ်နှစ်ဦးအား လူမူရေးအရ စော်ကားမူများ ပြုလုပ်ခဲ့သည်။

အဆိုပါ ရေစက်ချပွဲတော်သို့ ရောက်ရှိလာသော ရဟန်းတော်များမှ စစ်သားများအား အမျိုးသမီးများကို စော်ကားမူများ မပြုလုပ်ရန် တားမြစ်ခဲ့သော်လည်း မရရှိသည့် အပြင် ရဟန်းတော်များကိုပါ စော်ကားလာသဖြင့် နောက်ဆုံးတွင် ၀ိုင်းဝန်းရိုက်နက်ပြီး တညဥ့်လုံး ချုပ်နှောင်ထားခဲ့ရသည်။

“ သူတို့ဘက်က လွန်နေတဲ့အတွက် အထက် စစ်တပ် အရာရှိတွေကလည်း ဦးဇင်းတွေကို ဘာမှ မပြောရဲဘူး။ လာပြောရင်လည်း ပြဿနာ ဆက်တက်မှာကို သိတော့ သူတို့လူကိုဘဲ သူတို့ ဆုံးမတယ်လို့ သိရပါတယ်။ ဒေသခံ လူထုတွေက ဦးဇင်းတွေရဲ့ လုပ်ရပ်အပေါ် ၀မ်းသာနေကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ် အပါအ၀င် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် နေထိုင်သော တောင်ပေါ်တိုင်းရင်းသားများ အပေါ် နအဖ စစ်တပ်မှ မကြာခဏ ယခုကဲ့သို့ နိုင်ထက် စီးနှင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=1745

လူမှား နေရာမှား



Sunday, March 22, 2009

ဒေါ်ကြည်ဉီး၏ ဈာပန ပရိသတ်တသောင်းခန့် ပို့ဆောင်

ဓာတ်ပုံ။ ။ မိုးမခ
နိုင်ငံတော်လူရွှင်တော် ဇာဂနာရဲ့မိခင် သခင်မကြီး ဒေါ်လှကြည်(စာရေးဆရာမ ကြည်ဉီး)ရဲ့ဈာပနကို ဒီနေ့မွန်းလွဲ ရေဝေးသုသာန်မှာ ဆောင်ရွက်ရာမှာ လူပေါင်းတသောင်းလောက် တက်ရောက်တယ်လို့ မိသားစုက ပြောပါတယ်။ ဆရာမကြီးရဲ့ ဈာပနကို ရုပ်ရှင်မင်းသားကျော်သူ ဉီးဆောင်တဲ့ နာရေးကူညီမှုအသင်းက တာဝန်ယူပြီး နေအိမ်အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်းခွေပို့ဆောင် ဂါရဝပြု တယ်လို့ ဒေါ်ကြည်ဉီးရဲ့ခင်ပွန်း စာရေးဆရာနန်းညွန့်ဆွေက ပြောပြပါတယ်။

“ဒီကနေ့ပဲ သင်္ဂြိုဟ်လို့ပြီးပြီ ရေဝေးသုသာန်ပို့ဆောင်ခဲ့တယ် ဒီနေ့အခုပဲပြန်ရောက်တယ် ၁၂ နာရီကိုသွားတယ်ဆိုတော့ နေကလည်းပူလိုက်တာ ရေဝေးသုသာန်ကလည်းဝေးလိုက်တာ အဲ့ဒီမှာတော့ ပန်းဖလက်တွေဘာတွေညာတွေ ဟိုကဒီကပို့ကြတာတွေလည်း အသုဘတခုလုံး လှလှပပနဲ့ ခမ်းခမ်းနားနားနဲ့အောင်မြင်သွားတယ်။” ဒီဈာပနကို စာပေ၊ ရုပ်ရှင်၊ အနုပညာနဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေနဲ့ လေးစားချစ်ခင်သူတွေ လာရောက် ပို့ဆောင်ပါတယ်။
သားငယ် မောင်သူရ(ဇာဂနာ)ကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ကတည်းက ကျန်းမာရေးပိုဆိုးလာတဲ့ ဒေါ်ကြည်ဉီးကို ဒီလဆန်း ၆ ရက်မှာ ရန်ကုန် ဗဟိုစည်အထူးကုဆေးခန်းကို ပို့ဆောင်ကုသပါတယ်။ ဒီလ ၁၄ ရက်မှာ နေအိမ်ကို ပြန်ခေါ်လာပြီး ၂၀ ရက် ည ၈ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်ပါတယ်။ မြန်မာ့ရိုးရာစကားထာများ အပါအဝင် စာအုပ်တော်တော်များများ ရေးသားခဲ့တဲ့ ဒေါ်ကြည်ဉီး ကွယ်လွန်သွားတာဟာ အစားထိုးမရတဲ့ဆုံရူံးမှုပဲလို့ စာရေးဆရာ မောင်မိုးသူက ပြောပါတယ်။ “ဆရာမကြီးဟာ စာပေရော နိုင်ငံရေးရော အနုပညာရော အများကြီး ရဲရဲတောက် ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီး။ သူတို့၊ လူထုဒေါ်အမာတို့လို နိုင်ငံရေးရော၊ စာပေရော ခေါင်းဆောင်မှုပေးခဲ့တဲ့အတွက် ကျနော်တို့ ဒီကနေ့အမျိုးသမီးတွေက ဗမာပြည် နိုင်ငံရေးနယ်ပယ် စာပေနယ်မှာ ထူးချွန်ထက်မြက်တဲ့ အားကျစိတ်တွေ ပေါ်လာတယ် ကျနော်က အဲဒီလိုခံယူထားတယ်။ “ဒေါ်ကြည်ဉီးက အနုပညာနဲ့ပတ်သက်လို့၊ ပြီးတော့ ရသဖွဲ့စည်းမှုပါ ရေးနိုင်တာကိုး။ သမိုင်းကြောင်း ဆိုင်ရာများလည်း အင်မတန်မှတ်မိ ၊ အင်မတန်သိတဲ့ အမျိုးသမီးကြီးဗျ။ သူအများကြီးမှတ်မိတယ်၊ အများကြီး သိတယ်၊ အများကြီးတင်ပြနိုင်တယ်။ အဲ့ဒါကြောင့် သူဟာ ထူးချွန်တဲ့၊ ထက်မြက်တဲ့ ဆရာရေးဆရာမ ဖြစ်နေတယ်။ ကျနော်တို့ အသိအမှတ်ပြုရတာပေါ့။ တချိန်တည်းမှာလည်း နိုင်ငံရေးနဲ့ပတ်သက်ရင် အင်မတန် ခိုင်မာတယ်၊ ပြတ်သားတယ်။ ပိုပြီးတော့ အံ့သြစရာကောင်းတာက သားလုပ်တဲ့လူက တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်တဲ့အခါမှာ အမေလုပ်တဲ့ ဒေါ်ကြည်ဉီးဟာ သားအတွက်ဂုဏ်ယူပြီးသကာလ သားကို ထောက်ခံ အားပေးတဲ့လူ တလျှောက်လုံးလုပ်ခဲ့တာ။ ဒေါ်ကြည်ဉီးဟာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။” ဒေါ်ကြည်ဉီးရဲ့ ရက်လည်ဆွမ်းသွတ်ကို လာမယ့် ၂၆ ရက်၊ ကြာသပတေးနေ့မှာ ဆောင်ရွက်မှာပါ။(dvb)

Free Burma Federation စာစောင်

Saturday, March 21, 2009

ဇာဂနာ့ မိခင် သခင်မကြီး ဒေါ်ကြည်ဦး ကွယ်လွန်

မောင်သူရ(ဇာဂနာ)၏ မိခင်ကြီး ဒေါ်ကြည်ဦး အသက်၈၃နှစ် ကွယ်လွန်သွားသည့် အတွက် မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲမိပါကြောင်း။ ။

ဒေါင်းမာန်ဟုန်


ဓာတ်ပုံများကို မျိုးချစ်မြန်မာဘလောက်မှရယူပါသည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။

ဇာဂနာ့ မိခင် ဒေါ်ကြည်ဦးသည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။

”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။

ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။

ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။

ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။

နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။

ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။

Friday, March 20, 2009

ဂျပုအက

စားသောက်ဆိုင်တခု မှာ မူးပြီး ကာရာအိုကေ ဆို လိုက်က လိုက်လုပ်နေတဲ့ကျော်ဆန်းပုံ

Saturday, March 14, 2009

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှု စတင်


၂၁ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာပြည်တွင်း အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလိုက်သဘောတူလက်မှတ်စုဆောင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(Mr. Ban Ki-moon) ထံ ပေးပို့တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံအခြေစိုက်AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နဲ့FDB ခေါ်
မြန်မာ့ဒီမိုကရေစီအင်အားစုတို့က ဒီနေ့ စတင်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
မေလ ၂၄ ရက်မတိုင်ခင် လက်မှတ်ပေါင်း ၈၈၈,၈၈၈ စုဆောင်းဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ရမယ့်နေ့လည်း ဖြစ်ပါတယ်၊
ဒီနေရာမှာhttp://www.fbppn.net/?page_id=5
signထိုးပေးကြပါ။

လက်ဖက်တံဆိပ် အများစုကို စားသုံးရန်မသင့်ဟု ကြေညာ

ကြည်ဝေ

ဈေးကွက် အတွင်းရှိ လက်ဖက်များတွင် ကျန်းမာရေး ဦးစီးဌာနက အစားအသောက်ထဲ၌ ထည့်သွင်း သုံးစွဲရန် ခွင့်မပြုသော အ၀ါရောင် ဆိုးဆေး (Auramine O) များ ပါဝင်နေသည် ဟု မတ်လ ၁၂ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ် စသည့်နိုင်ငံကျော် လက်ဖက် လုပ်ငန်းကြီးများ အပါအဝင် အမှတ်တံဆိပ် ၄၃ မျိုးက ထုတ်လုပ်သော လက်ဖက်အသား၊ လက်ဖက်ဆီနှပ်၊ ချင်းချဉ်စပ်နှင့် အကြော်စုံများတွင် အ၀ါရောင် ဆိုးဆေးများ ပါဝင်နေသည်ဟု သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ လက်ဖက်များတွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသည့် ဓာတုပစ္စည်း Auramine O ပါဝင်နေသည့် အတွက် စားသုံးသူများကို လတ်တလော အဆိပ် အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းစာထဲတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် အစားအသောက် ပစ္စည်း ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် အဆိုပါ အမှတ်တံဆိပ် များမှ တချို့ကို ရောင်းချနေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။

“သတင်းစာထဲမှာလည်း မစားသုံးသင့်ဘူးလို့ပဲ ပါတာ၊ တားမြစ်တယ်လို့ မပါတော့ ဒီလိုပဲ ရောင်းတဲ့ ဆိုင်တွေကလည်း ဆက်ရောင်းနေကြတာပဲ၊ မသိတဲ့သူတွေကလည်း ၀ယ်စားနေကြတုန်းပဲ” ဟု ရန်ကုန် ဘိုကလေးဈေးအနီးမှ အိမ်ရှင်မတဦးက ပြောသည်။

ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေသော အမှတ်တံဆိပ်များကို တားမြစ်သင့်ကြောင်း၊ အစိုးရအနေနှင့် သတင်းထုတ်ပြန်သော်လည်း ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း ရန်ကုန်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။

“တချို့ဈေးသည်တွေက သတင်းစာထဲမှာ ပါလို့ ပါမှန်းတောင်မသိဘူး။ မသိလို့ ရောင်းနေတဲ့သူနဲ့ သိသိကြီးနဲ့ ဆက်ရောင်းနေတဲ့ သူတွေရှိနေတော့ သေချာလိုက်စစ်ဖို့ ကောင်းတယ်” ဟု သူက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အစားအသောက်လုပ်ငန်း အပါအ၀င်၊ တခြား လူသုံးကုန်နှင့်အထွေထွေ ကုန်ထုတ်လုပ်မှု လုပ်ငန်း ထုတ်လုပ်သူများမှ ၀ယ်ယူရောင်းချသူများနှင့် သုံးစွဲသူများအား အကြောင်း တစုံတခုခုကြောင့် ထိခိုက်နစ်နာမှုရှိပါက လျော်ကြေးပေးသော အလေ့ မရှိသောကြောင့် လည်းကောင်း၊ အဆိုပါ ဆိုးဆေးပါ လက်ဖက်များကို ၀ယ်ယူထားမိသော ဆိုင်များ အနေနှင့် ငွေဆုံးရှုံးမည် စိုးသောကြောင့် လည်းကောင်း ဆက်လက် ရောင်းချ နေကြခြင်းဖြစ်နိုင်ပြီး စားသုံးသူများသည်လည်း သတင်းအချက်အလက်နှင့် ပတ်သက်၍ အားနည်းသောကြောင့် လုပ်ငန်းရှင်များမှာ အခွင့်ကောင်း ယူနေကြခြင်း ဖြစ်ကြောင်း အဆိုပါအယ်ဒီတာက သုံးသပ်သည်။

လက်ဖက်သည် မြန်မာလူမျိုးတို့အတွက် အရေးပါသော အစားအစာ တမျိုးဖြစ်ပြီး ဘုရားပွဲ၊ သာသနာပွဲများ တည်ရာတွင်လည်းကောင်း၊ မင်္ဂလာဆောင်များ၊ လူမှုရေးပွဲများ စသည့် ပွဲလမ်းသဘင်များနှင့် သာရေးနာရေး ကိစ္စများတွင် လက်ဖက်အုပ်နှင့် လက်ဖက်ပွဲမှာ မပါမဖြစ်ပါလေ့ရှိသည်။

ထို့ပြင် တချို့မိသားစုများအတွက် လက်ဖက်သည် ဟင်းရံအဖြစ် အရေးပါသော အစားအစာ တခုဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစု ၇၀ ရာခိုင်နှုန်းမှာ လက်ဖက် ၀ယ်ယူ စားသုံးသူများ ဖြစ်ကြောင်း ဈေးကွက်ဆိုင်ရာ အချက်အလက်များကို ၀န်ဆောင်မှု ပေးနေသည့် လုပ်ငန်းတခုက စစ်တမ်း ကောက်ယူထားသည်။

လက်ဖက်များတွင် အဆိုပါ Auramine O ဆိုးဆေးများကို ထည့်သွင်းခြင်းအားဖြင့် အရောင် ပိုလှလာသည့်အတွက် သုံးစွဲကြခြင်းဖြစ်ပြီး လက်ဖက်ထုတ်လုပ်ရေး လုပ်ငန်း အားလုံး သုံးစွဲ နေကြခြင်းဖြစ်ကြောင်း လက်ဖက် စီးပွားရေး လုပ်ငန်းတခုက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ထုတ်လုပ်ရောင်းချရေး လုပ်ငန်းအဖြစ် တရားဝင် မှတ်ပုံတင် ထားသော လုပ်ငန်းများနှင့် တရားမ၀င်ထုတ်လုပ်နေသော လုပ်ငန်းပေါင်း ၁၀၀ ၀န်းကျင် ခန့်ရှိကြောင်း သိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် စားသုံးရန်မသင့် ဟု ကြေညာထားသော လက်ဖက်တံဆိပ်များမှာ အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ်၊ အောင့်ပွင့်ဖူး၊ ရွှေပြည်တန်၊ ရွှေပြည်စံ၊ လမင်း၊ ၀င်း၊ ငွေတောင်တန်း၊ ချစ်မမ၊ ရွှေညီနောင်၊ အောင်ဆင်မင်း၊ပလောင်ပျို၊ အောင်သပြေ၊ ထိပ်တန်းအောင်၊ နေလ၊ မရွှေယု၊ စိန်ဝေလျှံ၊ မြင့်မိုရ်၊ စမ်းမင်း၊ သုခိတာ၊ ရွှေနတ်သား၊ ငြိမ်းငြိမ်း၊ ရွှေခြင်္သေ့၊ ပဒေသာ၊ မျိုး၊ မတင်ပိုင်၊ မြသီတာ၊ သီဟစိုး၊ ကျော်ကျော်မှီ၊ သိန်းတစ်ရာ၊ ရည်မွန်၊ ဖိုးလမင်း၊ ဗေဒါရွှေကြာ၊ ရွှေရီမွန်၊ ဓနဝေ၊ ရွှေကြိုးကြာငွေကြိုးကြာ၊ ရွှေအိုးကြီး၊ ၀င့်ဝါဦး၊ သိန်းသန်း၊ ပလောင်လေး၊ ပုလဲရတနာ နှင့် မွမွလေး တို့ဖြစ်သည်။

Friday, March 13, 2009

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ထောင်ဒဏ်ချမှတ်

Wednesday, 11 March 2009 19:19 ဖြိုးကြီး
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ယနေ့ နေ့လည်ပိုင်းတွင် ထောင်ဒဏ် (၁၇) နှစ် ချမှတ်လိုက်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ (၃၃/က) တို့ဖြင့် အင်းစိန်ထောင်တွင်း၌ပင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။
“သူ့ကို အမိန့်ချတာ အပြည့်အစုံကတော့ မနက်ဖြန် တရားရုံးမိတ္တူသွားယူမှပဲ သိရမယ်၊ အခုသိရတာတောင် အဝမှာ စောင့်နေပြီး သွားမေးမှသိရတာ၊ အထဲကို ဝင်ခွင့်မရဘူး၊ ထောင် (၁၇) နှစ်ချလိုက်တယ်ဆိုတာပဲ သိရ တယ်၊ ထောင်ပြောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။
ကိုမင်းသိန်းထွန်းသည် ၂၀၀၅ ခုနှစ်တွင် မလေးရှားသို့အလုပ်လုပ်ရန် တရားဝင် ထွက်သွားပြီးနောက် မိဘများနှင့် အဆက်အသွယ်မရှိတော့ဘဲ ပြီးခဲ့သည့်နှစ် (၇) ပိုင်း (၁၁) ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အာဏာပိုင်များက အောင်သပြေ စစ်ကြောရေးစခန်းတွင် ရောက်ရှိနေကြောင်း လာရောက် ပြောဆိုမှ သိရပြီး ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်က ၂၀၀၅ မှာ မလေးရှားကို လွှတ်လိုက်တာ၊ မလေးမှာ အဆင်မပြေတော့ဘူးဆိုပြီး စာအုပ်တွေ အဝတ်အိတ်တွေကို လူကြုံနဲ့ ပြန်ပို့လိုက်တယ်၊ အဲနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်၊ အဲလိုနဲ့ သုံးနှစ်ပြည့်တော့မှ အာဏာပိုင်တွေ ရောက်လာပြီး ဒီကလေးဘယ်သွားလဲဆိုပြီး လာမေးတယ်၊ အဲဒါနဲ့ ကျနော်လဲ တရားဝင်သွားတာဆိုတော့ ပတ်စ်ပို့မိတ္တူတွေ ထုတ်ပြလိုက်တာပေါ့၊ သူတို့က မြဝတီကအဝင်မှာ တိုင်တဲ့သူရှိလို့ ဖမ်းထားလိုက်တာလို့ ပြောတယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အချက်အလက်များကို သီဟအမည်ဖြင့် ဘလော့ ပေါ်တွင် သတင်းအချက်အလက်များ တင်ထားကြောင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟသည် ဒဂုံတက္ကသိုလ်မှ ဇူးလ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး ရေလုပ်ငန်းဦးစီးဌာနတွင် ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် မိဘမဲ့ကလေးများကို အခမဲ့ စာသင်ပေးခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ဖခင်ဖြစ်သူကိုယ်တိုင်က ကွန်ပြူတာနှင့် အင်္ဂလိပ်စာအခြေခံများကို သင်တန်းများတတ်ခိုင်း၍ မလေးရှားသို့ တရား ဝင် အလုပ်လုပ်ရန် ပို့ပေးခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ကိုမင်းသိန်းထွန်းအား ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖခင်ဖြစ် သူက “ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ နဂိုကတည်းက ပညာတတ်ဖို့ အဓိက၊ အိုင်တီပညာဆိုတာ လူတိုင်းဟာ တချိန်မှာ လူမှုရေးကို လုပ်ရမယ်၊ အဲဒါကိုတတ်လို့ နာဂစ်မှာ လုပ်တာမှန်ရင် လွတ်လပ်စွာ ပညာသင်ခွင့်ကို ပိတ် ပင်တယ်လို့ပဲ ထင်တယ်၊ ပြန်လည်အသုံးချခွင့် မရှိဘူးဆိုရင် နစ်နာတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ယခုလက်ရှိ ကိုမင်းသိန်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ထောင်ဝင်စာ တပတ်တကြိမ် ပုံမှန်တွေ့ခွင့်ရကာ ၎င်းအနေဖြင့် ထောင်တွင်း၌ဖတ်ရန် စာအုပ်များ သာမှာကြား ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

Thursday, March 12, 2009

ဗမာနိုင်ငံလုံးဆိုင်ရာပူးပေါင်းတော်လှန်ရေးအင်အားစုမှ ပြည်သူလူထုသို့ ပန်ကြားချက်

Phone Maw Day (March 13)

ရေမီးလှုပ်ရှားမှု





တော်လှန်ရေးမောင်နှမများခင်ဗျား

မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ လက်ရှိကြုံတွေ့ခံစားနေရသော
ရေမီး မရရှိသည့်ဒုက္ခမှာ အခြေခံကျောင်းသားများ စာမေးပွဲရက်အတွင်းပိုမို
ဆိုးဝါးလာပါသည်။
ရေမီး ပုံမှန်မရရှိမှုကြောင့် မိဘပြည်သူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်
ပိုမိုကျပ်တည်းပြီး ဆုံးရှုံးနစ်နာကြရပါသည်။
ထို့အပြင် လာလိုက်ပျက်လိုက် အမျိုးမျိုးပြောင်းလဲနေသော အင်မတန်ဆိုးဝါးသည့်
မီးပေးစနစ်ကြောင့် ၀ါယာရှော့ခ်များ မကြာခဏဖြစ်ကာ မီးလောင်မှုများလည်းဆက်တိုက်ဆိုသလို
ပေါ်ပေါက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယခုကဲ့သို့ အခြေခံစားဝတ်နေရေးကိစ္စဖြစ်သော ရေမီးကိုပင်ပြေလည်အောင်
ဖြေရှင်းမပေးနိုင်သော အာဏာရှင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ငုံ့ခံ မနေပဲ
ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဆင်နွှဲကြရန် အသင့်ပြင်ထားဖို့လိုအပ်ပြီဖြစ်ကြောင်း
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
ပိုစတာလှုပ်ရှားမှု၊ နံရံဆေးမှုတ်လှုပ်ရှားမှုများကို မတ် လ ၇ရက် ၂၀၀၉ တွင် ရန်ကုန်မြို့တွင်းတွင်ပြုလုပ်ခဲ့ကြောင်း
အသိပေးအပ်ပါသည်။

moethway

Sunday, March 8, 2009

သမဂ္ဂစိတ်ဓါတ်

မီးမလာတဲ့အတွက် မော်လမြိုင်ကျောင်းသားတွေဆန္ဒပြပြီ

ကိုမိုးသီး

မတ်လ ၆ ရက် နေ့ ည က မော်လမြိုင်မှာ ကျောင်းသားနဲ့ လူထု စုစုပေါင်း ၁၀၀၀ ခန့်  အီပီစီ ( လျပ်စစ်ရုံးရုံးရှိရာ မန္တလေးရပ်ကွက်ု သွားရောက် ၀ိုင်းကြတယ်လို့ သိရတယ်။ မီးမလာ တဲ့အတွက် ၁၀ တန်းစာမေးပွဲ နီးနေချိန်ဖြစ်ရာ ကျောင်းသားတွေစာကျက်လို့ မရဖြစ်ကြရတယ်လို့ သိရတယ်။

သည်းမခံနိင်တဲ့အဆုံးမှာ ကျောင်းသားတွေ က လျပ်စစ်ရုံးကိုဝိုင်းဝန်း ပြီးဆန္ဒပြကြခြင်းဖြစ်တယ်။ဆိုင်ကယ်တွေပါပါတယ်။တမြို့ လုံးကိုလှည့်ပြီးဆန္ဒပြကြဖို့ စီစဉ်ကြတယ်။ မြို့ကိုလှည့်ပတ်ဆန္ဒပြကြပြီး ဆိုင်ကယ်က အစီး ၂၀၀ ခန့် အထိဖြစ်လာတယ်။ လူတွေတစတစများလာပြီး လျပ်စစ်ရုံးကိုခဲတွေနဲ့ ဝိုင်းပေါက်ကြတယ်အထိ တင်းမာသွားတယ်။
လျှပ်စစ်ရုံးခြံစည်းရိုးကိုရိုက်ချိုးလိုက်ကြတယ်။ မီးစက်ကိုခဲတွေနဲ့ပြစ်ပေါက်ကြတယ်။ ပြီးတဲ့အခါမှာ မော်လမြိုင်မှမုဒုံဖက်ထွက်တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဖက်ကို ဆက်လက်ချီတက်ကြတယ်။စစ်ဌာနချုပ်ကြီးတခုလုံးမီးလင်းနေတာတွေ့ တဲ့အတွက်ကျောင်းသားတွေပိုပြီးဒေါသထွက်လာကြပြီး အော်ဟစ်ဆန္ဒပြပြီးပြန်လာကြတယ်။ ဆန္ဒပြမှု ရဲ့ရလဒ်ကြောင့် မတ်လ ၇ ရက်နေ့ ကစပြီး တမြို့ လုံး မီးပြန်ရနေတယ်လို့ သိရတယ်။ ရန်ကုန် မှာဒီသတင်းကိုကြားတဲ့အတွက် ရန်ကုန်ကျောင်းသားတွေက စိတ်ဝင်စားလာကြပြီလို့ သိရတယ်။ရန်ကုန်ကျောင်းသားတွေ က ဆန္ဒပြဖို့ စတင် ပြင်ဆင်နေကြပြီလို့ သိရတယ်။

မီးလာဖို့ အတွက်ကျောင်းသားတွေ မီးထိုးပေးကြ။ အလင်းရဖို့ အတွက် တိုက်ပွဲဝင်ကြ။ မီးပုံမှန်လာရေး ဒို့အရေး။ စသဖြင့်ကျောင်းသားတွေ က သပိတ်မှောက်ဖို့ စီစဉ်နေကြကြောင်းသိရတယ်။ ရေဒီယို မီဒီယာတွေက ဒီသတင်းတွေကို ဖြန့် ပေးကြဖို့လိုအပ်တယ်။ ဆယ်တန်းစာမေးပွဲ က ၁၁ ရက်နေမှာ စတင်ဖြေဆိုရမယ်လို့ သိရတယ်။

Saturday, March 7, 2009

ပလက်ဖောင်းပေါ်က ကလေးငယ်များ

ကြည်ဝေ။ ။

အချိန်က နေ့လယ် ၁၂ နာရီခန့် ၊ ရန်ကုန်မြို့ ဒေါပုံမြို့နယ်ထဲက ကားမှတ်တိုင်တခုမှာပါ။ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစီးထိုးစိုက်လိုက်တိုင်း ကားနားကိုပြေးကပ်သွားပြီး ဈေးရောင်းနေတဲ့ ဈေးသည်အများစုဟာ ဌေးဌေးတို့အရွယ် အသက် ၁၀ နှစ် ၀န်းကျင် ကလေးတွေဖြစ်နေတတ်တာများပါတယ်။

ဈေးဗန်းကလေးတွေကို ရွက်ရင်း အရှိန်မသေသေးတဲ့ ကားဘေးကနေသူ့ထက်ငါ အလုအယက် အော်ပြီး ရောင်းနေတဲ့ ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးကလေးဈေးသည် တွေဟာ ခုလို နေပူပူ၊ ကားကျဲကျဲဖြစ် တဲ့နေ့လယ်ခင်းပိုင်းတွေမှာသာ လိုင်းကားတွေ နားကပ်ပြီး ဈေးရောင်းနိုင်တာဖြစ်ပါတယ်။

စည်ပင်သာယာဥပဒေအရ ဘက်စ်ကားမှတ်တိုင်တွေမှာ ဈေးရောင်းခွင့်မရှိသလို၊ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေကိုလည်း ကားတွေအနားကပ်ပြီး ဈေးရောင်းခွင့်မရှိပါဘူး၊ တွေ့ခဲ့ရင်လည်း ဈေးဗန်းသိမ်းတဲ့အပြင် ဒဏ် ငွေဆောင်ရကြောင်း ဈေးသည်များထံမှ သိရပါတယ်။

ခုလို နေမင်းခေါင်းတည့်တည့်ရောက်နေချိန်မျိုးမှာသာ အဖမ်းအဆီးနည်းပါးတဲ့အတွက် ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေဟာဘတ်စ်ကား ဂိတ်တွေနားမှာ မယောင်မလည် ရပ်ရင်းကနေ ဈေးခိုးရောင်းနေရတာဖြစ်ပါတယ်။

ခြစ်ခြစ်တောက်အောင် ပူနေတဲ့ နေပူရှိန်ကြောင့် ပိန်ပိန်ခြောက်ခြောက် ဌေးဌေးတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး၊ မနက်ကတည်းက ထူပိန်းနေအောင် လိမ်းခဲ့တဲ့ သနပ်ခါးတွေလည်း ခပ်မည်းမည်းပါးပြင်မှာမရှိ ကြတော့ဘဲ ချွေးတွေနဲ့ စေးကပ်ကပ်ဖြစ်နေပါပြီ။

ဒါပေမယ့် ဌေးဌေးကတော့ မှတ်တိုင်မှာ လိုင်းကားတစီးထိုးရပ်လိုက်တိုင်းဘ၀တူ ကလေးဈေးသည်တွေနဲ့ အပြိုင် ခြေလှမ်းကျဲကျဲလှမ်းပြီး ကားဆီကိုသူ့ထက် ဦးအောင်ပြေးရင် ကားပေါ်က ခရီးသည်တွေကို ကန်စွန်း ဥပြုတ်၊ ကန်စွန်းဥပြုတ် ယူပါဦး၊ ၀ယ်ပါဦးလို့ တက်တက်ကြွကြွနဲ့ အော်ဟစ်ရင်းဈေးရောင်းနေဆဲဖြစ်ပါတယ်။

အဲဒီလို အရှိန်မသေသေးတဲ့ ကားတွေနားပြေးကပ်သွားတဲ့အခါတိုင်း ကားဘီးကြီးတွေအောက်မှာ ခြေထောက်ဝင်မသွားအောင်လည်း သတိထားရတဲ့အကြောင်းဌေးဌေးက ပြောပြပါတယ်။

"သမီးသူငယ်ချင်း မစော ခြေထောက်ကို ကားကြိတ်သွားကတည်းက သမီးတို့အားလုံးလန့်သွားကြ
တာပဲ၊ ကားအောက် ခြေထောက်ဝင်သွားမှာတော့ ကြောက်တယ်" လို့ သူမကပြောပါတယ်။

သင်္ယန်းကျွန်းကနေ ဈေးလာရောင်းတဲ့ ဌေးဌေးဟာ အိမ်ကနေ မနက်ကတည်းကထွက်ခဲ့ပြီး ဒီကားဂိတ် အရောက်လမ်းတလျှောက်လုံးဈေးရောင်းလာရတာဖြစ်ကြောင်း ၊ ကန်စွန်းဥပြုတ် ၁ ခု ကို ၁၀၀ ကျပ်ဈေးနဲ့ ရောင်းခြင်းဖြစ်ပြီး ပါလာသမျှ အကုန်ရောင်းရတဲ့နေ့တောင်မှ ကျပ် နှစ်ထောင် ကျော်လောက်သာရလေ့ရှိပြီး ဈေးရောင်းပါးတဲ့နေ့များဆို ကျပ် ၁၀၀၀ ပြည့်အောင်ပင် မနည်းရောင်းရကြောင်း သူမကပြောပြပါတယ်။

ဒီကားဂိတ်လေးမှာ ဌေးဌေးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီလောက်ထိပုံမှန်ရောက်လာပြီး ဈေးရောင်းပါတယ်။ သူမဟာ မောင်နှမများတဲ့ မိသားစုဝင်တဦးဖြစ်တဲ့အတွက် ကျောင်းမနေနိုင်ဘဲ အိမ် မှာအမေကိုကလေးကူထိန်းပေးရပါတယ်။ ခုလို ရာသီအလိုက် ရာသီစာရောင်းခဲ့တာခုဆိုလျှင် ၃ နှစ်ရှိပြီ လို့ သူမက ညည်းညူပါတယ်။

ဌေးဌေးလိုပဲ ဘ၀တူဈေးရောင်းဘက်တဦးဖြစ်တဲ့ သိန်းစိန်ကတော့ဈေးရောင်းတဲ့အလုပ်အပြင် လူခေါ်ပေး တဲ့အလုပ်ကိုပါ တွဲလုပ်တဲ့အတွက် သူက ပိုကိုက်တယ်လို့ ဌေးဌေးက ကြက်ဥပြုတ်ရောင်းနေတဲ့ သိန်းစိန်ကို လှမ်းပြီးမေးငေါ့ပြပါတယ်။

သိန်းစိန်ဟာလည်း ဌေးဌေးလိုပဲ ပိန်ကပ်ကပ်၊ မည်းခြောက်ခြောက်နဲ့ ၁၂နှစ်အရွယ် ကလေးတယောက်ပါ။

အဲဒီ သိန်းစိန်ဆိုတဲ့ ပိန်ကပ်ကပ်နဲ့ကလေးဟာ အိမ်ကို တနေ့ ငွေ ၃၀၀၀ အပ်ရကြောင်း၊ အဲဒီ ငွေ ၃၀၀၀ ရဖို့အတွက် သိန်းစိန်ဟာဈေးရောင်းတဲ့ အလုပ်အပြင် တခြားအလုပ်တွေကိုပါ လုပ်နေရကြောင်း၊ ငွေ ၃၀၀၀ ပြည့်အောင် မရှာနိုင်တဲ့နေ့ဆိုရင် သိန်းစိန်တယောက် အိမ်မပြန်ရဲလို့ လျှောက်သွားနေရကြောင်း ဌေးဌေးက ပြောပြပါတယ်။

"သမီးတို့က အိမ်ကို ရသလောက်ပဲ ပေးလို့ ရတယ်၊ အမေက ဘာမှ မဆူဘူး၊ သူ့အိမ်ကတော့ မရဘူး သူ့ဦးလေးလား သူ့အဖေလားမသိပါဘူး ငွေ ၃၀၀၀ မပြည့်တဲ့နေ့ဆိုရင် သူ့ကို အရမ်းရိုက်တာတဲ့၊ အရမ်း နာတာပဲတဲ့၊ အဲဒါကို ကြောက်လို့ သူက ငွေ ၃၀၀၀ မပြည့်ပြည့်အောင်ရှာရတာ"လို့ ဌေးဌေးက ဆိုပါတယ်။

ဌေးဌေးပြောသလိုပဲ သိန်းစိန်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးဟာကြက်ဥပြုတ်ရောင်းတာအပြင်အပျော် အပါးလိုက်စားချင်သူတွေကို နေရာရှာပေး၊ လူခေါ်ပေးးတဲ့အလုပ်ကိုလည်း လုပ်တယ်လို့ သိရပါတယ်။

ပြည့်တန်ဆာ လိုချင်တဲ့သူတွေကို ပြည့်တန်ဆာရှာပေးရင် ပြည့်တန်ဆာဆီက ငွေ ၅၀၀ ကျပ်နဲ့ ရှာခိုင်းတဲ့သူ ဆီက ပေးတဲ့ ငွေကြေးအနည်းအကျဉ်းကိုရတတ်တဲ့အပြင်၊ အဲဒီကားဂိတ်အနားက တည်းခိုခန်းတွေဆီကို ခေါ်သွားပေးရင်လည်းတည်းခိုခန်းက သိန်းစိန်ကို တခါခေါ်လာ ကျပ် ၂၀၀ နှုန်း ပေးတဲ့အတွက်သိန်းစိန်ဟာ ငွေရှာတော်တဲ့ ကလေးတယောက်အဖြစ် ကလေးဈေးသည်တွေကြားမှာနာမည်ကြီးပါ။

"ကျနော်ဈေးရောင်းရုံနဲ့ ငွေ ၃၀၀၀ မရပါဘူး၊ ဧည့်သည်ရှာပေးနိုင်မှကိုက်တယ်၊ ဧည့်သည်ပါးတဲ့နေ့ ဆိုရင် သိပ်မကိုက်ဘူး"လို့ သိန်းစိန်က ပြောပြပါတယ်။

ဒုတိယတန်းအထိ ကျောင်းနေဖူးတဲ့ သိန်းစိန်ဟာ သူကြီးလာတဲ့အခါ ကားဆရာ(ယာဉ်မောင်း)တယောက်ဖြစ် ချင်တယ်လို့ ပြောပြပါတယ်။

ကျောင်းလုံးဝ မနေခဲ့ဘူးတဲ့ ဌေးဌေးကတော့ သူ ဘာဖြစ်ချင်လည်းဆိုတာမပြောပြတတ်ပါဘူး၊ ဒါပေမယ့် သူကတော့ သူ့အမေကိုကောင်းကောင်းမွန်မွန်ထားချင်တယ်၊ သူ့ ညီမလေးကိုလည်းကျောင်းထားချင်တဲ့ အတွက် သိန်းစိန်လိုပဲ ပိုက်ဆံများများရှာချင်တယ်လို့သူ့ဆန္ဒကို ပြောပြပါတယ်။

သိန်းစိန်လို၊ ဌေးဌေးတို့လို စားဝတ်နေရေးအတွက်၊ မိသားစုအတွက် အလုပ်လုပ်နေကြတဲ့ ကလေး စားပွဲထိုး တွေ၊ ကလေးဈေးသည်တွေ၊ ကလေးအလုပ်ကြမ်းသမားတွေ၊ ကလေးပန်းရံတွေ၊ ကလေးစစ်သားတွေ၊ ကလေးဧည့်ကြိုတွေ စတဲ့ ကလေးတွေ ဘာဖြစ်လို့စာသင်ခန်းပြင်ပ ရောက်နေကြတာလဲ ဆိုတဲ့ အဖြေက တော့ လူတိုင်းသိတဲ့အဖြေမျိုးဖြစ်နေပါပြီ။

ဆင်းရဲကြပ်တည်းကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ်မွေးထာတဲ့ကျောင်းနေအရွယ် သား၊သမီးတွေရဲ့ စားဝတ်နေရေးကို တာဝန်မယူနိုင်တဲ့အပြင်ကလေးတွေရဲ့ လုပ်စာပါ ပူးပေါင်းပါဝင်မှ စားလောက်ရုံ အခြေ အနေမျိုးကိုရောက်နေကြပါပြီ။

အဆိုပါ ကားဂိတ်အနီးက စားသောက်ဆိုင် ၁ ဆိုင်မှာ အလုပ်ဝင်နေတဲ့ မိခင်တဦးကလည်းသူမရဲ့ အသက် ၁၃ နှစ်အရွယ် သမီးကို ခုလို ဈေးရောင်းခိုင်းနေရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရကြောင်း၊ မတတ်သာတဲ့ အဆုံးခုလို ခိုင်းနေရခြင်းဖြစ်ကြောင်း ပြောပါတယ်။

"ကျောင်းစရိတ်မတတ်နိုင်တော့ ကျောင်းမထားနိုင်တော့ဘူး၊ အငယ် တယောက်ကိုလည်း ကျောင်းထားရ တယ်၊ နောက်ပြီးတော့ သူ့အဖေရဲ့ လုပ်အားခက တနေ့ကို ၁၅၀၀ ပဲရတယ်၊ ကျမကလည်း တနေ့ ၁၀၀၀ ပဲ ရတယ်ဆိုတော့ သမီးကြီးဈေးရောင်းလို့ရတဲ့ ငွေပါမှ စားလောက်တာမို့ ခိုင်းရတော့တာပဲ"လို့ ပြောပါတယ်။

မိသားစုဝင် ငါးဦးရှိတဲ့ သူမတို့မိသားစုအတွက် တနေ့ မီးဖိုချောင်စရိတ်က ဆန်အတွက် ငွေ ၅၀၀၊ ဆီအတွက် ၁၀၀၊ ထင်းဖိုး ၁၀၀၊ ရေဖိုး ၂၀၀ ကျပ်၊ ဖယောင်းတိုင်ဖိုး ၂၀၀ကျပ်၊ ကလေးမုန့်ဖိုးနဲ့ ကားခ ၃၀၀ ကျပ် နဲ့ ဟင်းဖိုး ၁၀၀၀ ကုန်ကျပြီး သူ့ဖခင်ရဲ့ လမ်းစရိတ်က ၁ နေ့ ၅၀၀ ကျပ်၊ သမီးဖြစ်သူ ဈေးရောင်းဖို့အတွက် ဈေးရင်း ၁၀၀၀ကျပ် လိုအပ်ကြောင်း၊ ဈေးရောင်းရာမှ မြတ်သည့် ငွေကို အိမ်လခနှင့် အငယ်ကျောင်းစရိတ် အတွက် ဖယ်ထုတ်ထားရသေးကြောင်း သိရပါတယ်။

မိသားစုအတွက်၊ စားဝတ်နေရေးအတွက် စာသင်ခန်းပြင်ပမှာ အစတေးခံနေကြရတဲ့ ကလေးငယ်တွေကို မြင် ရတိုင်း သူတို့နောင်ရေးအတွက် စိတ်မကောင်းဖြစ်ရကြောင်း ကျောင်းဆရာမတဦးက ပြောပြပါတယ်။

"ဒီကလေးတွေရဲ့ အနာဂတ်တွေကို ကျမ တွေးမကြည့်ရဲဘူး၊ အသက်ငယ်ငယ်လေးတွေနဲ့ မနိုင်ဝန်တွေ ထမ်းနေကြရတော့ သူတို့ရဲ့ စိတ်တွေဟာ ပျက်စီးပြီးသားဖြစ်နေမှာပဲ၊ သူတို့ ကြီးလာတဲ့အခါ ဘယ်လို လူမျိုး တွေဖြစ်လာပြီး ကျမတို့ တိုင်းပြည် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးရဲပါဘူး"လို့ ဆရာမက ဆိုပါတယ်။

ဆရာကြီးမင်းသုဝဏ်ရာပြည့်ပွဲ (ဂျပန်)

နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ရေး ရံပုံငွေပွဲ



အမေရိကန် နယူးယောက်ပြည်နယ် ယူတီကာမြို့ မတ်လ ၇ ရက်နေမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ ရေး ရံပုံငွေအတွက် နယူယောက်ပြည်နယ်(အထက်ပိုင်း)ရှိ ရဲဘော်များက စုပေါင်း ကျင်းပမယ့် သီးလေးသီး အငြိမ် သဘင်မှ နောက်ခံ ဒီဇိုင်းများ ........

ဒီဇိုင်း။ ။ ကိုငြိမ်းစု ၊ ချစ်လွန်းသူ

Friday, March 6, 2009

ဒေါ်စုကို ဂလပ်စဂိုမြို့ က အမြင့်ဆုံးဆု ပေးအပ်

voa news
ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာ အကြီးမားဆုံးမြို့ ဖြစ်တဲ့ ဂလပ်စဂိုမြို့ ရဲ့ လွတ်မြောက်ရေးဆုရှင်အဖြစ် အဖမ်းအဆီး ခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ပြီး အဲဒီဆု ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ဂလပ်စဂိုမြို့ တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့  ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း က တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုကို လက်ခံခဲ့ပါတယ်။ အဲဒါကြောင့် ဆုချီးမြင့်ပွဲအခန်းအနားက ထူးခြားတဲ့အခြေအနေတွေကိုသိရအောင် ဒေါက်တာသောင်းထွန်းကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

- ဂလပ်စဂိုမြို့တော်ရဲ့ လွတ်မြောက်ရေး ဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒေါက်တာ သောင်းထွန်းက သွားယူပေးတယ်ဆိုတော့ ဆုပေးပွဲ အခမ်းအနားမှာ ဘယ်လို ထူးခြားမှုတွေ ရှိသလဲ ပြောပြပါဦး။

- အဲဒီ အခမ်းအနားကို မြို့တော်ဝန် ကိုယ်တိုင် တက်ရောက်ပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဂလပ်စဂို မြို့တော်ဝန် ပြောသွားတာကတော့ သူတို့အနေနဲ့ ဒီလို ဂုဏ်ထူးဆောင်ဆုတွေကို နယ်ဆင် မန်ဒဲလား လို ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာ ရှိဖူးတယ်။ နယ်ဆင် မန်ဒဲလားက အသားရောင်ခွဲခြားမှု တိုက်ပွဲမှာ ဦးဆောင်ခဲ့ပြီး ထောင်ထဲမှာ ရှိနေစဉ်မှာ ဆုကို ချီးမြှင့်ခဲ့တယ်။ တကမ္ဘာလုံးက ၀ိုင်းပြီးတော့ ထောက်ခံအားပေးကြလို့ အခုလို လွတ်မြောက်လာခဲ့ပြီး သမ္မတ ဘ၀နဲ့ ဂလပ်စဂိုမြို့ကို ပြန်ပြီး လာရောက် ပြီး မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး ဂလပ်စဂိုမြို့မှာ မိတ်ဆွေတွေနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားတာကို တွေ့ရပါတယ်။ အဲဒီ အခမ်းအနားမှာ မြို့တော် ကောင်တီအဖွဲ့ဝင် လူကြီးတွေ၊ ဒီဆုကို ချီးမြှင့်တဲ့ အမ်နက်စတီ အင်တာနေရှင်နယ် ( Amnesty International) က မိတ်ဆွေတွေ၊ ဂလပ်စဂို အမျိုးသမီး အဖွဲ့အစည်းက မိတ်ဆွေတွေ၊ ဂလပ်စဂိုမြို့က မြန်မာနိုင်ငံသားတွေ တက်ရောက်ပါတယ်။

- ဒီဆုက ဗြိတိန်နိုင်ငံမှာ တော်တော်ကို အရှိန်အ၀ါကြီးတဲ့ ဆုလားခင်ဗျာ။

ဟုတ်ပါတယ်။ ဒီဆုရဲ့ သက်တမ်းက နှစ်ပေါင်း ရာနဲ့ ချီရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Edinburgh ကနေ Freedom of the city of Edinburgh မှာ လုပ်ပြီးတဲ့နောက်ပိုင်း စကော့တလန် မှာ လုပ်တာက ဒုတိယ အကြိမ်ပေါ့နော်။ ပထမ အကြိမ်ကတော့ စကော့တစ် ပါလီမန်ရှိတဲ့ အီဒင်ဘာရာ က ချီးမြှင့်တာ ဖြစ်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကနေ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် ပေးတဲ့ ဆုပေါင်းက ၁၀၀ ကျော်နေပါပြီ။ အခုလို ဆုတွေ တခုပြီးတခု ဒေါ်အောင်ဆန်းစုကြည်ရနေတာဟာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ဂုဏ်ပြု ချီးမြှင့်တာတွေ တိုးလာတာဟာ မြန်မာ့ပြည်တွက် အကျိုးပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး မြန်မာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဟာ နိုင်ငံတကာမှာ ပိုပြီး သိလာကြတယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ပိုပြီး ရလာတယ်။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားတဲ့ လူထု အဖွဲ့အစည်းတွေ ပိုတိုးပွားလာပါတယ်။ အဲဒီ လူထု အဖွဲ့အစည်းတွေက သက်ဆိုင်ရာနိုင်ငံတွေမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရများကို ဗမာပြည်အရေးအတွက် နိုင်ငံတကာ အစိုးရတွေမှာ ကုလသမဂ္ဂမှာ ပိုပြီး တွန်းအားပေးဖို့ ပိုများလာပါတယ်။ မြန်မာ့အရေးဟာ မြန်မာပြည်တွင်းရေး ဒီမိုကရေစီ တိုးတက်ရေး အတွက်တင် မကဘဲ နိုင်ငံတကာ ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ အမျိုးသမီးအဖွဲ့ လှုပ်ရှားမှုလို နိုင်ငံတကာ လှုပ်ရှားမှုကြီးတွေနဲ့ ဆက်စပ်လာတာဟာ အင်မတန် အားရပါတယ်။

Thursday, March 5, 2009

ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009 15:26 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုများသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းတော်လှန်ရေး အင်အားစု WBURF အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပဒုမ္မာ ပန်းခြံဝင်းအတွင်းနှင့် ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လှည်းတန်း မှတ်တိုင်ရှေ့တွင် ယမန်နေ့က ထိခိုက်သေဆုံးမှု မရှိခဲ့သော ဗုံးများ တနာရီခြား၍ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်ကို ရန်ကုန်မြို့အခြေစိုက်ပါသည်ဆိုသော ယခုအဖွဲ့က ထုတ်ဖော်ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ယင်းဖောက်ခွဲမှုများသည် အာဏာရှင် စစ်အုပ်စုကို ဖြုတ်ချရန်အတွက် ပထမအဆင့် “တိုက်ပွဲခေါ်သံ” လည်းဖြစ်ပြီး ရှေ့ဆက်၍ ဖောက်ခွဲရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်ကြောင်း ရေးသားချက်ကို မဇ္ဈိမသို့ အီးမေးလ်မှတဆင့် ပေးပို့သော သူတို့၏ ထုတ်ပြန်ချက်အမှတ် ၂/၂၀၀၉ အတွင်း၌ ဖော်ပြထားသည်။

“ဗမာပြည်သား” များသည် ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သောကြောင့် အကြမ်းဖက်မှုကို မလိုလားကြသော်လည်း လက်ရှိအာဏာရှင် အုပ်ချုပ်ရေးအဖွဲ့ကမူ ပြည်သူများ ဒုက္ခအတွင်းမှ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့ကြောင်း သူတို့၏ ကြေညာချက်တွင် ပါရှိသည်။

ပဒုမ္မာပန်းခြံတွင် ည ၉ နာရီ ၃၅ မိနစ်ခန့်က ပေါက်ကွဲပြီး ကမာရွတ် လှည်းတန်း ကားမှတ်တိုင်တခုတွင် ည ၁၀ နာရီ ၅၀ မိနစ်တွင် နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ခဲ့သည်။ အသံကျယ်လောင်သော ပေါက်ကွဲမှုများသည် လူအသေအပျောက်မရှိဘဲ ကားတစီးနှင့် ဘတ်စ်ကားမှတ်တိုင်တို့သာ ပျက်စီးမှုရှိခဲ့သည်။

ပြည်တွင်း၌ ဖြစ်ပေါ်နေသော အထွေထွေ အကျပ်အတည်းများကို ဖယ်ရှားနိုင်ရန် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းနိုင်ရေးအတွက် အာဏာရှင် လူနည်းစု ဗိုလ်ချုပ်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်း၊ ကြေညာချက်များ ထုတ်ပြန်တောင်းဆိုခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများထံမှ ထိရောက်ပြတ်သားသော အကူအညီများရရှိနိုင်ရေး တင်ပြတောင်းဆိုခြင်းများဖြင့် စစ်အုပ်စုကို ဖယ်ရှားနိုင်မည် မဟုတ်ဟု ယူဆသဖြင့် ယခုကဲ့သို့ “တန်ပြန် တိုက်ခိုက်ဖောက်ခွဲခြင်း” ဖြစ်သည်ဟု WBURF က ပြောသည်။

စစ်အာဏာ သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည့် ၂၀၁၀ ခု ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ကြောင်းလည်း ပြောသည်။

ထို့အပြင် မကြာသေးမီက အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ရာတွင်လည်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သည့် အဖွဲ့များက မျက်လုံးစုံမှိတ် ထောက်ခံပါက ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံး မျက်မမြင် အဖွဲ့များဟု သူတို့က သရော်လိုက်သည်။

ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် စစ်တပ် အုပ်ချုပ်ရေးကို မြန်မာနိုင်ငံ၌ စတင် အသက်သွင်းခဲ့သော ဗိုလ်ချုပ်နေဝင်း၏ စစ်အာဏာသိမ်းမှု ၄၇ နှစ်ပြည့်မြောက်မှုနှင့်လည်း တိုက်ဆိုင်နေပြီး၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ပဒုမ္မာကွင်းတည်ရှိရာ မြေနီကုန်းနှင့် လှည်းတန်းတို့သည် ၁၉၈၈ ခု လူထုဆန္ဒပြပွဲများအတွင်း စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ရှိခဲ့သော နေရာများ ဖြစ်သည်။

တိုင်းရင်းသားတပ်ဦးခေါင်းဆောင်နှင့် ဂျပန်နိုင်ငံခြားရေးညွှန်ချုပ် တွေ့ဆုံဆွေးနွေး

Wednesday, March 4, 2009

ကာတွန်းဘီရုမာ - မိုးမခ၀က်ဘ်ဆိုက်

Tuesday, March 3, 2009

NDD ပြည်တွင်းသတင်း သုံးသပ်ချက်

အသိပေးခြင်း

တော်လှန်ရေးမောင်နှမများခင်ဗျား

၂၀၀၈ ခုနှစ်အောက်တိုဘာလ ၁၀ရက်နေ့က မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်သော
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန် နှင့်ကိုအောင်ကိုမင်းတို့ကို ယနေ့ မတ်လ ၂ရက်နေ့ ၂၀၀၉ တွင်
စမ်းချောင်းမြိုနယ်တရားရုံးမှ မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်းအသိပေးအပ်ပါသည်။
ချမှတ်လိုက်သောထောင်ဒဏ်များမှာ ကိုအောင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်၊
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်နှင့် တရားမ၀င်နယ်စပ်
ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၃နှစ်စုစုပေါင်း ၈နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊အခြားပုဒ်မတခုဖြင့်လည်း ဆက်လက်
တရားစွဲဆိုထားဆဲဖြစ်ပါသည်။

moethway
Generation Wave

Sunday, March 1, 2009

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ

မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။

ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။

နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။

ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

မိုးမခ

ကိုယ်ရှုးကိုယ်ပတ်


အစ်ကိုကြီးတို့ ၊အစ်မကြီးတို့ ရှင့်

ကောင်းကြသေးရဲ့ လားရှင့် အတိုက်ခံတွေ နဲ့ မီဒီယာတွေ၊ ပြင်ပ ဘလော့တွေကော ကကော၊ လူအခွင့်အရေးအဖွဲ့ စည်းဆိုတာတွေကနေ လုပ်ထဲ့လိုက်တဲ့ကိစ္စကို ညီမကတော့ပြောချင်ပြီ၊ တကယ်ကတော့အစ်ကိုကြီးရယ် ထိုင်းနိုင်ငံရေးသမားတွေနဲ့ ပေါင်း ပြီးနောက်ကွယ်နိုင်ငံရေးကစား ချင်သူအုပ်စုတစ်စုကနေ အိမ်နောက်ဖေးသတင်း သဖွယ်ချပေးလိုက်တဲ့ ဓါတ်ပုံက လေးတပုံနဲ့  အကြောင်းသတင်းကနေဖြစ်ပွားတာပါ၊ ငါးစာချလိုက်တဲ့ သဘော ပါဘဲရှင့် ။

ကြည့်လိုက်ရင်တော့ လူအခွင့်ရေးကိုစောင်းပေးပြောသလိုလို ၊ဘာသာမရွေး၊ လူမျိုးမရွေး၊ လူသားတွေရဲ့ ရပိုင်ခွင့်ကိုဘဲအလွန်တန်ဖို ထားသလိုလိုနဲ့ အလွန်နားဝင်ချိုလှပါတယ် ရှင့်၊သို့ သော် နုတ်ဖျားချို ချို စကားလုံး များနောက်ကွယ်မှ အရိပ်ကြီးကတော့ ကျွန်မတို့ နိုင်ငံရဲ့  နိုင်ငံသားများဖြစ်ကြတဲ့  ဘိုးဘွားဘီဘင်ကနေ ကိုယ်ထီးကိုယ်မင်းကိုယ်နန်းနဲ့ ရှိခဲ့တဲ့ ရခိုင် လူမျိုး တွေပိုင်ဆိုင်ကြ သော့ နယ်မြေကိုပေးရတော့အခြေ အနေထိ ဒီဘင်္ဂလားကုလား တွေ တက်လှမ်း သွားနိုင်အောင်၊ လူမျိုးစုအဖြစ်လက်ခံအောင် ၀ိုင်းပြီးတော့ပြောတဲ့ အထဲမှာ မြန်မာနိုင်ငံ ကြီးကို ချစ် လှပါရဲ့ လို့ ပြောနေတဲ့ သူတွေကိုယ်တိုင်က ပါဝင်လာကြလို့၊ မခံနိုင်လို့ ကျွန်မတို့ က တော့ ပြော ရမှာဘဲ။

ကောင်းကောင်းသတိထားမိတဲ့ အရာကတော့ သတင်းမီဒီယာကများကနေ မနေနိုင် မထိုင်နိုင် အော်ကောင်းလို့ အော်လိုက်ရင်း နောက်ဆုံး ကိုယ်အမျိုး၊သာသနာနဲ့ မြေတွေ ကော၊ပါရတော့မဲ့ အဖြစ်ပါဘဲ။

သြော်ကျွန်မတို့ မြန်မာနိုင်ငံမှာ ငါးစာကျရာ ငါးပွက်ထတာသောအကျင့်တွေကို လုပ်တတ် ကြက တော့ကြာပါပြီ။ ပြောရရင်ဖြင့် မွေးရာပါအကျင့်လို့ တောင်မှတ်ရတော့မှာမို့ တော် တော် လေးကို ဆိုးပါတယ်ရှင်.... ပြောရလွန်းမို့ လို့ လည်း သတိမမူဂူမမြင် ဆိုတဲ့ စကား တောင်ပြန် ရုပ်သိမ်း ပေးရမလို ပါဘဲ။

အခုလိုကောက်ခါငင်ခါရေးလိုက်ရတာကလည်း မြန်မာနိုင်ငံထဲကနေ ပြင်ပကမြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကျော်ဟယ်ခွဟယ်နဲ့ ကြည့်ရတဲ့ ကျွန်မတို့ လူငယ်တွေ၊ ပြည်သူတွေရဲ့ ဘ၀ ကြားမှာ အလွန်စိတ်ဝင်စားနေကြတာ၊စိတ်အားထက်သန်နေကြစွာနဲ့ အမြဲဂရုပြုနေတာက တော့ ကိုယ့်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းတည် ဆောက်ပုံ အနေအထား၊ လာတော့မဲ့ အစိုးရ တရပ်ကို ၂၀၀၈ အခြေခံဥပဒေနဲ့ ဖေါ်ဆောင်နိုင်တဲ့  ၂၀၁၀ ရွေးကောက်ပွဲ အတွက်သဘောထား
နဲ့ တင်ပြချက်တွေ၊ အနှစ် ၂၀ ကြာသည်ထိ ဘာမှအဖြေမထွက်သော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမား များနဲ့ တော်လှန်ရေးအင်အားစုတို့ အပါအ၀င် တိုင်းပြည်ကို အာဏာယူအုပ်ချုပ်နေတဲ့ တပ်မတော် အစိုးရ တို့ ကြား မှာရှိတဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေ တို့ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်သူတွေရဲ့ နေ့ တဓူဝရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကုစားရန်၊ ပြောင်းလဲရန် သုံးသပ်တင်ပြချက်တွေ၊ ဘယ် နိုင်ငံရေးအတိုက်အခံအုပ်စု ကဘာကိုပြောနေတယ်၊ ဘယ်ဘလော့ဂါ တွေနဲ့ နိုင်ငံရေးသုံးသပ်သောမြန်မာလူမျိုးတွေ က ဘယ်လို မြင်တယ်၊ ဘယ်လိုသုံးသပ် ချက်တွေနဲ့ အတူ ဘာတွေဘယ်လိုပြင်လိုက်မဟဲ့ ၊ ဘယ်လို တားဆီးကြမယ်၊ ဘယ်လိုပြင် မှ ရမယ်ဆိုတာတွေကို သူသူ ကိုယ်ကိုယ် ငါငါ သန်ရာသန်ရာ ရေးသားပြော ဆို နေကြတဲ့  အကိုးအကားတင်ပြချက်များကို အမြဲ ကြည့်နေရတဲ့ အဖြစ်ပါ။

ဘလော့တွေပေါ်မှာ ဆရာမကြီးများလို့ ဆိုသူ များ။ ဆရာကြီးများလိုပြောနေသူုတော်တော် များများသည် ပြည်တွင်းမှာဖြစ်ပျက်နေတာတွေကို အလွန်ကင်းကွာစွာရှိနေပြီးနှစ်ကြာစွာ ပြင်ပနိုင်ငံများပေါ်တွင်နေကာ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး ပြောင်းလဲခြင်းကိုမြင်လိုကြ သည်၊
သို့ သော်အမြင်များက တော့ ကိုယ်စီးသော၊ မြင်းအထီးလား၊ မြင်းမလား၊ ဘိုင်ကောင်လား မသိ အောင်ဖြစ်နေသလားမသိဘဲ ပုဆိုးမနိုင်ပုဝါမနိုင်နဲ့ ကသောကမျှော နဲ့  နောက်ပိုင်းဇတ် တော် ကြီး ကိုမှားယွင်းသောအ၀တ်အစားနဲ့ မှားယွင်းသောအက ကို ကပြီး မှားယွင်းသော မျက်နှာ ပေးနဲ့  တကယ်မှန်သောစကားကိုဆိုနေတဲ့ ကချေသည် ပမာဖြစ်နေ သော ကြောင့်သတိပေးတင်ပြခြင်း ဖြစ်ပါသည်။
မည်သူကိုမှမစော်ကားပါ အမှန်ပြောရရင်တော့ ကြက်တူရွေးကတော်တော်မယ်တော်ကကဲကဲတွင် ကျွန်မတို့ မြန်မာလူမျိုးများကအလွန်ဝါ သနာပါသောကြောင့်ဖြစ်ပါသည်။

မေတ္တာ မဲ့ ၊မေတ္တာတုံး ဖြစ်သော မြန်မာနိုင်ငံ၏ စစ်အစိုးရကို ၀ိုင်းဝန်းကာ အခြေအနေတစ်ခု
ကို အမှီပြု ကာအလွန်ကောင်းသော အချိန်နှင့်အနေအထားကို နောက်ကွယ်ကြိုးကိုင်သူ များက မျောက်ပြဆန်တောင်းအဖွဲ့ များထံသို့ ပို့ ပေးခြင်းဖြင့် ဖွလိုက်ကြသည်။

ထိုင်းနိုင်ငံမှပြန်လည်မောင်းထုတ်လိုက်သောကိစ္စပေါ်တွင် ထိုင်းနိုင်ငံအစိုးရ လုပ်ကိုင်ပြုမှုဆက်ဆံ ခြင်း သည်တရားသည်မတရားသည်၊ဆိုတာကိုကျွန်မဘာမှဝင်ရောက်ပြောဆိုခြင်းမပြုလိုပါ၊
သတင်းကို ငါးပွက်ရာငါးစာချသကဲ့သို့ လုပ်ချင်နေသော မီဒီယာသို့ ရောက်အောင် ချပေး လိုက်သော အုပ်စုနဲ့ ထိုင်းနိင်ငံရေးသမားများရဲ့ ပူးပေါင်းထိုးနှက်ချက်သည်ထိုင်းနိုင်ငံ နဲ့  ထိုင်း လူမျိုးတို့ ရဲ့ အတွင်းရေး၊ ထိုင်းလူမျိုးတို့ ရဲ့ အနေအထားနဲ့ သူတို့ ရဲ နိုင်ငံရေးပြန်လည် တည်ငြိမ် အောင့် ထိုင်းနိုင်ငံရဲ့ လက်ရှိအစိုးရကိုလည်း လူအခွင့်ရေးဆိုသော မှုတစ်ခုနှင့် ဖြတ်ရိုက်သလို ဖြစ်သွားတာတော့အသေအချာပါ။ ( ဘာဖြစ်လိုလည်းဆိုတော့ ရိုဟင်ဂျာတွေထိုင်းကိုခိုးဝင် လာ တိုင်းထိုင်းနိုင်ငံရဲ နိုင်ငံလုံခြုံရေးကိုထိခိုက်လို အ၀င်မခံတာ၊ ပြန်မောင်းထုတ်တာ၊ ဖမ်းဆီးတာ တွေကကြာပါပြီ၊ ရိုဟင်ဂျာမှမဟုတ်ပါဘူး၊ ဘယ်နိုင်ငံသားမဆိုပါ၊ သိုပေမဲ့အခုတစ်ခေါက်မှဘာလို့  အဲဒီ အကြောင်းကပေါ်ရတာလဲ၊အလွန်စိတ်ဝင်စားစရာကောင်းသောအကြောင်းမို့ စဉ်းစား စရာပါ၊ ဒီဓါတ်ပုံကလည်း ထိုင်းရေတပ်သင်္ဘောပေါ်ကနေရိုက်တာပါ။နောက်ပြီးတော့ ဒီလိုရိုက်ပိုင်ခွင့်က လည်းထိုင်းရေတပ်သဘောင်္ပေါ်ကနေသက်ဆိုင်ရာမှတ်တမ်းတင်တဲ့  သူတွေဆီကသာလျှင်လုပ်ခွင့်ရိုက်ခွင့်ရှိတာပါ၊ဘယ်သူကမှလက်ကညော့ပြီးဒီလိုသွားရိုက်လို့ ကိုမရပါဘူး။

ထိုင်းနိုင်ငံတွင် နေရာမရဖြစ်နေသည့် ထိုနိုင်ငံပျောက်လူမျိုးတို့ အတွက်လည်းသတ်သတ် မှတ်မှတ် နိုင်ငံ ပျောက်ဒုက္ခသယ်အဖြစ်နေရာရသွားစေ သည်။ ( သည့်အတွက်လူသားဆိုသောဝိုင်းဝန်ကြည့်ရမည်ဆို သောစိတ်တစ်ခုဖြင့်နားလည်ပေး ပါသည်၊ကျေနပ်ပေးပါသည်။ဒီထက်ပိုပြီးဘာမှမရှိပါ)
ရိုက်ချက်ပြင်းပြင်းနှင့်အော်ကောင်းသောအကြောင်းကြောင့်လုပ်စရာမရှိကြောင်ရေချိုးအလုပ်ကိုရှာ
ကြံကာလုပ်ဆောင်တတ်သော မျောက်ပြဆန်တောင်းအဖွဲ့များအတွက်တော့ပိုကောင်းသွား ပါ သည်။ ထိုမှဆက်နွယ်ပြီးနောက်အကြောင်းအရာတစ်ခုကားမြန်မာ့နိုင်ငံရေးကိုဝင်ခလောက် စရာ၊ ကို ဆော်စရာ အကွက်တစ်ခုအနေနဲ့ နောက်ခြေလှမ်းတစ်ခုကိုပြင်ဆင်လိုက်ခြင်း ကို တွေ့  ရသော ကြောင့် ဖြစ်ပါသည်ရှင့်။

အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံကမှ ထို ရိုဟင်ဂျာဆိုသောသူတို့ သည် မိမိတို့  နိုင်ငံတွင် ရှိသောလူမျိုးများမဟုတ်ဟု မြန်မာနိုင်ငံကလည်း၊ ဘင်္ဂလားဒေ့(ရု)နိုင်ငံကလည်းအတိအလင်း ဖွင့်ဟပြောဆိုလာကြသည်။
ဒေသတွင်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးခေါင်းစဉ်တပ်၍၄င်း၊ အာဆီယံရဲ့ နောက်ဆုံးသဘော တူ ညီချက်စာချုပ်များရဲ့ အနှစ်သာရများကိုဖေါ်ဆောင်ရန်ဟူသောခေါင်းစဉ်များတပ်၍၄င်းလုပ်ဆောင် ရန် မြှောက်ထိုးပင့်ကောလုပ်ဆောင် တီးတိုးသံများကကြိုတင်ပြီး နေရာအနှံ ထောင့်ပေါင်း စုံမှထွက် လာကြပါသည်။

( ထိုင်းနိုင်ငံတွင် ထိုဘင်္ဂလာနွယ်တွေက ရဲဖမ်းခံရရင်တော့ ဗမာဟုပြောပြီး၊ ကျန်သည်ကိစ္စများတွင် တော့ ၄င်းတို့ ဘာသာရေးကြီးကြပ်ရေးသူများရဲ့ အောက်တွင်ကိုယ်ပိုင်အသက်မွေး ၀မ်း ကျောင်းကို လုပ်ရင်းထိုင်းနိုင်ငံသူများကိုရအောင်ပေါင်းသင်းကာနိုင်ငံသားအဖြစ်ကျိုး စားနေကြသူများသာ ဖြစ် သည်။ထိုသို့သောအကြောင်းကိုထိုင်းနိုင်ငံ ရဲ့ အမျိုးသား လုံခြုံရေး ကလည်းသိသောကြောင့်ပြင်း ထန်စွာ နှိပ်ကွပ်နေချိန်ပါ၊ ထိုင်းနိုင်ငံအနေနှင့်ကြည့်လျှင် ထိုသို့ လုပ်ခြင်းသည်တရားသည်ဟု ပြော ရမည်၊ သူ့ နိုင်ငံ သူ့ လူမျိုး သူ့  ဥပဒေသာဖြစ် သည်၊ သူ့  နိုင်ငံကိုထိုကဲ့သို့ ခေါင်းဝင်ပါရစေကိုယ် ၀င် ပါရစေနဲ့ လူမျိုးကော၊ဘာသာကောရောစပ်ပျံပွားခြင်းနှင့်မြေနေရာတက်ယူခြင်းကိုခွင့်လွှတ် မည်မဟုတ်ပေ)

ယ္ခု ဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ဖြစ်အုပ်ချုပ်မင်းလုပ်နေသောစစ်အစိုးရကို လည်း ဆော်လိုက်သလိုဖြစ်သွားသောအခြေအနေတရပ်ကိုပေါ်ပေါက် သွားပါသည်။တချိန်တည်း နှင့် လုပ်ကွက်သုံးခုကိုတပြိုင်တည်းလုပ်ဆောင်သွားခြင်းဖြစ်ပါသည်။

ဒီတော့လည်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက်မြန်မာနိုင်ငံသားတို့  ကြားတွင် လည်း၊ ဘလောက်တိုင်းလို လိုတွင်ပြောကြသောဘာသာရေးနှင့်ဆက် နွယ်သော အကြောင်း အရာတို့ တွင်လည်း၊အမျိုးသာသနာဆိုတာတွေ၊ဘာသာရေးကိုခုတုံးလုပ်ပြီး တော့ စစ်အစိုးရ က ဖန်တီးတော့မယ် ကျွန်တော်တို့ အတိုက်အခံကပြော ဆိုတာမျိုး၊ ( ငိုချင်ရက်လက်တို့ အခြေ အနေမျိုးကိုသွားစနေသလို) လူအခွင့်ရေးဆိုသောခေါင်းစဉ်အောက်တွင် ပုံစံမျိုးစုံဖြင့်စစ်အစိုးရကို မဲမဲမြင်တာတိုက် ဟေ့ဆိုတာမျိုး ဆွဲလဲဆွဲ တွန်းလဲတွန်း ဆိုတာမျိုးတွေဝိုင်းဝန်းလုပ်ဆောင်နေကြ တာကို ကြားရ၊ဖတ်ရလို့ ပါ။တကယ်က ကိုယ်ဘက်ကစပြီးတွန်းလိုက်တာကို မသိစေချင်သလို ပြန်ပြီးတော့မနည်း ကိုအတင်းဘရိပ်ဖမ်းလို့ မရတော့ဘဲ ဖြစ်သွားတာကတော့အမှန်ဖြစ်ပါသည်။
တကယ်တော့ စေ့ထားသော တံခါး ပါးပါးလေး ကို ၀ိုင်းပြီးတွန်းလိုက်ကြသည်။

အခြေအနေမှန်ကိုသိသိနဲ့ အတင်းအိပ်ချင်ယောင်ဆောင်ပြီးအနိုင်ယူမှု တစ်ခုအတွက် အမှားတစ်ခုကျူးလွန် ခြင်းသည် သမိုးင်းတွင်အမဲစက်ကြီးတစ်ခုအဖြစ်ဖြင့်တည် တံ သွား မည်ကိုကာကွယ်လိုခြင်းဖြစ်သောကြောင့်ကြိုတင်တင်ပြ ပြောဆိုခြင်းသာဖြစ်ပါသည်။ မှန်သည်မှားသည်ကိုတော့ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်ပေါ်တွင်သာမှု တည်ပေသည်။

ကျွန်မတို့ နိုင်ငံရှိလူမျိုးများသည် ချစ်လျှင်လည်း အလွန်ချစ်ပါသည်။ မုန်းလျှင်အလွန်မုန်းပါသည်။ ခံစားမှုသည်တဖက်စွန်းဖြစ်တတ်လွန်းသည်။
သို့ သော်နောက်ကွယ်တွင်ပါရှိလာမဲ့အကြောင်းတွေကိုအမျှော်မြင်ကြီးကြီးနဲ့မကြည့်တတ်ကြသ လို ပေါ့ပေါ့နှင့်လည်းတွက်တတ်ကြသည်၊ အလေးထားလွန်ပြန်လျှင်လည်း သူထက်ပိုသူမရှိအောင်ပင် သတိထားတတ်လွန်းကြပါသည်။
အထူး သဖြင့် မည်သည့်ဘာသာသည် အကောင်းဆုံးဟု အငြင်းမပွါးလိုပါ၊ သို့ သော် ဘိုးဘွားဘီ ဘင် တို့ အဆက်ဆက်က ယုံကြည်လေးစားဦးထိပ်ထားကာကိုးကွယ်ခဲ့ကြသည်မှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
ဂေါ်တမမြတ်စွာဘုရားပရိနိဗ္မာန်စံယူတော်မှုသွားပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ (ထေရ်ဝါဒ) အထွန်းကားဆုံးနှင့် ဘာသာတရား ကို ထိမ်းသိမ်းထား နိုင်သောနိုင်ငံကိုဒီကမ္ဘာတွင်ရှာပြပါ
လို့ ဆိုရင် မြန်မာနိုင်ငံ တနိုင်ငံတည်း သာလျှင် ထီးထီးကြီးရှိသည်ဆိုတာကိုတော့ ကျွန်မပြောရဲ ပါတယ်။

ကမ္ဘာပေါ်တွင်ရှိသော လူသားတိုင်းသည် သူတို့ ယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ် နိုင်ပါသည်ဆိုသော သတ်မှတ်ချက်ရှိပါသည်။
သို့ သော် ဥရောပနိုင်ငံများ ၊ အနောက်နိုင်ငံများကဲ့သို့ တော့ ဘာသာတရားနှင့် လွတ်လပ်ခြင်းဆို သောအကြောင်းအရာကို ပူးတွဲဖို့ တော့ ကျွန်မတို့ မြန်မာနိုင်ငံတွင် အစဉ်သင့်မဖြစ်သေးပါကျွန်မ တို့ နိုင်ငံမှ တိုင်းရင်းသားမောင်နှမတွေအားလုံး ဘာမှ မရင့်ကျင်ကြသေးပါ။
Human Rights ဆိုတာကိုအော်ပြီးတော့ လွတ်လပ်ခြင်း ၊လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ခြင်း တို့ ကို ပေးထားသောနိုင်ငံတွေအတိုင်း အနိမ့်ဆုံးအဆင့်ကို လုပ်ဆောင်ဖို့ ကျွန်မတို့ နိုင်ငံတွင်ရှိ သော နိုင်ငံသားတွေတွင် ထားရှိရမဲ့စိတ်ထားသည်လည်း အဆင့်သင့်ကို မဖြစ်သေးသလို ၊ ကျင့်ကြံရန်လည်းအချိန်ကာလအတော်တန်ယူ ရအုံးမည်ဖြစ်ပါသည်။

ထို့ အတွက်ကြောင့် ဥရောပနိုင်ငံ၊ အနောက်နိုင်ငံတို့ ရဲ့ လုပ်ဆောင်ကျင့်ကြံသော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ခြင်းဆိုသော ဥပဒေ အောက်တွင်တကမ္ဘာလုံးတွင်ရှိသောမည်သည့်နိုင်ငံသား ကို မဆို လက်ခံကာ အခွင့်ရေးပေးထားသလို ကျွန်မတို့ နိုင်ငံမှာတော့ ထိုသို့ သောစံနုန်းများနှင့် ချက်ခြင်းကိုလုပ်ဆောင်နိုင်ဖို့ မလုပ်နိုင်ကြသေးဘဲ ပြောနေ ကြတာက တော့ မြန်မာနိုင်ငံမှမွေး ၊ မြန်မာနိုင်ငံမှာသေသွားသော ကိုယ်မျိုးရိုး ဆွေစဉ်မျိုးဆက် မျက်နှာကိုမထောက်၊
ပညာသင်ကြားပေးသောဆရာ၊ဆရာမမျက်နှာကိုမထောက်၊စားသောက်စွန့် ပြစ် နေထိုင်ခဲ့သော မြန်မာမြေကိုတောင်မထောက် ဘာသာတူ ကိုယ့်မောင်ရင်းနှမတိုင်းရင်းသား လူမျိုး တွေကိုတောင် မထောက် မညာတာစွာပြောရက်တဲ့ သူတွေအဖြစ်မျိုးတွေတော့မလုပ်ကြပါနဲ့ ရှင့်။ ကျွန်မတို့ နိုင်ငံနဲ့ 
လူမျိုး၊ဘာသာမပျောက်သေးပါဘူး။ ပညာမတတ်သောသူတွေအုပ်ချုပ်လို့ တိုင်းပြည်နဲ့လူးမျိုး ပျောက်ပါပြီဆိုပြီတော့ မအော်ပါနဲ့ သန်း၅၀ကျော်သောပြည်သူတွေတိုင်းပြည်ထဲမှာနေပါသေးတယ်
ရှင့်၊ အပြင်ကို ရောက်နေတဲ့ သူတွေက မြန်မာပြည်ထဲမှာရှိတဲ့လူဦးရေရဲ့ ၁၀% တောင်မရှိ သေးပါဘူး။
နောက်ပြီးတော့အပြင်ကိုရောက်ပြီးမြန်မာနိုင်ငံကိုချစ်လှပါချည်ရဲ့ဆိုပြီးအော်နေတဲ့ ၊တိုး တက်အောင်လုပ်ချင်ပါတယ်ဆိုသူတွေရဲ့အင်အားက အထဲမှာယုံကြည်ချင်ကြောင့် ထိမ်း
သိမ်းခံနေရတဲ့သူတွေရဲ့ စိတ်ထားနဲ့ နိုင်းယှဉ်ရင်မိုးနဲ့ မြေလိုကွာခြားပါတယ်ရှင့်နံမည်မရှိ ဘဲ၊ ခေါင်းဆောင်မဟုတ်ဘဲ၊ ကိုယ်နိုင်ရာကိုယ်နဲ့ စစ်အစိုးရအောက်မှာအပြုသဘောပါ သော
ယုံကြည်ချက်ကိုကိုင်တွယ်ပြီးတိုက်နေသုတွေ အများကြီးပါ၊ ဒီလို လူတွေကဘယ်တော့မှာမှ
မာန်တိုင်တက်ပြမှာလည်းမဟုတ်သလို ၊ဘယ်တော့မှလည်း စစ်အစိုးရကိုပေါ်တင်တိုက်မှာမဟုတ်၊
အတိုက်အခံကိုလည်းပေါ်တင်လက်ဆွဲနုတ်ဆက်မှာမဟုတ်ဘူး။

မြန်မာနိုင်ငံရဲ့ အပြင်မှာ မြန်မာ ၁၀ယောက်တွေ့ ရင် ၁၀ယောက်က ကျွန်တော်တို့ ၊ကျွန်မတို့ က မြန်မာနိုင်ငံလူမျိုးပါ၊ သို့ ပေမဲ့ ကျွန်တော်က အမေရိကားမှာနေတာ၊ကျွန်မကအင်္ဂလန်မှာ နေတာ၊ ကိုရီးယား၊ဂျပန်၊ဥရောပ၊စင်္ကာပူ၊မလေးရှားစသည်စသည်ဖြင့်ကြွားဝါစွာပြောတတ်ကြပြီး တပ်မ တော်အစိုးရကိုဝိုင်းဆဲနေရင်းအချိန်တွေကိုဖြုန်းနေကြတာပါ။

(တကယ်တန်းကတော့ ငါတို့ ကတော့ စစ်အစိုးရအောက်မှာမနေနိုင်လို့ ထွက်လာတာ၊ ငါကို ကြည့် ဘယ်လောက်အဆင်ပြေသလည်းတွေ့ လား၊ နင်တို့ လည်းတွန်းလှန်ကြ၊ဒါမှမဟုတ်ရင်ငါ တို့ လို့  ထွက်လာကြ၊ ငါတို့ လို ခံစား၊နေနိုင်မယ်၊ အဲ့ဒီထဲ မှာ ပေမနေနဲ့ ဆိုတဲ့ အခြေခံစကားလေး တွေက တော့ အရင်ကြားရပါတယ်)

သို့ ပေမဲ့ ကျွန်မကတော့ ရိုင်းရိုင်းပြောရရင်တော့ အဖိုးအဖွား၊ အဖေအမေတွေကိုယ်တိုင်မြန်မာနိုင်ငံ ကမြေပေါ်မှာကြီး၊ကိုယ်လည်းကြီးပြင်းနေထိုင်ခဲ့တာပါ၊ကျွန်မတို့ ကိုယ်တိုင်ဒီမြေပေါ်ကထွက် တာ စား၊ ဒီမြေပေါ်မှာဘဲ ကျင့်ကြီးကျင်ငယ်စွန့် ၊ ဒီမြေပေါ်မှာဘဲကျွန်မတို့ အရိုးတွေချခဲ့တာပါ။

လူတိုင်း ဘ၀မှာအဆင်ပြေချင်ကြပါတယ်၊ဘယ်လိုသောအကြောင်းဘဲဖြစ်ဖြစ် ကျွန်မတို့  မှာနိုင်ငံရှိတယ်၊ ကျွန်မတို့ မှာ အိမ်ရှိတယ်။ ဒီအိမ်ကနေတော့ကျွန်မတို့ ခွဲပြီးမနေနိုင်ပါဘူး။
ကျွန်မတို့ မှာအတူနေတဲ့ သန်း၅၀သော ညီအစ်ကိုမောင်နှမတွေ စစ်အစိုးရအောက်မှာအကောင်း ဆုံးခံစစ်နဲ့ နေထိုင်နေကြပါတယ်၊ ဒါကိုမေ့ပြီးကျွန်မတို့ ဘ၀တစ်ခုအဆင်ပြေဖို့ ကြည့်ဖို့ ဆိုတာ တော့မဖြစ်သင့်ပါဘူး၊ မပြောသင့်ပါဘူး။

များသောအားဖြင့်ကိုယ်နဲ့ ကိုယ်အဆိုအစဉ်မပြေတိုင်းနိုင်ငံပျောက်နေပါပြီ၊ နိုင်ငံကို တရုပ်၊ ကုလား၊ ကလက်ဝါးကြီးအုပ်နေပါပြီ၊ လူအခွင့်အရေးတွေက ဘာတွေဖြစ်နေပါပြီဆိုတာကိုတသောသော နဲ့  ရေပက်မ၀င်အောင်ပြောကြပါတယ်။ တချို့ ကတရုပ်နဲ့ တူ သူဆိုရင် ကျွန်တော်၊ကျွန်မက တရုပ်ပါ၊ ကုလားနဲ့ တူသူုက ကျွန်တော်၊ကျွန်မက ကုလားမျိုးနွယ်ပါဆိုတာကိုမကြာမကြာပြောတတ်ပါတယ်။
တော်တော်ကိုအော်နှလုံးနှာရပါတယ်ရှင့်၊
ဘာဖြစ်လည်း ကျွန်တော်၊ကျွန်မတို့ ကမြန်မာလူမျိုးပါလို့ မပြောရဲတာလည်း၊ ဘာလို့ ကျွန်တော်၊ ကျွန်မတို့ က မြန်မာလူမျိုးပါ၊ ဗုဒ္ဓဘာသာပါလို့ မပြောရဲတာလည်း
အဲ့လောက်တောင် မြန်မာနိုင်ငံသားဖြစ်ရမှာရှက်နေရင်လည်း တခြားနိုင်ငံသားသာခံလိုက်ပါတော့ ၊ ဒါဆိုရင်တော့ သူတို့ တွေဖြစ်ချင်တဲ့ အတိုင်းနေထိုင်ပြောဆိုဝံ့ကြွားလို့ ရမယ်လေ။

ဘယ်လိုဘဲ ဖြစ်ဖြစ် နိုင်ငံသားပြောင်းလို့ ရကောင်းရပေမဲ့ လူမျိုးကိုတော့ပြောင်းလိုက်လို့  မရပါ ဘူးရှင့် ။
ဒီတော့ ကမ္ဘာနိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာလူမျိုးဆိုတာကိုရဲ ရဲ ၀ံ့ ဝံ့ ပြောရမှာကို
ရှက်ရင်လည်းကိုယ်ကိုကိုယ်သာသတ်သေလိုက်ကြပါတော့၊ ဘာဖြစ်လည်း.... မြန်မာဟာမြန်မာဘဲပေါ့... တိုင်းပြည်အုပ်ချုပ်သူက ပြည်သူတွေ အပေါ် ကောင်းတာ၊မကောင်းတာ၊ စာနာတာမစနာတာနဲ့ မြန်မာလူမျိုးအဖြစ်ပြောရမှာကိုရှက်တယ်လို့ ဆိုတာတော့လွန်တာပေါ့။ အဟောသိကံ ပါဘဲရှင့်။

စစ်ခေါင်းဆောင်တွေမကောင်းတိုင်း ကျွန်မတို့ က နိုင်ငံတကာမှာ အရှက်ရတယ်ဆိုရအောင် ကမ္ဘာအလယ်မှာ လူအခွင့်အရေးတန်ဖိုးထားပါတယ်ဆိုတဲ့ နိုင်ငံကြီးသားများက အဲ့လို နှိမ့်ချ ပြောဆိုဆက်ဆံတဲ့ အကျင့်ရှိမယ်မထင်ပါဘူး၊ပြောလည်းပြောမယ်မထင်ပါဘူး။

နိုင်ငံရေးထိုးနှက်ချက်အနေနဲ့သာပြောကောင်းပြောရင်တောင့်ကျွန်မတို့ က ပြန်စဉ်းစားရမယ် နိုင်ငံကြီးသားများ ပြောပြောနေတဲ့ လူအခွင့်အရေးဆိုတာဘာလည်းလို့ ဆိုတာကို ကျွန်မတို့  တော်တော် စဉ်းစားရတော့မဲ့အဖြစ်ပါ။

စစ်ခေါင်းဆောင်မကောင်းတာ စစ်ခေါင်းဆောင်မကောင်းတာဘဲလေ၊ပြည်သူပြည်သားနဲ့ မဆိုင် ဘူးလို့ မြင်စေချင်ပါတယ်။ ကျွန်မပြောတာ ခွဲခြားဆက်ဆံပြောဆိုတင်ပြသင့်တယ်လို့ ပြောတာပါရှင့်

နောက်ပြီးတော့ အခုဖြစ်သွားတဲ့ ကိစ္စကလည်း စစ်ဖိနပ်အောက်မှာ ညှစ်နည်းပေါင်းစုံနဲ့ ခံရပြီးနိုင် လိုနိုင်ငြားဆိုတဲ့ စိတ်လေးနဲ့ ဝိုင်းပြီးသမလိုက်ကြတဲ့ ကိစ္စကနေကြီးမားသွားတာကြောင့်မို့ 
ကိုယ်ရှုးကိုယ်ပြန်ပတ်ကာကိုယ်နိုင်ငံသား၊ကိုယ်လူမျိုးအချင်းချင်းကြားမှာ ဒီနိုင်ငံမဲ့ဘင်္ဂလားကုလား တွေဝင်ရှုတ်တဲ့ အရေးကတော့ ဖြင့် ရှင်းရတော့မဲ့ အဖြစ် သို့ မကြာသောကာလမှာအသေအချာ လာနေပြီပါဘဲဆိုတာကိုတော့ကြိုတင်ပြီးတင်ပြပါတယ်ရှင့်။


ဆုမွန်အောင်
မန္တလေးမြို့

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)